Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

``success more products နှင့် ဈေးရောင်းထွက်ခြင်းပြဿနာ´´


 Image result for successmore
``success more products နှင့် ဈေးရောင်းထွက်ခြင်းပြဿနာ´´
member ဝင်ပြီးထုတ်ကုန်ပစ္စည်း500000ဖိုးဝယ်ပြီးနောက်မှာတော့ သူတို့ဂုရုကြီုးတွေရဲ့အကေုာင်းစားပို့ချမှုတွေအတိုင်း မဒမ်တစ်ယောက် ဈေးရောင်းထွက်ရင်း သားကောင်အရှာထွက်ခဲ့လေတော့၏။
အင်မတန်ရင်းနှီးလှစွာသော ဆွေရိပ်မျိုးရိပ်လည်းမကင်းသော အမျိုးသမီးအိမ်သို့ ဆွဲခြင်းလေးနှင့် ``သူငယ်ချင်းရေ ပစ္စည်းလေးတွေနဲ့မိတ်ဆက်ချင်လို့´´ဟု အစပျိုးယုံပင်ရှိသေး ``ဘာလဲ ဟို ဆေးနဲ့ အလှကုန်ပစ္စည်းတွေမဟုတ်လား´´တဲ့
အေးဟုတ်တယ်သူငယ်ချင်းရေ ဆိုတော့ သူငယ်ချင်းရေ ငါက သွားတိုက်ဆေးဆိုလည်း close up လောက်ပဲသုံးတာ နင်ပြောတဲ့ဟာတွေက ငါမသုံးချင်ပါဘူး fillymore လည်းငါမသုံးပါဘူး ရှင်းရှင်းပြောရရင်အဲဒါတွေ ငါစိတ်မဝင်စားဘူး ဟူ၍ နှင်မထုတ်ယုံတမယ် ဆက်ဆံခံခဲ့ရလေသည်။
သူ့ခမျာသားကောင်မရသည့်အပြင် ဒေါသထွက်၍ပြန်ခဲ့ရသည်။ ဒီနေရာမှာတစ်ခုပြောချင်သည်မှာ အိမ်က မဒမ်ဟာ သူ့ရဲ့ပင်ကိုစရိုက်ကိုက အောက်ကျခံတတ်သူမဟုတ်ချေ မစားရဝမခမ်းစကားလုံးများနှင့် လောဘစိတ်ထိပ်ရောက်အောင် အထူးလေ့ကျင့်သင်ကြားပေးထားသောဆရာ့ဆရာဆရာကြီးများ၏စကားလုံးမှိုင်းမိကာ ဤသို့အရှက်ရခဲ့လေခြင်းဖြစ်လေသည်။
မိမိကိုယ်တိုင် အားမပေးခဲ့သော်ငြား မိမိဇနီးဤသို့အပြောခံခဲ့ရ၍စိတ်မကောင်းလည်းလွန်စွာမှဖြစ်မိလေ၏။မိမိအတန်တန်ပြောသည့်ကြားမှ ဂရုမစိုက်စွာဇွတ်လုပ်ခဲ့သည့်အတွက် ထိုအချိန်သည် ကျန်ုပ်အတွက်အသေပြောသတ်လို့ရသည့် အကွက်ဖြစ်ပေသော်ငြား ချစ်လှစွာသောဇနီးတစ်ယောက်ဖြစ်သည့်အတွက် ပြောမထွက်ပါပဲ နှစ်သိမ့်စကားသာပြောပေးခဲ့လေသည်။
ယခုမူသူနောင်တကြီးစွာရရှိခဲ့လေပြီ။
မှတ်ချက်
သူသွားရောင်းသောအမျိုးသမီးမှာ အတော်လေချမ်းသာပါသည်။တော်ကြာသူမှမသုံးနိုင်တာ huawei ပဲသိတဲ့သူက iphone အရသာဘယ်သိမလဲဆိုတဲ့ စကားလုံးပိုင်ရှင်တွေအထွန့်တက်နေမှာစိုးလို့