Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Network Marketingလုပ်ကြတဲ့အခါ ဒီလိုမေးခွန်းတွေကြုံရမှာပေါ့


Network Marketingလုပ်ကြတဲ့အခါ
ဒီလိုမေးခွန်းတွေကြုံရမှာပေါ့
1-100တန်တဲ့ကော်ဖီကိုဘာလို့ဈေးတင်ရောင်းလည်းလို့
အဲ့လိုလူမျိုးကို ပရီမီယာကော်ဖီပဲဆက်သောက်ခိုင်းပြီး
ကျေးဇူးတင်ပါတယ် ဆိုတဲ့ အိတ်ခွံတွေ စုပြီး စိတ်ညစ်ရင် ထုတ်ကြည့်ဖို့
အကြံပေးခဲ့ပါ။
ကော်ဖီဆိုင်ကောင်းကောင်းမှာ ကော်ဖီတစ်ခွက်ဟာ ထောင်ဂဏန်းလောက်ကစပါတယ်
Network Marketing ကဖြန့်တဲ့ ကော်ဖီဆိုတာ အရည်အသွေးကောင်းတဲ့
ကော်ဖီမို့ တစ်ထုပ် ၈၀၀ တန်လောက်နဲ့ရရင်ကို
ကော်ဖီကောင်းကောင်းကိုဈေးသက်သက်သာသာနဲ့သောက်ဖူးလို့
ကျေးဇူးတင်ပါ
2-အသင်းလည်းဝင်ရဉီးမယ် ငွေလည်း ထပ်ရင်းရဉီးမယ်
သူများကိုလုပ်ကျွေးသလိုဖြစ်မနေဘူးလား လို့
အဲ့လိုလူကို အကြံပေးကြည့်ပါ။
မိတ်ဆွေ ဘဏ် ကို သွား ဘဏ်စာအုပ်အကောင့်ဖွင့်
ငွေ စုပါ။
အကောင့်ဖွင့်တာကအသင်းဝင်တာပါပဲ။
ငွေစုတာက မိတ်ဆွေတစ်သိန်းပဲစုစု ၁၀သိန်း သိန်း၁၀၀ ပဲစုစုပေါ့
ဘဏ်လုပ်ငန်းရှင်ကမိတ်ဆွေလိုလူမျိုးပေါင်းများစွာရဲ့စုငွေထဲကနေ
သူ့အခြားရင်းနှီးမြုပ်နှံမှုတွေမှာသုံးလည်ပက်ပြီး
မြတ်လာတဲ့အမြတ်ထဲကမှ မိတ်ဆွေကို % သေးသေးလေးပြန်ပေးနေတာကိုတောင်
ကျေကျေနပ်နပ်ကြီး ခံယူနေတာပဲမဟုက်လား
ကဲပြောပါဉီး ဘယ်သူက ဘယ်သူ့ကို လုပ်ကျွေးတာလည်းဆိုတာကို
pyramid သဘောတရားအရ
ဘဏ်ပိုင်ရှင်ကဘုရင်နေရာယူထားပီးသားပါ
သူဆီလာအပ်သူမှန်သမျှကအောက်ခြေအသင်းသား
သူ့အတွက်အသုံးချခံတွေပါပဲ
network marketingမှာ အသင်းဝင်တိုင်းဟာ
သေးငယ်တဲအရင်းကစ ကြီးမားတဲ့အမြတ်ရပိုင်ခွင့်ရကြလို့
အထက်လူကိုလုပ်ကျွေးတာလည်းမဟုက်ဘူး
လူတိုင်းမိမိကြိုးစားသလောက်ပြန်ရတာပါပဲ။
3- ဒါဆို ၅သိန်းရင်းမယ် လတိုင်းဘယ်လောက်ပြန်ရမလည်းဆို
တလ ၁၀သိန်းပြန်ရဖို့ ဘဏ်မှာ သိန်း၁၀၀၀ တောင်အပ်ရတယ်။
၅သိန်းလေးရင်းပြီး ဘာမှမလုပ်ပဲ တလဝင်ငွေပြန်ရဖို့တွေးထားရင်
company အရိပ်ထဲတောင်ဝင်မလာသင့်ပါဘူးလို့
Network Marketing က ငွေစုဘဏ်မဟုက်ပါဘူး
အတိုးပြန်မထုတ်ပေးပါဘူး
လုပ်ရမယ့်အလုပ်တွေမလုပ်ချင်ပဲ
၁၀သိန်း ရင်းမယ် သိန်း ၂၀ ရင်းမယ် လာမပြောပါနဲ့
လက်မခံပါဘူး
တကယ်လို့ ၅သိန်းရင်းမယ် လတိုင်းဘယ်လောက်ပြန်ရမလဲ
အဲ့လို လုပ်ချင်ရင် စတော့ရှယ်ရာကစားပါ
စတော့ရှယ်ရာဆိုတာလည်း companyတခုရဲ့ဝေစုအနည်းငယ်ကို အပြင်ကိုထုတ်ရောင်း ရတဲ့ငွေနဲ့လုပ်ငန်းလည်ပက်
အမြတ်တွေရရင်မိမိရှယ်ရာဈေးတက်
အရှုံးတွေပေါ်တော့ မိမိ ရှယ်ရာပါ ဈေးကျ
ဒီလိုမျိုးပါ
ခုဆိုကမ္ဘာနဲ့ချီတောင် စတော့ ရှယ်ရာဈေးကကျနေပါပြီ
သူများ activityထဲ မိမိငွေ ထည့် အမြတ်ထိုင်စောင့်နေတာထက်စာရင်
network marketingထဲ အရင်းထည့် မိမိ activityနဲ့
မိမိဝင်ငွေကိုပြန်ရှာတာသာအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
တကယ်တော့ လူတွေက သူတို့နားမလည်တဲ့အပိုင်းကို
လေ့လာဖို့ကြောက်နေကြတာ
ထိလိုက်ရင်နူမယ်ပြောကြတာနဲ့
ထိကိုမထိရဲပဲ ထိုင်ကိုဆဲ ချင်ကြတာ
တကယ့် စိတ်ပျက်စရာ အတွေးအခေါ်တွေပေါ့
network marketingဆိုတာ
ဘဏ်မှာငွေစုတာထက် စတော့ရှယ်ရာကစားတာထက်
ပိုအာမခံချက်ရှိတဲ့ လုပ်ငန်းကြီးဆိုတာ
စီးပွားရေး အမြင် နည်းနည်း ရှိရင်တောင်သိတယ်
network marketingလို companyတွေအခိုင်အမာမှတ်ပုံတင်နဲ့ရုံးကြီးထီးထီးမားမားထား
ထုတ်ကုန်တွေကိုဖြန့် marketingအစစ် ကို အရှင်လက်လက်လုပ်ပြနေတာတောင်
မယုံဘူးမယုံဘူးဆိုပြီး
ဘာအာမခံချက်မှမရှိတဲ့ money game လိုမျိုး
online money gameတွေကြတော့ ဆော့ကြတယ်ဗျ
အံ့သြဖို့တော့ကောင်းသား
ကျနော်ကတော့အဲ့လိုnegative viewတွေကိုလက်မတွဲဘူးဗျ
အာရုံနောက်လို့
ကျုပ်တို့ကသူတို့ဘဝအတွက်စေတနာနဲ့ကောင်းမွန်တဲ့အခွင့်အလမ်းပေးတာ
သူတို့ကိုဒုက္ခတွေလာပေးတာမဟုက်ဘူး
စေတနာစော်ကားတာခံစရာမလိုဘူး
ခပ်မာမာပဲ
network marketingမှာ မိမိလိုလူ၂ယောက်ကနေ၄ယောက်လောက်အတူတူကြိုးစားရင်ကို
အလုပ်ဖြစ်တယ်။
ခပ်ရှင်းရှင်းပြောရရင်
network marketingအစစ်အမှန်ထဲကို
ကြိုက်သလောက်ရင်း
အရင်းကြေတဲ့အပြင် အမြတ်ပါရသလို လုပ်ငန်းစနစ်ရပိုင်ခွင့် ဆုကြေး ရယ် ကော်မရှင်ရပိုင်ခွင့်ရယ် နိုင်ငံခြားအလည်အပက်ခရီးရယ်ကိုပါ
အပိုဆုတွေထပ်ရဉီးမယ်။
ပြင်ပစီးပွားရေးက ၁ကျပ်ရင်း ၂ကျပ်မြတ်တာ တခုလောက်ပဲ
ဒီမှာက
ဘဝအောင်မြင်မှုအဓိပ္ပာယ်ဖြစ်တဲ့
အားလပ်မယ့်အချိန်ကိုပိုင်ဆိုင်မှု
ငွေကြေးကိုပူပန်စရာမလိုအောင် လစဉ်ရရှိမှု
မိသားစုမိတ်ဆွေအပေါင်းအသင်းများနဲ့ နှစ်တိုင်းအလည်အပက်ခရီးသွားခွင့်
လူချစ်လူခင်များခြင်း
စတဲ့ ဘဝအဓိပ္ပာယ်တွေကိုပါ
အံ့သြဖို့ကောင်းလောက်အောင်ရရှိနိုင်တယ်။
ဒါကြောင့် ခဏခဏပြောတာ
network marketingကို သူများထက် ဉာဏ်ကောင်းတဲ့သူတွေလုပ်တာပါလို့ပြောရင်လည်း
ဆတ်ဆတ်ခါနာကြသေးတယ်
ဒါ စီးပွားရေးတခုပဲ
ဘာမှလာအာရုံစားစရာလည်းမလိုဘူး
သူ့နည်းစနစ်ကိုသင်
သူ့သင်တဲ့အတိုင်းလိုက်လုပ်
ရလာတဲ့အကျိုးအမြတ်ယူ
ဒါပဲ
ဲီဒီလောက်လွယ်တဲ့ network marketingကို
အခုထိ နားမလည်သေးရင်လည်း
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ။
မိမိအတွေးအခေါ်ကိုပြောင်းလဲလိုက်တာနဲ့
မိမိဘဝလည်းပြောင်းလဲသွားမှာပါပဲ။
အတွေးအခေါ်ပြောင်းလဲသူများကိုသာ
Network Marketing မှ
ကြိုဆိုပါတယ်