Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM ဘာကြောင့် လုပ်သလဲ?


MLM ဘာကြောင့် လုပ်သလဲ?
၁ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိခြင်း
++++++++++++++++++++++
အလုပ်တစ်ခုကို မိမိကိုယ်စွမ်းကိုယ်စ နှင့် management မလုပ်နိုင် ။ ကိုယ်ပိုင် creative thinking မရှိ ။
အလုပ်မရှိသောသူများ မှာ အလုပ်တစ်ခုခုကိုဝင်ရောက်လျှောက်ထားနိုင်သော အရည်အချင်းနှင့် ယုံကြည်ချက်မရှိ ။
အလုပ်ရှိသော သူများမှာ လက်ရှိအလုပ်တွင် ဘောင်မ၀င် အဆင်မပြေ ၊ အရည်အချင်းအားနဲ ၊ ကြိုးစားအားထုတ်မှု့
နည်းပါ၊ ပြုတ်လုစဲစဲ သို့မဟုတ် ပြစ်ချက်များ ။
ထို့ကြောင့် ဘားမှလုပ်စရာမလို ဆိုတာကို စိတ်ဝင်စားသည် ။ အထက်ကလုပ်တဲ့အတိုင်းလုပ်လုပ်ယုံပဲ ဆိုတာကို စိတ်ဝင်စားသည် ။ ရားထူးလွယ်လွယ်ရသည် ဆိုသည်ကို စိတ်ဝင်စားသည် ။ ၀င်ငွေလွယ်လွယ်ရမည်ဆိုသည်ကို စိတ်ဝင်စားသည် ။
၂ နိုင်ငံခြား ကို အထင်ကြီးခြင်း
++++++++++++++++++
ရှင်းပါသည် ။ နှစ်၁၀၀ ကျော် ကျွန်ဖြစ်ခဲ့ဘူးသော လူမျိုးများ ဖြစ်သဖြင့် အခြေခံစိတ်တွင် နိုင်ငံခြား နှင့် နိုင်ငံခြားသား ဆိုတာကို အထင်ကြီးသည် ။ သို့သော်လည်း လက်ရှိ Global ခေတ်တွင် ထိုစိတ်များ အတော်များများမှာ မရှိတော့သော်လည်း လက်ကျန်ကျွန်စိတ်ရှိသူများကတော့ ရှိနေဆဲပင် ။
နိုင်ငံခြားဆိုတာနှင့် မူဆယ်အကျော် ကြယ်ဂေါင်ရောက်ရင်ပင် အထင်ကြီးနေသည် ။ မြ၀တီအကျော် ယိုးဒယားထဲရောက်တာနှင့်ပင်အထင်ကြီးသည် ။
နိုင်ငံခြားသားထဲမှာ ခွေးဖြစ်နေတဲ့ ကောင်တွေ ရှိတာ သူတို့မသိ ၊ နိုင်ငံခြားသားဆို အထင်ကြီးနေပြီ ။
အမေရိကန်လို နိုင်ငံမျိုးမှာတောင် မြန်မာနိုင်ငံထက် စုတ်ပျက်သောနေရာရှိတာ သူတို့မသိ ၊ နိုင်ငံခြားဆို တာနှင့်ပင်အထင်ကြီးကြသည် ။
ဒါကြောင့်လဲ နိုင်ငံခြားက လာလိမ်သွားတာပင်ခံရပေါင်းမနည်းတော့ ။ သို့သော်လည်း ကျွန်စိတ်မပြောက်သေး ။
၃ စာပေဗဟုသုတ နှင့် ဥာဏ်ပညာနဲပါးခြင်း
+++++++++++++++++++++++++
စာမဖတ်သော လူများဖြစ်သည် ။ စာဖတ်သော်လည်း မတွေးခေါ်တတ် ၊ ဒဲ့ဖတ် ဒဲ့ယုံ တွေ ဖြစ်သည်။ အတန်းပညာ မြင့် သော်လဲ ဒေါက်တာကျက်တူရွေး တွေများသည်။ အိမ်ကအထိန်းကောင်းလို့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်လာသောလဲ Creative Thinking, Critical Thinking ဘားမှမရှိ ။ အနူတောမှာတော့ လူချောများ ဖြစ်၍ အကောင်တော့ အကောင် ပင် ဖြစ်သည် ။ ဘာကောင်လဲဆိုတော့ အချဉ်ကောင် တွေသာဖြစ်ကြသည် ။
၎ White Brain များဖြစ်ကြသည် ။
++++++++++++++++++++++++
ရိုးရိုးဖြူမဟုတ် အလျှော်ခံထားရလို့ ဖြူနေခြင်း ဖြစ်ပါသည် ။
၅ အချောင်သမားများ ဖြစ်ခြင်း
+++++++++++++++++++++++
လွယ်လွယ် ချမ်းသာချင်သူများ ဖြစ်သည် ။ လွယ်လွယ်မချမ်းသာနိုင်တာ သိသူများသည် လွယ်လွယ် ချမ်းသာတာကို စိတ်မ၀င်စာ ပေ ။ လွယ်လွယ် ချမ်းသာချင်သူများကတော့ အလုပ်ကောင်းကောင်းမလုပ်ဘူးသူများ ဖြစ်ကြ သည် ။
အချောင်သမားများ အချောင်အလုပ်နှင့် စပ်မိသောအခါ အကြံသမားများဖြစ်၍ အချဉ်သမားများကို လိုက်ရှာကြပေသည် ။ လွယ်လွယ်ချမ်းသာလိုသော အချဉ်သမားများမှာ အချောင်သမားများကို ပုံတူကူး၍ အချဉ်အချောင် သမားများဖြစ်မှန်းမသိ ဖြစ်နေပေတော့သည် ။
ဥပမာပြရသော် အမဲလိုက်ခွေးနှင့်တူသည် ကိုယ်ကိုယ်တိုင် အခိုင်းခံနေရမှန်းမသိ သခင်အတွက် အားကြိုးမာန်တတ် အမဲလိုက်ပြီး အချိန်တန်စားရတာ ခွေးစာပင်ဖြစ်သည် ။ သို့သော်လည်း ပျော်သည် သခင်သည်ကျေးဇူးရှင်ဖြစ်နေပေသည် ။
ပုံပြင်လေးကတော့ဒါပါပဲ
"အတ္တဂေဟေ" ပြောသမျှဟောသမျှ ၊ သဘောမကျသည်များရှိခဲ့လျှင်
"နိဝတ္တံတု" သည်းခံ၍သာနေကြပေလော့။
#ThetPaingTun
#JustNoMLM