Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MLMသမားတွေ မင်းတို့သိပ်မယုတ်မာကြနဲ့ကွ


MLMသမားတွေ မင်းတို့သိပ်မယုတ်မာကြနဲ့ကွ
ဘာမှမသိနားမလည်တဲ့တောင်သူဦးကြီးတွေကို
မလိမ့်တစ်ပတ်မလုပ်ကြပါနဲ့/မင်းတို့ကွာ ထမင်းစားနေတဲ့
လူတွေဖြစ်ပြီး လူစိတ်မမွေးနိုင်ကြတော့ဘူးလား
တော်တော်အောက်တန်းကျကြပါလား မင်းတို့ဘဝတွေက
ဒီလို လိုက်ပြီးမလိမ့်တစ်ပတ်လုပ်နေမှထမင်းစားရမဲ့ဘဝတွေလား
လူတွေဘဲကွာ လူစိတ်မွေးကြစမ်းပါ မင်းတို့က တကယ့်
မြန်မာပြည်ရဲ့ အဖျက် ကောင်တွေဘဲ အောက်တန်းစားတွေ
ထမင်းစားပီး လူစိတ်မရှိတဲ့ကောင်တွေ တစ်ဘို့ထဲသမားတွေ
==========================================
credit Thant Zaw Htet
နရင်းထအုပ်ချင်တယ်
ကနေ့မနက်ပြည်ဝန်းကျင် မတ်ပဲစိုက်တောင်သူက အော်ဂဲနစ်နည်းစနစ်နဲ့စိုက်ချင်တယ် ဆိုပြီးပြောလာလို့ မေးကြည့်တော့ mlmကလူတွေဗျာ တောင်သူတွေကို ပြောပုံ အနီးရှိ ရင်ကျွန်တော် နရင်းထအုပ်ချင်တယ်။ပြည်မြို့ကနေ ဈေးလာရောင်းတဲ့ mlmကလူတွေက
အော်ဂဲနစ်မတ်ပဲဆို ဈေး၂ဆပေးဝယ်မယ် ပြောလို့ စိုက်ချင်တာတဲ့။မနှစ်ကလည်း သူတို့ပြောသလို စိုက်ပါတယ်တဲ့။ငမြောင်တောင်လား မြေထဲက ပိုးထွက်ကိုက်လို့ သူတို့ဆေးက မအောင်မြင်ခဲ့ဘူးတဲ့။မနှစ်က ရာသီကြောင့်ဖြစ်သွားတာ ဒီနှစ်ဆို အဆင်ပြေပြီတဲ့။ဒါနဲ့ အဲဒဲီတောင်သူက
ဒီနှစ်သူတို့ပေးတဲ့ နာနိုတွေ မြေပြင်ဆေးတွေနဲ့ အပီအပြင်စိုက်ဖို့ မြေပြင်ပြီးပြီတဲ့။ဈေးက ၂ဆရမှာဆိုတော့ စိုက်ချင်လို့ပါတဲ့ဗျာ။
ကျွန်တော် စိတ်ညစ်စွာနဲ့ပဲ မေးပါတယ်။ဦးလေး ဆေးလာရောင်းတဲ့လူ ဝယ်မှာလားဆိုတော့ မဟုတ်ဘူးတဲ့။ဒါဆို ဘယ်သူက အော်ဂဲနစ်ဆိုပြီး ဝယ်မှာလည်းဆိုတော့ ပွဲစားတွေက အော်ဂဲနစ်နဲ့စိုက်တာလား။ဓာတုစိုက်တာလား ခွဲခြားပြီး ဈေးပေးဝယ်တာတဲ့။အဲဒီ ပွဲစားတွေမှာ အော်ဂဲနစ်ဆေးသုံးတာလား ဓာတုသုံးတာလား စက်ရှိတယ်တဲ့။လိမ်လို့မရဘူး။အော်ဂဲနစ်သာမှန်ရင် မတ်ပဲတတင်း သူများ ၆၀၀၀၀ ဆို အော်ဂဲနစ်မတ်ပဲက ၁၂၀၀၀၀ရမယ်ဆိုပဲဗျ။ကျွန်တော်လည်း အော်ဂဲနစ်မတ်ပဲ စစ်မစစ်အလိမ်ခံရတာတော့မသိဘူး MLMသမား ဈေးသည်ကတော့ ဦးလေးကို လိမ်နေပြီလို့
ကျွန်တော် ထအော်မိပါတယ်။ဘယ့်နှယ့်ဗျာ တဧက မတ်ပဲ အရင်က ၁၀တင်းကျော်ကနေ အခုဟာက ၅တင်း ၆တင်းတောင် အနိုင်နိုင် ဗျစ်ဗျစ်မြည်အောင်လုပ်နေရတာ ဘာစနစ်တကျမှမရှိပဲ အော်ဂဲနစ်မတ်ပဲဆိုလို့ကတော့ တတင်းတောင် ကောက်ရမှာမဟုတ်ဘူးလို့ အော်လိုက်တယ်။
သုံးခိုင်းတာကကြည့်အုံးဗျာ နာနိုအတောင့် ၂၀တဧက ၁တောင့် ၅၀၀ အတောင့် ၂၀ ဆိုတော့ ၁၀၀၀၀ မြေပြင်ထုပ်က တဧက ၄ထုတ် ၁ထုပ် ၁၈၀၀၀ ဆိုတော့ ၇၂၀၀၀ ဆိုတော့ဗျာ မြေပြင်တာတင် ၈၂၀၀၀ ကျနေပြီ။မနက်အား ညနေဓားဆိုပြီး မနက်တကြိမ် ညနေတကြိမ် နေ့တိုင်းဖျန်းခိုင်းတဲ့ ဆေးတောင့်ဖိုး ဆေးဖျန်းလုပ်သားခ မပါသေးဘူး။
မတ်ပဲ ၆တင်းထွက်မှ အခုပေါက်ဈေးနဲ့ ဘယ်လောက်ရမတုန်း။ဒါတောင် ပိုး ရောဂါ ဆိုးလာရင် ပြီးတော့ ဒီမြေပြင်တာ အပြင် မြေသြဇာက မထည့် အထွက်က မသေချာဘူးဆိုတော့ ဦးလေးရေ မစိုက်ထဲက ရှုံးနေပြီ သေချာတွက်လို့ ဆိုလိုက်မိတယ်။ဒါတောင် အဲဒီဦးလေးက လက်မခံသေးဘူး။ဦးလေးကို ဟိုကလူတွေပြောတဲ့ မနက်အား ညနေဓားဆိုတာ အရူးတွေလျောက်ပြောတာ။အခြေခံက ဘယ်အပင်ဖြစ်ဖြစ် မနက်စောစော ညနေ နေဝင်ချိန် စတိုမာခေါ်တဲ့လေရှုပေါက်တွေပွင့်တယ်။ကျန်တဲ့အချိန် အမြဲပိတ်ထားတယ်။အဲဒီအချိန် ဆေးကနေအပင် စုပ်ယူပြီးအားဖြစ်စေတယ်။ပိုးကညနေထွက်တတ်တယ်။ဒီတော့ ညနေဖျန်းတာ ပုံမှန် အထူးဆန်းမဟုတ်ဘူးလေ။ပုံမှန်ဆို အားဆေးဖြစ်ဖြစ် ပိုးသတ်ဆေးဖြစ်ဖြစ်ဖျန်းမယ်ဆို နေ့တိုင်းဖျန်းစရာမလိုဘူး။နေ့တိုင်းဖျန်းခိုင်းတာဆိုတော့ ဆေးက အာနိသင်%နည်းတာလား ဆေးတောင့်ကို များများကုန်အောင်ရောင်းချင်တာလား မေကြည့်ပါအုံး ပြောတော့မှ အင်အဲ ဖြစ်လာတယ်။
ပြီးတော့မှကျွန်တော်လည်း စိတ်ထွေထွေနဲ့ ဦးလေးရယ် ဦးလေးမတ်ပဲ အော်ဂဲနစ်ဖို့ဆိုတာလေ ဦးလေး လောလောဆယ် အိမ်မက်မက်သလိုဖြစ်နေတယ်။အရင်ဆုံး မတ်ပဲ ငမြောင်တောင် ဗိုင်းရပ်စ် ခါးရိကို ကျော်ဖြတ်ပြီး အထွက်တိုးအောင် အရင်လုပ်ပါအုံး။အထွက်တွေ တိုးရင် အော်ဂဲနစ်ဈေး ၂ဆနဲ့ ညီတဲ့ ရလဒ်ကောင်းရပါလိမ့်မယ်။
သူတို့ပြောတဲ့အော်ဂဲနစ်က ဦးလေးအတွက် မနှစ်က ဘာရလိုက်လဲဆိုတော့ မတ်ပဲခင်း အော်ဂဲနစ်ဆေးတွေသုံးတာပဲ။ငမြောင်တောင်ကြောင့် မတ်ပဲ မကောက်လိုက်ရဘူးတဲ့။တကယ်မှားပါတယ် နာနိုသည် ဆပ်ပြာသည်တို့ရယ်။
ဒီအကြောင်းကတော့ နာနိုနဲ့ဖြစ်တာ ဆပ်ပြာသည်တော့မဟုတ်ဘူး။သိပ်မထူးလို့ ဆပ်ပြာသည်ပါတခါတည်း ထည့်ပြောတာ။
စိုကိပျိုးရေးမှာ တောင်သူတွေကို အော်ဂဲနစ် ဈေးကွက် ဆိုတာကြီးဗန်းပြ လူတွေကျန်းမာရေးဆိုးကျိုး ခုတုံးလုပ်ပြီးတော့ mlmမှာ ဆေးရောင်းဖို့ memember စီဖို့လောက် စေတနာနဲ့တော့ လုပ်မစားကြပါနဲ့ဗျာ။အလုပ်ဆိုတာ ရိုးသားသူတွေအတွက် ထမင်းမငတ်ပါဘူး။သူတပါ့ကို ခြောက်စား မြောက်စား ဆိုတာ မကောင်းပါဘူးဗျာ။
Khant Zaw Htet
ACOM