Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

SCL ( Saxon Capital ) နဲ့ ပတ်သက်လို့ DVB က တင်ပြတဲ့ သတင်းပါ


SCL ( Saxon Capital ) နဲ့ ပတ်သက်လို့
DVB က တင်ပြတဲ့ သတင်းပါ ။
သေချာပေါက် ဝေးဝေးရှောင် သင့်တဲ့
နောက်လူတွေ နစ်နာမှာ သေချာနေတဲ့
( သမရိုးကျ MLM စနစ်ထက်ကို အများကြီး ပိုဆိုးတဲ့ / နစ်နာဆုံးရှုံးမှု များနိုင်တဲ့ )
လှုပ်ရှားမှု မျိုး ဖြစ်နိုင်တယ်လို့
ကျွန်တော်တို့ကတော့ ယူဆပါတယ် ။

၁ ။ Ponzi Scheme ( နောက်လူ ရဲ့ ထည့်ဝင်ငွေတွေနဲ့
ရှေ့လူတွေကို အတိုးနဲ့ အကျိုးခံစားခွင့်တွေ ပေးတဲ့ ) စနစ်နဲ့
၂ ။ Referral Marketing ( နောက်လူကို မိတ်ဆက်ပေးရင် ရှေ့လူကို ဆုကြေး ထပ်ပေးတဲ့ )
၃ ။ MLM ရဲ့ Binary Compensation Plan
( ၂ ချောင်းထောက် ပုံစံ အောက်လူ အဆင့်ဆင့်
သွင်းပေးရပြီး အပေါ်လူကို ဘယ်/ညာအုပ်စု ရောင်းအား အပေါ်မှာ ဆုကြေး ပြန်ပေးတဲ့ ပုံစံ ) တွေကို
ရောမွှေ အသုံးပြုထားတာပါ ။
ဒီလောက် များတဲ့ အတိုးနှုန်း နဲ့ ဆုကြေး အဆင့်ဆင့်ကို
ရေရှည် ပေးနိုင်ဖို့ ဆိုတာ လုံးဝ နီးပါး မဖြစ်နိုင်ဘူးလို့
ယူဆ မိပါတယ် ။
ရှေ့ပိုင်းမှာ ဝင်တဲ့ လူတွေ အဆင်ပြေနိုင်ပေမယ့်
နောက်ပိုင်း လူတွေ ဒုက္ခရောက်နိုင်တယ်လို့
ယူဆမိလို့ မီဒီယာတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဦးစားပေး စောင့်ကြည့်ပြီး
အများ ပြည်သူ နစ်နာနိုင်ချေ ရှိမှုကို
အကာအကွယ်ပေးသင့်ကြောင်း အကြံပေးပါရစေဗျာ ။
တာဝန်ကျေစွာ သတင်းတင်ပြပေးတဲ့ DVB က
သက်ဆိုင်သူတွေကို လေးစား ကျေးဇူးတင်မိပါတယ် ။
#ကိုဇင်ဇေ
#AntiPyramidScheme
#AntiMLM

https://www.youtube.com/watch?feature=share&v=r4N-hZZQ-pM&app=desktop