Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

MLM ကိစ္စတွေက ဘယ်တော့မှပြီးမှာ မဟုတ်ဘူး ။


MLM ကိစ္စတွေက ဘယ်တော့မှပြီးမှာ မဟုတ်ဘူး ။
တစ်ချို့က ဥပဒေ ထွက်လာရင် ပြီးမယ် ထင်ပေမယ့်
ကျွန်တော်ကတော့ အဲ့လို မထင်ပါဘူး ။
နိုင်ငံတကာ MLM Companies ကြီးတွေဆိုရင်
လွှတ်တော်အမတ်တွေ အထိ လာဘ်ထိုးပြီးကို Lobbying လုပ် နေတာပါ ။
FTC ( Federal Trade Commission ) ကို
On-paper မှာ တစ်မျိုး ကတိခံထားပြီး
နောက်ကွယ်မှာ တစ်မျိုး လုပ်ခြင်းအားဖြင့်
( အဲ့လို လုပ်နေတာကို Company ဘက်ခြမ်းက အရေးမယူပဲ
မသိသလို လွှတ်ပေးထားခြင်းအားဖြင့် )
လည်ပတ် လုပ်ကိုင်နေကြတာပါ ။
Lobbying အဖွဲ့အစည်းအကြီးစားတွေ
( DSA လိုဟာမျိုး ) ဟာ လည်း ဒီကို ရောက်မလာသေးလို့ပါ ။
DSA ရောက်လာရင် ၊ Local DSA ဖွဲ့စည်းနိုင်ရင်
MLM တွေ ပိုပြီး အတင့်ရဲလာဦးမှာပါ ။
ဘိန်းရောင်းတဲ့လူတွေ လိုပဲ ။
လူ့ အဖွဲ့အစည်းကို ထိခိုက်စေတယ်လို့ လူများစုက သိထားပေမယ့်
လွတ်ရင် လွတ်သလို လုပ်နေကြဦးမှာပဲ ။
ရနေတဲ့ အကျိုးအမြတ်တွေက ကြီးတာကိုး ။
ခံနေရတဲ့ သားကောင်တွေအတွက်တော့ ရင်လေးစရာပေါ့ဗျာ ။
တကယ်တော့ MLM ဆိုတာ ဘိန်းလိုပါပဲ ။
စိတ်ဓာတ် ပျက်ပြားစေတဲ့ ဘိန်း တစ်မျိုး ပေါ့ ။
မနေနိုင်တဲ့လူတွေက တတ်နိုင်သလောက် အသံထွက်ပြီး ဟန့်ပေးနေရမှာပါပဲ ။
ကျွန်တော်ကတော့ အဲ့လို အသံထွက်ပေးနေတဲ့ လူများစွာထဲက
တစ်ယောက် အဖြစ် အမြဲရှိနေပေးမှာပါ ။
ကျွန်တော် ကိုယ်တိုင် သားကောင် ဖြစ်ခဲ့ရဖူးလို့
ကျန်တဲ့လူတွေကို လက်လှမ်းမှီသလောက် ပြန်ပြီး ပြောပြ အသိပညာပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံယူထားလို့ပါ ။
ကျွန်တော် ကိုယ်တိုင် MLM လောကမှာ ၁ နှစ်ကျော် ကျင်လည်ခဲ့ဖူးပါတယ် ။
Training ပြန်ပေးတဲ့ အနေအထားအထိ လုပ်ခဲ့ပါတယ် ။
Robert Kiyosaki ရဲ့ ESBI concept တစ်ခုတည်းကို ၃ နာရီလောက် အကြောင်းအရာ မထပ်အောင် ပြောနိုင်ပါတယ် ။
ကျွန်တော်ပြောတဲ့အခါ E,S ကနေ B,I ကို ကူးတဲ့လမ်းကြောင်းမှာ
MLM သာမကပဲ Franchising , Real Estate , Stock Market နဲ့ ပတ်သက်တာတွေပါ ထည့်ပြောတာမို့လို့ပါ ။
The Differences between Rich and Poor <
ဆိုတဲ့ Topic အသစ်တစ်ခုကို
Uplines တွေဆီက Training မယူပဲ
( သူတို့ ဆီက ဟာကို Version ပြောင်း ၊ ထပ်ဖြည့်ပြီးတော့ )
T. Harv Eker's Secrets of the Millionaire Mind စာအုပ်ကနေ ကောက်နှုတ်ပြီး
၂ နာရီစာ ပွဲတွေ ပြောခဲ့ဖူးပါတယ် ။
နိုင်ငံတကာ က MLM Lobbyists စာရေးဆရာကြီးတွေရဲ့ မှိုင်းကို အပြည့်အဝခံခဲ့ရပြီး
MLM ခိုးမွှန်ခဲ့ဖူးပါတယ် ။
အခုအချိန်ထိ ကျွန်တော့် Mail Inbox ထဲမှာ
နိုင်ငံတကာ MLM Trainers တွေက ပို့တဲ့ Mail တွေ
သောင်းဂဏာန်းနဲ့ ချီပြီး ရှိပါတယ် ။
လောဘ ရှေ့တန်းတင်တဲ့ MLM မျိုး မဟုတ်ပဲ
သတိထားပြီး Knowledge/Education based MLM ကို သွားဖို့ ကြိုးစားခဲ့လို့သာ
ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့လူတွေနဲ့ အခုထိ မိတ်မပျက်ပဲ ရှိနေနိုင်ခဲ့တာပါ ။
တကယ်တမ်းက ကျွန်တော်တို့ MLM မှာ ရခဲ့တဲ့ ...
ကိုယ်တိုင် သူများကို ပြန်သင်ပေးခဲ့တဲ့ ...
Knowledge/Education ဆိုတာလည်း
စီးပွါးရေး/တိုးတက်ရေးမှာ ကကြီးခခွေး အဆင့်ပါ ။
ဒါပေမယ့် အဲ့ဒီ အချိန်တုန်းကတော့ ရေအိုင်ထဲက ဖားသူငယ် ဖြစ်ခဲ့တာပါ ။
ဒီတော့ ကျွန်တော့် အနေနဲ့က ဒီလို MLM နဲ့ ပတ်သက်လို့ အသိပေးနေတဲ့ ကိစ္စကို ဘယ်တော့မှ ရပ်မှာ မဟုတ်ပါဘူး ။
ကျွန်တော်တို့ မလုပ်ရင် ဘယ်သူ လုပ်မလဲဗျာ ?
တစ်ချို့က ကိုယ် ခံရတာကို ရှက်လို့ ဆိုပြီး အသံ ထွက်မပေးပဲ
တိတ်တိတ်လေး နေလိုက်ကြတာများတယ်လေ ။
ဒီတော့ ကျွန်တော်တို့ လို မနေနိုင်တဲ့လူတွေ လုပ်မှပဲ ရမှာပါ ။
MLM နဲ့ပတ်သက်လို့ အငြင်းအခုန် အတိုက်အခံ ဖြစ်တိုင်းမှာ
သုံးလို့ရမယ့် အချက်အလက်အယူအဆတွေကို လက်လှမ်းမှီသလောက် ကျွန်တော် စုဆောင်းပေးထားပါမယ် ။
MLM Company တစ်ခုခု က တရား ထဆွဲရင်တောင် နိုင်အောင် ပြန်ပြောနိုင်မယ့် ဒေတာတွေ အဆင့်အထိပါပါတယ် ။
လိုအပ်ရင် ၊ ဒါတွေ ယူသုံးချင်ရင် ဆက်သွယ်လိုက်ပါဗျာ ။
( စိတ်မပူပါနဲ့ ။ တရားစွဲမယ် ဆိုတာ လေနဲ့ပဲ သူတို့ ခြိမ်းခြောက်ရဲတာပါ ။ သူတို့ ဟာကွက်တွေ သူတို့ ကောင်းကောင်းသိပါတယ် ။
တရား ရုံး ရောက်ဖို့ ၊ Public Media ရှေ့ရောက်ဖို့ မလုပ်ရဲပါဘူး ။ ပိုက်ဆံပေးပြီး ကြေငြာလို့ရတဲ့ Program တွေရိုက်ပြီး
တစ်ဖတ်သက်ပြောချင်ရာ ပြောသွားတာတွေသာ /
Lobbying လုပ်တာတွေသာ လုပ်ပါလိမ့်မယ် ။
Counter မေးခွန်း ပြန်မေးခံရနိုင်တဲ့ Public Media ရှေ့ဆို
သူတို့ ထွက်မလာရဲပါဘူး ။ )
လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @
MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
==================
www.facebook.com/MyanmarMLMTruth <<<
ဒီ Page မှာ နဲ့ ပတ်သက်တဲ့ ဒေတာတွေ စုပေးထားပါတယ် ။
https://www.facebook.com/groups/mlmDiscussion/permalink/1789157727995724/