Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLM ဆင့်ပွားကွန်ယက် ကုမ္ပဏီတွေ ကျေးရွာ အထိ ဆင်းပြီး ရွာလုံးကျွတ် မန်ဘာဝင်အောင် ဆွယ်ကြတယ်။


Image may contain: 8 people, people standing and indoor





















 MLM

ဆင့်ပွားကွန်ယက် ကုမ္ပဏီတွေ
ကျေးရွာ အထိ ဆင်းပြီး
ရွာလုံးကျွတ် မန်ဘာဝင်အောင် ဆွယ်ကြတယ်။
သူတို့က ဘယ်လိုစိတ်နဲ့
လုပ်ရက်ကြတာလဲ မသိဘူး။
မြင်ရ ကြားရတဲ့ ကျနော်တို့တော့ ရင်မောမိတယ်။
တစ်ရွာလုံး မန်ဘာဝင်ပြီးမှတော့
ဘယ်သူ့ကို မန်ဘာသွားရှာမလဲ။
ဘယ်သူ့ကို သွားရောင်းရမှာလဲ။
mlm ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက
ဝင်ငွေကောင်းတဲ့ သူတွေတောင်
ဝယ်မသုံးနိုင်ကြဘူး။
တောသူတောင်သားတွေက ဘယ်လိုလုပ် ဝယ်သုံးနိုင်မှာလဲ။
နောက်ဆုံး တစ်ရွာလုံး စိတ်ဒုက္ခရောက်ကြရတယ်။
သက်ကြီးရွယ်အိုတွေ
အိုစာမင်းစာ စုဆောင်းထားတာတွေ
ဆုံးရှုံးသွားကြတယ်။
နောင်ရေး တွေးပူပြီး
ကျန်းမာရေးပါ ထိခိုက်ကြရတယ်။
https://facebook.com/groups/myanmarmlmtruth
👇
mlm ခေါ် Multi Level Marketing စနစ်တွင်
ကုမ္ပဏီ နှင့် မန်ဘာဝင်၏ ကွာခြားချက်များ
~~~~~~~~~~~~~~~~~~~~
💥 ပထမ အဆင့် 💥
မန်ဘာဝင်ဖို့ မန်ဘာကြေး ပေးလိုက်ရတော့
mlm ကုမ္ပဏီက အချောင် ဝင်ငွေရပြီး၊
မန်ဘာဝင်သူက မဆီမဆိုင် ငွေကုန်တယ်။
( မန်ဘာဝင်က လစာ မရဘဲ မာကတ်တင်း လုပ်ပေးရတဲ့ အပြင်
ကုမ္ပဏီကို မန်ဘာကြေး ပြန်ပေးရသေးတယ်။ )
💥 ဒုတိယ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်တွေကို
မန်ဘာဝင်က ငွေကုန်ခံ ဝယ်ရပြီး၊
mlm ကုမ္ပဏီက မြိုးမြိုးမြက်မြက် ဝင်ငွေ ရတယ်။
( မန်ဘာဝင်တွေက
မတန်တဆ ဈေးကြီးတဲ့ ပစ္စည်းတွေကို
ငွေကုန်ခံ ဝယ်ရတယ်။
mlm ကုမ္ပဏီက လစာမဲ့ ဝန်ထမ်းရပြီး မာကတ်တင်း စရိတ်မကုန်ဘဲ
အလကား ခိုင်းစားကြပါတယ်။ )
💥 တတိယ အဆင့် 💥
မန်ဘာဝင်က နောက်လူ ရှာပေးရင်
mlm ကုမ္ပဏီက အချောင် ဝင်ငွေ ထပ်ရပြီး
မန်ဘာဝင်ကျတော့ ကော်မရှင် အနည်းငယ်သာ ရသည်။
(မန်ဘာဝင်တွေက လူဆွယ်ရင်း သိက္ခာကျရပေမယ့်
မဖြစ်စလောက် ကော်မရှင်သာရပြီး
mlm ကုမ္ပဏီပိုင်ရှင်တွေက မန်ဘာဝင်တွေကို ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်ကြပါတယ်။)
💥 စတုတ္ထ အဆင့် 💥
မတန်တဆ ဈေးကြီးတဲ့ mlm ထုတ်ကုန်ပစ္စည်းတွေကို
မန်ဘာဝင်တွေက သိက္ခာကျခံ
လိုက်ရောင်းရပေမယ့်
ကော်မရှင် မဖြစ်စလောက်သာ ရပြီး၊
mlm ကုမ္ပဏီတွေက မြိုးမြိုးမြက်မြက် ဝင်ငွေရပါတယ်။
( များသောအားဖြင့် အပြင်လူ ဘယ်သူမှ မဝယ်တော့၊
မိတ်ဆွေ သူငယ်ချင်းတွေကို အတင်းထိုးရောင်းရလို့ ခင်မင်မှုပျက်ပြီး ချဉ်ဖတ်ဖြစ်ခြင်းကို
မန်ဘာဝင်တွေ ခါးစည်းခံရပါတယ်။
ဈေးမရောင်း လူမဆွယ်လည်း ရပါတယ်လို့
မန်ဘာဝင်မယ့်သူတွေကို
mlm ကုမ္ပဏီတွေက ပြောလေ့ရှိတယ်။
တကယ်တော့ ဈေးမရောင်း လူမဆွယ်ရင် ရပေမယ့်
ကုမ္ပဏီကလည်း မန်ဘာဝင်ကို တစ်ပြားတစ်ချပ်မှ မပေးမှာကိုတော့ ထည့်မပြောကြဘူး။
မန်ဘာကြေးယူပြီး ကုမ္ပဏီက အနိုင်ပိုင်းထားတယ်လေ။
မန်ဘာဝင်တွေ ဝင်ငွေမရလို့ စောဒက တက်ရင်
အသုံးမကျလို့ မရတာဟု အပြစ်ပြန်တင်ပြီး
mlm စနစ်ဆိုးကြောင့် ဖြစ်ရတာကို ဝန်မခံကြပါ။
မန်ဘာဝင်တွေ လစာမဲ့ မာကတ်တင်း လုပ်ပေးလို့ mlm ကုမ္ပဏီတွေ တစ်နေ့တခြား အမြတ်ငွေတွေ ပိုတိုးရလာပေမယ့်
မန်ဘာဝင်တွေခမြာ တစ်နေ့တခြား ချွတ်ခြုံကျလာပါတယ်။ )
💥 နောက်ဆုံးအဆင့် 💥
ကုမ္ပဏီမှာ မန်ဘာဝင် အရေအတွက် ဆက်မတိုးတော့ဘဲ ရပ်တန့်ကာ
ထုတ်ကုန်တွေလည်း များများစားစား မရောင်းရတော့ရင်
mlm ကုမ္ပဏီတွေက
ကုမ္ပဏီ ဖျက်သိမ်းပြီး
ငွေထုပ်ပိုက်သွားတယ်။
မန်ဘာဝင်တွေက လက်လွတ်ခွက်ချွတ် ကျန်ခဲ့ပြီး
ကိုယ်သွင်းပေးခဲ့တဲ့ မန်ဘာဝင်တွေနဲ့ ပြဿနာတက်ကာ မျက်နှာပျက်ရပါတယ်။
{ mlm စနစ်တွင်
ကုမ္ပဏီတွေနဲ့ မန်ဘာဝင်တွေရဲ့
ကွာခြားချက်တွေပါ။ }
တချို့ မန်ဘာဝင်တွေက
mlm နဲ့ ဝင်ငွေရပြီး အောင်မြင်နေပြီလို့
လက်အောက် မန်ဘာဝင်တွေကို အယုံသွင်းပါတယ်။
တကယ်တော့ လက်အောက် မန်ဘာဝင်တွေကို
ချနင်းပြီးမှ ရတဲ့ဝင်ငွေဟာ သမ္မာအာဇီဝ ဖြစ်ရဲ့လားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
mlm ကုမ္ပဏီရဲ့ ဂုတ်သွေးစုပ်တာကို
မန်ဘာဝင်တိုင်း ခံကြရပါတယ်။
မန်ဘာဝင်တွေ နာမည်ပျက်ခံ လုပ်ရပေမယ့်
အကျိုးအမြတ်ကို mlm ကုမ္ပဏီတွေက
ဝါးမြိုသွားကြတာပါ။
*လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ*

https://www.facebook.com/hlaineetetmdy/posts/1782029965408172