Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM နဲ့ ပတ်သက်လို့ ပြောခွင့်ပြု ပါရန်


MLM နဲ့ ပတ်သက်လို့ ပြောခွင့်ပြု ပါရန်
လုပ်နေတဲ့သူတွေကို အကြံပေးချင်တာပါ
အတွေ့အကြုံ တစ်ခုရှိတယ် တနေ့ မိတ်ဆွေဖြစ်သူ ဖုန်းဆက်ခေါ်လို့ သူ့အိမ်ရောက်သွားခဲ့တယ်
မတွေ့တာလဲ ကြာတော့ အေးအေးဆေးဆေး စကားပြောမယ် အဆင်ပြေရင် အပြင်ထွက်ကြမယ်။ ဒါပေမယ့် အိမ်ရောက်တော့ လူတွေအများကြီးတွေ့ရတယ် သန့်ပြန့်အောင် ဝတ်ထားတဲ့လူတွေရှိတယ် ရပ်ကွက်ထဲတွေ့နေကျ သာမန်ဝတ်ထားတဲ့လူတွေလဲရှိတယ် ။
ကုတ်တွေ နက်ကတိုင်တွေပါတဲ့သူရှိတယ် တယောက်တလဲ white board နဲ့ရှင်းပြနေတယ် ပုံတွေဆွဲတယ် လက်ခုပ်တီးတယ် နိုင်ငံခြားခရီးထွက်ဖို့ ပြောတယ်
နိုင်ငံခြားခရီးတော့ စိတ်မဝင်စားပါ ခဏခဏသွားနေရတော့ ဆေးတွေ coffee တွေ စိတ်မဝင်စား ကျန်းမာရေးက ကောင်းပါတယ် နဲနဲမကောင်းလဲ ပြနေကျဆရာဝန်တွေရှိတယ် အလှကုန်ကတော့ ဘာမှမဆိုင် ။
စိတ်ဝင်စားသွားတာ ပုံဆွဲပြနေတာကို စီးပွားရေးနဲ့တွက်ကြည့်တာ မဆိုးဘူးဗျ အဲဒါနဲ့ အာရုံစိုက်နားထောင်တယ် လက်ခုပ်တီးတယ် ဒါပေမဲ့ ဒီနည်းလည်း သိပ်မမိုက်ဘူး လူရှာဖို့မလွယ်ဘူး သူတို့လိုပြေနိုင်ဖို့ ကျွန်တော်မရဘူး တော်တော်ပြောရတာ ပြောပြီး member ဝင်တဲ့သူကလဲ ၁ ယောက် ၂ ယောက်ပဲဆိုတော့ အချိန်နဲ့တွက်ရင် ရှုံးတာပေါ့
သူတို့လိုလဲ လျှောက်သွားဖို့က မလွယ်ဘူးဗျ အထုပ်ကြီးတွေ ဆွဲ ဆွဲနေရတာ ကျွန်တော်နဲ့ အဆင်မပြေပါဘူး ကျေးလက်ဒေသတွေလဲ သွားရမှာဆိုတော့ မဖြစ်တော့ပါဘူး ဒါပေမယ့် မိတ်ဆွေကို အားနာလို့ပြီးတဲ့အထိ ထိုင်စောင့်ပေးပါတယ်။ ၃ နာရီကျော်တယ်ဗျ ပြီးတာနဲ့ နှုတ်ဆက်ပြီးပြန် member ဝင်ဖို့တော့ငြင်းခဲ့တယ် ငွေ ၅ ထောင်ပါ။
ဘီယာသောက်တောင် ၅ ထောင်မကကုန်ပါတယ် ဟိုသွားရင် မုန့်ဖိုးပေးတာလောက်ရှိပါတယ် ရိုင်းရင်ခွင့်လွှတ်ဗျာ။ စိတ်လဲမဝင်စား ကျေးဇူးအတင်မခံရ ဘဲ ၅ ထောင်တော့ နှမြောတယ်ဗျာ ဘီယာဆိုင်ကချာတိတ်တွေဆို ၁ ထောင်လောက်ပေးထားရင်တောင် နောက်တခါသွားရင် ပျာပျာသလဲခရီးကြိုကြတာဗျ သနားဖို့လဲကောင်းပါတယ် သူတို့လစာလဲနည်းပါတယ် ဒီ၅၀၀၀ထောင်တော့ မပေးဘူးဗျာ ပြန်လာရောဆိုပါတော့ ခုနကစကားပြောနေတဲ့ manager ကိုတောင် လမ်းကြုံ တင်ခေါ်လာသေးတယ် ကျွန်တောလဲ မြို့ထဲပြန်ရမှာ လမ်းကြုံတယ်လေ သူကတော့ ကားပေါ်မှာရေပက်မဝင်ပြောတာပဲ ကျွန်တော်လည်းအဒေါ်တယောက်အရိုးကျီးပေါင်းဖြစ်တာကို သတိရမိတယ် အဲဒါနဲ့ မေးကြည့်တာပေါ့ဗျာ။ နောက်နေ့မှဆက်ရေးမယ် အလုပ်သွားရဦးမယ်။
https://www.facebook.com/groups/mlmDiscussion/permalink/1816577805253716/