Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

MLM ကို မကြိုက်နှစ်သက်ရခြင်း>>>>


မကြိုက်နှစ်သက်ရခြင်း>>>>
1) စကားတွေအများကြီးပြော လေထဲအိမ်ဆောက် နေကြတာတွေ မြင်တွေ့နေရလို့ ဖြစ်ပါတယ်
2) ကိုယ် marketting ဆင်းအတင်းထိုးရောင်းနေရတဲ့ product ဟာ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆေးဝါးဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ် (ကိုယ်အတင်းထိုးရောင်းရတာကလဲ လူစိမ
်းဆိုတာထက် ကိုယ့်စကား အားနာလက်ခံမယ့်သူ ဆွေမျိုးနီးစပ်၊ သူငယ်ချင်းမိတ်ဆွေ၊ သူငယ်ချင်းမိတ်ဆွေရဲ့ မိဘလူကြီးသူမတွေအတွက် ဖြစ်နေပါတယ်) အရမ်းအန္တရာယ်များပါတယ်။
ကိုယ့် product က fancy ပစ္စည်းလို၊ cosmetic သက်သက်လို၊ အဝတ်အထည်လို ပစ္စည်းမျိုး မသုံးလဲဖြစ်တဲ့ ပစ္စည်းမျိုးဆို အနည်းငယ်လက်ခံပေးလို့ရပေမဲ့
ကျန်းမာရေးဆေးကျတော့ ကိုယ့်ကိုခင်မင်မှုနဲ့ ယုံကြည်မှုနဲ့ ပုံအပ်ပစ်ပြီး ဆရာဝန် ဆေးခန်းနဲ့ လိုအပ်တဲ့ ကုသမှုဘက်မှာ လျှော့နည်းသွားရင်?????
3) လူဆိုတာ ကြီးပွားချမ်းသာလမ်းဆို အဝေးကလူကို အရင်မြင်တတ်ပါသလား?
အခုမှစတွေ့ဖူး သိဖူးတဲ့သူ ကြီးပွားချမ်းသာလမ်းကိုပဲ အဓိကလိုလားတတ်ပါသလား?
တကယ်သာ 100% သေချာတဲ့လမ်းဆို ကိုယ့်မွေးချင်းညီကိုမောင်နှမ အကုန်ဒီလမ်းပေါ်ပဲ ခေါ်သွင်းမှာပေါ့!
(ဒါကိုယ်မကြိုက်တဲ့အကြောင်း အတိုချုံးပါ)

ကျွန်တော်ကို marketing လာဆင်းရင်လဲ တစ်ခွန်းထဲသော ဖြေနည်းနဲ့ပဲ ရှောင်ထွက်ပါတယ်။

"လွယ်လွယ်ရတဲ့ငွေ တပြားသားမှမလိုချင်ဘူး" လို့

ကိုယ့်ဘက်ကအမြင်သက်သက်ပါ။

https://www.facebook.com/groups/mlmDiscussion/permalink/1787699644808199/
comment from link