Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Mlm လှည့်ကွက်များ


လူ ၄ ယောက်ဟာ သူတို့ရဲ့ လက်ညှိုးတွေ ကိုပဲ သုံးပြီး
လူ ၁ ယောက်ကို ကောင်းကောင်း မ နိုင် ပါ့မလား ?
ကျွန်တော်တို့ MLM Companies ရဲ့ ထုတ်ကုန်တွေကိုသာ သုံးလိုက်ရင်
မ နိုင်ပါလိမ့်မယ် ။
>>>
https://www.facebook.com/zin.zae/videos/1465015226861023/


လူ ၄ ယောက်ဟာ သူတို့ရဲ့ လက်ညှိုးတွေ ကိုပဲ သုံးပြီး
လူ ၁ ယောက်ကို ကောင်းကောင်း မ နိုင် ပါ့မလား ?
ကျွန်တော်တို့ MLM Companies ရဲ့ ထုတ်ကုန်တွေကိုသာ သုံးလိုက်ရင် မ နိုင်ပါလိမ့်မယ် ။
=============================================

MLM Companies တစ်ချို့ကလူတွေ
"ဟို အပြား အစွမ်း ၊ ဒီ အရည် အစွမ်း ၊ ဟို မှော် ခါးပတ်အစွမ်း ၊ ဒီ စိတ်အစွမ်း" ဆိုပြီး
လှည့်စားလေ့ရှိတဲ့ ပြကွက် တစ်ခု ရှိပါတယ် ။
လူ ၄ ယောက်ဟာ သူတို့ရဲ့ လက်ညှိုးတွေ ကိုပဲ သုံးပြီး
လူ ၁ ယောက်ကို မ မနိုင်ပါဘူး ။
( လူ ၁ ယောက် လက်ညှိုး ၂ ချောင်း ဆိုတော့ လက်ညှိုး ၈ ချောင်းအားပေါ့ )
ဒါပေမယ့် သူတို့ရဲ့
" ဟို အပြား အစွမ်း ၊ ဒီ အရည် အစွမ်း ၊
ဟို မှော် ခါးပတ်အစွမ်း ၊ ဒီ စိတ်အစွမ်း " တွေ သုံးလိုက်ရင်တော့
အခုနက လူ ၄ ယောက်ဟာ သူတို့ရဲ့ လက်ညှိုးတွေ ကိုပဲ သုံးပြီး
လူ ၁ ယောက်ကို ကောင်းကောင်း မနိုင်သွားပါတယ် ။
ဒါနဲ့ပဲ အဲ့ဒါကို ယုံသွားတဲ့ လူက
သူတို့ရဲ့ အပြားတွေ အရည်တွေ ခါးပတ်တွေ စိတ်စွမ်းအားတွေကို ယုံသွားမိတာပေါ့လေ ။
အဲ့ဒီ လှည့်ကွက်လေးရဲ့ အဖြေကို သိချင်ရင်
ဒီ ဗီဒီယိုလေး ကိုသာ အစအဆုံး ကြည့်ကြည့်ပါ ။
( ၂ မိနစ်ပဲ ကြာပါတယ် )
မိန်းကလေး ၄ ယောက်က ယောက်ျားလေး ၁ ယောက်ကို
သူတို့ရဲ့ လက်ညှိုးတွေ ကိုပဲ သုံးပြီး ရအောင် မပြပါလိမ့်မယ် ။
နောက်ဆုံးနားလေးကျရင် လှည့်ကွက်လေးကို ဖျက်ကနဲ ပြသွားပါလိမ့်မယ် ။
လူ အချင်းချင်း ရည်ရွယ်ချက်ရှိရှိ လှည့်ပတ် အမြတ်ထုတ်ခြင်း ကင်းကြပါစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ