Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Multi Level Marketing နဲ့ ရောင်းတဲ့ ဆေးတွေလာရောင်းတော့


Maung Maung OoFollow
အသက် ၄၈ နှစ် အမျိုးသမီး၊ ဆီးချို ရှိတာ ၂၁ နှစ်ရှိပြီ။ သူနေတဲ့ရွာကို မင်းဘူးကနေ Multiple Level Marketing နဲ့ ရောင်းတဲ့ ဆေးတွေလာရောင်းတော့ ဆီးချို ပျောက်မယ်ဆိုပြီး ပြောတာနဲ့ ၅ နှစ်ဝယ်စားတာ အခုမွဲသွားသတဲ့။ ဒါနဲ့ အဲဒီဆေးတွေ ၀ယ်မစားနိုင် အင်္ဂလိပ်ဆေးတွေ ၀ယ်မစားနိုင်ပဲနဲ့ နောက် ၁နှစ် ကြာသွားတော့ (ဆီးချိုအင်္ဂလိပ်ဆေး မသောက်တာ ၆နှစ်)နေတော့မှ ပိုက်ဆံပြန်ပြေလည်လို့ ဆေးလာကုတာ။ ဆေးမစားမှီပုံကတော့ မြင်တဲ့အတိုင်း ပြုံးလို့ ရွှင်လို့။
စစ်ဆေးကြည့်တော့ ကျောက်ကပ်လည်း မကောင်း (creatinine raised 2 times) ဆီးကလည်း ပိုးဝင်နေ၊ ဆီးချိုသွေးချိုကလည်း ဂိတ်ဆုံး Hi ဖြစ်နေတော့၊ Losartan + Quinolone + Gliclizide MR 30 mg ပေးလိုက်မိတယ်။ နောက်သုံးရက်နေတော့ နေမကောင်းဘူးဆိုပြီး ပြန်ရောက်လာတယ်။ မနက်အစောစစ်တဲ့ Fasting Blood Sugar က 15 mmol/l ဆိုတော့ ဆေးရုံတင်ပြီး ညပိုင်းမှာ Insunova N 10 Units ထိုးတယ်။ နောက်နေ့ည ၈း၃၀ မှာ သတိလစ်သွားတယ်။ (ဆေးစားပြီးပုံကို ရှုပါ) Blood Sugar 7.6 mmol/l နဲ့။ ဒါနဲ့ သွေးပြန်စစ်တော့ ကျောက်ကပ်က နည်းနည်းလေး ပိုဆိုးလာတာ (creatinine raised 2.2 times) လေးက လွဲလို့ ကျန်တာတွေ ကောင်းတယ်။ လေဖြတ်တာလည်း မဟုတ်ဘူးဆိုပြီး 50% Glucose အချိုရေ ၄၀ စီစီ ထိုးလိုက်တော့ ချက်ချင်းသတိရလာတယ်။
Whipple's triad Harrison's Principles of Internal Medicine (Eighteenth Edition)
Hypoglycemia is most convincingly documented by Whipple's triad:
1. symptoms consistent with hypoglycemia,
2. a low plasma glucose concentration measured with a precise method (not a glucose monitor), and
3. relief of those symptoms after the plasma glucose level is raised.
(Whole blood glucose is 10-15% higher than plasma glucose.)
သွေးချိုကျတယ်လို့ ပြောဖို့အတွက်
၁။ သွေးချိုကျတဲ့ လက္ခဏာတွေ ပေါ်ရမယ်။
၂။ သွေးချိုကျတာကို မှတ်တမ်းတင်ထားရမယ်။
၃။ သွေးချိုတက်အောင် ပြန်လုပ်ပြီးယင် ခုနက သွေးချိုကျတဲ့ လက္ခဏာတွေ ပျောက်သွားရမယ်။
သင်ခန်းစာ ၂ ခုရတယ်။
၁။ Quinolone နဲ့ Gliclizide တို့ ဓါတ်မတဲ့ဘဲ Drug Interaction ဖြစ်တတ်တယ်။ ကျနော်သိရက်နဲ့မို့ Gliclizide ကို လျှော့ပေးတာတောင် သွေးချို တော်တော်ကျတယ်။***
၂။ သွေးချိုကျခြင်း Hypoglycaemia ဟာ ဆီးချို ကောင်းကောင်းထိန်းမထားသူတွေမှာ >3.9 mmol/l မှာ Relative Hypoglycaemia ရတတ်တယ်ဆိုတာ သိပေမဲ့ ခုလို 7.6 mmol/l နဲ့ သွေးချိုကျ သတိလစ်တာ မကြုံဘူးပါဘူး။
***
Enzyme Inhibitors
Mnemonic: Can Vitamin K Cause Enzyme Inhibition?
Can-Cimetidine
Vit-Valproate
K-Ketoconazole
Cause-Ciprofloxacin
Enzyme-Erythromycin
Inhibition-INH
Enzyme Inducers (Mnemonic:GPRSCell Phone)
G-Griseofulvin
P-Phenytoin
R-Rifampicin
S-Smoking
Cell-Carbamazepine
Phone-Phenobarbitone