Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

mlm ကုမ္ပဏီတွေက လိမ်လည်ကြော်ငြာပြီး မန်ဘာဝင်အောင် ဆွယ်ကြတယ်။


mlm ကုမ္ပဏီတွေက လိမ်လည်ကြော်ငြာပြီး
မန်ဘာဝင်အောင် ဆွယ်ကြတယ်။
တကယ်တော့
မန်ဘာဝင်ကြေး ၅၀၀၀ ပေးရကတည်းက
ကုမ္ပဏီက အနိုင်ပိုင်းထားလိုက်ပြီလေ။
မန်ဘာဝင်မိသူတွေခမြာ
ဝင်ငွေ ပြန်ရဖို့
ကုမ္ပဏီက မတန်တဆ ဈေးတင်ထားတဲ့
ဘယ်သူမှ မဝယ်ချင်တဲ့ mlm ဓါတ်စာ အလှကုန် ပစ္စည်းတွေကို
သိက္ခာကျခံ ကိုယ်ကျင့်တရား အပျက်ခံ လိုက်ရောင်းပေးရတယ်။
နောက်ထပ် မန်ဘာဝင်မယ့်သူ လိုက်ရှာပေးရတယ်။
ပစ္စည်းမရောင်းလည်း ရတယ်၊
လူ မရှာပေးလည်း ရတယ်လို့
mlm ကုမ္ပဏီတွေက ပြောမှာပေါ့။
အဲဒါဆို ကုမ္ပဏီကလည်း သင့်ကို
တစ်ပြားတစ်ချပ်မှ ပြန်ပေးမှာ မဟုတ်ဘူးလေ။
မန်ဘာကြေး ၅၀၀၀ တောင်းပြီး မန်ဘာဝင်တွေကို
ကုမ္ပဏီက အနိုင်ပိုင်းထားတာကိုး။
ကြော်ငြာမှာတော့ တစ်လ ဝင်ငွေ သိန်းဂဏန်း ရမယ်ပဲ ပြောပြီး
လူတွေ စိတ်ဝင်စားလာအောင်
မလိမ့်တပတ် ဆွယ်ကြတယ်။
တကယ်တမ်း အဲဒီ ဝင်ငွေ သိန်းဂဏန်းရဖို့
ကုမ္ပဏီအတွက် သိန်းရာချီ ရှာပေးမှ၊
လိုက်လိမ်ပြီး လူဆွယ်ပေးမှ ရတာတော့ ထည့်မပြောကြဘူး။
ပြောရရင် mlm ကုမ္ပဏီတွေက
မြန်မာပြည်ကို ဒုက္ခပေးနေတဲ့
https://www.facebook.com/groups/mlmDiscussion/permalink/1787929178118579/