Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 10, 2017

Mlm စနစ်ဆိုး


10,000,000 ဒါကအနည်းဆုံးဗျာ တစ်လ ဆယ်သန်း (သို့)သိန်းတစ်ရာ
လူဆွယ်ရုံနဲ့ ဒီလောက်ရတယ် အဲဒါကိုက မက်စရာ ဖြစ်နေတော့ လောဘရဲ့ သားကောင်တွေ အတောမသတ်နိုင်ဖြစ်ရတော့တာပေါ့ ဘယ်ကနေရတာလဲ ဒီပိုက်ဆံတွေဘယ်သူပိုက်ဆံတွေလည်းဆိုတာ တော့မစဉ်းစားနိုင်တော့ဘူးပေါ့ MLM လုပ်ငန်းအားလုံးမငြင်းနိုင်တာက ပစ္စည်းဈေးကြီးတယ် ပြင်ပထက်ကို ဈေးကြီးရမယ် အဲဒီဈေးကြီးလို့ ပိုရတဲ့ ပိုက်ဆံကို Member တွေကိုခွဲပေးတယ် များများဈေးကြီးလေ သူဌေး မြန်မြန်ဖြစ်လေပေါ့ တောင်းပန်သူကြီးပြောတယ် သူရတာအဲလောက်တဲ့ ရင်ထဲမကောင်းလှတယ်
quality ကွာတယ် ပါဝင်ပစ္စည်းချင်းယှဉ်ပြီးမှပြော
ပစ္စည်းကြော်ငြာ ခနဲ့ပေးတယ် အရမ်းအောင်မြင်နေတဲ့ လုပ်ငန်းတစ်ခု တောင် တောင်းပန်သူကြီးဝင်ငွေ ကိုကြော်ငြာခမသုံးနိုင်ဘူး
ဒါတောင်သူတစ်ယောက်ဘဲရှိသေးတယ် ကျန်သူတွေဝင်ငွေမပါသေးဘူး
ကိုယ်ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ငွေတွေကို သူ့ကို ၀ိုင်းပေးနေကြတာဘဲ
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်ဗျ သူကလည်း aim star ကဘဲ
သူတို့က game ဆော့်နေတာတဲ့ Level တွေကိုတက်အောင်လုပ်ရမယ်တဲ့
အောင်မြင်အောင် လုပ်နေတယ်တဲ့ ပစ္စည်းတွေတန်ချင်မတန်ချင်းက သူတို့နဲ့ မဆိုင်ဘူး တဲ့ နောက်ဆုံးကျွန်တော်သိလိုက်ရတာ....သူတို့အလုပ်က ပိုကီမွန်အကောင်လေးတွေလိုက်ဖမ်းသလိုပါဘဲလားပေါ့ အဓိက က လူရှာဖို့ပါဘဲ လူမရှိရင်တော့ရင်ဘာမှလုပ်လို့မရတော့ဘူး အဲဒါပြန်ပြောသေးတယ် လူတွေကမွေးနေတာဘဲတဲ့လေ ရီရတယ် သူတို့မသိလိုက်တာက လူကနှစ်ယောက်ပေါင်းမှ တစ်ယောက်ရတာလေ သူတို့လို့ တစ်ယောက်ကနေနှစ်ယောက်ဖြစ်တာမဟုတ်ဘူးဗျ နောက်ပြီး ၁၀ လမှ တစ်ယောက် ဒါဆိုလူကုန်နို်င်တယ်ဆိုတာရှိတာပေါ့ တွက်ပေးကြည့်တာပါ
သူတို့အလုပ်ကို တကယ်လူတိုင်းလုပ်ကြရင် မွေးတဲ့သူတွေတောင် နိုင်မှာမဟုတ်ဘူး မယုံရင် တွက်ကြည့် ဒီနေ့ အဲဒီလုပ်ငန်းကို လူ ၁၀၀၀ လုပ်ရင် နောက်နေ့ ၂၀၀၀ နောက်နေ့ ၄၀၀၀ နောက်နေ့ ၈၀၀၀ အဲပုံ မျိုး မွေးလို့ရလား သိချင်တယ်ဗျာ လောဘတက်နေတော့
ဘယ်လိုမှကိုပြောလို့မရဘူး အစ်ကိုအောင်မြင်ရင်အောင်မြင်မယ် အစ်ကိုအောင်မြင်မှု အတွက် လူတွေဘယ်လောက်စတေးခံရလဲဆိုတာ တွက်ကြည့်ဖို့ ထိပြောခဲ့တယ် နောက်ဆုံးကျွန်တော်ပြောတယ် ကိုယ့်နိုင်ငံထွက်ကုန်ကို ဒီလိုစနစ်နဲ့ရောင်းဖို့ ကိုယ်ကိုတိုင်စဖို့ပါဘဲ
ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့နိုင်ငံထွက်ကုန်ကို မြန်မာနိုင်ငံသားတွေ ကိုလေဘာ ခမပေးဘဲ အလကားခိုင်းနေလို့ဘဲ သူတို့အမြတ်ငွေကို အသားတင်ယူသွားတာဗျ ကိုယ့်နိုင်ငံထွက်ကုန်ကို ရောင်းအမြတ်တွေလည်း အများကြီးမတင်နဲ့ ချက်ခြင်းတော့သူဌေးမဖြစ်ပေမဲ့သမာအာဇီဝတော့ကျပါတယ်ဗျာ ကိုယ်ကိုတိုင် product ထုတ်နိုင်အောင်ကြိုးစား ဒါမှ တကယ်တိုင်းပြည်တိုးတက်မှာပါ တောင်းပန်သူကြီးနဲ့ သူငယ် ချင်းတို့ရေ