Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

ပရဟိတအဖွဲ့တွေကိုလဲမလွတ်ပေးတဲ့ MLM


သြော်•••• စိတ်ညစ်ပါရဲ့ ကိုယ့်ဘာသာကိုယ် လူမှူရေး ပရဟိတလုပ်နေပါတယ်ဆိုမှ.... ဟိုနေ့ကဖုန်းဝင်လာတယ်
"ဆရာအောင်မြင်လား... (ဒါဆိုသေချာတယ် ဓာတ်လောက သို့ fbလောကသားတွေပဲသိတဲ့ ကျနော့နာမည်.. ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တော့) ကျမ ........ပါ..ပြောစရာလေး ရှိလို့ပါ"
"ဟုတ်ပြောပါ"
"အခု ဆရာက စဥ့်အိုးဘိုပညာဒါနမှာ သင်တန်းပေးနေတာဆို"
" ဟုတ်ကဲ့ အခမဲ့သင်ပေးနေတာပါ ကွန်ပျူတာရယ် ဓာတ်ပုံသင်တန်းရယ်ပါ..ဒါနဲ့ ခင်ဗျားက ဘယ်သူလဲဗျ"
" ကျမက ဖေ့ဘွတ်မှာဆရာနဲ့ fri xxxxxx ပါ.. အကူအညီတောင်းစရာလေးနဲ့ ဆရာကိုယ်တိုင်လဲ အခွင့်အရေးလဲ ရမယ့်ကိစ္စပါ"
"သြော်...ဟုတ်ကဲ့ပြောပါ"
"အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်ပြီးတော့ ဟောပြော ဆွေးနွေးပွဲလေး လုပ်ချင်လို့ပါ.. မန်ဘာသစ် စုပြီး လုပ်ငန်းလုပ်ရအောင်လို့ပါ ဆရာ့ဘက်က ဆရာ့သင်တန်းသားတွေ စုပေးထားဖို့ရာပါပဲ" (ကျနော့စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ် တစ်ကယ်)
" အဲ့...လုပ်ငန်းကရော ဘာလုပ်ငန်းလဲဗျာ... ဘာလုပ်ရမှာလဲဗျာ..အလုပ်ရမှာကော သေချာရဲ့လား"
" အလုပ်ကတော့ မန်ဘာဝင်လိုက်တာနဲ့ အလုပ်တန်းရသွားတာပဲ နောက်ပိုင်းတစ်လကိုဆယ်သိန်းအထက် ဝင်ငွေ ရှိမှာပါ" (နည်းနည်းသဘောပေါက်သွားပြီ... ကျနော်အမြင်ကပ်ဆုံးကိစ္စတွေမှန်း.. သူက ကျနော့ကို မအ,ဘူးများမှတ်နေလားမသိ)
"ဟိုလေ.... ဘာလုပ်ရမယ်...ဘယ်ကုမ္ပဏီမှာ စတာတွေဆိုတာကော သိလို့ရမလားဗျာ"
" ဟင်းဟင်း...ကျမ အရင်လုပ်ခဲ့တာတော့ xxxx မှာ အခုကတော့ xxxxx မှာ လေ....အခုဟာက ပိုဝင်ငွေကောင်းတယ်..ဘာလုပ်ရမယ်ဆိုတာတော့ အလုပ်ကိုင်အခွင့်လမ်းဟောပြောမှူမှာ အကုန်ပါမယ်... အကုန်သင်ပေးမယ်" (သေချာသွားပြီ.. နာမည်ချော် တစ်ကယ့် mlm ကုမ္ပဏီကြီး.. မဖြစ်ဘူး စကားအပြတ်ပြောမှဖြစ်မယ်..အားနာနေလို့ မဖြစ်ဘူး ဆိုပြီ...)
" ဟုတ်ကဲ့ဗျာ... ကျနော်အခုလုပ်နေတာ ပရဟိတဆိုတော့ စီးပွားရေးလုပ်ငန်းနဲ့ မပတ်သတ်ဘူးဖြစ်နေတယ်... အဲ့လို လုပ်ပေးလို့တော့ ဖြစ်မယ်မထင်ဘူးဗျ.. ဆောရီးပဲဗျာ..."
" မဟုတ်ဘူးလေ... ကျမတို့ကလဲ စီးပွားရေးသက်သက် မဟုတ်ဘူးလေ.. ဒီအလုပ်က သူများတွေရဲ့ ကြီးပွားရာ ကြီးပွားကြောင်းကို လမ်းညွှန်ပေးရတဲ့အလုပ်မို့ ပရဟိတနဲ့လဲ ကိုက်ညီပါတယ်... ကျမတို့လဲ ပရဟိတပဲလေ... လမ်းကြောင်းချင်းတူတာမို့ ပူးပေါင်းလို့ဖြစ်ပါတယ်" ဘလာဘလာနဲ့ ဆက်ပွားတာဗျာ... နားငြီးလာတာနဲ့ ဆောရီးပဲဗျာ လို့ပြောပြီး ကျနော်လဲ ဖုန်းချပစ်တယ်
ပြီးတော့ သူ့အကောင့်ဆိုတာထဲ ဝင်စစ်ကြည့်တယ်.. သူ့လှူပ်ရှားမှူတွေတင်ထားတာရော သူ့ကုမ္ပဏီက ဟာတွေ share ထားတာတွေရော..လေကြီးထားတဲ့ စတေးထပ်တွေကော တွေ့ရတယ်... စောဏကဖုန်းနံပါတ်ကို black list လုပ် သူ့ FB acc ပါ block လုပ်ပစ်တယ် အေးရော