Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Successmoreအ​ကြောင်း​လေး​ပြောပါရ​စေ။




Image result for no mlm
Successmoreအ​ကြောင်း​လေး​ပြောပါရ​စေ။
★ 1st step ။Member​ Fees
ထုံးစံအတိုင်းမန်​ဘာ​ကြေး​ပေါ့ဗျာ။အများနည်းတူ​ကောက်ခံပါတယ်​။၅၀၀၀ကျပ်​ဆိုတာလူတိုင်းတတ်​နိုင်​တဲ့ပမာဏပါ။မန် ​ဘာ​ကြေး၅၀၀၀ဆိုတာMLM​တွေထဲမှာအနည်းဆုံးပါ။၅၀၀၀ဆိုပင်​မဲ့အ​ယောက်​ ၁သိန်းဆိုလျှင်​သိန်း၅၀၀၀ရပါတယ်​။သူ​တောင်းစား​တွေ​တောင်းစားသလိုပါပဲ။တစ် ​​ယောက်​၁၀၀​တောင်းနိုင်​လျှင်​အ​ယောက်​၁၀၀​ဆိုတစ်​ရက်​၁သောင်းရပါတယ်​။တစ် ​လ၃သိန်းရပါတယ်​။သူ​တောင်း​တွေချမ်းသာတာလဲမ​ပြောနဲ့။အလုပ်​မလုပ်​ ပဲလူပွားပြီးထိုင်​စား​နေနိုင်​တာ​ပေါ့။MLMစနစ်​နဲ့သူ​တောင်းစား​တွေကို​ ပြောတာပါ။😜😜😜
★2nd Steps ။ရာထူး​ရွေးပစ္စည်းဝယ်​။
Supervisor နှင့်​ Executive ဆိုပါ​တော့။ရာထူး​ရွေးခိုင်းတာအလကားမဟုတ်​ပါဘူး။လူကြား​ကောင်း​အောင်​​ ရေးပြီးပစ္စည်းဝယ်​ခိုင်းတာပါ။၁၃၀,၀၀၀ဖိုးနှင့်​၅၀၀,၀၀၀ဖိုး​လောက်​ဝယ်​ ရပါတယ်​။ဝယ်​ရတဲ့ပစ္စည်း​တွေကအံသြစရာပဲMLM​တွေအကုန်​နီးပါးပစ္စည်းအမျိုးအစားအတူတူပဲ။အ​ခြေခံအားဖြင့်​MLMတိုင်းဆပ်​ပြာနှင့်​​ကော်​ဖီ​ရောင်းကျတယ်​။ကော်​ဖီတိုင်း​ဆေးဖက်​ဝင်​တယ်​ပိုအံသြဖို့​ကောင်းတာက​ရောဂါသက်​ သာ​ပျောက်​ကင်းတာပါပဲ။လူတိုင်းအသက်​ရှည်​ဖို့mlm​ကော်​ဖီ​တွေ​သောက်​ ကျစို့ ဆိုရ​လောက်​​အောင်​​ကော်​ဖီ​ရောင်း​ကျပါတယ်​။သူတို့​ကော်​ဖီမ​သောက်​ရင်​ မြန်​မြန်​​သေမယ်​လို့​ပြော​နေသလိုပါပဲ။
ကြေငြာ​တွေမှာ​တော့၅၀၀၀ရင်းပြီးသိန်းဘယ်​​လောက်​ဝင်​မယ်​တာ​ပြောတယ်​ ။ပစ္စည်းမဝယ်​ရင်​သိန်းဂဏန်းမ​ပြောနဲ့သောင်းဂဏန်း​တောင်​ရမှာမဟုတ်​ဘူး။ ကြေငြာတာလဲ​ကြေငြာ​ပေါ့ကွာမသိရင်​ပဲ၅၀၀၀ရင်း​ရုံနဲ့သူ​ဌေးဖြစ်​​ တော့မလိုလိုဘာလိုလို​နဲ့။😒😒😒
★ 3rd Steps ။လူရှာ၊လူပွား။(ခံစားခွင့်​၆ချက်​)
1. လက်​လီအမြတ်​ ၂၀%~၃၀% Bonus
ကိုယ့်​လည်​သလို​ရောင်းပါ မလည်​လျှင်​မရပါ။
နုံတဲ့သူခံပါ။လည်​သူစားပါ။
2. မိတ်​ဆက်​ပြီးမန်​ဘာဝင်​ပစ္စည်းဝယ်​ Bonus
သင့်​မန်​ဘာ​ကြေး၅၀၀၀၊ပစ္စည်း၁သိန်း၃သောင်းဖို့ဝယ်​ပြီးရင်​ကိုယ့်​လိုမန်​ဘာဝင်​ပစ္စည်း​ရောင်းမဲ့လူ၂​ယောက်​ရှာ။
ဘယ်​တစ်​​ယောက်​ညာတစ်​​ယောက်​​(အခြွေအရံ​လေး​တွေ​ပေါ့)။ဘယ်​လက်​ရုံးက ၅သိန်းရင်းမဲ့သူ (PV3000)ညာလက်​ရုံးက၁သိန်း၃သောင်းရင်းမဲ့သူ​(PV750)ပေါ့။၃​ယောက်​​ပေါင်း​ ၇သိန်း၆သောင်း(ပစ္စည်း)+၁သောင်း၅ထောင်(မန်​ဘာ​ကြေး)စုစု​ပေါင်း ၇၇၅,၀၀၀ကျပ်​ကျသင့်​ပြီးသင့်​ဝယ်​တဲ့ပမာဏကိုထည့်မတွက်​ပဲ LS 3000 RS 750 သာထည့်​တွက်​ပါတယ်​။တွက်​ပုံတွက်​နည်းက​တော့
RS PV 750 × 33ks(1B=33ks)×30%=7,425ks
LS PV3000×33ks×30%=29,700ks
Total 37,125 ရရှိပါမည်​။(၇သိန်းခွဲရင်းပြီး)(Level 1)
Binary system ထင်​ရ​ပင်​မဲ့ အကန့်​အသက်​မရှိဘူးဆိုပြန်​တယ်​။ကိုယ့်​ဂျင်းရှာရင်​ရှာသ​လောက်​​ကိုယ့်​မိတ်​ဆက်​စီက30%ရပါမည်​။
ကိုယ့်​​အောက်​လူ​မိတ်​ဆက်​ဝယ်​ယူမှုအတွက်​ ၁၀%ထပ်​ရပါမည်​။ဒီ​နေ့ရာမှာကျ​နော်​နားလည်​သ​လောက်​Supervisor (PV750) ဖြစ်​ရုံနဲ့ ကိုယ့်​​အောက်​လူမိတ်​ဆက်​​တွေစီက10%မရပါဘူး။Executives(PV3000)ဖြစ်​ မှသာ10%Bonusထပ်​ရပါမည်​။သ​ဘောက​တွေတစ်​လPV3000ဖိုးပြည့်​​အောင်​လူတိုင်းတစ်​ကြိမ်​ဝယ်​ရမယ်​။
လူတိုင်းExecutives ဖြစ်​ရမယ်​ ဒါမှ မန်​ဘာတိုင်း​၅သိန်းဖိုးတစ်​ကြိမ်​ဝယ်​ရမှာ​ဆိုလိုတာပါ။အဲ့ဒါဆို ၁သိန်း၃သောင်း ၄ခါဝယ်​ရမယ်​ ၅သိန်း၂သောင်းဖြစ်​သွားပြီး​ပေါ့​နော်​။(တစ်​လအတွင်း)???😒😒😒
၅သိန်း၃​ယောက်​ကို59,400Bonus(၁၅သိန်းဝယ်​ပြီး)ပြန်​​ပေးပါတယ်​။၁၅သိန်းရင်းမှစတား​လေးဖြစ်​ပါတယ်​။အရင်းမ​ကျေတဲ့စတား​လေး😂😂😂
3.စတား​မွေးထုတ်​Bonus
တွက်​ရလွယ်​​အောင်​လူတိုင်းး၅သိန်းExecutive
နဲ့စပါမယ်​။
Supervisor​တွေထပ်​မဝယ်​ရင်​​နောက်​ထပ်​10%မရလို့ပါ။
နောက်​ဆုံးဝယ်​ရမှာပါပဲ​လေး။လိမ်​တယ်​​ပြောရင်​မကြိုက်​ဘူး။😏😏😏$$$
၁၅သိန်းရင်းပြီးကိုယ့်​စတားဖြစ်​ရုံနဲ့မပြီး​သေးပါဘူး။
ကိုယ့်​​အောက်​လူ၂​ယောက်​ Executive ဖြစ်​ဖို့(Level 2)
ကိုယ့်​​အောက်​လူမိတ်​ဆက်​၅သိန်း၂​ယောက်​စီရှိရပါမယ်​။
နောက်​ထပ်​သိန်း၂၀ထပ်​​ပေါင်းလျှင်​၃၅သိန်းရင်းရပြီး
မန်​ဘာ၇​ယောက်​မှာသင့်
၅၉၄၀၀(RS)+၅၉၄၀၀(LS)+၂၆၉၀၀(SB)+၃၉၆၀၀(10%)=၁၈၅,၃၀၀ရရှိပြီးသင့်​မိတ်​ဆက်​၂​ ယောက်​မှာ×၂=၁၁၈,၈၀၀ စုစု​ပေါင်း ၃၀၄,၁၀၀ရရှိပါမည်​။(၃၅သိန်းရင်းပြီး)သင့်​လဲ Upgrade Star ကြီးဖြစ်​ပါပြီး။
မန်​ဘာ၇​ယောက်​မှာ၃​ယောက်​အရင်းမ​ကျေ​သေးပဲ၎​ယောက်​ရှူံး​နေပါပြီး။ဖြည့်ဖြည့်​​ပေါ့​နော်​အချိန်​တန်​ရင်​သူ​ဌေးဖြစ်​မှာပါ။အရင်းမ​ကျေ​သေးတဲ့ Upgrade Starကြီး
😂😂😂
4.Cycles Bonus(စက်​ဘီးဆုမဟုတ်​ပါ)😜😜😜
Networkတစ်​ခုလုံး​ရောင်းအား​ပေါ်မူတည်​ပြီးBonus​ပေးတာပါ။တစ်​လစာဝယ်​ ယူမှုပမာဏအတွက်​​ပေးခြင်း​ဖြစ်​ပြီးအရင်းမ​ကျေ​သေး​သော upgrade starကြီးများအတွက်အခွင့်​အ​ရေးကြီးပါ။လစဉ်​သိန်း​၃၈၀​ကျော်​ရနိုင်​မယ်​ အခွင့်​အလမ်းကြီးပါ။အဲ့လိုထင်​လျှင်​မှားလိုက်​မယ်​။လစဉ်​ပစ္စည်းမဝယ်​မ​ နေရစနစ်​ပါပဲ။
မဝယ်​လျှင်​ Bonus မရသလိုပါပဲ။မက်​လုံး​ပေးဝယ်​ခိုင်း​တာပါ။Bonus များများလိုခြင်းရင်​ များများဝယ်​ပါ။
သူရှင်းပြတာက​တော့ သင့်ဘယ်ညာတွင် ​​​weak team 1500 PV+Strong team 2250 PV ရှိပါက 1 cycle ဖြစ်​ပြီး သင့်​Supervisorဖြစ်​လျှင် ၁၉,၈၀၀ ရရှိပြီး Executive ဖြစ်​လျှင်​ ၂၃၇၆၀ ရမည်​။ Cycle ​ပေါင်း ၁၆၀၀ တစ်​လအတွင်းပြည့်​မှီလျှင်​ သိန်း၃၈၀​ကျော်​ရမည်​။
သူကျ​တော့တစ်​မျိုး တမင်​ရှုပ်​​အောင်​လုပ်​​နေသလိုပါပဲ။
အမှန်​​တော့လစဉ်​ပစ္စည်းဝယ်​လျှင်​Bonusပြန်​​ပေးတာပါ။
အမှတ်​မထိန်းရဘူး​ပြောပြီးလစဉ်​Bonusဆိုပြီးပြန်​ချုပ်​တာပါ။အဲ့Bonus ရဖို့ဝယ်​ရတဲ့ပစ္စည်း​တွေရဲ့PV ​​တွေ​ပေါင်းမှ အနိမ့်​ဆုံးBrozeရာထူးရမှာပါ။သင့်​အနိမ့်​ဆုံး Broze ရာထူးရဖို့ တစ်​လ12500PVပြည့်​ရင်​ ရပါပြီး။ချုပ်​ကွက်​​တွေ😂😂😂😂😂😂
လူတိုင်းတစ်​လ 750PV ဝယ်​လျှင်
သင့်​အပါအဝင်​ မန်​ဘာစုစု​ပေါင်း၁၇​ယောက်​ရှိရမည်​။၁၇​ယောက်​လုံးဝယ်​လျှင်​ 12750 PVရပြီး 1cycle ကို PV 3750 နှင့်​စားလျှင်​ 3.4cycle ရမည်​။3cycle ကို ၂၃၇၆၀ နှင့်​​မြှောက်​လျှင်​ သင့်​တစ်​လ ၇၁၂၈၀ ရမည်​။(သိန်း၂၀ရင်း​)
1600 cycle ဆိုလျှင်​ သိန်း၃၈၀ရမည်​။
1cycle = 3750 PV
1600?=သိန်း၆၀PV
သိန်း၆၀PV ရလျှင်​ အနည်းဆုံး Crown Diamond ဖြစ်​မည်​။အခုလက်​ရှိBlue Diamond အ​ပေါ်၂ဆင့်​​ရောက်​ပါပြီ။(သိန်း၁သောင်းရင်းပြီး)
Successmoreတွင်​Broze ရာထူးမှ Royal ရာထူးအထိ၁၄ဆင့်​ရှိပါသည်​။ကုမ္ပဏီ၏ရည်​မှန်းချက်​မှာမြန်​မာတစ်​နိုင်​ ငံလုံးလူဦး​ရေးသန်း၆၀လုံးသုံးစွဲနိုင်​မည်ဟု​ယုံကြည်​ပြီးတစ်​နိုင်​ ငံအတွက်​Planစွဲထားခြင်း​ဖြစ်​သည်​။
💤💤💤💤💤💤💤💤💤💤💤💤💤💤💤💤💤
လေ့လာ​နေစဲဖြစ်​၍အမှားပါလျှင်​ကုမ္ပဏီမှာ​မရှုပ်​ရှုပ်​​အောင်​​ကြေငြာထား​သောအမှားဖြစ်​ပါသည်​။😜😜😜
မှားတာရှိလဲ​ထောက်​ပြပါ။
ဒီ​နေ့​လေ့လာမီသ​လောက်​ပါ။
ဆက်​လက်​​လေ့လာ​ရေးသားပါမည်​။
®anti mlm
©Demigoddearyone