Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM ကုမ္မဏီတစ်ခုတည်းကိုပြောတာမဟုတ်ပါ


MLM ကုမ္မဏီတစ်ခုတည်းကိုပြောတာမဟုတ်ပါ MLM ကုမ္မဏီတိုင်း သူတို့ Product မှာအားလုံးမကောင်းတာမဟုတ်ဘူးတစ်ခုကောင်း၂ခုကောင်းပါတယ် အဲ့ဒါပြပြီးလိမ်တာပါ ပထမပိုင်းmember စဝင်ဝင်ချင်းလူတွေကိုအဲ့ဒါအမြည်းအနေနဲ့ကျွေးလိုက်တယ်ရောင်းခိုင်းတယ်တစ်ကယ်လည်းရတာနဲ့ကုန်သွားလောက်အောင်ကိုရောင်းကောင်းတယ် ရောင်းကောင်းမှာပေါ့နာမည်ရပြီးသား Product ဖြစ်နေတာကိုးဗျ နောက်ပိုင်းလောဘဇောတက်လာကြတယ် ရိုင်းရိုင်းပြောရရင်ဘယ်လောက်လူရှာပေးရင်ဘယ်လောက်ရမယ် ရတဲ့ဟာကိုယ်သုံးနေတဲ့ဟာကိုအလကားသုံးရတယ်ဆိုပြီးစိတ်နဲ့ရောင်းရာကနေလောဘတက်လာကြတယ် ဘယ်လောက်ရောင်းရင်ဘာရမှာညာရမှာဘယ် Trip ကို Free သွားရမှာဆိုတာတွေဖြစ်လာပြီးတော့ MLM ရဲ့ကျေးကျွန်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ် နောက်ပိုင်းကျတော့မှတစ်ကယ်ရောင်းရတဲ့ Product ကပစ္စည်းပျက်နေတယ်ဘယ်ဟာကိုအရင်ဘယ်လောက်ဖိုးယူထား Target ကပြည့်တော့မှာ Level ကတက်တော့မှာ ဘယ်နိုင်ငံတော့ဖြင့် ကုမ္မဏီစရိတ်နဲ့ Free သွားရမှာ ဘာဆုတော့ဖြင့်ရတော့မှာပစ္စည်းပြန်ရောက်တဲ့အခါကျထပ်ဝယ်ပေါ့ဆိုတာတွေနဲ့တစ်သထက်နစ်လာကြတယ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ခရီးသွားနေရတာကို Free သွားနေရတယ်ဆိုပြီး ရောင်းမရတဲ့ပစ္စည်း ရောင်းမကုန်တဲ့ပစ္စည်းကိုမတန်တဆဈေးနဲ့ဝယ်နေရတာကိုမေ့သွားကြတယ် ဒါနဲ့ပဲလုံးပါးပါးပြီးရှိတာတွေရောင်း ငွေတွေချေးပြီးဝယ်ရာကနေဘဝပျက်တဲ့ထိဖြစ်သွားကြတာပါပဲ
MLM ကိုစိတ်ဝင်စားတယ်လုပ်ချင်သပဆိုသူတို့ရဲ့Product မှာနာမည်ကြီးရောင်းအားအကောင်းဆုံးပစ္စည်းတွေရှိပါတယ် အဲ့ဒီပစ္စည်းကိုလေ့လာပြီးအဲ့ဒီပစ္စည်းကြီးပဲဝယ်မယ်လိုသလောက်လည်းရောင်းပေးမယ်ဆိုတဲ့ဂတိကိုရှေ့နေခေါ်ပြီးစာချုပ်စာတန်းရုံးမှာတရားဝင်စာချုပ်ချုပ်ပြီးလုပ်ပါ သေချာပေါက်တိုက်ဆောက်ကားစီးနိုင်ပါတယ်
(မှတ်ချက် - ကျွန်တော် MLM ကိုဆန့်ကျင်သူတစ်ယောက်မဟုတ်သလို MLM ကိုလုပ်ပြီးတော့မှမကောင်းဘူးဝေဖန်သူတစ်ယောက်မဟုတ်ပါဘူး ကျွန်တော့်အသိတွေထဲမှာအဲ့ဒီတိုင်းဖြစ်ပြီးအကြွေးပင်လယ်မှာမျောသွားရတဲ့လူတွေ မိသားစုနဲ့ကွဲဘဝပျက်သွားတဲ့လူတွေရှိလို့ပြောပြခြင်းဖြစ်ပါတယ်
ဘယ်သူဘယ်ဝါဆိုတာစုံစမ်းမေးမြန်းခြင်းသည်းခံပါ မိတ်ဆွေသူငယ်ချင်းEthic အရပြောမည်မဟုတ်)
https://www.facebook.com/groups/mlmDiscussion/permalink/1815691125342384/