Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

mlm လူငယ်တစ်ယောက်ရဲ့ဘဝ


လွန်ခဲ့သော ၃လခန့်က......
" MLM အစစ်အမှန်နဲ့မတွေ့သေးလို့ပါဗျ/ရှင့်၊
စနစ်ကြီးကကောင်းပြီးလူမကောင်းလို့ပါဗျ/ရှင့် "
မောင်သီဟစိတ်ဝင်စားမိသွားသည်၊အလိမ်အညာမဟုတ်ဘူးဆိုပါ့လား။ထို့နှင့်....
သီဟ; ; "MLMဆိုတာ ပိရမစ်ပုံစနစ်ကြီးမလား၊
ကိုယ့်အပေါ်ကလူသာရတဲ့စနစ်ဆိုးကြီးပါ"
Ans ; ; "အများစုသောအတုအယောင်ကုမ္မဏီတွေ
ကြောင့်လူများစုအမြင်မှာအမည်းထင်နေတာပါ"
သီဟ; ; "ဟုတ်လား အဲ့ဒါဆို ဘယ်လိုဟာက
အစစ်အမှန်တုန်း"
Ans ; ; "လူမကောင်းလို့သာပါ MLM
စနစ်ကတကယ်ကောင်းပါတယ်
MLMအစစ်အမှန်ဆိုတာ ဘာကဘယ်လို.....
ဘာsystemကြီးနဲ့
ဘယ်လိုဘာတွေအာမခံတာ၊
ဘယ်လိုဘယ်လောက်တောင်ဝင်ငွေရနေတာ၊
တခြားတွဲလုပ်တဲ့ငွေထက်ကို ပိုတယ်၊ယုံပါ၊
bla bl_ bla."
သီဟ; ; "ဟေ တကယ်လားဟ၊
ရှင်းရှင်းပြောအဲ့လို တကယ်ကောင်းတဲ့
MLMဆိုတာမျိုး ဒီနိုင်ငံမှာရှိလို့လားဟ"
Ans ; ; "ရှိတာပေါ့ SYSTEM သေချာနားလည်ရင်
လူမကောင်းလို့ MLM
စနစ်နာမည်ပျက်ရတာနားလည်လာမှာပါ"
သီဟ; ; "အဲ့ဟာမျိုးဒီရောက်တာသေချာတယ်လား
အာ့အစစ်ကြီးကိုဘယ်မှာလေ့လာရမှာတုန်း"
Ans ; ; "ကျနော်/ကျယ်မတို့ရဲ့
"ကြုံရောလိမ်၊ငါ့ဟာသာအကောင်းကုမ္မဏီ"
မှကြိုဆိုပါတယ်၊
နောက်နေ့ဘယ်နားကဘယ်ရုံးခန်းကို
တခေါက်လောက်လာလေ့လာကြည့်ပါ"
ထို့နောက်၃လအကြာခန့်တွင် မောင်သီဟလေးလဲ သူ့သူငယ်ချင်းများအား စီးပွားအခွင့်အလမ်းပေးမည်ဟု ဖုန်းဆက်ခေါ်သော်လဲ တခေါက်ပို၍ မည်သည့်သူငယ်ချင်းမှ ဖုန်းမကိုင်ကြတော့ပေ၊လက်တွင် အောင်မြင်သူများသာ ကြွားခွင့်ပေးရန် ပေါ်တင်ကြွားပွဲလက်မှတ်တွေရောင်းစရာကျန်သည်၊ ထို့အပြင်အမှတ်မပြည့်သေးသဖြင့် နယ်မှအမေပေးလိုက်လိုက်သော လက်စွပ်လေးကိုကြည့်ရင်းသက်ပြင်းချမိသည်။ ဘာပြောပြောအကြွေးလဲအတိုးတွေတက်နေပြီဖြစ်၍ အလုပ်လုပ်ရဦးပေမည်၊ အပေါင်ဆိုင်ဦးလေးအား Robert စာများ၊အလွတ်ရွတ်ပြရန် တက်ကြမ်းများပြန်စဉ်းစားနေရင်း ဘောင်းဘီအိပ်ထဲ A4 နှင့် ဘောပင်တချောင်းအား ပါ/မပါ စမ်းကြည့်နေမိလေသတည်း။
https://www.facebook.com/groups/mlmDiscussion/permalink/1813685948876235/