Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, February 21, 2017

မနှစ်က ယောဂီလာဝင် တဲ့ဒကာမ လေး နဲ့အဖွဲ ၃၆ ယောက် Qnet ကြောင့် အချိန် တွေ ငွေ ကြေး တွေ ဆုံးရှုံးနစ်နာခဲ့ကြရတယ် …


 
အရှင် ဣန္ဒောဘာသ
မနှစ်က ယောဂီလာဝင် တဲ့ဒကာမ လေး နဲ့အဖွဲ ၃၆
ယောက် Qnet ကြောင့် အချိန် တွေ ငွေ ကြေး တွေ
ဆုံးရှုံးနစ်နာခဲ့ကြရတယ် …
လွန် ခဲ့တဲ့ ၂ နှစ် လောက်က ပဲခူး တိုင်း အုတ် ဖို မြို့
နယ် ချင်းစု ကျေးရွာ မှာ လူ တစ် ရာ ကျော် AimStar
ကြောင့် အချိန် တွေ ငွေံကြေး တွေ နစ်နာ ဆုံးရှုံး ခဲ့ကြ
ရတယ် …
တောသူ တောင် သား တွေဆိုတာရိုးသားဖြူစင် တဲ့
သူ တွေပါ…သိန်းဂဏန်းငွေကြေးကိုစု ဆောင်းမိဘို့
ပင် ပင် ပမ်းပမ်း ရှာဖွေစု ဆောင်းကြရတဲ့သူတွေပါ…
ဒီလို လူ တွေအ ပေါ်မှာ လူသား အချင်းချင်းစာနာ
စိတ် ကင်းမဲ့လွန်းစွာ လူမဆန်စွာ မလုပ် သင့်ကြပါ
ဘူးဗျာ……လူစိတ် ရှိတယ် ဆို ရင် ပေါ့…
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကုသိုလ် / အကုသိုလ်
အပြစ် ရှိ /အပြစ် မဲ့
လုပ်သင့် / မလုပ်သင့်
မှန်မှန်ကန်ကန် ဆင် ခြင် သုံးသတ်နိုင် တဲ့
အသိ ပညာက လူတွေအတွက် တိရစ္ဆာန် ထက်
သာ တဲ့ အချက် ပါ ဘဲ……
ဒီလို ခွဲခြား မသိရင် တိရစ္ဆာန်နဲ့ ဘာမှသိပ်
မထူး တော့ တဲ့ လူ ဖြစ် သွား မှာ ဘဲလေ……
ဒေဝဒတ္တ က ရဟန်း ပါဘဲ …သို့သော် လည်း
တပည့်ဖြစ် သူ အဇာတသတ် ကို အ ဖေ သတ်
ခိုင်း တဲ့ရဟန်း တဲ့…
အဇာတသတ်က ဘုရင် ဘဲ …သို့ ပေမဲ့
စောစောစီးစီး ဘုရင် ဖြစ် ချင် တဲ့ လောဘ
ကြောင့် အ ဖေ အရင်းကို သတ် တဲ့ဘုရင် ဖြစ်တယ်…
စဉ်းစား ကြည့် နော် …
သင်္ကန်းကတ်ထားတဲ့ ဘုန်းကြီး
လူ ထဲ မှာ ဘုရင် ရာထူး ရှိ တဲ့လူ …
ဒါ ပေ မဲ့ သူတို့ လုပ် တဲ့ အလုပ် တွေက
အသိဉာဏ် မဲ့တဲ့ တိရစ္ဆာန် တွေ နဲ့ ဘာများ
ထူး သေး လဲ …
ပုထုဇဉ် တိုင်း လောဘ ဒေါသ ရှိကြသူ တွေချည်း
ပါဘဲ…သို့ပေ မဲ့ …
လုပ် သင့် မလုပ် သင့်/ပြောသင့် မ ပြော သင့် ဆိုတာ
ကို အသိဉာဏ် နဲ့ ထိန်းချုပ် ပြီး ဆင်ခြင် ထိန်း သိန်း
နေ ကြ လို့ လူ့အသိုင်း အဝိုင်းဟာ တိရစ္ဆာန် တွေလို
ဖရို ဖရဲမဖြစ် တာ ပါ……
သူတို့တ တွေ မှားမှန်းသိပြီး နောင် တ ရကြပါတယ်
သို့ ပေ မဲ့လည်း နောက် ကျ သွား ခဲ့ပြီလေ…အဲဒိ
အမှား အတွက် အခု နာနာကျင် ကျင်ပြန်လည် ပေး
ဆပ် နေကြရတယ် …
လောကမှာ လောဘ ဒေါသ တွေ မထိန်း နိုင် တဲ့
လူ တွေ များလာ ရင် လောက ကြီး မချမ်း မြေ့
တော့ဘူး…မသာယာ မလှပ တော့ဘူး…
ကိုယ့် ကြောင့် ကိုယ့် ပတ်ဝန်းကျင် ကိုယ့် ဘေးက
လူ တွေ စိတ် ဆင်းရဲကြရတယ်…သောက ရောက်ကြ
ရတယ် ဆို ရင် တိုက် နဲ့ဘဲနေနိုင် နေနိုင် ကိုယ် ပိုင်
ကားဘဲစီးနိုင် စီး နိုင် ဘာ များ အထင် ရောက် စရာ
ရှိအုံး မှာ လဲ…ဘယ် လို လုပ်ပြီး လိပ်ပြာသန့်မလဲလေ…
လော ဘ က လိမ် ခိုင်း တိုင်း လိမ်
လောဘက ဟန် ဆောင် ခိုင်းတိုင်း ဟန် ဆောင်ပြ
လောဘက အမြတ်ကြီးစားခိုင်း တိုင်းတခြား လူးကို
ခေါင်းပုံ ဖြတ်…အမြတ်ကြီးစား…
လောဘက ကလိန်ကကျစ် လုပ် ခိုင်း တိုင်း
ကလိန် ကကျစ် တွေ လုပ် …
လောဘ ခိုင်းသမျှ လုပ် ပြီး လောဘတဏှာရဲ့
ကျွန် ဘဝ နဲ့ ခန တာ ဘဝ မွေးမြူရှင် သန် နေ
တဲ့ လူ တစ် ယောက် ဆို ရင် ဒီ လူ ဘာများ
တန်ဘိုးရှိအုံးမလဲ…ရှေးကုသိုလ် ကြောင့် လူဖြစ်
နေ ပြီး ထမင်းစား နေ ပေမဲ့ မြက်စား တဲ့တိရစ္ဆာန်
တစ် ကောင် နဲ့ ဘာများ ခြားနားအုံးမှာလည်း…
လောဘရှိ တဲ့ပုထုဇဉ် ပေမဲ့ လောဘ ခိုင်း တိုင်း
မယုတ်မာ မ ကောက်ကျစ် ဘဲ လောဘ ကသာ
ကိုယ် အလို အတိုင်း ဖြစ် စေမဲ့ လောဘကို ထိန်း
ချုပ် နိုင် တဲ့ လူ တစ် ယောက် ဆိုရင် ဒါ လူပီသ
ပြီ ပေါ့ ဗျာ…ကိုယ့် ကြောင့် ဘယ် သူမှ မနစ်နာ
မထိ ခိုက် တော့ ဘူး ပေါ့…ကိုယ့် ပတ်ဝန်ကျင်
အကျည်းမတန် တော့ ဘူး ပေါ့…
ဆယ် စုနှစ် ပေါင်းများစွာ လောဘသမား
တွေရဲ့လက် အောက် မှာ တို့နိုင် ငံပြာ ကျ ခဲ့ရတာ
ဘယ် သူငြင်း နိုင် အုံး မှာ လဲ…
ဒီလောဘ တွေမထိန်း နိုင် သ၍ ဘယ် လူတွေဘဲ
ပြောင်း ပြောင်း ဘယ် ခေါင်းစဉ် တွေ ဘဲတပ် တပ်
ပြာ ပုံ ထဲက ရုန်းထွက်နိုင် ဘို့ဆို တာ လဲ မဖြစ်
နိုင် ပါဘူး…
ပြည်သူပြည် သားအချင်းချင်းကလည်း စာနာစိတ်
မဲ့ ဘယ်သူသေ သေ င တေမာပြီးရော သမားတွေ
များ နေ ရင် …………………
ကိ လေသာ ရဲ့ အပြစ် တွေပါ!.တို့တွေအားလုံ
ဆင် ခြင် လို့ လောဘ ဒေါသ မောဟ သား
ကောင် တွေ မဖြစ် ကြ ဘို့ပါ ဘဲ……
ဦးဣန္ဒော
24 - 10 - 2016
အနန္တဂုဏ် ရည် ကျောင်းတိုက်
လှည်းကူး ရန်ကုန်
®®®®®®®®®®®®®®®®®®®®®®®®
https://www.facebook.com/groups/aimstar.victims/permalink/1817257685218574/