Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

MLM တိုင်းက အလိမ်အညာတွေလား?


MLM တိုင်းက အလိမ်အညာတွေလား?
=====================
Lazy man and Money ဝက်ဘ်ဆိုက်တွင် Lazy man ရေးသားထားသော ဆောင်းပါးအား ပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းကို http://www.lazymanandmoney.com/is-every-mlm-a-scam/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
`
လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က Miessense ကုမ္ပဏီဟာ အလိမ်အညာလားဆိုတဲ့ ဆောင်းပါးကို ရေးခဲ့ပြီးနောက် သူတို့ဆီက ကိုယ်စားလှယ်တစ်ဦးက အခုလို ကျွန်တော့်ဆီ Email ပို့လာပါတယ်။
`
“လူတွေက ခင်ဗျားကို Direct Selling/ Networking Marketing ကုမ္ပဏီတွေကို ဆန့်ကျင်တဲ့လူလို့ အထင်ရောက်စေတာ ကို ချီးကျူးမိပါတယ်။ ကျွန်တော်လုပ်နေတဲ့ကုမ္ပဏီကို တစ်ရက်ရက်လောက်လာပြီး လေ့လာစေချင်တယ်။ ကျွန်တော်တို့က Direct Selling/ Network Marketing လုပ်တယ်ဆိုပေမယ့် တခြားကုမ္ပဏီတွေလိုမဟုတ်ဘဲ ကိုယ့်အားကိုယ်စိုက်ထုတ်ဖို့ စဉ်းစားကြပါတယ်။ ဖောက်သည်တွေ ပိုရအောင်သာ ကြိုးစားပြီး အဖွဲ့ဝင်တွေတိုးပွားအောင် မလုပ်ပါဘူး”
“ကျွန်တော်တို့ကုမ္ပဏီရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့်မယ်ဆိုရင် ခင်ဗျားအနေနဲ့ အကောင်းဖက်က ရေးစရာတွေ တွေ့ လာမှာဖြစ်ပြီး အဆိုးမြင်ဝါဒီတွေရဲ့ စကားတွေကို ပယ်ရှားနိုင်ကောင်းပါတယ်”
`
MLM သမားတွေက ဒီကိစ္စကို ဝေဖန်ရေးသမားတွေရဲ့ အဆိုးမြင်မှုလို့ သုံးနှုန်းလေ့ရှိပါတယ်။ ပိုပြီး ရိုးရိုးရှင်းရှင်းပြောရရင် “ခင်ဗျားက MLM ကို မုန်းနေတယ်” ပေါ့။
`
တကယ်တမ်းပြောရရင် “ကျွန်တော်က MLM ကို မုန်းရုံမုန်းတာ မဟုတ်ပါဘူး”, အလိမ်အညာစကားတွေနဲ့ တရားမဝင်တဲ့ ပိရမစ်ဖွဲ့စည်းပုံတွေကိုလည်း မုန်းပါတယ်။ တကယ်လို့ ကျွန်တော်က အိမ်တွင်းအကြမ်းဖက်မှုဟာ ဘယ်လိုဆိုးဝါးတယ်ဆို တာကိုရေးရင် ဒီလိုလူတွေက “ခင်ဗျားဟာ အိမ်တွင်းအကြမ်းဖက်မှုကို မုန်းနေတာလို့” တုန့်ပြန်ကြပါလိမ့်မယ်။
`
ဒီလိုနှိုင်းယှဉ်ပြလိုက်တာက MLM ဆိုတာ အလိမ်အညာဖြစ်ပြီး ပိရမစ်ဖွဲ့စည်းပုံဟာ တရားအတွင်ဘူးဆိုတဲ့ အချက်တွေကို ထင်ရှားလာစေပါတယ်။ ဒီအကြောင်းအရာတွေကို ဒီဆောင်းပါးနဲ့ သက်သေပြနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထား တယ်။ တစ်ခုရှိတာက အလိမ်အညာတွေဟာ ရှုပ်ထွေးများမြောင်လှတာကြောင့် စာအုပ်နဲ့ရေရင်းရင် စာမျက်နှာပေါင်းများ စွာရှိနိုင်ပြီး စာအုပ်ပေါင်းများစွာလည်း ထွက်လာနိုင်ပါတယ်။ ကျွန်တော်ကတော့ စာလုံးနည်းနည်းနဲ့ ထိထိမိမိ သက်သေပြ ပေးမှာပါ။
`
ကျွန်တော့်အဆိုပြုချက်တွေက ရေနဲ့ မြင်းလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ခင်ဗျားက မြင်းကို ရေရှိရာခေါ်သွားလို့ရပေ မယ့် သူ့ကို ရေသောက်အောင် မလုပ်နိုင်ပါဘူး။ ကျွန်တော်လည်း အချက်အလက်တွေကို စာဖတ်သူဆီ ယူလာပေးမှာဖြစ် ပေမယ့် စာဖတ်သူတွေအနေနဲ့ MLM ဟာ တရားဝင်တယ်လို့ ဦးနှောက်အဆေးခံထားရရင် သူတို့ရဲ့စိတ်ကို ကျွန်တော် ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး FTC နဲ့ ကိုင်ပေါက်ရင်တောင် သူတို့က ဂရုမစိုက်လောက်သလို MLM ရဲ့ ဦး နှောက်ဆေးမှုကို တန်ပြန်နိုင်တဲ့ ဆောင်းပါးမျိုးရေးရင်တောင် မှုလောက်မှာ မဟုတ်ပါဘူး။
`
`
MLM, အလိမ်အညာ၊ ပိရမစ်ဖွဲ့စည်းပုံ
====================
MLM သမားတိုင်းကို အလိမ်အညာကောင်တွေလို့ပြောတာက အန္တရာယ်ရှိတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အခုအချိန်အ ထိ သူတို့အကြောင်း ဆောင်းပါးတစ်ဒါဇင်လောက်အထိ ကျွန်တော်ရေးဖူးပေမယ့် တရားဥပဒေဘောင်အတွင်းဝင်တဲ့ MLM မျိုးကို အနီးစပ်ဆုံးတောင် မတွေ့ရသေးပါဘူး။ ထောင်ထဲမှာရှိနေတဲ့ လူတိုင်းက အပြစ်ရှိသူတွေလားဆိုတာ ကျွန်တော် အ သေအချာ မပြောနိုင်သလို MLM ရဲ့ လုပ်ပုံလုပ်နည်းတွေကလည်း အသွင်တူ ဆင်တူတွေပဲ ဖြစ်တာများပါတယ်။
`
ကျွန်တော် တွေ့ဖူးသမျှ MLM တွေကိုကြည့်ရင် ဝါရင့်အတွက်အချက်ကျွမ်းကျင်သူကြီးတွေက မထင်မရှားကုမ္ပဏီတွေရဲ့ ဒေါက်တာတွေအပေါ် မှီခိုကြတယ်၊ ဒေါက်တာတွေက မဟုတ်မဟပ်သိပ္ပံပညာနဲ့ ဖြည့်စွက်အာဟာရတွေကို ဖန်တီးကြပါ တယ်။ ဒီလိုပုံစံတွေကတစ်ဆင့် MLM သမားမြောက်များစွာက သူတို့ရဲ့ထုတ်ကုန်ကို ပြိုင်ဖက်ကင်းဖြစ်အောင် (ခန္ဓာကိုယ် ကြီးရဲ့ သူ့ကိုယ်သူ ပြန်လည်ကုသရေးဖြစ်စဉ်မှာ အကူအညီပေးနိုင်တယ်လို့တောင်) မှားယွင်းပြောဆိုရောင်းချတာတွေ ဖြစ် လာတယ်။ ဘယ် MLM ထုတ်ကုန်ကမှ ဒီလိုအစွမ်းသတ္တိတွေ မရှိပါဘူး။ ကျွန်တော်က သိပ္ပံပညာရှင်မဟုတ်တာကြောင့် ကျွန်တော်ရေးထားတာကို မယုံဘူးဆိုရင် MLM ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုတွေကို အွန်လိုင်းမှာ ရှာကြည့်နိုင်ပါတယ်။
`
MLM တွေဟာ ပိရမစ်ဖွဲ့စည်းပုံအတိုင်းပဲလားဆိုတာနဲ့ ပတ်သက်ပြီး FTC က ပြောထားတာကို ဖောက်သည်ချပါရစေ။
“MLM ရဲ့ စီမံကိန်း (Plan) တွေအားလုံးဟာ ဥပဒေဘောင်အတွင်းမှာ ရှိနေမျိုး မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဝင်ငွေဟာ လူထုဆီကို ထုတ်ကုန်ရောင်းချနိုင်မှုအပေါ် မူတည်နေရင် အဲဒီ့စီမံကိန်းက တရားဥပဒေဘောင်ထဲမှာ ရှိကောင်းရှိနိုင်တယ်။ တကယ်လို့ ခင်ဗျားရဲ့ဝင်ငွေဟာ အဖွဲ့ဝင်တွေ ရှာဖွေတာနဲ့ အဲဒီ့အဖွဲ့ဝင်တွေအပေါ် ထုတ်ကုန်ရောင်းချတဲ့အပေါ် မူတည် နေရင်တော့ လုံးဝတရားမဝင်ပါဘူး။ ဒါက ပိရမစ်ဖွဲ့စည်းပုံဖြစ်ပြီး တရားမဝင်သလို အဖွဲ့ဝင်အများစုကိုလည်း ငွေကြေးဆုံး ရှုံးနစ်နာမှုတွေ ဖြစ်လာစေပါလိမ့်မယ်”
`
MLM ကုမ္ပဏီတွေမှာ ထိပ်တန်းဝင်ငွေရတဲ့လူတွေကို ကျွန်တော်လေ့လာကြည့်တဲ့အခါ သူတို့ရဲ့နောက်မှာ အဖွဲ့ဝင်တွေရှာ ပေးနေတဲ့ အဖွဲ့အစည်းကောင်းကောင်းရှိပြီး ဝင်ငွေက အဖွဲ့ဝင်တွေအပေါ် ထုတ်ကုန်ရောင်းချတဲ့ဆီကနေ ရလာတာကို တွေ့ရတယ်။ တကယ်တမ်းပြောရရင် ကျွန်တော်သိသမျှ ထိပ်ပိုင်း MLM သမားတိုင်းက ဒီအတိုင်းတွေချည်းပါပဲ။ ယေဘု ယျအားဖြင့် ခင်ဗျားကို အဖွဲ့ထဲဝင်ခိုင်းမယ်၊ ပြီးရင် ခင်ဗျားက လူသုံးယောက်ထပ်ရှာ၊ သူတို့တစ်ဦးချင်းစီကလည်း သုံး ယောက်စီထပ်ရှာ - ဒီလိုနဲ့ ထပ်ကျော့သွားပြီး ခင်ဗျားနောက်မှာ လူရာပေါင်း၊ ထောင်ပေါင်းများစွာပါတဲ့ အဖွဲ့အစည်းကြီး ရ လာပါလိမ့်မယ်။
`
FTC ရဲ့ စကားတွေကို ဘာသာပြန်ကြည့်တဲ့အခါ MLM ကုမ္ပဏီတွေရဲ့ ထိပ်ပိုင်းမှာရှိတဲ့လူအားလုံးဟာ တရားမဝင်တဲ့ ပိရမစ်ဖွဲ့စည်းပုံအတိုင်း အလုပ်လုပ်နေကြတယ်ဆိုတာကလွဲပြီး နောက်ထပ် သင့်တော်တာ စဉ်းစားလို့မရပါဘူး။ MLM ကုမ္ပဏီတွေက ဖြန့်ဖြူးသူတွေရဲ့ အလုပ်လုပ်ပုံကတစ်ဆင့် ကုမ္ပဏီကို ထိခိုက်မှုမရှိအောင် ကာကွယ်ထားလေ့ရှိတယ်။ ဥပမာပြောရရင် Napster (ဂီတမျှဝေမှုဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု) က အသုံးပြုသူတွေအနေနဲ့ တရားမဝင်လုပ်ရပ်တွေ လုပ်ရင် သူတို့နဲ့မဆိုင်ဘူးလို့ ပြောနေသလိုမျိုးပါ။ ဒီနေရာမှာ ပိုရှင်းအောင် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့အသုံးအနှုန်းတွေနဲ့ ထပ်ဖြည့်ပေးလိုပါတယ်။ စာဖတ်သူက Google Play Store မှာ App တစ်ခုကို သဘောကျလို့ ဝယ်ထားတယ်ဆိုပါစို့။ စာဖတ်သူရဲ့ သူငယ်ချင်းကလည်း အဲဒီ့ App ကို တွေ့ပြီး သဘောကျသွားတယ်။ စာဖတ်သူက Zapya ကနေ Share ပေး လိုက်တယ် - စာဖတ်သူရဲ့ သူငယ်ချင်းက ဝယ်မသုံးဘူး။ ဒါက illegal ဖြစ်ပါတယ် - ဒီလို illegal ဖြစ်တာကို Google က တာဝန်မယူဘူးလို့ ဆိုချင်တာပါ။ MLM ကုမ္ပဏီတွေရဲက သူတို့ကိုယ်သူတို့ ကာကွယ်နည်းကလည်း ဒီသဘောတရားအ တိုင်းပါပဲ။ MLM ကုမ္ပဏီတွေဟာ တရားဥပဒေဘောင်အတွင်း ရှိတယ်တာကို အခုအချိန်အထိ ဘယ်သူကမှလည်း တိတိ ကျကျ မရှင်းပြနိုင်သေးပါဘူး။
`
သူတို့သုံးလေ့ရှိတဲ့ လက်နက်တစ်ခုက နှစ်ပေါင်းများစွာ ရပ်တည်နိုင်တဲ့ ကုမ္ပဏီတစ်ခုကို ညွှန်ပြတာပါ။ ပြီးရင် “တကယ်လို့ ဒီလုပ်ငန်းဟာ တရားမဝင်ဘူးဆိုရင် အစောကြီးကတည်းက ပိတ်သိမ်းခံရမှာပေါ့” လို့ ပြောပါလိမ့်မယ်။ ဒီစကားတွေက FTC က မပိတ်သိမ်းခင် Fortune Hi-Tech Marketing ကုမ္ပဏီကလူတွေ ပြောခဲ့တဲ့စကားပါ။ တစ်ခုရှိတာက FTC ရဲ့ ဘတ်ဂျက်ဟာ အကန့်အသတ်ရှိပြီး MLM ကုမ္ပဏီတွေက ထောင်ပေါင်းများစွာရှိနိုင်တယ်။ MLM ကုမ္ပဏီတွေအနေနဲ့ သူတို့ ရဲ့ MLM အလုပ်အပြင် တခြားစီးပွားရေးတွေလည်း ရှိနိုင်ပါသေးတယ် - သာမန် MLM ကုမ္ပဏီတစ်ခုတောင် တရားရင်ဆိုင် ဖို့ ဒေါ်လာသန်းပေါင်းများစွာ သုံးနိုင်ပါတယ်။
`
တရားဥပဒေစိုးမိုးမှု အားနည်းတယ်ဆိုတာနဲ့ မဟုတ်မမှန်တဲ့ အရာတစ်ခုကို တရားဝင်ဖြစ်အောင်လုပ်လို့ မရပါဘူး။ တ ကယ်လို့ ကျွန်တော်က စောရအတတ်ကို ကျွမ်းကျင်ပြီး ရဲတွေနည်းတဲ့မြို့မှာ အဖွားကြီးတွေရဲ့ ပိုက်ဆံအိတ်ကို အ လစ် သုတ်တယ်ဆိုပါစို့။ လိုက်ဖမ်းဖို့ ရဲမရှိပေမယ့် ဒီကိစ္စက တရားဝင်လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ သာမန်အရောင်းသမား ဘယ်သူမဆို Bernie Madoff က ဒေါ်လာငါးရာဘီလျံတန်၊ Enron က ဒေါ်လာတစ်ရာဘီလျံတန် ကုမ္ပဏီကို ထောင်ထား တယ်ဆိုတာကို ပြောဆိုဖြားယောင်းပြီး အလုပ်မလုပ်ပါဘူး။ MLM ကုမ္ပဏီတွေကတော့ အဲဒီလိုကုမ္ပဏီတွေနဲ့တောင် နှိုင်း ယှဉ်ပြီး နှစ်ပေါင်းများစွာရနိုင်တဲ့ အမြတ်တွေနဲ့ ဖျားယောင်းပါလိမ့်မယ်။ ဒါကြောင့် သူတို့အနေနဲ့ ကိုယ်ယောင်ဖျောက်လှုပ် ရှားနိုင်တာကို အံ့ဩစရာမရှိပါဘူး။
`
ကုမ္ပဏီတစ်ခုအနေနဲ့ တရားဝင်လိုင်စင်ရထားတယ်၊ တရားဝင်ထုတ်ကုန်တွေလည်း ထုတ်နေတယ်ဆိုရင် MLM, ပိရမစ်သ မားတွေလို အလုပ်လုပ်ဖို့တောင် မလိုပါဘူး။ သူတို့အနေနဲ့ ကော်မရှင်ကောင်းကောင်းပေးမယ်ဆိုရင် MLM လို အဖွဲ့ဝင်တွေ မရှာဘဲ သူတို့အလုပ်ထဲ လူတွေခေါ်သွင်းလို့ရပါတယ်။ ဒီလို ရိုးရှင်းတဲ့ အလှည့်အပြောင်းလေးတစ်ခုလုပ်ရုံနဲ့ တရားဝင်ကုမ္ပ ဏီတွေအနေနဲ့ သူတို့လည်ပင်းပေါ်ရောက်လာမယ့် ဓားချက်ကို ရှောင်လွှဲလို့ရပါတယ်။
`
တရားဝင်လုပ်ငန်းတွေအနေနဲ့ ဒီလို မလိုလားအပ်တဲ့ ပိရမစ်ဖွဲ့စည်းပုံ အန္တရာယ်တွေကိုရှောင်ရှားနိုင်ဆယ်ဆိုပေမယ့် တစ်ချို့သော ကုမ္ပဏီတွေက ပိရမစ်ဖွဲ့စည်းပုံအတိုင်း မဖြစ်မနေ အလုပ်လုပ်ကြပါတယ် - ရှင်းပါတယ်၊ ဒီလိုဆိုရင် တရားမဝင်တဲ့ ကုမ္ပဏီပါ။
`
ဥပဒေဘောင်အတွင်းမှာရှိတဲ့ MLM ကုမ္ပဏီကို ဘာလို့ ရှာရခက်တာလဲ?
======================================
ဒီကိစ္စအတွက်လည်း ကျွန်တော် အချိန်ကြာကြာ စဉ်းစားဖူးပါတယ်။ ဘာကြောင့် ကောင်းတဲ့ MLM တွေ မရှိရတာလဲ? ကောင်းတဲ့ MLM ဖြစ်ဖို့လည်း အရမ်းမခက်ပါဘူး။ MLM ကုမ္ပဏီတွေအနေနဲ့ တရားမဝင် ပိရမစ်ဖွဲ့စည်းပုံကို ဘယ်လို ကွယ် ဝှက်နိုင်တယ်ဆိုတာကိုတောင် ကျွန်တော် ရေးဖူးပါတယ်။ ဒီကိစ္စအတွက် MLM သမားတွေအနေနဲ့ ကျွန်တော့်ဆီက အကြံ လာတောင်းရင်လည်း ပျော်ပျော်ကြီးကို ပေးလိုက်ပါဦးမယ်။
`
ကျွန်တော်တွေးမိတာတစ်ခုက MLM တွေကိုယ်တိုင် တရားဝင်အဖွဲ့အစည်း မဖြစ်ချင်ကြတာပါပဲ။ အကြောင်းရင်းကတော့ တရားဝင်ဖြစ်သွားတဲ့ MLM တွေဟာ တရားမဝင်တဲ့ MLM တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ အမြတ်အစွန်းလည်း နည်းနိုင်တာ ကြောင့်ပါ။ ဒီအပိုင်းကို ပိုမိုရှင်းလင်းသွားစေဖို့ Harper’s Magazine မှာ ဖော်ပြထားတာလေးကို ကြည့်ရအောင်…
`
“Mary Kay (အမေရိကန်အခြေစိုက် MLM ကုမ္ပဏီ) စီးပွားစံပြုပုံစံက အမြတ်အစွန်းရဖို့ ကြိုးပမ်းရာမှာ လုပ်အားရင်းမြစ်ကို အခြေခခံပြီး ရေးဆွဲထားပါတယ် - တခြား MLM အင်တာပရိုက်စ်တွေအတိုင်းပါပဲ။” အားဖြည့်ပြီး ထပ်ပြောရရင် MonaVie (အမေရိကန်အခြေစိုက် MLM ကုမ္ပဏီ) ရဲ့ စီးပွားစံပြုပုံစံက MLM ဖြစ်ပြီး သူတို့ထုတ်နေတဲ့ ဖျော်ရည်တွေ မဟုတ်ပါဘူး။ သူတို့ထုတ်တဲ့ ဒေါ်လာလေးဆယ်တန် ဖျော်ရည်ပုလင်းတွေကိုလည်း ဘယ်သူကမှ မဝယ်လိုကြပါဘူး။ ဒါပေမယ့် ဒီလုပ်ငန်း က ဒေါ်လာလေးဆယ်တန်ပုလင်းတွေဝယ်ရင် အဖွဲ့ဝင်ကြေး ပေးဆောင်ပြီးဖြစ်တယ်ဆိုတဲ့အချက်နဲ့ စားသုံးသူတွေကို ဆွဲ ဆောင်တယ်။
`
MLM သမားတွေက တခြား MLM ဖြန့်ဖြူးသူတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်လေ့ရှိပါတယ်။ ဒါ့အပြင် MLM သမားတိုင်းလို လို တခြား MLM ကုမ္ပဏီအတွက် အလုပ်မလုပ်ပေးဖို့ သဘောတူညီမှု စာချုပ်စာတန်းတွေ ချုပ်ဆိုထားလေ့ရှိပါတယ်။ ထုတ်လုပ်တဲ့ ထုတ်ကုန်ချင်း မတူရင်တောင် မရပါဘူး - လူသားတွေကိုယ်တိုင်က ထုတ်ကုန်တွေ ဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် Zrii မှာရှိတဲ့ လူတွေက အမည်မသိကုမ္ပဏီတစ်ခုဆီ ရောက်သွားကြပြီး အများစုက Yevo ကို ရောက်လာကြ တယ်။ MonavVie က လူအများစုဟာ Amway က ရောက်လာတာပါ။ သူတို့က ထုတ်ကုန်အပေါ်မှာလည်း သစ္စာမရှိပါဘူး။ လူသားတွေကို အခြေခံပြီး စီးပွားစံပြုပုံစံတွေ တည်ဆောက်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။
`
MLM ကုမ္ပဏီတွေမှာ ဖွဲ့စည်းပုံ စည်းကမ်းစည်းမျဉ်း (Regulation) တွေအနေနဲ့ သတ်တသ်မှတ်မှတ်လည်း မရှိပါဘူး။ ဒါကြောင့် ဥပဒေနဲ့ ငြိစွန်းလာရင် ကုမ္ပဏီနဲ့ ဖြန့်ဖြူးသူတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။ ကျွန် တော် MonaVie အချိုရည်က ကင်ဆာပျောက်တယ်ဆိုတဲ့အကြောင်းရဲ့ ဇစ်မြစ်ကို ရေးဖူးပါတယ် - Huffingtom Post က လည်း ဒီအကြောင်းကို ဖော်ပြခဲ့တယ်။
`
ဒါ့အပြင် Tupperware နဲ့ Avon တို့လို ပိရမစ်ဖွဲ့စည်းပုံနဲ့ တည်ဆောက်ထားတဲ့ တစ်ချို့ကုမ္ပဏီတွေက Direct Selling ဆို တဲ့ ခေါင်းစဉ်အောက်ကို ရွှေ့သွားကြပါတယ်။ ဒီကုမ္ပဏီတွေက အောင်မြင်တဲ့ MLM ကုမ္ပဏီတွေလို့ဆိုရင် ကျွန်တော် ကြိတ်ရယ်မိပါလိမ့်မယ်။ သူတို့ကိုယ်သူတို့ ဥပဒေကြောင်းအရ ထိခိုက်မှုမရှိအောင် အကြံကြီးကြီးနဲ့ ခပ်ဝေးဝေးကနေ လှုပ် ရှားနေကြတာ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တရားဝင်တဲ့ ကိုယ်ပိုင် MLM အဖွဲ့အစည်းတစ်ခု တည်ထောင်မယ်ဆိုပါစို့၊ တ ရားမဝင်တဲ့ ပိရမစ်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ပြီး ဘယ်လိုရပ်တည်မလဲ? ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။ အင်္ကျီအောက်မှာ ဖဲချပ်တွေဝှက်ထားပြီး ကစားနေတဲ့ဝိုင်းမှာ ခင်ဗျားက ရိုးရိုးသားသား ကစားနေမယ်ဆိုရင် အချိန်ကြာကြာ ကစားနိုင်မှာ မ ဟုတ်ပါဘူး။
`
NFL (National Football League) ထဲဝင်ဖို့ ဆေးဝါးအသုံးပြုထားမှုရှိ၊ မရှိ စစ်ဆေးမှုကို ပယ်ဖျက်လိုက်တယ်ဆိုပါစို့။ သာ မန်မဟုတ်ဘဲ စတီးရွိုက်ကြီးနေတဲ့လူတွေကြောင့် တကယ့်ကစားသမားတွေအတွက် အသင်းဝင်ဖို့ အလွန့်အလွန် ခက်ခဲ သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်ပြောချင်တဲ့ MLM သမားတွေရဲ့အကြောင်းကလည်း ထိုနည်းတူစွာပါပဲ။ MLM သမား လူ သစ်တိုင်းဟာ ဖြန့်ဖြူးသူအသစ်တွေကို ဖြားယောင်းရှာဖွေပြီး Selling Point တွေရဖို့ ကြိုးစားကြတယ်။ ဒီ Selling Point တွေ မြင့်လာလေလေ တလွဲဖြစ်မယ့်ကိစ္စတွေ များလာလေလေပါပဲ။ အဲဒီ့တလွဲတွေက Tupperware ရဲ့ အစားအသောက် ထည့်ဗူးတွေ၊ Mary Kay ရဲ့ မိတ်ကပ်တွေကနေ စတင်ပြီး ဖျော်ရည်၊ ဆေးလုံးတွေအထိ ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်း MLM သမားတွေက (ဆိုးဝါးတဲ့) သိပ္ပံပညာနဲ့ (လိမ်ညာထားတဲ့) ကျန်းမာရေးအကျိုးပြုမှုတွေကို အသုံးချပြီး ဆွဲဆောင်ကြပါတယ်။ လူသစ်ရှာဖို့သုံးတဲ့ အလိမ်အညာတွေက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ?
`
ဒါဟာ “လူတွေက ခင်ဗျားကို Direct Selling/ Networking Marketing ကုမ္ပဏီတွေကို ဆန့်ကျင်တဲ့လူလို့ အထင်ရောက် စေတာကို ချီးကျူးမိပါတယ်” လို့ အပေါ်မှာပြောခဲ့သူတွေအတွက် ကျွန်တော့်ရဲ့ တုန့်ပြန်မှုပါပဲ။ ကျွန်တော်က MLM ကို လုံးဝဆန့်ကျင်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး သေသေချာချာ ကိုင်တွယ်နိုင်မှုမရှိခြင်း (FTC ကလူကြီးမင်းတွေကိုလည်း ရည်ရွယ်ပါတယ်) နဲ့ မဟုတ်မဟပ် ဖြားယောင်းမှုတွေကြောင့် အလိမ်အညာတွေက အမှန်လိုဖြစ်သွားတာကြောင့်ပါ။ တရား ဥပဒေစိုးမိုးရေးကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။
https://www.facebook.com/groups/yangon.antimlm/permalink/1694984120818569/