Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

`Success More နှင့်လင်မယားစစ်ပွဲ´´



`Success More နှင့်လင်မယားစစ်ပွဲ´´
ပထမဦးဆုံးပြောပြချင်တာက ကျနော့်အိမ်သူအကြောင်းပါ သူဟာကျနော်နဲ့အကြောင်းမပါခင်တုန်းက Gano မှာ member ဝင်ခဲ့သေးတယ် အားလုံးသိတော်မူကြတဲ့အတိုင်း ဝယ်ထားတဲ့ပစ္စည်းတွေ ပိုက်ဘောမိပြီး ငုတ်တုတ်မေ့သွားတော့တာပါပဲ။
ဒီတစ်ခါတော့ ပိုဆိုးတယ်ဗျ success more ရဲ့
diamond star တော်ကီတွေမှာ ဆိုးရွားစွာမျောပါသွားခြင်းပါပဲ။
လူဆိုတဲ့အမျိုးကလည်းခက်သားလားဗျ ပုဂ္ဂိုလ်ခင်ရင် တရားမင် ဆိုသကိုး တနေ့တော့သူအားကျလေးစားတဲ့ သူ့ယောင်းမနှစ်ဝမ်းကွဲက success more ကြီးကိုဆောင်ကြဉ်းလာပါလေရော(ထိုအမျိုးသမီးက ငွေကြေးချမ်းသာသူတစ်ယောက်ဟုဆိုနိုင်သည်)
ညီမရေ အစ်မတို့တော့ညီမတို့မြို့ရဲ့နာမည်ကြီးစားသောက်ဆိုင်က ခန်းမကို ငှားထားပြီး success more မိတ်ဆက်ဆွေးနွေးပွဲ လုပ်မှာဖြစ်တဲ့အတွက် လိုက်ခဲ့ပါ လုပ်တာမလုပ်တာကတော့ နောက်တကန့်ပေါ့ ဆိုပြီး သွားကြပါလေရော
မနက်10နာရီလောက်က စတာ ညနေ 5နာရီခွဲမှအိမ်ပြန်ရောက်လာရော အိမ်ရောက်တာနဲ့ ဟိုအမျိုးသမီးက စာရင်းစာအုပ်ထုတ် ပစ္စည်းတွေပေးနေတော့တာပဲ သိလိုက်ပြီ သွားပြီ တော်ကီအကြီးကြီးတွေကြားမှာ ငါ့အမျိုးသမီး မျောခဲ့ပြီဆိုတာ ဟုတ်ကဲ့ 500000ဖိုးပါ ဆွဲခြင်းလေးတစ်လုံးစာလောက်ပဲရပါတယ်။
အဲဒီနေ့ကစပြီး ကတောက်ကဆ နေ့တိုင်းဖြစ်တော့တာပါပဲ သူပြောတာလေးကဒီလိုဗျ ဆွေးနွေးပွဲက ပြန်လာပြီး အနာဂတ်အတွက် တက်ကြွနေတဲ့သူစိတ်ဓါတ်ကို ကျနော်ကရိုက်ချိုးသူတစ်ယောက်ပါတဲ့ ဘယ်သူကတော့ဖြင့် တစ်လသိန်းရာချီဝင်နေတာ တို့ သိကြတဲ့အတိုင်းပဲပေါ့ဗျာ နိုင်ငံခြားခရီးစဉ်သွားရမှာတို့ ခုနှစ်ထပ်သင်္ဘောကြီးနဲ့ဇိမ်ခံ အလည်ခရီးတို့ ဟာဗျာ အကြီးကြီးတွေပဲ။
ကျနော်ဟာ အဆိုးမြင်သမားတစ်ယောက်ပါတဲ့ negative သမားတစ်ယောက်ပါ သူ့ရဲ့ခြေလှမ်းတွေရိုက်ချိုးတဲ့သူ စိတ်ချပါရှင့်ရဲ့ပျက်ရယ်ပြုမှုကို အားတစ်ခုအဖြစ်နဲ့ယူပြီး သူဖြစ်အောင်လုပ်ပြမယ်ဆိုပြီး အခြေအတင် စကားများကြလေသတည်း။
အသည်းအပေါက်ဆုံးက ကိုယ့်ကိုတောင် မတိုင်ပင်ပဲလုပ်လိုက်တဲ့အကွက်ပဲဗျာ။