Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 17, 2017

လုပ်ချင်အုံးဟဲ့ MLM



လုပ်ချင်အုံးဟဲ့ MLM
တစ်နေ့တစ်နေ့ အလုပ်ထိုင်လုပ်ရတာ ငြီးငွေ့
လာခဲ့သည်၊မနက်မိုးလင်းကတည်းကလုပ်လိုက်တာ
တစ်ခါတစ်လေအလုပ်နားလို့အပြင်လောကကြီးကိုကြည့်လိုက်ရင်တောင်
မှောင်နေပြီ၊ဒီတော့ အလုပ်ကိုစိတ်ပျက်လာပြီးနောက် အလုပ်မှရပ်နားလိုက်
တော့သည်၊ အိမ်မှာ အိပ်လိုက်၊စားလိုက်၊သူငယ်ချင်းတွေနဲ့လျှောက်လည်လိုက်၊
ရုပ်ရှင်ကြည့်လိုက်နဲ့ တစ်လလောက်ကတော့ အိုကေလို့၊ တစ်လကျော်ကြာတော့လူကပျင်းလာပြီ၊စိတ်ပေါ့ပေါ့ပါးပါးအလုပ်လေးလုပ်မယ်စိတ်ကူးနေတုန်း
အင်တာနက်မှ ကောင်မလေးချောချောလေးတစ်ယောက်ကစကားစပြော၏၊
အစ်ကိုစီးပွါးရေးလုပ်တာလား၊ဘာလားနဲ့ကိုယ်တွေကလဲ ၁၀၉/၁၁၀ FA ဆိုတော့နှစ်ခါမခေါ်ရ အနှီကောင်မလေးချောချောလေးနှင့်သွားတွေ့လိုက်ခြင်းမှ
MLM ဆိုတာကြီးနှင့်ထိပ်တိုက်တွေ့ပါလေတော့သည်။

MLM သမားတို့ထုံးစံအတိုင်း ဝလုံးတွေဆွဲပြ၊ဘာ Plan ညာ Plan တွေချပြသည်၊နောက်ဆုံးတော့ ၁သိန်းဖြင့်စမလား၊၈သိန်းဖြင့်စမလားမေးတော့ ကိုယ်တွေကစဉ်းစားမိသည်က ဒီ MLM အလုပ်တွေကိုသဘောတော့မကျ၊ကောင်မလေးကိုတော့သဘောကျသည်၊ပိုက်ဆံ ၈ သိန်းကတော့များတာနဲ့ အိမ်ကပိုက်ဆံ ၁သိန်းတောင်းပြီး Member ဝင်လိုက်လေသည်၊ Member ဝင်ပြီးသကာလ အိမ်ကဂုဏ်ပြုကြသည်၊နင့်ဟာက Multi Level Marketing ကြီးပါတဲ့၊ ကိုယ်တွေကလည်း ကောင်မလေးမျက်နှာနှင့်ပြန်ထောက်သည်၊ ဟုတ်ပါဘူး၊ Network Marketing ပါလို့၊(တကယ်ဆိုဘာမှ မှ မကွာတာနော် :P မွှန်နေတာကိုး) ကိုယ်ဝယ်လိုက်သည့်ပစ္စည်းဝယ်သည့်အချိန်တွင်ပြသနာတစ်ခုတက်သွားသေးသည်၊ နံပါတ်တစ် စစချင်းစိတ်ပျက်သွားစေသည်ကတော့ ကိုယ်လိုချင်သည့် Package အတိုင်းမရပဲ သူတို့သက်မှတ်ထားသောပစ္စည်းတွေအတိုင်းအကုန်ရောထုပ်ပေးလိုက်လေသည်၊ဒီတော့ ကိုယ်တွေက ပေါ့ပေါ့ပါးပါးပြန်ရောင်းထုတ်လို့ရတဲ့ပစ္စည်းမျိုးလိုချင်သည်၊အစ်မတစ်ယောက်၏ဆိုင်တွင်လည်းတကယ်တင်ရောင်းနိုင်မည်ပေါ့၊ ကိုယ့်ကိုကိုယ်တော့ ကုန်ပစ္စည်းတင်သွင်းသူကြီးပေါ့လေ၊ :3
Company ဘက်က Member ရောင်းရမလား၊ပစ္စည်းတင်နေမလားမစဉ်းစားပါ၊ သူတို့ပေးထားတဲ့အတိုင်း အကုန်လုံးပါလာတော့သည်၊ တန်တာတွေရော၊မတန်တာတွေရော၊အစုံပေါ့၊ သည့်နောက်တွင်တော့ ပစ္စည်းတွေတကယ်ပြန်ရောင်းကြည့်သည်၊ ဈေးကအဆမတန်ကြီးနေသည်၊ဒါတောင်မကျေနပ်၍ စင်ကာပူမှ ပူပူနွေးနွေးပြန်လာသောအစ်မဝမ်းကွဲဆီလည်းသွားရောင်းသည်၊သူကတော့ပြောပြလိုက်သည် ငါသုံးနေတဲ့အကောင်းစားတွေတောင်နင်တို့ဟာလောက်ဈေးမကြီးဘူးတဲ့၊ :f ဒီလိုနဲ့အားနာပါးနာနဲ့အလကားပေးလိုက်ရသည်၊ တစ်ပါတ်လောက်ကြာလာတော့ပစ္စည်းတွေကလည်းရောင်းမရတော့၊ သည်တော့ကား Up Line ကောင်မလေးမှပြောသည်၊ အစ်ကို ညီမတို့ကဈေးရောင်းတာမဟုတ်ဘူးတဲ့၊ ဟမ်? ဈေးမရောင်းပဲဒီပစ္စည်းတွေကဘာလုပ်ရမှာတုန်းဆိုတော့ အဲဒါတွေကသုံးလို့ရတယ်လေတဲ့၊ ဟမ်? :O :O ညီမရယ် အစ်ကိုဝယ်ထားတာတွေက အမျိုးသမီးသုံးတာတွေလေ၊အစ်ကိုဘယ်လိုလုပ်သုံးမှာလဲဆိုတော့၊ ပြီးတော့ ညီအစ်ကိုချည့်ပဲရှိတာကို၊ ဆိုပြန်တော့ မိမိ မိတ်ဆွေတွေကိုဒီပစ္စည်းကောင်းကြောင်းပြောပါတဲ့၊ပြီးရင်သူတို့ကလည်းဝယ်သုံးပါမယ်တဲ့၊ပြီးရင် Member ဝင်ပြီးသုံး၊
ကြာတော့ပိုက်ဆံလဲရ၊ Company ကပစ္စည်းလဲအလကားသုံးရ၊လူတွေလဲများလာပြီးဝင်ငွေကောင်းလာမှာပါတဲ့၊ဈေးလုံးဝမရောင်းရပါဘူးတဲ့၊အစ်ကိုကလူမရှာပဲပစ္စည်းရောင်းထုတ်နေလို့လွဲနေတာတဲ့ :/ ဒီလိုဆိုပြန်တော့လည်း ဟုတ်သလိုလိုနဲ့ ကျွန်တော်လည်း မိမိ မိဘတွေရဲ့မိတ်ဆွေတွေ၊သူငယ်ချင်းတွေထဲက ပိုက်ဆံရှိသူတွေ၊ မိမိကိုယ်ယုံကြည်တဲ့ စီးပွါးရေးသမားလူကြီးအချို့တို့ဆီကို Marketing ထွက်ပါတော့တယ်။
ငှက်ပျောသီးကျွေးရင်မျောက်တွေပဲလာမယ်ဆိုပြီး တကယ့်ဖြစ်နိုင်ချေရှိသူတွေ (ပိုက်ဆံ ၁၀ သိန်းလောက်အေးဆေးသုံးနိုင်သူတွေ) ဆီကို Target ထားလိုက်ပါတော့တယ်၊ပထမဆုံး သူငယ်ချင်းတစ်ယောက်ကို MLM Company ရုံးက OP ပွဲကိုခေါ်ပါတယ်၊ပြီးတော့သူ့ကိုရှင်းပြ၊လူကပိုက်ဆံရှိတဲ့လူပုံစံပေါက်တော့ အခြား Side Line တွေဘက်ကအချို့ကပါ သူငယ်ချင်းကိုကိုယ့်ကိုကူညီသလိုလိုနဲ့ဝင်ဆွယ်ပါတော့တယ်၊ OP ပွဲပြီးတော့ သူငယ်ချင်း၂ယောက်မုန့်သွားစားကြရင်းနဲ့သူငယ်ချင်းက တစ်ခွန်းပဲမေးပါတယ်၊ ဟဲ့နင့်ပိုက်ဆံတွေပြန်ရပြီလားတဲ့? ပိုက်ဆံဘယ်လိုလုပ်ရအုံးမှာလဲဟ၊နင်ဝင်မယ်၊ဟိုအန်တီ (အသိပွဲရုံပိုင်ရှင်) ဝင်ရင်ငါ့အောက်မှာ ၂ ယောက်စရှိလာမှာလို့ပြောပြလိုက်ပါတယ်၊သူကတော့ ကျွန်တော့်အကြောင်းသိတာရယ်၊ကျွန်တော် အဲအချိန်က အလုပ်တွေနဲ့စိတ်ဓာတ်တွေကျပြီးစိတ်ထင်ရာလျှောက်လုပ်နေတယ်ဆိုပြီး ဘာမှတော့မပြောပါဘူး၊မိတ်ဆွေပွဲရုံပိုင်ရှင်အန်တီကြီးကလည်း ဒီကောင်လေး ဘာတွေလျှောက်လုပ်နေတာလဲဆိုပြီး မေးပါတယ်၊ ကျွန်တော်ကတော့ရည်းစားကလည်းသစ္စာဖောက်သွားလို့စိတ်ရှုပ်တာရယ်၊အလုပ်ကလည်းငြီးငွေ့တာရယ်ကြောင့်ခဏပါလို့ဖြေပေးလိုက်ပါတယ်၊ တကယ်လည်းကျွန်တော်ဒီအလုပ်ကို ချမ်းသာချင်လို့ဝင်လုပ်တာမဟုတ်ပါဘူး၊ လာဆွယ်တဲ့ ကောင်မလေးကိုသဘောကျလို့ (ဒါကတော့စကားချပ်ပါ :P ) ဒါပေမယ့် ကိုယ့်ပိုက်ဆံကိုတော့အဆုံးမခံနိုင်ပါဘူး၊ကျွန်တော် တစ်သိန်း ပါထားတယ်၊ ကျွန်တော်ပြန်ရအောင်တော့လုပ်ရမယ်ပေါ့နော်၊သည်လိုနဲ့ လူတွေကို မိတ်ဆက်ရင်း ကိုယ့်ကိုကိုယ်သိလာတာက ကျွန်တော် လူလိမ်ဖြစ်မှန်းမသိပဲဖြစ်လာတာပါပဲ၊ ဟုတ်တယ်လေ၊ ဝလုံးတွေဆွဲပြ၊ရှင်းပြနေချိန်မှာ နင်တို့အလုပ်အဆင်ပြေစေချင်လို့၊နင်တို့ချမ်းသာစေချင်လို့၊ဒါပရဟိတအလုပ်၊စသဖြင့်ပြောကြရပါတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်ပိုက်ဆံ ၁ သိန်းပြန်လိုချင်ပါတယ်၊သူများတွေချမ်းသာတာမသာတာကျွန်တော်စိတ်မဝင်စားဘူးလေ၊နောက်ပြီး Bonus Plan ကလည်း Member မဝင်ခင်နဲ့ Member ဝင်ပြီးအသေးစိတ်ရှင်းပြတဲ့နေရာမှာ ဟ ထားတာတွေရှိပါတယ်၊ ဥပမာ Member မဖြစ်ခင်က အောက်မှာ ၂ ယောက်၊ ညီတူမျှတူ၊ Member ဝင်လဲပြီးရော တစ်ဖက်မှာအားနည်းရင်တစ်ဖက်ကိုအားဖြည့်ပေးတာ၊အမှတ်မျှပေးတာဆိုတော့ Computer Engineering နဲ့ကျောင်းတက်လာတဲ့ကောင်လေ၊ကျောင်းမှာသင်္ချာသာညံ့ချင်ညံ့မယ်၊ဒါမျိုးလူလည်လာကျတာတော့မသိပဲနေမလား၊သိတာပေါ့၊ဒါပေမယ့် Company ရဲ့စည်းကမ်းလေ၊ပြီးတော့ ကိုယ့် Upline ကလူတွေရှာပြီးဘယ်နှစ်ယောက်ရပါပြီ၊ဘယ်မှာဘယ်လောက်၊ညာမှာဘယ်လောက် Downline ကိုမပြပါဘူး၊ပြောတာတော့ အကျိုးတူပူးပေါင်းမှအောင်မြင်တာတို့ပြောပြီးကိုယ့်လူကိုယ်ရှာနေရပါတယ်၊ကျွန်တော်ကတော့ လူရှာရင် တစ်ခါတည်းပြောပါတယ် ... ရှာလို့ရသမျှလူ အကုန်အောက်မှာပစ်ထည့်ပေးမယ်လို့၊ဟုတ်တယ်လေ၊ကိုယ့် Downline အောက်မှာထားလဲကိုယ်ပဲပိုက်ဆံကိုထိပ်ကနေရနေမှာပဲလေ၊ဘာပူစရာရှိလဲ၊အေးဆေးထိပ်ကနေထိုင်နေရုံပဲကိုး၊သည်တော့မှ ထပ်ပြီးအတွေးတွေနယ်ချဲ့ပါတော့တယ်၊ ငါ့ Upline တွေကရော ???
ဒုတိယပိုင်းဆက်ပါမည်။
Thanks for reading.
Bryan.
Feb 15, 2017 (WED, 10:40 AM)
https://www.facebook.com/groups/myanmarmlmtruth/permalink/598416097018213/