Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

မြန်မာပြည်သူတွေကို လိမ်ညာဖို့ ထောင်ချောက်ဆင်နေတဲ့ ငွေလိမ်ဂိုဏ်း SCL club ၏ မက်လုံးများ


မြန်မာပြည်သူတွေကို လိမ်ညာဖို့ ထောင်ချောက်ဆင်နေတဲ့ ငွေလိမ်ဂိုဏ်း
SCL club ၏ မက်လုံးများ
~~~~~~~~~~~~~

100$ = 125000 ကျပ်ရင်းလျှင်
(ရက်ပေါင်း၉၀မြှပ်နှံရမည်)

တစ်ရက်ပြန်ရငွေ = ၃၃၀၀ ကျပ်
၃၃၀၀×၉၀ = ၂၉၇၀၀၀ ကျပ်
အရင်း = ၁၂၅၀၀၀ ကျပ်
အမြတ်= ၁၇၂၀၀၀ ကျပ် (ရက်၉၀စာ)
၁လစာ အမြတ် = ၅၇၀၀၀ ကျပ်
----------------------------------

1000$ = 1250000 ကျပ်ရင်းလျှင်
(ရက်ပေါင်း ၁၈၀ မြှပ်နှံရမည်)

တစ်ရက်ပြန်ရငွေ = ၁၂၃၀၀ ကျပ်
၁၂၃၀၀×၁၈၀= ၂၂၁၄၀၀၀ ကျပ်
အရင်း = ၁၂၅၀၀၀၀ ကျပ်
အမြတ် = ၉၆၄၀၀၀ ကျပ် (ရက်၁၈၀စာ)
၁လစာအမြတ် = ၁၆၀၀၀၀ ကျပ်
-------------------------------

3000$ = 3 750 000 ကျပ်
(ရက်ပေါင်း၂၁၀မြှပ်နှံရမည်)

တစ်ရက်ပြန်ရငွေ = ၂၉၄၀၀ ကျပ်
၂၉၄၀၀×၂၁၀ = ၆ ၁၇၄ ၀၀၀ ကျပ်
အရင်း = ၃ ၇၅၀ ၀၀၀ ကျပ်
အမြတ် = ၂ ၄၂၄ ၀၀၀ ကျပ် (ရက်၂၁၀စာ)
၁လစာအမြတ် = ၃၄၆ ၀၀၀ ကျပ်
------------------------------------

10000$ = 12 500 000 ကျပ်
(ရက်ပေါင်း၂၄၀မြှပ်နှံရမည်)

တစ်ရက်ပြန်ရငွေ = ၁၁၂၅၀၀ ကျပ်
၁၁၂၅၀၀×၂၁၀ = ၂၇ ၀၀၀ ၀၀၀ ကျပ်
အရင်း = ၁၂ ၅၀၀ ၀၀၀ ကျပ်
အမြတ် = ၁၄ ၅၀၀ ၀၀၀ ကျပ် (ရက်၂၄၀စာ)
၁လစာအမြတ် = ၁ ၈၁၂ ၅၀၀ ကျပ်
_____________
.
.
မက်လုံး ထောင်ချောက်ကို သုံးသပ်ခြင်း


ဘဏ်မှာ ငွေအပ်ရင် အများဆုံး အတိုးက တစ်နှစ်ကို 10 ရာခိုင်းနှုန်းပါပဲ။
ဒါ အတိုးနှုန်း အများဆုံးရနိုင်တဲ့ စာရင်းသေ အပ်ငွေရဲ့ အတိုးနှုန်းနော်။

အဲဒါ တစ်နှစ်အတွက်ပါ။
တစ်လ အတိုးဆိုရင်
1 ရာခိုင်နှုန်းတောင် မရပါဘူး။

ဘဏ်အတိုးနှုန်း အမြင့်ဆုံး တစ်နှစ် 10 ရာခိုင်နှုန်းကို
12 လ နဲ့ စားကြည့်ရင်
တစ်လစာ အတိုးနှုန်း 0.83 ရာခိုင်နှုန်းပဲ ရပါတယ်။

အခု ဒီကုမ္ပဏီက ၁သိန်း၂သောင်းခွဲ ရင်းရုံနဲ့ ၃ လ အတွက် အမြတ် ၁၇၂၀၀၀ မြတ်မယ်တဲ့။

အမြတ်နှုန်းက ၃ လ အတွက် 138 ရာခိုင်နှုန်းတောင် ရှိတယ်။
တစ်လအတွက်ဆိုရင် 46 ရာခိုင်နှုန်း ရှိနေတယ်။
တစ်နှစ်အတွက်ဆိုရင် 550 ရာခိုင်နှုန်း ရှိတယ်။

ဘဏ်အတိုးနှုန်းက အမြင့်ဆုံးမှ တစ်နှစ် 10 ရာခိုင်နှုန်းပဲရှိတာပါ။

ဒီလို ကုမ္ပဏီက တစ်နှစ် အမြတ်နှုန်း 550 ရာခိုင်နှုန်း ပေးမယ်ဆိုတော့..
ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားစရာပဲ။
.

နောက်တစ်ချက်က...
တကယ်သာ ဒီလောက် အမြတ်ပေးနိုင်ရင် ဒီလို ငွေရင်းမယ့်သူ လိုက်ရှာနေဖို့ မလိုအပ်ဘူး။

ဘဏ်မှာ ငွေချေးလို့ ရတာပဲ။

ဘဏ်မှာ ငွေချေးရင် တစ်နှစ်အတိုးနှုန်း
12 ရာခိုင်နှုန်းပဲ ပေးရမှာလေ။

အဲဒါကို ဒီကုမ္ပဏီက ဘဏ်မှာ ငွေမချေးဘဲ
မြန်မာပြည်သူတွေကို တစ်နှစ် အမြတ်နှုန်း 550 ရာခိုင်နှုန်း ပေးမယ်ပြောပြီး
ငွေရင်းခိုင်းနေတာ သံသယဖြစ်စရာပဲ။

တကယ်တမ်း ဒီလောက် အမြတ်ပေးနိုင်ရင် ကျနော်တို့ ခင်ဗျားတို့ထက်
ဘဏ်တွေက ရှေ့ဆုံးကနေ ရင်းနှီးမြှုပ်နှံ မှာပေါ့။
အခုလို ငွေရင်းမယ့်သူ လိုက်ရှာနေဖို့တောင် မလိုအပ်ဘူးလေ။

နိဂုံးချုပ်တော့ ဒီ ကုမ္ပဏီဟာ
ငွေလိမ်ဂိုဏ်း ဆိုတာ
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။

မြန်မာပြည်သူတွေ လိမ်ခံရရင်
ပြည်တွင်းက ငွေကြေးတွေ ပြည်ပကို အလဟဿ
စီးထွက်သွားမယ်။

ကြာတော့ တိုင်းပြည်စီးပွားရေးကို အနည်းနဲ့အများ ထိခိုက်တယ်။

တိုင်းပြည် စီးပွားရေး ထိခိုက်တော့
ကျန်​တဲ့ ပြည်သူတွေကိုပါ သွယ်​ဝိုက်​ နစ်​နာ​စေပါတယ်​။
_______

.
ငွေရင်းခိုင်း..
ထပ်ဆင့် လူရှာခိုင်း.. မိတ်ဆက်ခိုင်းသော
ငွေလိမ်ဂိုဏ်းတွေကို သတိပြု ရှောင်ရှားကြပါ။