Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

MLMers စည်းရုံးနည်းများ


MLMers စည်းရုံးနည်းများ
----------------------
၁- ခုဆိုရင်ဘဏ်တွေပါ MLM စီးပွါးရေးကိုလုပ်နေကြပါပြီ၊
၂- သူတို့ရဲ့ကုမ္ပဏီဟာ အကောင်းဆုံးထုတ်ကုန်ပစ္စည်း၊ အကောင်းဆုံးအသင်းအဖွဲ့၊ အကောင်းဆုံးPlan တွေရှိတဲ့ အကောင်းဆုံးကုမ္ပဏီဖြစ်ပါသည်၊
၃- Microsoft လုပ်ငန်းပိုင်ရှင် ကမ္ဘာ့နံပါတ်-၁ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော Bill Gates ဟာဒီလုပ်ငန်းကြောင့်ချမ်းသာလာတာပါ၊
၎- စီးပွါးရေးအခွင့်အလန်းများပြားခြင်း၊
၅- ကိုယ်ပိုင်စီးပွါးရေးတည်ထောင်နိုင်ခြင်း၊
၆- ငွေကြေးလည်ပတ်စီးဆင်းမှု့မြန်ဆန်ခြင်း၊
၇- တရုတ်၊ဗီယက်နမ်၊အိန္ဒိယ၊ရုရှား နိုင်ငံများဟာ ခုဆိုရင်ဒီလုပ်ငန်းအားလုပ်ကိုင်ပီး ဒေါ်လာဘီလီယံချီသောငွေကြေးအကျိုးအမြတ်များရရှိနေပြီဖြစ်ကြောင်းများ၊
၈- အစိုးရဝန်ထမ်း( တပ်မတော်သားများမှအပ) များဟာခုဆိုဝင်ငွေအခွင့်အလန်းပိုများသော network marketing ကိုပြောင်းလဲလုပ်ကိုင်နေကြပြီဖြစ်ကြောင်း၊
၉- ပိရမစ် စနစ်နဲ့ network marketing ဘယ်လိုကွာခြားကြောင်း၊
၁၀- ရေတွင်းထဲကဖားသူငယ်ကဲ့သို့ ရေတွင်းကိုတစ်ကမ္ဘာထင်မှတ်မနေဘဲ ရေတွင်းထဲကထွက်လာပြီး ပြောင်းလဲနေတဲ့ကမ္ဘာကြီးအားလာကြည့်စေချင်ကြောင်း၊
၁၁- အနည်းဆုံး ဝင်ငွေ၂ဆ ရနိုင်ခြင်း၊
၁၂- ကာစီနို လောင်းကစားရုံများဟာခုဆို MLM စီးပွါးရေးအောက်သို့ရောက်ရှိခြင်း၊
၁၃- နိုင်ငံတကာတက္ကသိုလ်ကြီးများဖြစ်သော Harvard, Cambridge, NUS, NTU တို့မှာခုဆိုရင် network marketing နဲ့ပတ်သတ်ပြီး သင်ပြပေးနေပြီဖြစ်ကြောင်း၊
၁၄- အနာဂတ်စီးပွါးရေးအားလုံးဟာ MLM နဲ့မကင်းလွတ်နိုင်ခြင်း၊
၁၅- လွတ်လပ်သောငွေကြေးစီးပွါးရေးစနစ်ဖြစ်ခြင်း၊
၁၆- Forbes Magazine , Fortune Magazine တို့ဟာလည်းဒီလုပ်ငန်းဖြင့်လည်ပတ်နေခြင်း၊
၁၇- ဥပမာ Mcdonalds, KFC တို့အား သည်နိုင်ငံတွင်လာဖွင့်နေတာတွေဟာလည်း ဒီသဘောဘဲဖြစ်ခြင်း၊
၁၈- Global Plan ရှိခြင်း၊
၁၉- ရှေ့နေများ၊ ဆရာဝန်များ၊ လေယာဉ်မောင်/မယ်များ၊ အနုပညာရှင်များဟာခုဆို MLM စီးပွါးရေးနယ်ပယ်ကို မန်ဘာအဖြစ်ဝင်ရောက်နေကြပြီဖြစ်ကြောင်း၊
၂၀- ဒီMLM စီးပွါးရေးလုပ်ငန်းအား ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ကနေဒါ၊ဗြိတိန်၊သြစတြေးလျ၊ ဂျပန်စသောနိုင်ငံများက တရားဝင်အသိအမှတ်ပြုထားကြကြောင်း၊
၂၁- ခုဆိုရင် ကုမ္ပဏီများဟာ တစ်ခုပြီးတစ်ခု ဒီMLM လုပ်ငန်းအား လုပ်ကိုင်လာကြကြောင်း၊
၂၂- မိတ်ဆွေဟာလုပ်ငန်းအသစ်တစ်ခုအားလုပ်ကိုင်လိုသောဆန္ဒရှိနေပါသလား ဒါဆိုရင်ခုချိန်ဟာ MLM လုပ်ငန်းအားလုပ်ကိုင်ဖို့ အကောင်းဆုံးအချိန်ပါဘဲဟုပြောပြတတ်ခြင်း၊
၂၃- ဘာမှလုပ်စရာမလိုဘဲ ပိုက်ဆံဝင်လာမှာကို ထိုင်စောင့်နေရုံဘဲဟုတစ်မျိုး၊
၂၄- မိသားစုနဲ့အိုးမကွာ အိမ်မကွာဘဲ သက်သောင့်သက်သာ အလုပ်မျိုးဖြစ်ကြောင်း၊
၂၅- တစ်သက်လုံးသူများအလုပ်လုပ်ပြီး အိုမင်းရင့်ရော်မှ အငြိမ်းစားယူရခြင်း၊
၂၆- ဒီစီးပွါးရေးကတော့ဖြင့် စောစီးစွာ အငြိမ်းစားယူနိုင်တဲ့အထိ ငွေရေးကြေးရေးခိုင်မာသွားခြင်း၊
၂၇- ကိုယ်ပိုင်စီးပွားရေးလုပ်ရာတွင် ကျရှုံးမှာကိုကြောက်ရွံ့သူများ၊ စီးပွါးရေးလုပ်ငန်းအသစ်တစ်ခုအား မစတတ်သူများဟာ ခုဆိုရင် ဒီMLM လုပ်ငန်းအားလုပ်ကိုင်လာကြပြီး ခုဆိုရင်အကျိုးအမြတ်အဖြစ် တိုက်ကြီး ကားသစ်ကြီးများပိုင်ဆိုင်ကုန်ကြပြီးဖြစ်ကြောင်း၊
၂၈- ကမ္ဘာကြီးဟာပြောင်းလဲနေပြီး ဒီလုပ်ငန်းဟာဆိုရင်ဖြင့် သင့်မိသားစုအားအချိန်အများကြီးပေးနိုင်ပြီး အားလပ်ချိန်များကျမှလုပ်လဲအဆင်ပြေခြင်း၊
၂၉- တကယ်လို့ဒီလုပ်ငန်းဟာ အလိမ်အညာဆိုရင် ဘာလို့ရုံးခန်းကြီးတွေအများအပြားဖွင့်၊ ပစ္စည်းတွေအများအပြားရောင်းရပြီး ဘာလို့လူတွေအများကြီးအား အလုပ်အကိုင်ပေးနိုင်ပါ့မလဲဟုပြောတတ်ခြင်း၊
၃၀- ဒီလုပ်ငန်းရဲ့ထုတ်ကုန်များဟာ နိုင်ငံတကာအဆင့်မှီ စက်ရုံများမှထုတ်လုပ်ထားခြင်း၊ ဥရောပ၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ စက်ရုံများ၊
၃၁- ခုဆိုရင် ဒီလုပ်ငန်းဟာ နိုင်ငံထဲက ဘယ်မြို့ ဘယ်မြို့တွေမှာဖြင့် ရုံးခန်းအသစ်အသစ်တွေဖွင့်လှစ်နိုင်ခြင်းများ၊
၃၂- MLM ဟာအလိမ်အညာဆိုတာကို ဘာနဲ့သက်သေပြမလဲ ၊ သက်သေပြပါ ၊ သင်ဘာသိသလဲဒီလုပ်ငန်းအကြောင်းဟု ချောင်ပိတ်မေးခွန်းများမေးတတ်ခြင်း စသောစသော အဆုံးမရှိနိုင်သော မစားရဝခမန်း ပြောပြတတ်ကြောင်းများအား မိတ်ဆွေများ ချိန်ဆနိုင်ရန်တင်ပြလိုက်ရပါသည်။