Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 19, 2017

MLM တော်တော်များများ ပြောတာ နားထောင်ပါတယ်။


MLM တော်တော်များများ ပြောတာ နားထောင်ပါတယ်။ အပျင်းပြေပါတယ်။ ၃နှစ်အတွင်း ၁လ သိန်း ၁၀၀၀ အထိ ၀င်ငွေရမယ်ပေါ့။ အလုပ် လုပ်စရာ မလိုတော့ဘူးပေါ့နော်။ ဒါနဲ စပ်စုကြည့်တာပါ လူတစ်ယောက်တိုင်း တစ်ယောက်တိုင်း တလ ၄.၅ သိန်း ကျော် တန်ဖိုးရှိတဲ့ အားဆေးတွေကို လတိုင်း မပျက်မကွက် အယောက် ၁၀၀၀ လောက် အနည်းဆုံး ရောင်းရပါ့မယ်။ အဆင့်ဆင့်ပေါ့လေ။ မောင်ဖြူရေ ဆေးသောက်ဦးဟ မောင်နီရေ ဆေးဝယ်ဦးဟ။ လခ နဲ မလောက်လဲ ထမင်းမစားနဲ နွားနို သောက် အဲလေ ငါရောင်းတဲ့ ၉၉ပါး အပါး၁၀၀ ပျောက် သွက်ချာပါဒ ၄သိန်းခွဲဖိုးသောက်။ ဆိုပြီး လုပ်ရဦးမှာဗျ။ ပြောသွားတာတော့ ဘာအလုပ်မှမလုပ်ပဲ ESBI ဆိုတဲ့ Investment လိုလို Businessလိုလို ဘာလိုလို ညာလိုလို အဆင့်တောင်ဖြစ်သွားပြီး Buffet တို Bill Gate တို နဲ Level အတူတူ ရောင်ရောင်။ သူများက အလုပ်မလုပ်ပဲ ပိုက်ဆံရမယ်အောင့်မေတာ အောင့်မလေး ဆွေးပျက် မျိုးဖြတ် မိတ်ပျက် ဆေးရောင်းပေးရမယ်။ ငတ်ရင်ငတ်ပလေ့စေ လတိုင်း ဆေးမှန်မှန်သောက်ကြ။ ဒါပဲ။ ပျော်ရွှင်စရာဘ၀ ဆိုလားပဲ ... (p.s မည်သူတစ်ဦး မည်သည့် အဖွဲ ကို မှ မရည်ရွယ်ပါ။ စိတ်အေးချမ်းသာစွာဖြင့် မိမိယုံကြည်ရာ ဆက်လက် လုပ်ကိုင်နိုင်ကြပါစေ။ အောင်မြင်ပါစေ။ ရောင်းကောင်းပါစေ။ )