Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM ဆင့်ပွားကွန်ယက် ကုမ္ပဏီတွေ ကျေးရွာ အထိ ဆင်းပြီး ရွာလုံးကျွတ် မန်ဘာဝင်အောင် ဆွယ်ကြတယ်။


MLM ဆင့်ပွားကွန်ယက် ကုမ္ပဏီတွေ
ကျေးရွာ အထိ ဆင်းပြီး
ရွာလုံးကျွတ် မန်ဘာဝင်အောင် ဆွယ်ကြတယ်။
သူတို့က ဘယ်လိုစိတ်နဲ့
လုပ်ရက်ကြတာလဲ မသိဘူး။
မြင်ရ ကြားရတဲ့ ကျနော်တို့တော့ ရင်မောမိတယ်။
တစ်ရွာလုံး မန်ဘာဝင်ပြီးမှတော့
ဘယ်သူ့ကို မန်ဘာသွားရှာမလဲ။
ဘယ်သူ့ကို သွားရောင်းရမှာလဲ။
mlm ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက
ဝင်ငွေကောင်းတဲ့ သူတွေတောင်
ဝယ်မသုံးနိုင်ကြဘူး။
တောသူတောင်သားတွေက ဘယ်လိုလုပ် ဝယ်သုံးနိုင်မှာလဲ။
နောက်ဆုံး တစ်ရွာလုံး စိတ်ဒုက္ခရောက်ကြရတယ်။
သက်ကြီးရွယ်အိုတွေ
အိုစာမင်းစာ စုဆောင်းထားတာတွေ
ဆုံးရှုံးသွားကြတယ်။
နောင်ရေး တွေးပူပြီး
ကျန်းမာရေးပါ ထိခိုက်ကြရတယ်။
👇