Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

#NO_MLM



Joseph Aimstar Fans ရဲ့ *****ထပ်မံ ရှင်းလင်းခြင်း **** ဆိုတာနဲ့ပက်သက်ပြီး
#NO_MLM
၁၀ တန်းကျောင်းသားမရှိတဲ့နှစ်ရှိလားတဲ့။ ဒါကို လိုက် Copy/Paste လိုက်ပြောတဲ့ ပုဂ္ဂိုလ်တွေကို (အင်ဂျင်နီယာဘွဲ့ရတွေကော၊ ဆရာဝန်ဘွဲ့ရတွေကော)၊စပြောတဲ့သူကော စွန်းလေးစားတယ်။
ဒါဖြင့် BO(Business Owner) တွေက တစ်နှစ်ပဲ သက်တမ်းရှိတာလား။ နောက်နှစ်ကျ အစကပြန်စကြလား။ ဒါမှမဟုတ် ပြောတဲ့သူက ကမ္ဘာ့လူဦးရေ နဲ့ မြန်မာ့လူဦးရေ မသိတာလား။ အခုတောင် မြို့ပေါ်လူကုန်လို့ ဒါမှမဟုတ် လက်မခံကြလို့ နယ်တွေ ရွာတွေဆင်းနေရပြီမလား။ ဘာသာရေးအဓိကရုဏ်းတောင် လွယ်လွယ်ဖြစ်နိုင်တဲ့ ပညာရည်နိမ့်ပါးနေတဲ့ ကိုယ့်နိုင်ငံသားချင်း လုပ်တာတော့ လွန်သွားပြီကွာ။ ပြီးတော့ အကောင်းဆုံး လောင်စာဖြစ်တဲ့ လောဘကို ဆွပေးတာကိုး။
ဆရာ ဦးအောင်သင်းပြောတာ ကြားဖူးမှာပေါ့။ ဘွဲ့ရတစ်ယောက်က ကိုယ်သင်ထားတဲ့ပညာ အလကားပဲဆိုတဲ့ ထင်လာပြီးဆို အဲဒီတိုင်းပြည် ငါးပါးမှောက်ပြီးတဲ့။
မြန်မာ့လူဦးရေနည်းတော့ Level (Downline အဆင့်) သိပ်များများမရောက်ခင်မှာပဲ ပြည့်သွားမှာပါ။ ဒါပေမယ့် အဲဒီအချိန်ထိစောင့်နေရင် တိုင်းပြည်ရဲ့ ဒေါ်လာတွေ ပြည်ပကို တော်တော်ရောက်သွားပါပြီ။ မရှိမဖြစ် ပစ္စည်းကြောင့်ရယ်၊ ဈေးနှုန်း တူတူတန်တန်ရယ်ဆို လက်ခံနိုင်ပါသေးတယ်။အခုဟာက မွဲပြာကျပြီး ကျန်ခဲ့ရစ်​ကြမှာ။
သချာင်္မှာ Calculus ဆိုတာရှိပါတယ်။ အကျဉ်းပြောရရင် အပိုင်းအစလေး တစ်ခုကို သရုပ်ခွဲစဉ်းစားလိုက်ရင် အကြီးကြီးလည်း တွက်ချက်လို့ရတယ်။ ပြောချင်တာက MLM ဆရာတွေပြောပြောနေတဲ့ လူမကုန်ဘူးဆိုတာ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ပါ။ ဒီတော့ MLM ကို နိုင်ငံနဲ့ချီ၊ မြို့နဲ့ချီ၊ ရပ်ကွက်နဲ့ချီပဲ မပြောခင် မိသားစုလေးနဲ့ ကြည့်လိုက်ရအောင်။
ဖခင်က Upline လုပ်ရင်နောက်ဆုံး သားထွေးသမီးထွေးမှာ ဂိတ်ဆုံးပြီ။ အငယ်ဆုံးက ဘယ်လိုငွေဆက်ရှာမလဲ အပြင်ထွက်ရတော့မယ်။လူကုန်သွားပြီလေ။
ရိုးရိုးစီးပွားရေး။ ။ ဖခင်က စိုက်ပျိုးရေးလုပ်မယ်။ မိခင်က သယ်ယူပို့ဆောင်ရေး။ သားကြီးက ကျန်းမာရေး။ သားလတ်က မွေးမြူရေး စသဖြင့် ဂေဟ စနစ်ကဲ့သို့ဖြစ်နေတာ။ သူဟာသူလည်ပတ်နေပြီ။ ဘယ်သူ့ ဘယ်သူမှလည်း ဝန်မပိဘူး။
MLM တွေငွေရတာဟုတ်ပါတယ်။ Downline က Upline ထက်ရတာတွေလည်းဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီငွေ တကယ်ကဘယ်ကလာတာလဲ မသိတာလား။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ကြောင့်လား။ အဲလောက်အထိလိုက်
ကြည့်နိုင်တဲ့ ဥာဏ်မမီတာလား။ လူလိမ်ထက် သူတောင်းစားက မြတ်ပါသေးတယ်ကွာ။
လူဗျ။ ။ စားဖို့ချည်းပဲကြည့်ရအောင် တိရစ္ဆာန်မဟုတ်ဘူး။ ကျင့်ဝတ်ဆိုတာ ရှိသေးတယ်။ လူချင်းစာနာစိတ်တော့ရှိရတယ်။ ဥပဒေကြောင်းအရ လိမ်လည်မှုမမြောက်အောင် လှည့်ပတ်ထွက်တာကိုး ။ Downline က လိုအပ်တဲ့ Point မပြည့်လို့မရတာပါလို့ပြောရင်ရတာပေါ့။ သူ့အခက်အခဲကိုလည်း ကြည့်လေ။ အဲဒီအတွက် စဉ်းစားပေးထားလား။ ဖြေကြည့်ပါဦး။
အဲလောက်မှမစဉ်းစားပေးထားရင် ethic မရှိတဲ့စီးပွားရေး၊ တစ်ကိုယ်ကောင်းသမားတွေလုပ်တဲ့စီးပွားရေး ပဲ။ Business က sustainable ဝေးစွ CSR တောင်မရှိတဲ့ Business ပဲ။ CSR ဆိုတာ လူဆွယ်ကောင်းအောင်လုပ်တဲ့ အလှုကိုပြောတာမဟုတ်ဘူး။
ဘယ်သူမှတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ရှိတယ်ဆိုတာကို ဝန်မခံချင်ကြပါဘူး။ MLM တွေပေါ်လာတော့ သိသိသာသာဖြစ်သွားတာပေါ့။ အဆိုးထဲကအကောင်းပဲ။
———————————————————————————
" ပညာတတ်လူကြီးလူကောင်းပီသသူသည် အလောင်းအစားမလုပ်ပါ " တဲ့။ နည်းနည်းတော့ ရီချင်သွားတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်​တွေက Joseph စကားအရဆိုရင် လူကြီးလူကောင်းမဟုတ်ဘူးဘဲ။ မြင်းလောင်းတဲ့ ဆာဘွဲ့ရထားတဲ့ဖာဂူဆန် ကောပေါ့။
ဘဝဆိုတာ အလောင်းအစားပါပဲ။ ဘယ်အရာမှ 100% မပြောနိုင်လို့ Insurance ဆိုတာရှိတာပါ။ အထူးသဖြင့် စီးပွားရေးဆိုတာ လောင်းကစားပါပဲ။
High Risk, High Proft. Low Risk, Low Profit ပါ။
လခစားက Low Risk ဒီတော့ ရတဲ့ Profit က နည်းတယ်။ ဒါပေမယ့် သေချာတယ်။
ကုန်သည်ပွဲစားက High Risk, High Profit. သူဌေးလည်းဖြစ်နိုင်သလို ခွေးလည်းဖြစ်နိုင်တယ်။ခွေး မဖြစ်အောင် ဥာဏ်နဲ့အတွေ့အကြုံကူရတာပေါ့။ ဥပမာ စတော့ရှယ်ယာ။
နှစ်လုံး၊သုံးလုံး နဲ့ Roulette ကတော့ လုံးဝကံတရားပဲ။ သူဌေးဖြစ်ခွေးဖြစ်ပေါ့။
ကံကတော့ Out of Manangement ကိုး။ ဘောလုံးနဲ့မြင်းကတော့ လေ့လာမှုအားကောင်းရင် နည်းနည်းဆယ်နိုင်ဦးမယ်။
ဒါတွေ ထားတော့။ ပြောချင်တာက Debate ကလောင်းကစားမမြည်ပါဘူး။ Negative ဘက်ကပြောနေတာဖြစ်လို့ နစ်နာတဲ့အနေနဲ့ Deposit ပြထားပေးတာပါ။
လူ့အဖွဲ့အစည်းကို တကယ့်အကျိုးပြုဘူးလို့ပြောတော့၊ လုပ်တဲ့လူတိုင်းမရပါဘူးလို့ပြောတော့ ငွေတွက်နည်း မသိကြလို့ပါတဲ့။
ဟုတ်ပါပြီ။ ငွေတွက်နည်းပြဆိုလည်း ကိုယ်ရနိုင်တာပဲပြောကြတယ်။ ငွေဘယ်ကလာသလဲ မပြောပြတတ်ကြဘူး(*)။ Branch Bonus တွေ၊ Personal Bonus တွေ၊ Level Matching Plan တွေပြောပြကြဦးမှာပါ။ တကယ်လည်း အဲဒီအတိုင်းလည်းရနေကြမှာပါ။ ဒါပေမယ့် Logically စဉ်းစားရင်
(*) Member တွေအားလုံးရနေတဲ့ ငွေသည် Member တွေ လစဉ်ဝယ်ယူပေးရတဲ့ point ရယ် + အောက်ဆုံးက အကျိုးအမြတ် မရသေးတဲ့ Member တွေ မဝယ်မနေရ ဝယ်နေရလို့ ရတဲ့ငွေတွေပါပဲ။ ဘာလို့လဲဆိုတော့ MLM က Product ထုတ်နေတာမှမဟုတ်တာ။ စက်ရုံက Product ကို အကုန်ယူရောင်းနေတာကိုး။
Apple လည်း စက်ရုံကိုအပ်ပြီးလုပ်ခိုင်းတာပဲ ဆိုပြီး ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် အားလုံးက Apple Design & Technology ပဲ။ အလုပ်သမားထပ်ငှားတာပဲ တူတာ။
ဒီတော့ Apple ကဈေးမြှောက်တာ လက်ခံနိုင်တယ်(ဝယ်သုံးချင်မှသုံးပါမယ်)။ MLM တွေ တဆင့်ပြန်ယူရောင်းတာကို ဈေးက ၂ ဆကနေ ၁၀ ဆလောက်ကွာနေတာပဲ။
ဈေးက အခြား နာမည်အကြီးဆုံး Brand လောက်ရှိရင်တောင်လက်ခံပါသေးတယ်။
Intro လုပ်တုန်းက 60% ဖြစ်တဲ့ သယ်ယူစရိတ်၊ Retail အမြတ်တွေကို ပြန်ပေးတာဆို။ ဒါဆို ကျန်တဲ့ 40% က တကယ့် ကုန်ပစ္စည်းကုန်ကျစရိတ်ဟုတ်ပါမလား။ အဲဒီမှာတင် နိုင်ငံခြားက ဂျင်းထည့်နေတာပါ၊ ဒါကို ပြည်တွင်းက အလိုတော်ရိတွေကပါ ကော်မရှင်မက်ပြီး လိုက်ထည့်နေတယ်။ ဒါပေမယ့် စကားလှလှလေး သုံးပြီး Motivate လုပ်ပေးလိုက်တယ်။ Business Owner ပေါ့။
Business ဆိုတာ သူ့ဘာသာ Run နေတာတဲ့။ ဟုတ်တယ်။ Agreed။ ဒါပေမယ့် ဘယ်သူမှထိုင်မစားဘူး။ ကိုယ့်Product ကိုယ်ဂရုစိုက်တယ်။ တာဝန်ယူတယ်။ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်လုပ်တယ်။ သူများထက် အရည်အသွေးကောင်းရမယ်။ အရည်အသွေးချင်းတူရင် ဈေးသက်သာရမယ်။ ဘယ် Good Business မှ အချိန်တန် ကိုယ့် Product ဝယ်ရမယ်လို့ ချုပ်မရောင်းဘူး။ ဆိုရှယ်လစ်စနစ်မရှိတော့ဘူး။
အရာရာတိုင်းက အကြောင်းအကျိုးရှိပါတယ်။
အထူးသဖြင့် Money က Traceability ရှိပါတယ်။ လမ်းကြောင်းလိုက်လို့ရပါတယ်။ Conservative သဘော(လည်ပတ်နေတဲ့သဘော)ရှိပါတယ်။
အချိန်တန်ရင် နွားပိန်ကန်ပါလိမ့်မယ်။ မင်းတို့လုပ်လို့ နွားပိန်တောင်ကျန်သေးရင်။
အစိုးရိမ်ရဆုံးက အချိန်တန်လို့ ပဋိပက္ခ ဖြစ်ရင် ကိုယ်တွေနိုင်ငံသားတွေပဲ နစ်နာပြီ ကျန်ခဲ့မှာပါ။ အထူးသဖြင့် အောက်ဆုံး Downline တွေပါပဲ။ အဲဒီသူတွေကလည်း ဘယ်လိုလူတွေဖြစ်နိုင်ကြမလဲဆိုတာ ခံပြင်းစွာ မှန်းဆရင်း.....