Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

MLM ဟာ တန်ဆေးလွန်ဘေးလား ? ဘေး ပိုများနေလား ? ဆေး ပိုများနေလား ?


 No automatic alt text available.
MLM ဟာ တန်ဆေးလွန်ဘေးလား ?
ဘေး ပိုများနေလား ? ဆေး ပိုများနေလား ?
==============================
MLM သမားတွေပြောတဲ့ ဥပမာကိုပဲ ပြန်သုံးရရင်
MLM မှာ သုံးတတ်လို့ ဆေးဖြစ်တဲ့ ရာခိုင်နှုန်း အရမ်းနည်းပါလိမ့်မယ် ။
ဘေးဖြစ်တဲ့ လူ ရာခိုင်နှုန်းက အများကြီး ပိုများနေတာပါပဲ ။
လောင်းကစားလိုပေါ့ ။
နိုင်တဲ့လူ အနည်းစု ။ ရှုံးနေတာက အများစု ။
ရှုံးတာမှ ငွေတင်မဟုတ်ဘူး ။
- အချိန်
- သိက္ခာ
- စိတ်ဓာတ် နဲ့ ခံယူချက်
- ပတ်ဝန်းကျင်
စတာတွေရောပေါ့ ။
ကိုယ်က ကြိုက်လို့ လုပ်ချင်ရင် လုပ်ပေါ့ ။ တားလည်း ရမှာမှ မဟုတ်တာ ။
လူတိုင်းကို လုပ်ဖို့ လိုက်ခေါ်နေရင်တော့ အပြောခံ ၊ အဝေဖန် ရမှာပါပဲ ။
MLM ရဲ့ အဓိက ပြဿနာက အောက်ခြေလူတွေ အမြဲ အရှုံးပြနေတာပဲ ။
သူတို့ အရှုံးပြတာကနေ လွတ်ချင်ရင် နောက်ထပ် သူတို့လို အရှုံးပြမယ့်လူတွေ
သူတို့အောက်ကို ထပ်ရောက်လာအောင် စည်းရုံးနိုင်မှရမယ် ။
အဲ့ဒီ အချိန်မှာ သူတို့ကတော့ လွတ်သွားပေမယ့်
နောက်လူတွေက ထပ်ခံနေရတော့ နောက်လူတွေ ထပ်ရှာရပြန်ရော ။
ဒီလိုနဲ့ သံသရာလည်နေတော့တာပဲ ။
နည်းနည်း ကြာလာလို့ Market Situation Point ရောက်တဲ့အခါကျရင်တော့
နောက်လူလည်း ရှာရတအားခက်သွားပြီ ။
လက်ရှိလူတွေကလည်း ရပ်နှုန်း / ထွက်နှုန်းတအားများသွားပြီဆိုရင်
ဒီ MLM Company တစ်ခုက ထိပ်ပိုင်းခေါင်းဆောင်တွေက
နောက် MLM Company တစ်ခုကို ကူးပြီး အစကနေ အဲ့ ဒီ အတိုင်း ပြန်လုပ်ကြပြန်တာပါပဲ ။
ဒါကြောင့် MLM Company အများစုမှာ နေ့ချင်းညချင်း ခပ်မြန်မြန် အောင်မြင်လာတယ်ဆိုတာ
အခြား MLM Company တစ်ခုခုကနေ ကူးလာတဲ့လူတွေ ဖြစ်နေကြတာများတာပဲ ။
ဒီလင့် ( http://www.finance-guy.net/streetonomic/make-money-with-mlm ) မှာ
ထိပ်သီး International MLM Companies ကြီးတွေရဲ့
Success and Failure Rate ကို တွက်ပြထားတာရှိပါတယ် ။
ကိုယ် စိတ်ဝင်စားလို့လေ့လာနေတဲ့ Company တွေကို လည်း တောင်းကြည့်ပေါ့ ။
( မြန်မာနိုင်ငံမှာတော့ တောင်းကြည့်ဖို့ မလွယ် )
MLM မှာ အောက်ခြေလူတွေဟာ သွားခလာခ ၊ သင်တန်းတက်ခ ၊
Plan ပြောရင်း ကြွေးရ စားရတဲ့ စားစရိတ်တွေတောင် မကြေကြတာများတယ် ။
Herbalife တို့ USANA တို့ ဆိုတာ တကယ့် MLM မှာ ထိပ်သီး Leading Company ကြီးတွေ ။
သူတို့တောင် အောက်ခြေကလူတွေ တိုင်ပတ်နေတုန်းပဲ ။
( ပုံမှာ သူတို့ရဲ့ ၂၀၁၄ ဒေတာတွေ တင်ပေးထားပါတယ် ။ )
ဒါကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် ၊
သူများတွေကို ထပ်ပြီး ခေါ်သင့်မခေါ်သင့် စဉ်းစားဦးပေါ့ ။
ဒါက US - FTC ( Federal Trade Commission ) က
တရားဝင် ထုတ်ပြန်ပေးထားတဲ့ Document ပါ ။
https://www.ftc.gov/…/trade-regulation-rule…/00008-57281.pdf
ဒါက အရှည်မဖတ်ဖြစ်သေးရင် ဖတ်ကြည့်ဖို့ ကောက်နှုတ်ချက်ပါ ။ :)
Failure and loss rates for MLMs are not comparable with legitimate small businesses, which have been found to be profitable for 39% over the lifetime of the business;
whereas less than 1% of MLM participants profit.
MLM makes even gambling look like a safe bet in comparison.
MLM stocks are questionable investments at best.
And like gambling, losses from MLM participation should not be
allowed as a tax deduction – beyond the amount of actual income.
MLM as a business model is the epitome of an
“unfair or deceptive acts or practice” that the FTC is pledged to protect against.
It is even worse than classic, no-product pyramid schemes
(for which the loss rate is only about 90%) and
“pay to play” chain letters.
For promoters to present MLM as a “business opportunity” or
“income opportunity” is a misrepresentation.
ဒီလောက်ဆို စဉ်းစားချင့်ချိန်နိုင်မှာပါ ။ :)
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။
စေတနာဖြင့်
https://www.facebook.com/groups/mlmDiscussion/permalink/1802692639975566/
ကိုဇင်ဇေ
Admin @ MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ