Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

ဓားပြကြီး mlm နဲ့တွေသောအခါ



တစ်ခါက ရွာတစ်ရွာထဲ ကို လက်နက်ကိုင်ထားတဲ့ ဓားပြ တွေ ဝင်လာပြီး အဲ့ဒီရွာကို ဓားပြတိုက်သတဲ့...အရင်ဆုံး ရွာလူကြီးအိမ်ကို ဝိုင်းလိုက်ပြီး ရွာသားတွေ တစ်ယောက်မကျန် ပိုင်ဆိုင်ထားတဲ့ ရွေ
ငွေ လက်ဝတ်ရတနာတွေက အစ ယူလာခဲ့ဖို့ အမိန့်ပေးလိုက်တယ်။ ရွာသားတွေ အကုန်ရောက်လာပြီးတဲ့ အချိန်မှာ ဓားပြခေါင်းဆောင်က ”ကဲ..ရွာ လူကြီးက စပြီးတော့ ရှိသမျှ ရွှေ ငွေ လက်ဝတ်ရတနာတွေကို ငါတို့ကို လာပေးစမ်း” ဆိုပြီး ခိုင်းလိုက်တယ်။ ရွာသားတွေ ခမြာလည်း မပေး ရင် အသက်အန္တရယ် ရှိတာကြောင့် သူတို့ ပါသမျှ ပစ္စည်း တွေကို ထုတ်ပေးသတဲ့။ အဲ့ဒီအချိန်မှာပဲ ထူးထူးခြားခြား သူ ပိုင်တဲ့ပစ္စည်းတွေ ကို မပေးပဲနေတဲ့ ရွာသားလေးတစ်ယောက်ကို ဓားပြခေါင်းဆောင်က ရိပ်မိသွားတယ်။
”ဟေ့ ဟိုနောက်က ကောင် မင်း ရှိသမျှ ပစ္စည်း ယူလာပြီး ငါ့ကို လာပေးစမ်း” လို့ အမိန့်ပေးလိုက်တယ်။ အဲဒီလူငယ်က ရှေ့ ကို ရဲရဲဝံ့ ဝံ့ ထွက်လာပြီး သူ့ရဲ့ ပိုင်ဆိုင်မှု တွေ မပေးသေးခင် ဓားပြခေါင်းဆောင်ကို ပြောစရာတစ်ခုရှိပါတယ်လို့ တောင်းဆိုလိုက်တယ်။ ပြီးတာနဲ့ ဓားပြခေါင်းဆောင်နား ကပ်ပြီး ဘယ်သူမှ မကြားအောင် စကားတစ်ခွန်းပြောလိုက်တယ်တဲ့...
ဓားပြခေါင်းဆောင်က သူ့ လူတွေကို ကဲ သူတို့ပစ္စည်းတွေ ပြန်ပေးလိုက်တော့ ငါတို့ ဒီရွာက လစ်မှ ဖြစ်တော့မယ် ဆိုပြီး တချိုးတည်းပြေးပါလေရော...
ရွာသားတွေ အကုန် အံ့ အား သင့်ကုန်တာပေါ့..ဘာလက်နက်မှ မပါတဲ့ဒီ ရွာသားလေးတစ်ယောက် စကားလေးတစ်ခွန်းပြောလိုက်တာနဲ့ ဒီဓားပြတွေ ပစ္စည်းပါ မယူတော့ပဲ ဘာလို့ အကုန်ထွက်ပြေးကုန်ကြတာလဲဆိုပြီး ဒီရွာသားလေးကို မေးကြတယ်..
”ကျွန်တော် က MLM ဝင်မလား ဒီ ဓားပြတိုက်တာထက် ဝင်ငွေပိုကောင်းမယ် ဆိုပြီး ပြောလိုက်တာပါ ” ဆိုတော့မှ တရွာ လုံး ပွဲကျသွားတော့တယ်...
ဓားပြ ခေါင်းဆောင်ကြီးက ခပ်လှမ်းလှမ်းရောက်မှ အကျယ်ကြီးအော်ပြီး ပြောသွားတာက...
”မင်းတို့  မြဲမြဲ မှတ်ထားဖို့က ငါတို့ ဓားပြတိုက်တယ်ဆို တာ မင်းတို့ရဲ့ ပစ္စည်း ကို ငါတို့ လက်ထဲ ရောက်လာဖို့ ရည်ရွယ်ချက်တစ်ခုထဲပဲကွ...ပစ္စည်းလည်း ယူရဦးမယ် ပြီးတော့ မင်းတို့ မကြာခင် ချမ်းသာတော့မှာ ဆိုတဲ့ မက်လုံး ကို ဘယ်တော့မှ မပေးနိုင်ဘူးကွ...အကုသိုလ်ချင်းတူတူ ကို မင်းတို့ က မုသာဝါဒ ပါ အဆစ်ပါနေတယ် ” တဲ့......
ပုံပြင်လေးကတော့ ဒါပါပဲကွယ်....
https://www.facebook.com/groups/mlmDiscussion/permalink/1816194985291998/