Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 17, 2017

လုပ်ချင်အုံးဟဲ့ MLM (၂)



လုပ်ချင်အုံးဟဲ့ MLM (၂)
ဒီလိုနဲ့ကျွန်တော့် Up Line တွေအကြောင်းစဉ်းစားရင်း အထက်အဆင့်ဆင့်ကနေပြီး ကျွန်တော်ကြိုးစားသမျှ၊ကျွန်တော့်အားထုတ်မှုမှန်သမျှကိုသာသာယာယာလေးရနေမှာကိုမြင်မိသွားပါပြီ၊အချိန်အားဖြင့်တစ်လပြည့်ပြီဆိုပါတော့၊ဒီတစ်လအတွင်းမှာလဲ ဖြစ်နိုင်တဲ့လူတွေခေါ်ပေးတယ်၊တကယ့်လူတွေမိတ်ဆက်ရှာပေးတယ်၊ဒါပေမယ့် Downline မရသေးပါဘူး၊ ကျွန်တော့် Up Line ကောင်မလေးကနေပြီးအမှတ်ထိန်းဖို့လိုကြောင်းပြောလာတဲ့အခါမှာတော့ အစ်ကို့အနေနဲ့ ညီမတို့ပြောထားသလို အမြတ်မလာသေးတဲ့အတွက်ထပ်ပြီးရင်းအုံးမှာမဟုတ်ပဲ၊ Result တစ်ခုရမှအမှတ်ထိန်းပေးမယ်လို့ပြောလိုက်ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ကတော့ ရေဘေးကယ်ဆယ်ရေးခရီးသွားဖြစ်လိုက်တယ်၊ပြီးတော့ ခရီးလဲပျော်ပျော်ပါးပါးထွက်၊အကူအညီတွေလဲလုပ်ပေး၊မရောက်ဖူးတဲ့နေရာတွေလဲရောက်ဆိုတော့ စိတ်လေနေတဲ့ကျွန်တော်အနည်းငယ်တော့စိတ်ပျော်လာပါပြီ။ပေါ့ပေါ့ပါးပါးလေးပါပဲ၊ခေါင်းထဲမှာတော့ Downline များများရဖို့၊အမြတ်တွေရဖို့၊ ဝ လုံးဆက်တွေအများကြီးဆွဲပြီး တစ်လတစ်လသိန်းရာချီရဖို့ဆိုတဲ့အတွေးတွေမရှိခဲ့တာကိုပဲကိုယ့်ကိုကိုယ်ကျေးဇူးတင်ရပါမယ်၊(Crush ကိုကြောင်နေတာကိုး)။
ရေဘေးကယ်ဆယ်ရေးဘက်ကပြန်လာပြီးနောက် အရင်ကလုပ်ငန်းအတူတွဲလုပ်ဖူးတဲ့မိတ်ဆွေအစ်မဆီလဲရောက်ပါတယ်၊ ဒီ MLM Company အကြောင်းပြောပြလိုက်တော့ သူကချက်ခြင်းကိုခါးခါးသီးသီးတားဆီးပါတော့တယ်၊ပြီးတော့ ဘယ် MLM ကတော့ဘာကိုဘယ်လိုဈေးတင်ရောင်းတာ၊ ဘယ် Company တွေကတော့ Stock မှာဈေးကစားဖို့ ဝန်ထမ်းခေါ်ပြီးသင်တန်းပေးပြီးရင်းနှီးမယ့်လူရှာခိုင်းတာ စသဖြင့်ပါပဲ၊ ဒီတော့သူ့ဆီကပြန်လာပါတယ်၊ သူတော့မဖြစ်နိုင်ဘူးပေါ့လေ။
နောက်တစ်ရက်တော့ MLM Company က ကျွန်တော့် Leader အကြီးတွေနဲ့ OP ပွဲအပြီးမုန့်သွားစားကြပါတယ်၊အဲအချိန်မှာ ကျွန်တော့်လို Downline မရသေးတဲ့အသစ်လဲပါသလို၊သိန်းရာချီဝင်နေပြီဆိုတဲ့ Leader တွေ၊ Up Line တွေနဲ့ ၁၀ ယောက်ကျော်လောက်ပါပါတယ်၊ ကျွန်တော် မေးခွန်းတစ်ခုကို အားလုံးလူစုံချိန်မှာ ထမေးလိုက်ပါတော့တယ်၊ အဲဒါကဘာလဲဆိုတော့ ကျွန်တော့်အနေနဲ့ တကယ်ဖြစ်နိုင်တဲ့၊ပိုက်ဆံချက်ခြင်းသုံးနိုင်တဲ့ လူတွေလဲခေါ်ပေးခဲ့တယ်၊လူလဲလိုက်ပြီး MLM Company ဘက်ကိုမိတ်ဆက်ပေးခဲ့တယ်၊ပြီးတော့လည်းအချိန်အတော်များများမှာ ဘာအလုပ်မှမရှိတဲ့အတွက် ဒီ MLM နောက်ကိုပဲအချိန်ပေးပြီးလိုက်လုပ်နေတယ်ပေါ့နော် (ကျွန်တော်နေ့တိုင်းသူတို့ရုံးကိုသွားပါတယ်၊ကော်ဖီ၂ခွက်သောက်တယ်၊အဲမှာပါတ်ဝန်းကျင်အသစ်လိုပါပဲ၊ဟေးလားဝါးလားနဲ့ပေါ့)ဒီတော့ ခုချိန်ထိ Result မထွက်သေးဘူး၊အခြား MLM တွေမှာလည်းလူတွေကပြုံနေတာပဲ၊ဘယ်ဟာကမှမှန်တာလဲပေါ့နော်၊နောက်တစ်ချက်ကျွန်တော်မေးခဲ့တာက MLM Company တစ်ခုကရောင်းတဲ့ ဖန်ပြားက ၁၀ သိန်းကျော်တယ်ပေါ့နော်၊ကျွန်တော်တို့ဟာက ၈ သိန်းဆိုတော့ဘယ်ဟာကစစ်မှန်တာလဲပေါ့၊အဲအချိန်မှာ Leader အစ်မက ကျွန်တော့်ကိုဘာပြောပြလဲဆိုတော့ အသစ်တွေလဲနားထောင်ပါ၊Downline တွေလဲနားထောင်ပါ (သူကထိပ်ပဲလေ)၊
ဒီ MLM Company ကဒီနေရာမှာအခန်းငှားပြီး အနည်းဆုံးတော့ ၅ နှစ်လောက်စာချုပ်ချုပ်ထားတယ်တဲ့၊ဒီတော့ဘာပဲဖြစ်ဖြစ်သူက၅နှစ်လောက်တော့ရှိအုံးမှာသေချာပါတယ်တဲ့၊အစ်မတို့အခြား MLM Company တွေမှာဝင်လုပ်ဖူးတယ်ပေါ့၊ဒီဟာကလုံးဝမတူပါဘူး၊စနစ်ကဘယ်လို၊အောက်လူတွေကိုဘယ်လိုလုပ်ပေးထားတာ၊ Company ကဘယ်လိုခိုင်မာတာ၊နောက်ဆုံး Company ပိတ်ရင်တောင် အစ်မတို့အတွက် ၅ နှစ်လောက်အချိန်ရတယ်တဲ့၊ဒီ၅နှစ်အတွင်းကိုယ့်ကိုကိုယ်ယုံကြည်မှုထားပြီးဆက်လုပ်ပါပေါ့နော်၊ပြီးတော့ ဖန်ပြားကလဲ ဒီ Company ကလုပ်တဲ့ဟာက Generation လဲမြင့်တယ်ပေါ့နော်၊ New Model ပေါ့၊ဟို MLM ကဟာက ဒိတ်လွန်နေပြီပေါ့၊ဒီဟာကအသစ်ဖြစ်တဲ့အပြင်ဈေးလဲသူ့ထက်သက်သာလို့ဘာညာနဲ့ရှင်းပြပါတယ်။ ဒီတော့ ကျွန်တော်တို့ဘက်က ၅နှစ်အတွင်းကိုယ်ပဲအောင်မြင်ဖို့ကြိုးစားပေါ့၊ဒီ MLM Company မပိတ်ခင် ကိုယ်ရနိုင်သလောက်ရအောင်ယူပေါ့နော်၊အဲလိုသဘောကြီးတော့ကျွန်တော်သဘောမကျပါဘူး။
တစ်ရက်တော့ ကျွန်တော့်အစ်မတစ်ဝမ်းကွဲရဲ့ဆေးခန်းမှာကျွန်တော်သွားပြပါတယ်၊အစ်မကအရိုးအထူးကုဆရာဝန်ပါ၊ဆေးခန်းကလူနာတွေအတွက် MLM Company ကထုတ်တဲ့ကျန်းမာရေးဖျာရောင်းမလားလို့ကျွန်တ်ေတွေးမိပါတယ်၊ဖျာကသုံးသိန်းလောက်ရှိပါတယ်၊အစ်မဆေးခန်းကဆေးအကောင်းစားတွေပဲသုံးတဲ့အပြင်သူကဆေးကုတော်တော့ဈေးလဲကြီးပါတယ်၊ဒါကြောင့်ပိုက်ဆံသုံးနိုင်တဲ့သူတွေလာကြတာများတယ်ပေါ့နော်၊ဒီဖျာကိုဖြန့်ရင် ဒီလူနာတွေဘာဝယ်မသုံးနိုင်မလဲနေမလဲပေါ့၊ကျွန်တော့်အတွေးတွေရတာပါ။နောက်တစ်ချက်က ပုံနေတဲ့ပစ္စည်းတွေကို တူမတစ်ယောက်ဆိုင်မှာတင်ရောင်းနိုင်ဖို့ လှမ်းပို့လိုက်ပါတယ်၊ခုထိရောင်းရလား၊ရောင်းမရလားမမေးတော့ပါဘူး၊စိတ်ကိုမဝင်စားတော့တာ၊အားလုံးပေါင်း တစ်သိန်းဖိုးကြီးပေါ့ :/ တစ်နေ့တစ်နေ့ MLM Company ရုံးမှာထိုင်နေတော့ ဒုက္ခတွေလဲမြင်ရကြားရပါပဲ၊ အချို့အိမ်ရှင်မတွေကတော့ အပိုဝင်ငွေလေးတစ်ဖက်ကရမလားဆိုတဲ့စိတ်နဲ့လုပ်ကြတယ်၊အချို့ကတော့အိမ်မှာပျင်းလို့ကိုအပျော်သက်သက်ဝင်လုပ်နေကြတယ်၊အချို့ကတော့ အပြင်လုပ်ငန်းလဲရှိတယ်၊ဒါပေမယ့်အပေါင်းအသင်းနဲ့ပျော်ပါးနေချင်ကြလို့လုပ်ကြတယ်၊အချို့ကျပြန်တော့လဲ နယ်ဝေးကနေမျှော်လင့်ချက်လေးနဲ့လာပြီး လုပ်ကြတယ်၊အချို့ကအလုပ်လုံးဝကိုမရှိလို့ ဝင်ငွေလေးရအောင် (အချိန်ပိုင်း-တစ်လတစ်လသိန်းဆယ်ချီ၊ရာချီရမယ်-ချမ်းသာစေတဲ့လုပ်ငန်း လို့ပြောထားကြတာလေ :-/ ) လာလုပ်ကြည့်တယ်၊အချိုကတော့အညွှန့်ပါပဲ၊အခြား MLM တွေမှာလည်းလုပ်ခဲ့ပြီးပြီ၊ဒီမှာပိုကောင်းတယ်ဆိုလို့လာလုပ်ကြတာပါ (အများအားဖြင့်သူတို့ကနေရာတစ်ခုခုတော့ကြိုရနေသလိုပဲ)၊ တစ်နေ့တစ်နေ့ သူများတွေလူသစ်လေးတွေခေါ်လာကြ၊စာရွက်တွေနဲ့ရှင်းပြ၊သူများလူလေးတစ်ယောက်လောက်များ Member ဝင်သွားရင်အားကျတဲ့အကြည့်တွေနဲ့ကြည့်ကြ၊မိတ်ဆက်ကြနဲ့ပေါ့လေ။ ကျွန်တော်တို့လိုအသစ်လေးတွေကတော့ ဟိုယောင်ယောင်၊ဒီယောင်ယောင်ပါပဲ၊ အချို့ကလည်းမှော်ဘီ၊တိုက်ကြီးလိုနေရာကနေလာရတယ်၊အချို့ကတော့နီးနီးနားနား၊အချို့ကတော့အလုပ်အကိုင်မရှိလို့ ဒါလေးနဲ့ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေါ့။
ကျွန်တော့်အနေနဲ့ကတော့ Budget လိုငွေပြလာရင် အိမ်ကတောင် မုန့်ဖိုးမတောင်းရဲသလောက်ပါပဲ၊မုန့်ဖိုးလေးတစ်ခါတောင်းမိရင် အစကကိုယ့်ဘာသာ ၁၀၉/၁၁၀ နေတာဘာမှမပြောဘူး၊ ခုကျတော့ ဒီ MLM ထဲပိုက်ဆံထည့်၊ပစ္စည်းတွေကလည်းပိုက်ဆံပြန်မရ၊ကိုယ်တွေကလည်း ဒါလည်းစီးပွါးရေးဘာညာပြောထားတော့ မုန့်ဖိုးတောင်းတာနဲ့ဒီကိစ္စကပါလာပါတယ်၊ (ခုချိန်ထိ အဆူခံရရင် ဒီကိစ္စပါတုန်း :$ ) ဒီလိုအခြေအနေတွေက Downline တိုင်းမှာဖြစ်နေပေမယ့် OP ပွဲတွေရောက်ရင် အကုန်လုံးက တီးလုံးသံနဲ့မြူးကြွပြီး လက်ခုပ်တွေတီး၊Leader တွေသိန်းရာချီရနေတာတွေကို အောက်ကနေအားပေးကြ၊ ဘယ်သူကဘယ်လောက်ရပြီ၊ဘာရာထူးဆိုတာတွေကိုဝိုင်းပျော်ကြနဲ့ ပွဲချိန်မှာတော့အားလုံးကတက်ကြွနေကြတာပါပဲ၊ DJ ကြီးဖွင့်ပြီး အကုန်လုံးက မြူးနေကြမှတော့ မတက်ကြွပဲ ထိုင်ငိုနေရမလားဟ.ဟုတ်တယ်မလား၊ OP ပွဲလေးပြီးလို့ညနေအားလုံးစုံချိန်ရောက်ရင်တော့ ဘယ်သူကလူမရသေးတာ၊ဘယ်သူကအမှတ်ထိန်းဖို့လိုနေတာ၊ဘယ်သူကဘယ်လို၊ Leader တွေဘယ်သူနဲ့ဘယ်သူချနေကြတယ်..စသဖြင့်ကတော့ကြားနေရဆဲပါပဲ။ တကယ်လဲသနားဖို့ကောင်းပါတယ်၊ကိုယ့်ကိုကိုယ်လဲသနားခဲ့ပါတယ် :'(
ဆက်ပါမည်။
Thanks for Reading.
#Bryan
Feb 16, 2017 (THU, 13:40)
https://www.facebook.com/groups/myanmarmlmtruth/permalink/598982436961579/