Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

mlm ကုမ္ပဏီနဲ့ မန်ဘာဝင်တို့ရဲ့ ကွာခြားချက်များ



mlm ကုမ္ပဏီနဲ့ မန်ဘာဝင်တို့ရဲ့ ကွာခြားချက်များ
~~~~~~~~~~~~~~~~~~~~
ပထမ အဆင့် 💥
မန်ဘာဝင်ဖို့ မန်ဘာကြေး ပေးလိုက်ရတော့
mlm ကုမ္ပဏီက အချောင် ဝင်ငွေရပြီး
မန်ဘာဝင်သူက မဆီမဆိုင် ငွေကုန်တယ်။
( မန်ဘာဝင်က လစာ မရဘဲ မာကတ်တင်း လုပ်ပေးရတဲ့ အပြင်
ကုမ္ပဏီကို မန်ဘာကြေး ပြန်ပေးရသေးတယ်။ )
ဒုတိယ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်တွေကို
မန်ဘာဝင်က ငွေကုန်ခံ ဝယ်ရတယ်။
mlm ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေ ရတယ်။
( မန်ဘာဝင်ပြီး လစာမဲ့ မာကတ်တင်း လုပ်ရတဲ့ အပြင်၊ မတန်တဆ ဈေးကြီးတဲ့ ပစ္စည်းတွေကို ငွေကုန်ခံ ဝယ်ရသေးတယ်။
mlm ကုမ္ပဏီက လစာမဲ့ ဝန်ထမ်းရပြီး မာကတ်တင်း စရိတ် သက်သာသွားတယ်။ )
တတိယ အဆင့် 💥
မန်ဘာဝင်က နောက်လူ ရှာပေးရင်
mlm ကုမ္ပဏီက ဝင်ငွေ ထပ်ရပြီး
မန်ဘာဝင်က ကော်မရှင် အနည်းငယ်သာ ရသည်။
(မန်ဘာဝင်မှာ လူ ဆွယ်ရင်း သိက္ခာကျရပေမယ့်
ကုမ္ပဏီက လစာ မပေးရဘဲ ကော်မရှင် နည်းနည်းပါပါးပေးပြီး မန်ဘာဝင်တွေကို ခိုင်းလို့ရတယ်။)
စတုတ္ထ အဆင့် 💥
mlm ပစ္စည်းတွေကို ရောင်းပေးရင်
မန်ဘာဝင် အတွက် ကော်မရှင် မဖြစ်စလောက်သာ ရပြီး၊ ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေရပါတယ်။
( များသောအားဖြင့် အပြင်လူ ဘယ်သူမှ မဝယ်တော့၊
မိတ်ဆွေ သူငယ်ချင်းတွေကို အတင်းထိုးရောင်းရလို့
ခင်မင်မှုပျက်ပြီး ချဉ်ဖတ်ဖြစ်ခြင်းကို
မန်ဘာဝင်တွေ ခါးစည်းခံရပါတယ်။
ဈေးမရောင်း လူမဆွယ်လည်း ရတယ်လို့
mlm ကုမ္ပဏီတွေက ပြန်ငြင်းတတ်ပါတယ်။
ဈေးမရောင်း လူမဆွယ်ရင်လည်း
ကုမ္ပဏီက မန်ဘာဝင်ကို တစ်ပြားတစ်ချပ်မှ မပေးကြပါ။
မန်ဘာဝင်တွေ ဝင်ငွေမရလို့ စောဒက တက်ရင်
အသုံးမကျလို့ မရတာဟု ပြန်ပြောပြီး
mlm ၏ စနစ်ဆိုးကြောင့် ဖြစ်ရတာကို ဝန်မခံကြပါ။
မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ပေးလို့
mlm ကုမ္ပဏီတွေက တစ်နေ့တခြား
အမြတ်ငွေတွေ ပိုတိုးရလာပေမယ့်
မန်ဘာဝင်တွေကျတော့ တစ်နေ့တခြား ချွတ်ခြုံကျလာပါတယ်။ )
နောက်ဆုံး အဆင့် 💥
ကုမ္ပဏီမှာ မန်ဘာဝင် အရေအတွက် ဆက်မတိုးတော့ဘဲ ရပ်တန့်ကာ
ထုတ်ကုန်တွေလည်း များများစားစား မရောင်းရတော့ရင်
mlm ကုမ္ပဏီတွေက
ကုမ္ပဏီ ဖျက်သိမ်းပြီး
ငွေထုပ်ပိုက်ကာ ပြည်တော်ပြန်ကြတယ်။
မန်ဘာဝင်တွေက လက်လွတ်ခွက်ချွတ် ကျန်ခဲ့ပြီး
ကိုယ်သွင်းပေးခဲ့တဲ့ မန်ဘာဝင်တွေနဲ့ ပြဿနာတက်ကာ မျက်နှာပျက်ရပါတယ်။
mlm ကုမ္ပဏီတွေနဲ့ မန်ဘာဝင်တွေရဲ့
ကွာခြားချက်တွေပါ။
တချို့ မန်ဘာဝင်တွေက
mlm နဲ့ ဝင်ငွေရပြီး အောင်မြင်နေပြီလို့
လက်အောက် မန်ဘာဝင်တွေကို အယုံသွင်းပါတယ်။
တကယ်တော့ လက်အောက် မန်ဘာဝင်တွေကို
ချနင်းပြီးမှ ရတဲ့ဝင်ငွေဟာ သမ္မာအာဇီဝ ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
https://www.facebook.com/groups/mlmDiscussion/permalink/1789415311303299/