Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

MLM သမားတစ်ဦး လွတ်တော်အမှတ်လက်မှတ်ပြုလုပ်သောကြောင့်ဖမ်းဆီးခံရ



ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝန်ကြီးများအထူးကွန်ရက်အဖွဲ့ လက်မှတ်အတု၊ တံဆိပ်အတုပြုလုပ်သူများအား ဖမ်းဆီးကာ ငပုတောမြို့နယ်၊ မကျည်းပင်သုံးခွရဲစခန်း၌ အမှုဖွင့်ထားကြောင်း ဝန်ကြီးချုပ်ဦးမန်းဂျော်နီက မဇ္ဈိမသို့ ပြောသည်။ "ဝန်ကြီးချုပ်၊ ဝန်ကြီးများက ခန့်ထားတဲ့အထူးကွန်ရက်အဖွဲ့ဆိုတာ လုံးဝသိလည်းမသိဘူး။ ခွင့်လည်းမပြုဘူး၊ စာရွက်အတုတွေ လက်မှတ်အတုတွေနဲ့ ဝန်ကြီးချုပ်နဲ့ဝန်ကြီးများ အစိုးရအဖွဲ့ကိုအသုံးပြုထားတာကို လက်ရှိဥပဒေတွေနဲ့အရေးယူမှာပါ၊ ဘာအဖွဲ့များကို ဖွဲ့စည်းပေးထားတာမရှိဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီက မဇ္ဈိမသို့ ပြောသည်။
“ အခု တို့လက်ထက်မှာ ဘာစောင့်ကြည့်ရေးအဖွဲ့ လုံးဝမဖွဲ့ပါဘူး။ ဒီအဖွဲ့အစား  ပြည်သူအားလုံး စောင့်ကြည့်ပေးရမှာဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေးမှာ စောင့်ကြည့်ရေး မရှိဘူး။ ပြည်သူတစ်ရပ်လုံးက မမှန်မကန်တာရှိရင် တိုင်ကြားပါ” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
ဝန်ကြီးချုပ်၊ ဝန်ကြီးကိုယ်စား အထူးကွန်ရက်အဖွဲ့ဟု ဆိုကာ လက်မှတ်အတု၊ တံဆိပ်အတုများပြုလုပ်ပြီး ငပုတောမြို့နယ်၊ သစ်ပုပ်ထိပ်နဲ့ကျောက်တန်းကြီးဆက်သွယ်ရေး သက္ကယ်သောင် မြစ်ကူးတံတား အမြန်အကောင်အထည်ဖော်ရေး ဆောင်ရွက်ရေးကိစ္စ ကို အလယ်ကျွန်းဒေသ၊ငဝန်မြစ်၊ဟိုင်းကြီးကျွန်းမြစ်နှင့် သက္ကယ်သောင်မြစ် ၃ ခု ဝိုင်းပတ်ထားသော ရေလယ်ကျွန်းအဖြစ် တံတားတည်ဆောက်မယ်နေရာအား ဓာတ်ပုံ ၆ ပုံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦးလက်မှတ်များယူဆောင်လာပေးပါရန် ဦးဟန်လင်းအား တာဝန်ယူဆောင်ရွက်ရန် မေတ္တာရပ်ခံပါသည် ဟူသောစာအား ဝန်ကြီးချုပ်လက်မှတ်အတုဖြင့်ပြုနေစဉ် ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။
"စာကောတံဆိပ်ရော၊ လက်မှတ်အတုတွေရောနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လိမ်လည်ပြီး လုပ်နေတုန်းမှာပဲ နယ်လုံဝန်ကြီးဦးဆောင်ပြီး မနေ့က ငပုတောမှာပဲ ဖမ်းလိုက်ပါတယ် ။ ငပုတောစခန်းမှာ စစ်ဆေးနေပါတယ်”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
အဆိုပါအမှုအား ငပုတောမြို့နယ်၊ မကျည်းပင်သုံးခွနယ်မြေရဲစခန်းတွင် ပနံပါတ် ၁/၂၀၁၇ဖြင့် ပုဒ်မ ၄၂၀၊၄၆၈ဖြင့် အမှုအားစစ်ဆေးနေကြောင်း သိရှိရသည်။