Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

TAXI သမားတစ်ယောက်ရဲ့ရင်ဖွင့်သံ


ကျွန်တော် Delivery လုပ်ပါတယ် ကြုံရင်ကြုံသလိုလည်း Taxi ဆွဲပါတယ် နေတာကတော့ Aim star နားမှာပါ Sunday မှာ Aim star ရှေ့ကကားဖြတ်သွားတော့ အမျိုးသမီးတယောက်ကတားတယ် ရွှေပြည်သာကို လူကိုးယောက်ပါမယ်တဲ့ ၁သောင်း၂၀၀၀ ကျမဲ့ခရီးကို ၉၀၀၀ နဲ့မရမကစစ်တယ် တင်သွားတယ်ပေါ့ဗျာ အဲမှာစတာပဲ ကားပေါ်ရောက်တာနဲ့ MLM အတွက်ဆွယ်ရမဲ့စကားတွေကို တယောက်နဲ့တယောက် Discussion လုပ်တာမဟုတ်ဘူး စာကျက်သလို နှုတ်တိုက်ရွတ်နေတာ
ပြီးတော့ကျွန်တော့်ကိုမေးတယ် ကားကအပိုင်လားတဲ့ အင်းလို့ဖြေတော့ အဲတာဆို အကိုတို့ အလုပ်ကိုစိတ်ဝင်စားလား ဆိုပြီး ပါလာတဲ့အမျိုးသားတယောက်ကမေးတယ်
ဆက်ပြီး အကိုတို့နဲ့တွေ့တာညီက ကံကောင်းသွားပြီ အကိုတို့အလုပ်က နည်းစနစ်လေးတခုပါ ဘဝကို ချမ်းသာတဲ့လမ်းကြောင်းပေါ်တွန်းတင်ပေးနိုငိတယ်တဲ့
အကိုတို့ ဆို သူကဘာရာထူး ဟိုကဘာရာထူးနဲ့ ပြောတာပေါ့ဗျာ လစဉ် ဝင်ငွေက ယပ်ခပ်ပြီး ယူရုံပဲတို့ဘာတို့ပေါ့ အဲ့အထိမပြောသေးဘူးကြည့်နေသေးတယ်
နောက်မှ စဉ်းစားကြည့်လေတဲ့ ဝန်ထမ်း တို့ ညီတို့ လို ပုံမှန်ဝင်ငွေရတဲ့လူတွေက ချမ်းသာဖို့ဆိုတာခက်ခဲတယ်တဲ့ အကိုတို့အလုပ်ဆိုတာက နည်းစနစ်လေးတခုနဲ့ သေတဲ့အထိအာမခံချက်ပြည့်ရှိပါတယ်တဲ့ အာ့တာနဲ့ ကျွန်တော်လည်း အကိုတို့အဲလိုရာထူးတွေရလို့ ဝင်ငွေတွေအဲ့လောက်ကောင်းနေရင်းလည်း ၁သောင်း၂ထောင်တန်တဲ့ခရီးကို ၉၀၀၀ နဲ့ လူကိုးယောက်စပ်ပြီး Taxi မစီးပါနဲ့အကိုတို့ရယ် ကိုပိုင်ကားပဲဝယ်စီးပေါ့ဗျာလို့ဆိုတော့ ရျွေပြည်သာအထိ ဘာစကားမှမဆက်နိုင်တော့ဘူး အလကားလူတွေအာရုံနောက်တယ်