Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 8, 2017

Mlm လုပ်ငန်းအပေါ် မြန်မာစီးပွားရေးအကြံပေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်၏အမြင်


Video ဖိုင်ကြည့်ရန်ပုံကိုနှိပ်ပါ
မေး။ ။ ဆရာကြီး မင်္ဂလာပါခင်ဗျာ။ အခု စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ Multi-level marketing ကို တော်တော် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြပါတယ် ခင်ဗျာ။ ပြည်သူ့ အတွက်အကျိုးပြုတယ် အကျိုးမပြုဘူးဆိုတာကို အငြင်းပွားနေကြပါတယ်။ အဲဒါလေး ဆရာနည်းနည်းလောက်ရှင်းပြပေးပါခင်ဗျာ။
ပါမောက္ခဒေါက်တာ အောင်ထွန်းသက်။ ။ ဒီ Multi-level marketing နဲ့ ပတ်သက်လို့ ဆရာတို့ တောင်ကြီးမှာလည်း မေးတယ်ပေါ့ ဒီမေးခွန်းကို ဆရာ့ကိုလည်း ဒီလူတွေက အနောက်က လိုက်နေတာ Multi-level နဲ့ ပတ်သက်လို့ သတိထားနော်။ Multi-level မှာ ကောင်းတာဘာမှ မရှိဘူး။ လိမ်တာပဲ။ ဒါပေမယ့် သတိထားနော်။ လိမ်တဲ့လူ အပြစ်ကြီးမဟုတ်ဘူးနော်။ အလိမ်ခံချင်တဲ့လူရဲ့ အပြစ် ကိုယ်က လောဘရှိတာကို ဟာ ကျွန်တော် လမ်းဘေးမှာ ရွှေထုပ် တစ်ထုပ်ကောက်ရတယ်။ အဲဒါကို ဗျာ တန်ရာတန်ကြေးပေး ယုံတာပဲ။ ဆရာတို့လူမျိုးက အဓိက က အယုံသိပ်များတာ။ ယုံနေတာ ဘာကို ယုံနေမှန်းမသိဘူး ယုံနေတာ။ ဆရာတို့ Market Place ဓမ္ပစေတီလမ်းမှာ Multi-level နဲ့ ပတ်သက်လို့ပွဲတွေပေါ့နော်။ ဒီလိုသင်ပုန်းကြီးမှာ အများပိုင် ကုမ္ပဏီ Share တွေရောင်းနေတယ်။ ဆရာထင်တာ Share ရောင်းတာ Stock Exchange မှာ ရောင်းတယ်ထင်တာကို Market Place မှာရောင်းတယ်။ ဆရာမေးကြည့်တယ် ဘာလုပ်တာလည်းလို့ Share တွေရောင်းနေတာ။ ရောင်းတဲ့လူကို အပစ်မတင်ဘူးနော်။ သွားရောင်းတာကို ဆိုပြီး တန်းစီ ပြီးဝယ်နေကြတာနော်။ အလုအယက် ဘာလာဝယ်လည်း Share လာဝယ်တာ ခပ်တည်တည်ပဲ။ ဘာဖြစ်လို့ Share လာဝယ်လည်း အမြတ်ရမှာတဲ့။ ဘယ်သူက ပြောလည်းအမြတ်ရမှာလို့ အမြတ်က ရမှာလေတဲ့။ တို့လူမျိုးလောက် အယုံလွယ်တာ တို့လူမျိုးပဲ။ မလုပ်ကြနဲ့နော်။ Multi-level ဖြစ်တာဘာကြောင့်လည်း အခြေခံမှာတင်ယုံလို့။ မဖြစ်နိုင်မှာကို မျက်စိမှိတ်ပြီးယုံနေတာ။ အဲတော့ အလုပ်မရှိတဲ့ အိမ်ရှင်မှတွေ ဒါလေး မိတ်ကပ်တွေရောင်း ကိုးဆယ့်ခြောက်ပါးဆေးတွေရောင်း တာ ရောင်းရင်းရောင်းရင်းနဲ့ အားလုံးရောင်းလို့ မရတော့လို့ ဆေးတွေပုံရော မိတ်ကပ်တွေရော လိမ်းလို့ မရဘူး။ မလုပ်ကြနဲ့နော်။ တစ်ကယ်တမ်းတော့ ဆရာထင်တယ်။ ဥပဒေအရ အရေးယူရမယ်ထင်တယ်။ Multi-level ကို နိုင်ငံခြားမှာတော့ မရဘူး။ ဒါသည် လူတွေကို လိမ်နေတာ လုပ်လို့ မရဘူး။ ဒါပေမယ့် တစ်ခုပြောချင်တာကတော့ လူငယ်တွေကို Online နဲ့ ပစ္စည်းတွေရောင်းနိုင်အောင် လိမ်တာတွေမဖြစ်အောင် ဖန်တီးကြရအောင်။ အခုဆိုရင် Online Business E-Commerce က အကြီးအကျယ် ဖြစ်နေတာ။ ဒါကြောင့်မို့လို့ ခုနလို လုပ်စရာမရှိလို့ Multi-level မှာသွားပြီး ပါဝင်တဲ့လူတွေကို Choice ပေးမှ ရမယ်။ တစ်ခြားအခွင့်အလမ်းတွေ အခုတော့ Online Community ရှိနေပြီပဲ။ ဒါနဲ့လုပ်လို့ ရတယ်။ ကောင်းတာဘာမှ မရှိဘူးနော်။ Multi-level မှာ ချဲထီနဲ့ သူဌေးဖြစ်သွားတဲ့လူဘယ်နှယောက်ရှိလည်း ထိုးနေတာပဲ။ ရှိသမျှဟာ ပြုတ်လည်း ထိုးနေတာပဲ။ Multi-level ကို ဖျောက်နိုင်တာ တစ်ခုပဲ ရှိတယ်။ အဲဒီ Multi-level လုပ်တဲ့လူတွေအားလုံးကို တရားစခန်းပို့။ တရားစခန်းပို့မှ ရမှာ တရားစခန်း မပို့သ၍ ကတော့လုပ်နေမှာပဲ။ ဆရာကတော့ အရေးယူစေချင်တယ်။ ဘာကြောင့်လည်း အမှုမဲ့ အမှတ်မဲ့နဲ့ ချမ်းသာခြင်လို့ အလိမ်ခံနေရတဲ့လူတွေက အများကြီး အလိမ်မခံရအောင် ဥပဒေအရ အရေးယူရဖို့ပဲ ရှိပါတယ်။
Prof. Dr. Aung Tun Thet Dr Aung Tun Thet
Shaping Sustainable Future (နေပြည်တော်)
#BetterFutureBetterMyanmar
#MyanmarMaricle
#ProfDrAungTunThet
#BFBMSeminars
#ShapingSustainableFuture
#Naypyitaw