Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

စစ်မှန်မူရှိတဲ့ MLM က အောက်လိုင်း ပါ ဝင်ငွေရ ... ပျော်ရွှင်ရပါတယ် မှန်လား ????? မှားလား????????


" စစ်မှန်မူရှိတဲ့ MLM က အောက်လိုင်း ပါ ဝင်ငွေရ ...
ပျော်ရွှင်ရပါတယ် " <<< လို့
ဒိုင်းမွန် ပန်းတိုင်သို့ ( Double Crane - Company ) က ပြောပါတယ် ။
MLM ချစ်သူတွေထဲက သူ့ဘက်က အထောက်အထား ခိုင်ခိုင်မာမာနဲ့
ဝင်ရောက် ဖြည့်စွက်ရေးသားချင်သူ ရှိရင် ဖိတ်ခေါ်ပါတယ် ။
ကျွန်တော်ကတော့
" စစ်မှန်မူရှိတဲ့ MLM က အောက်လိုင်း ပါ ဝင်ငွေရ ...
ပျော်ရွှင်ရပါတယ် " ဆိုတာကို လက်မခံတဲ့ ဘက်ကနေ ရေးသားဆွေးနွေးပါမယ် ။
ကျွန်တော့် ဘက်က လည်း ဝင်ရောက် ဖြည့်စွက်ရေးသားချင်သူ ရှိရင် ဖိတ်ခေါ်ပါတယ် ။
===
*** စစ်မှန်မူရှိတဲ့ MLM ***
၁။ စစ်မှန်တဲ့ MLM ဆိုတာကို ဘယ် အချက်တွေနဲ့ တိုင်းတာမှာလဲ ?
၂။ အဲ့ဒီလို စိတ်ကူး တိုင်းတာချက်တွေကို အပြည့်အဝလိုက်နာနေတဲ့
MLM Company က ဘယ် တစ်ခုပါလဲ ?
၃။ လက်ရှိ ဆွေးနွေးသူကိုယ်တိုင်ရဲ့ MLM Company က ရော
အဲ့ လို စစ်မှန်တဲ့ MLM မျိုးလား ?
===
*** အောက်လိုင်းက ဝင်ငွေရတယ် ***
၎။ အောက်လိုင်းက ဝင်ငွေရတယ်ဆိုတာ ကတော့ ဟုတ်ပါပြီ ။
ဘယ်လောက် အချိုးအစားနဲ့ ရတာပါလဲ ?
ပေးလိုက်ရတဲ့ အချိန် ၊ အင်အား ၊ ငွေ အရင်းအနှီး ၊
သိက္ခာနဲ့ ကိုက်ညီမျှတတဲ့ ဝင်ငွေ ဖြစ်ပါရဲ့လား ?
၅။ အဲ့လို ကိုက်အောင် ရနေတဲ့ လူ Post တင်တဲ့ လူရဲ့ Company ထဲမှာ ( အောက်လိုင်းတွေထဲမှာ ) ဘယ်နှရာခိုင်နှုန်း ရှိပါသလဲ ?
၆။ နိုင်ငံတကာမှာရော အဲ့လို အောက်လိုင်းတွေထဲကနေ ပေးရတာနဲ့ ကာမိအောင် ပြန်ရတဲ့ အောက်လိုင်းတွေရဲ့ အရေအတွက်
ရာခိုင်နှုန်း က ဘယ်လောက်ရှိပါသလဲ ?
===
*** ပျော်ရွှင်ရပါတယ် ***
၇။ ပျော်ရွှင်မှု ဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ ?
( အရက်သမား အရက်သောက်ရရင် ပျော်ပါတယ် ။ မိန်းမလိုက်စားတဲ့လူလည်း မိန်းမလိုက်စားနေရရင် ပျော်ပါတယ် ။
ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ ၊ အနှစ်သာရရှိတဲ့ ပျော်ရွှင်မှု ဖြစ်ပါရဲ့လား ?
၈။ အဲ့လို ရတဲ့ ပျော်ရွှင်မှုကရော အချိန် ဘယ်လောက် ခံပါသလဲ ?
၉။ အဲ့ဒီ ပျော်ရွှင်မှုအတွက် ကိုယ့်ဘက်က
ဘာတွေ ပြန်ပေးလိုက်ရပါသလဲ ? တန် ပါရဲ့လား ?
စတဲ့ အချက်တွေကို ထောက်ပြီး ကျွန်တော် ဆွေးနွေးသွားမှာပါ ။
Open Discussion ပါ ။ အချိန် အကန့်အသတ် မရှိပါဘူး ။
( ကျွန်တော်ကိုယ်တိုင်လည်း အားရင် အားသလိုပဲ ဝင် ဆွေးနွေးနိုင်မှာမို့ပါ )
ဒီစာဖတ်မိသူတွေလည်း
ကြိုက်တဲ့ ဘက်ကနေ ဝင်ဆွေးနွေးလို့ရပါတယ် ။
Off-Topic ( မူလ အကြောင်းအရာ လွဲသွားတာမျိုး )
မဖြစ်အောင်သာ တတ်နိုင်သလောက် ဆွေးနွေးပေးပါ ။
ဆဲဆို ရိုင်းစိုင်းတာမျိုးမလုပ်မိအောင်လည်း ထိန်းထိန်းသိမ်းသိမ်း ဆွေးနွေးပေးပါဗျာ ။
နောက်လူတွေ အလားတူ ကိစ္စမျိုး ကြုံရတိုင်း ပြန်ကိုးကားလို့ရတဲ့ ဆွေးနွေးချက်တွေ ဖြစ်အောင်
ကျွန်တော်တို့ ကြိုးစားသွားပါမယ် ။
ကဲ စ မယ် ဆိုရင် စ လို့ ရပါပြီ ။
https://www.facebook.com/groups/mlmDiscussion/permalink/1788066378104859/