Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

MMM ကို ပြန်စနေကြပြီ



MMM ကို ပြန်စနေကြပြီလို့
ကိုပေါက် Maung Pauk ဆီက စာ တက်လာတယ် ။
လူလိမ်တွေကတော့ အလိမ်ကို မရပ် ၊
အထပ်ထပ် လိမ်ဖို့ ကြိုးစားနေကြတုန်းပဲ ။
ကျွန်တော်တို့လို မနေနိုင်သူတွေကလည်း
နိုင်သလောက်တော့ ပြောနေတာပဲ ။
ဒါပေမယ့် MLM တွေကိုတင် အတော် ပြောနေရတာ
ဒီလို ကြားပေါက် Scams တွေပါ လိုက်ပြောနေရတော့
အချိန် အတော်လေး ပေးရတယ် ။
တကယ်တန်းဆို
Media ကြီး တစ်ခုခု ( Online , Printed or TV ) က
Scam Alert ကဏ္ဍ တစ်ခု
သက်သက်ထားပေးသင့်နေပြီဗျာ ။
ဒါမှ ပြည်သူတွေ အလိမ်ခံရတာ သက်သာမှာ ။
အစိုးရ /အာဏာပိုင်တွေ အနေနဲ့လည်း
အဲ့လို Scam လိမ်လည်မှု ဖြစ်နိုင်ချေများတဲ့
လှုပ်ရှားမှုတွေ / အဖွဲ့အစည်းတွေကို
သီးခြား ထောက်လှမ်းဖော်ထုတ် အရေးယူတဲ့အဖွဲ့တွေ ဖွဲ့ပြီး
တကယ် အလုပ် လုပ်သင့်နေပြီ ။
( CoinSpace , SCL , J-coin ,
Onocoro , Total Investment စတာတွေဟာ
လူများစု အခံဘက်က ချည်းပဲ ။
MLM Companies တွေကိုလည်း
သေချာ ကိုင်သင့်နေပြီလေဗျာ )
MMM ကို ပြန်ထပ်လုပ်တဲ့ လူတွေ ဟာ
သိက္ခာမဲ့လွန်း ၊ အောက်တန်းကျလွန်းတယ်လို့ပဲ
ဒီနေရာကနေ ပြောပါရစေ ။
Image result for mmm