Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, February 20, 2017

Qnet ကြောင့်နစ်နာသူညီမတစ်ယောက်ရဲ့ရင်ဖွင့်သံ


အားလုံးပဲ မင်္ဂလာပါရှင်​....
ဒီ Group ထဲက ညီအကို​မောင်​နှမ​တွေအားလုံး MLM ​ကြောင့်​ ဘ၀မပျက်​ရုံတမယ်​ဖြစ်​ခဲ့ဘူးသူများရှိ​ကောင်းရှိပါလိမ့်​မယ့်​ .. ကျမ ဘ၀မှာ အဆိုးဝါးဆုံး​နေ့ရက်​​တွေ အ​ကြောင်းကို သူငယ်​ချင်းတို့ကိုပြန်​ share ခွင့်​ပြုပါ... အမှန်​တရားတစ်​ခုကို ချပြခွင့်​ရလို့ တစ်​ဦးတစ်​​ယောက်​ ကို အသိ​ပေးကယ်​တင်​ခွင့်​ရရင်​ပဲ ၀မ်းသာ​ကျေနပ်​မိမှာပါရှင်​...
ကျမ လွန်​ခဲ့တဲ့ ၂နှစ်​​လောက်​ကပါ . ကျမက company တစ်​ခုမှာ office ပိုင်းမှာလုပိပါတယ်​. အလုပ်​မှာ အထက်​လူကြီးနဲ့ အဆငိမ​ပြေသလို လုပိ​ဖော်​ကိုင်​ဖက်​အချင်းချင်းလဲ အဆင်​မ​ပြေမူ​တွေဖြစ်​​နေတဲ့ ကာလတစ်​ခု​ပေါ့. . လက်​ရှိလုပ်​​နေတဲ့ အလုပ်​က​နေ တစ်​ခြားအလုပ်​တစ်​ခုကို ​ပြောင်းချင်​တဲ့စိတ်​က​တော့တားမရ​အောင်​ပါပဲ.. ဒီ့ပြငိ့အလုပ်​​တွေကိုလဲ ​လျှောက်​ထားခဲ့ပါတယ်​.. တ​နေ့မှာ ကျမညီမ​လေးရဲ့ သူငယ်​ချင်းဖြစ်​သူနဲ့ အမှတ်​မထင်​ဆုံခဲ့ပါတယ်​.. အ​ပေါင်းအသင်းနဲ့​တွေ့ရင်​ ထုံးစံအတိုင်း ဘယ်​မှာလုပိ​နေလဲ အဆငိ​ပြေလား ​ပေါ့ .. သူက​မေးပါတယ်​. ကျမလဲ လက်​ရှိအလုပ်​မှာ အဆင်​မ​ပြေ​ကြောင်း အခြားအလုပ်​ရှာ​နေ​ကြောင်းရင်​ဖွင့်​ပါတယ်​.. အဲ့ဒီ့ ​ကောင်​မ​လေးက အမ သမီးကအခုအရမ်းအဆင်​​ပြေ​နေတာ. . အလုပ်​အချိန်​ကလဲ မများဘူး တ​နေ့မှာ ၃နာရီ​လောက်​အချိန်​​ပေးနိုင်​ရင်​ရပြီ. တစ်​လကို ၅သိန်း​လောက်​ရတယ်​​ပေါ့. ... ကျမလဲ အရမ်းအံ့သြမိသွားပါတယ်​..လက်​ရှိလုပ်​​နေတဲ့ အလုပ်​က လစာ​လေး ၁၅၀၀၀၀ ​လောက်​ရပြီး စိတ်​ဖိစီးမူ​တွေနဲ့ပြည့်​​နေတာ. သူ့အလုပ်​က အဆင်​​ပြေလှချညိလား ဆိုပြီး အားကျမိသွားပါတယ်​.. . ကျမ​မေးပါတယ်​.. ဘာ​တွေလုပ်​ရတာလဲ . တစ်​လကို ၅သိန်းရ​နေ​တော့ ဥပ​ဒေနဲ့​ရော လွတ်​ကင်းရဲ့လား​ပေါ့. သူက ဘာ​မေး​မေးမ​ဖြေပဲ သူ့တို့ရုံးကိုသာ လာခဲ့ဖို့ပဲ ​ပြောပါတယ်​.. သူ့အလုပ်​က ဒီအတိုင်း​ပြောလို့မရ​ကြောင်း ..ရုံး​ရောက်​မှ လုပ်​ငန်းအ​ကြောင်းကို အ​သေးစိတ်​ရှင်းပြမှ အမနားလည်​မှာဖြစ်​​ကြောင်း​ပြောပါတယ်​.. သူ့တို့ရုံးက ​မြေနီကုန်းက ဂမုန်းပွင့်​​ဘေးကတိုက်​ ငါးလွှာမှာတဲ့ . ကျမလဲ မနက်​လာခဲ့မယ်​ဆိုပြီး ဂတိ​ပေးလိုက်​ပါတယ်​.... .
သူတို့ ​မြေနီကုန်းက ရုံးခန်းကို ကျမ​ရောက်​သွားခဲ့ပါတယ်​..
ဓာတ်​​လှေကားနဲ့တက်​ရပြီး ၅လွှ​မြောက်​မှာပါ.. ကျမ​ရောက်​သွား​တော့ အဲ့ဒီ့​ကောင်​မ​လေးက ထွက်​ကြိုပါတယ်​.တိုက်​ခန်းအတွင်းထဲကို ၀င်​လိုက်​​တော့ စားပွဲဝိုင်းခုံ​တွေ ၁၀၀ိုင်း​လောက်​ရှိမယ်​..လူကြီး လူငယ်​​တွေအများကြီးပဲ အခန်းထဲမှာ အပြည့်​ပဲ . သူတို့ အုပ်​စုလိုက်​စီ ကို တစ်​​ယောက်​နှုန်း ရှင်းပြ​နေပါတယ်​..
ကျမကို အသိ​ကောင်​မ​လေးက စားပွဲလွတ်​တစ်​ခုကို​ခေါ်သွားပြီး ထိုင်​ခိုင်းပါတယ်​.. သူ့ စီနီယာကို ​ခေါ်​ပေးမယ်​.. သူက ဒီစီးပွား​ရေးအ​ကြောင်းကိုရှင်းပြမယ်​​ပေါ့.. ကျမလဲ ​စောင့်​​နေလိုက်​ပါတယ်​.. ခန​နေ​တော့ အမျိုး သမီးခပ်​၀၀တစ်​​ယောက်​ ကျမအနား​ရောက်​လာတယ်​.. မျတ်​နှာက​တော့ ပြုံးချို​နေတာပါပဲ.. ကျမအသိ​ကောင်​မ​လေးက အဲ့ ၀၀နဲ့မိန်းမကို ​ရေတစ်​ခွက်​ယူလာ​ပေးပါတယ်​.. (သူတို့လုပ်​​နေကြ ပါ​ဖောမန့် ​တစ်​ခုပါ ဧည့်​သည်​​တွေ ရှိမ်​သွား​အောင်​ပါတဲ့) A4 စာရွက်​ ၄ရွက်​နဲ့ ​ဖောပင်​တစ်​​ချောင်း လာချ​ပေးပါတယ်​..မမ၀၀ က စတင်​ပြီး ကျမ အ​ကြောင်း​တွေ​မေးပါတယ်​.. ပြီး​တော့ ဒီလုပ်​ငန်းကို ကျမသိပြီး​ရောက်​လာတာဟာ ကျမ ကံ​ကောင်း​ကြောင်း . ​ပြောပါတယ်​. စာရှည်​မှာစိုးလို့ အကျဉ်းချုပ်​​ရေးပါရ​စေ.. ဒီလုပ်​ငန်းမှာ Qnet လို့​ခေါ်​ကြောင်း မ​လေးရှားအ​ခြေစိုက်​လုပ်​ငန်းဖြစ်​​ကြောင်း . ဒီလုပိငန်းကို မြန်​မာနိုင်​ငံသာမက နိုင်​ငံခြားကပါ လုပ်​ကိုင်​​နေကြ​ကြောင်း .. ဒီအလုပ်​လုပ်​ပြီးဘ၀​ပြောင်းလဲ​ကြောင်း . သူတို့သူ​ဌေးက ​ဖောမြူလာဝမ်းလိုကားပြိုင်​​တွေမှာ​တောင်​ မိန်းစပွန်​ဆာ​ပေးနိုင်​​ကြောင်း .. မြန်​မာပြည်​လာခဲ့​ကြောင်း . ​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့ တွဲရိုက်​ထားတဲ့ပုံ​တွေပါပြပြီး . နိုဘယ်​ဆုရထား​ကြောင်း​ပြောပြီး .လုပ်​ငန်းခိုင်​မာ​ကြောင်းသက်​​သေထူပါ​တော့တယိ.. . .ကျမတို့လို အရိုးခံလူ​တွေအတွက်​က​တော့ ဒီလုပ်​ငန်းကို အထငိကြီးပြီးရင်းကြီးကုန်​ပါ​တော့တယ်​.. ဒီလုပ်​ငန်းကို လုပ်​ချင်​လျှင်​မခက်​ခဲ​ကြောင်း Qnet company ကထုတ်​လုပ်​တဲ့ Productတစ်​ခုခုကို ၀ယ်​ပြီး member ဖြစ်​ပြီဖြစ်​​ကြောင်း.. ပြီးလျှင်​ member ၂ ဦးထပ်​ရှာရမည်​ဖြစ်​​ကြောင်း . အဲ့ ၂ ဆင့်​လုပ်​ပြီးတာနှင့်​ ကျန်​တာ ဘာမှလုပ်​စရာမလိုပဲ Bank Accထဲကို ကိုယိ့ member တိုးတိုငိး​ငွေဝင်​​နေမှာ ဖြစ်​​ကြောင်း.. ..သူတွက်​ပြလိုက်​တာ တစ်​နှစ်​ကို သိန်း ၂၀၀၀ ​တောင်​၀င်​​ငွေရသွားပါတယ်​.. <စာနဲ့ တွက်​ပြတာ​နော်​.> ကျမလဲ အရမ်းချမ်း​သာချင်​သွားတယ်​.. လုပ်​မယိ​ပေါ့ .. ဘယ်​​လောက်​​ငွေသွင်းရမလဲဆို​တော့ . ၁၀ သိန်းပါတဲ့ ..
ကျမမှာ အဲ့​လောက်​​ငွေပမာဏဘယ်​ရှိပါ့မလဲ..ချီတုံ ချတုံ ဖြစ်​​နေတယ်​.. ကျမ မိဘနဲ့ ပြန်​တိုငိပင်​လိုက်​ပါအုန်းမယ်​လို့ ကျမ​ပြောတယ်​.. အဲ့တစ်​​ယောက်​က မတိုင်​ပင်​နဲ့ မိဘက သ​ဘောတူမှာမဟုတိဘူး . လူကြီး​တွေက နားမလည်​ဘူး .​ပြောတယ်​.. သူတို့က ကျမ​ရှေ့​ရေးကို ဖျက်​စီးလိမ့်​မယ်​တဲ့ . ကျမမှာ ​ငွေမှမရှိတာလို့ ကျမ​ပြော​တော့ . ​ငွေရ​အောင်​ သူအကြံ​ပေးမယ်​တဲ့ သူ့တုန်းကလဲ ဒီလိုပဲ လုပ်​တာတဲ့. သူ့နည်း​လေးအတိုင်းလိုက်​လုပ်​ကြည့်​တဲ့ ​ငွေ ၁၀ သိန်းက မခက်​ခဲပါဘူးတဲ့​လေ..
သူ့တုန်းက အရမ်းခင်​တဲ့ သူငယ်​ချင်း ၆​ရောက်​​လောက်​ကို စာရင်းချ​ရေးပြီး တစ်​​ယောက်​ချင်းစီကို ဖုန်းဆက်​ပြီး ပိုက်​စံလိုက်​​ချေးတယ်​တဲ့ . ၁၀ သိန်းရ​တော့ ဒီလုပ်​ငန်းကို ရင်းနှီးမြုပ်​နှံလိုက်​သတဲ့ . ၂ ပါတ်​အတွင်း အ​ကြွေး​တွေပြန်​ဆပ်​နိုင်​ပြီး အခုဆို ကိုယ်​ပိုင်းကား​တောင်​စီးနိုင်​​ကြောင်း​ပြောပြီး .. ကျမကို မပါ ပါ​အောင်​စည်းရုံးပါ​တော့တယ်​.. . ကျမလဲ ၃ရက်​အတွင်း member ၀င်​မယ်​ဆိုပြီး ပြန်၊လခဲ့တယ်​.. မိသားစုနဲ့ပြန်​တိုင်​ပင်​​တော့ မိဘ​တွေက ဒီအလုပ်​ဟာ အဓိပ္ပါယ်​မရှိဘူး . မလုပ်​ရဘူး​ပြောတာ​ပေါ့.. ကျမစိတ်​ထဲမှာ​တော့ ကျမ မိဘ​တွေကို စိတ်​​တောငိဆိုးမိတယ်​. ငါ့တိုးတက်​ဖို့ဟာကို မ​ထောက်​ပံ့​ပေးနိုင်​ဘူး ဆိုပြီး​တော့​ပေါ့. . .
ကျမ ​ငွေ ဆယ်​သိန်းကို မရရ​အောင်​ရှာခဲ့တယ်​.. အတိုး​ချေးတဲ့ လူဆီက​နေ ၁၀ သိန်း ကို ၂၀တိုးနဲ့ ယူခဲ့တယ်​.. <ကျမ အဲ့ဒီ့အချိန်​ကအရမ်းမိုက်​မဲခဲ့တယ်​ ​လောဘစိတ်​​တွေက ကျမကိုအ​မှောင်​ကျ​နေခဲ့တယ်​> ​ငွေဆယ်​သိန်းရ​တော့ ချီပန့်​တက်​ဆိုတဲ့ အပြား​လေးတစ်​ပြားကို ​ငွေဆယ်​သိန်းနဲ့ ၀ယ်​ပြီး ဂုဏ်​ယူစွာ စွဲထားခဲ့တာ.. <ကျမ ဘ၀စပျက်​တဲ့ အချိန်​ပါပဲ> လူ ၂​ယောက်​ ရဖို့ အသည်းအသန်​ရှာခဲ့ရတယ်​.. သူတို့ပွဲ​တွေ လုပ်​တိုင်း လက်​မှက်​​တွေ ၀ယ်​ရတယ်​.. ကျမ ​ငွေ​တွေ အရမ်းကုန်​ခဲ့တယ်​.. အချိန်​​တွေ ပုပ်​ခဲ့တယ်​... ကျမလို မျိုးပဲ member ​တွေ အကုန်​လုံးစိတိဓာတ်​ကျ​နေကျတယ်​.. ​ခေါင်း​​ဆောင်​ပိုင်း​တွေက​တော့ ​ကောင်း​စား​နေကြတယ်​.. တ​နေ့ ကျမ သူငယ်​ချင်းတစ်​​ယောက်​ကို ကျမတိုက်​တွနိးလိုကိတာ... သူက ​ငွေဆယ်​သိန်းပိုက်​ပြီး ကျမဆီလာတယ်​ . ကျမ လူတစ်​​ယောက်​ရပီ​လေ . ကျမ​ပျော်​သင့်​တယ်​လို့ထင်​တယ်​.. သူ့ကို အခန်းတံခါး​ရှေ့ထိ​ခေါ်လာတယ်​.. သူက ကျမကို ကြည့်​ပြီး သိပ်​အားကျ​နေခဲ့တယ်​ .. ကျမ အရမ်းအဆင်​​​ပြေ​နေတဲ့ပုံ​​ကိုး ..အဲ့ဒီ့ အချိန်​မှာပဲ ကမျစိတ်​​ပြောင်းသွားတယ်​ . ကျမ သူငယ်ချင်း​လက်​ကိုဆွဲပြီး ကျမ ​လှေခါး​တွေ အတိုင်းပြန်​ဆင်း​ပြေးလာမိတယ်​.. ပြီး​တော့ ကျမ သူ့ကိုဖက်​ပြီးငိုတယ်​.. အားရပါးရငိုတယ်​.. ကျမ သူ့ကို​ပြောတယ်​.. သူငယ်​ချင်း နင်​ဒီအလုပိကိုမလုပ်​နဲ့​တော့ ဒီကဟာ​တွေ အကုန်​လုံး အလိမ်​အညာ​တွေချည်းပဲ .. ငါ အဆင်​​ပြေ​နေတယ်​လို့ ထင်​သလား . ငါ အရမ်းဒုတ်​ခ​ရောက်​​နေတာ. ငါ ​ငွေ ဆယ်​သိန်း သူများဆီက ​ချေးပြီး အတိုး​ပေါ်အတိုးထက်​ ​နေတာ. သူ့တို့က လူလိမ်​​တွေ ..ငါ့ဘ၀​တော့ ပျက်​​နေပီ . အိမ်​ကသိရင်​ ငါ့အ​မေ​သေလိမ့်​မယ်​..ငါ ဒီအ​ကြွေး​တွေကို မဆပ်​နို​​င်​​တော့ဘူး . ငါ ကိုယ့်​ကိုကိုယ်​ သက်​​သေချင်​​နေပီ. ငါ အသုံးမကျဘူး .. ပညာတက်​ပြီး ဥာဏ်​မရှိခဲ့ဘူးဆိုပြီး သူ့ကို အားရပါးရ၀န်​ခံ​နေမိတယ်​.... အဲ့အချိန်​က စပြီး ကျမ အဲ့ဒီ့ လူ့ဘ၀​တွေကို ချနင်း​နေတဲ့ mlm ကို ​ချောခိုင်းခဲ့တယ်​... ကျမ ​ကျေနပ်​တယ်​.. ကျမ ဘ၀နဲ့ရင်းပြီး အ​တွေ့အကြုံ ရလိုက်​လို့
ကျမ သိလိုကိတာက .. ဒီ mlm အလုပ်​က အတ္တကြီးပြီး ကိုယ်​​ကောင်းစားဖို့ သူများဘ၀​တွေကို ​လှေခါးထစိလုပ်​တကိ​နေတာပဲလို့..
..
လူတိုင်း ကျမလို အဖြစ်​ဆိုးက​နေ​ဝေးကြပါ​စေရှင်​..
ကျမ member ၀င်​ခဲတဲ့  Company က Q Net ပါ..
https://www.facebook.com/groups/myanmarmlmtruth/permalink/523244864535337/