Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM အန္တရာယ်မှ ရှောင်ရှားနည်း





MLM အန္တရာယ်မှ ရှောင်ရှားနည်း
-------------------------------------
တစ်ချို့လူတွေ MLM အကြောင်းကို မသိသေးဘူးဖြစ်နေတယ်..
Multilevel Marking တို့၊ ပိရမစ်စီးပွားရေးတို့ ဆိုရင် ပိုပြီးနဝေတိမ်တောင်ဖြစ်သွားနိုင်တယ်..
ခွေးရူးဆိုတာ သွင်ပြင်လက္ခဏာကြည့်ပြီးသိနိုင်သလို MLM သမားတွေ ကို အောက်ပါအချက်အလက်များကြည့်ပြီး ဝေးဝေးက ရှောင်နိုင်တယ်..
၁) သူ့မှာ အဖေ၊ အမေထက်ပိုပြီး ကိုယ့်ဘ၀အဆင်ပြေမှုအတွက် စိုးရိမ်ပူပန်မှုပြနေရင်၊
၂) တစ်အူတုံဆင်းမောင်နှစ်မအရင်းများထက် ကိုယ့်အပေါ် စေတနာထားတဲ့ပုံမျိုးဖမ်းနေရင်၊
၃) ကိုယ်ကသဘောမကျကြောင်း အမူအယာပြသော်လည်း ကျားပိန်တွယ်တွယ်ပြီး ငါ့စကားနွားရဆက်ပြောနေရင်၊
၎) အင်မတန်စိတ်ရှည်သဘောကောင်းတဲ့ ပုံစံဖမ်းထားရင်၊
၅) ဒီအလုပ်မှမလုပ်ရင် လူဖြစ်ရှုံးတော့မလောက် အလေးအနက်စည်းရုံးနေရင်..၊
၆) ဘာအလုပ်မှ မလုပ်ရပဲ ၀င်ငွေသိန်းချီရမယ်ဆိုတဲ့စကားကိုထပ်ကာထပ်ကာ ပြောနေရင်..၊
၇) သွက်လက်ဖျတ်လတ်ပြီး ဘ၀ဟာ အင်မတန်နေပျော်တဲ့ပုံစံ (အဲသည်လိုပုံမျိုးဖြစ်အောင် သူတို့လေ့ကျင့်ထားကြသည်) ဖမ်းပြနေရင်..၊
အဲဒီသူဟာ ခင်ဗျားရဲ့ သူငယ်ချင်းဖြစ်နေခဲ့ပါက..
မိတ်ဆွေအချင်းချင်းကြားမှာ ရှိအပ်တဲ့ ရိုးသားယုံကြည်မှုကို ခုတုံးလုပ်ပြီး မိမိအား အမဲအဖြစ် လာ "ကျုံးသွင်း" တာကို စိတ်မကောင်းကြောင်း လေးလေးနက်နက်ပြောလိုက်ပါ...
လူစိမ်းတစ်ယောက်ဖြစ်နေခဲ့ပါက..
မိမိဘ၀ကောင်းစားရေးအတွက် ကြောင့်ကြခံရန် (သို့မဟုတ်) စိုးရိမ်ပူပန်ပေးရန် အတွက် ခင်ဗျားနှင့် ကျနော့်ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိကြောင်း၊
ခင်ဗျားကိုလည်း လူတကာဘ၀ မြင့်မားရေးအတွက် မေတ္တာဂရုဏာကြီးမားစွာဖြင့် လိုက်လံကယ်တင်နေသည်ဟု မထင်ကြောင်း၊
ထိုကဲ့သို့ အဖြစ်သည်းပြနေခြင်းကိုလည်း မယုံပါကြောင်း..၊
မိမိကို ငတုန်း၊ ငအ အဖြစ်သဘောထားပြီး လာရောက်စည်းရုံးသည်ကို အလွန်ခံပြင်းမိကြောင်း..၊
ဒါကြောင့် လက်ထဲတွင်ကိုင်ထားသော ရေနွေးဖြင့် မျက်နှာကို မပက်မီ၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ဖင် ချှိုင့်ဝင်သွားအောင် ဖနောင့်နဲ့မပေါက်မီ.. မျက်စေ့ရှေ့မှအမြန်ထွက်သွားစေလိုကြောင်း ပြောပြပါ..
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ..
(မဟာမိုင်း)