Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

TIENS အပါအဝင် ဒီမှာရှိနေတဲ့ နိုင်ငံတကာ MLM Companies တစ်ချို့အကြောင်း





TIENS အပါအဝင် ဒီမှာရှိနေတဲ့
နိုင်ငံတကာ MLM Companies တစ်ချို့အကြောင်း
================================
ကောင်းတာလေးတွေ အရင်ပြောကြည့်တာပေါ့ :)
2016 DSN Global 100 အရ လက်ရှိမှာ TIENS က ဝင်ငွေအကောင်းဆုံး
International MLM Companies စာရင်းမှာ အဆင့် ၁၁ ချိတ်ထားတာဟုတ်ပါတယ် ။
၂၀၁၅ အတွက် ဝင်ငွေ ၁.၅၅ ဘီလီယံ ကျော် ရထားလို့ဖြစ်တယ် ။
>>> Source : http://directsellingnews.com/…/vi…/2016_dsn_global_100_list… <<<
( DSN ဆိုတာက DSA ( Direct Selling Association ) လို့ခေါ်တဲ့
အကြီးမားဆုံး MLM Lobbying Group ကြီး ကနေ ထုတ်ပြန်တဲ့ သတင်းလွှာပါ ။
အချို့ကတော့ DSA ကို သမာသမတ် ရှိတယ်လို့ ထင်ကြပေမယ့်
လက်တွေ့မှာတော့ လိမ်တယ်ဆိုပြီး ပိတ်ခံလိုက်ရတဲ့
MLM Companies တွေလည်း DSA Member ဖြစ်ခဲ့ဖူးပြီး
အဲ့လို ပိတ်ခံလိုက်ရတဲ့ MLM Companies တွေ ကို
DSA က ကြိုတင်သိရှိ အရေးယူတာမျိုး ဘယ်တုန်းကမှ မရှိဘူးတာကို ထောက်ကြည့်ရင်
DSA ဟာ MLM ဝါဒ ဖြန့်ချီရေးကို အဓိကလုပ်တဲ့
အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပိုသိသာပါတယ် ။ )
မြန်မာနိုင်ငံမှာ ရှိသမျှ International MLM Companies တွေထဲမှာတော့
TIENS က နိုင်ငံတကာ အင်အားအကြီးဆုံး ဖြစ်နေပါလိမ့်မယ် ။
အဆင့် ၁ မှာရှိတဲ့ Amway နဲ့ အဆင့် ၃ မှာရှိတဲ့ Herbalife က
ဒီမှာ လာပြီး မြေစမ်းခရမ်းပျိုးတာတောင် မအောင်မြင်လိုက်ဘူး ။
အဆင့် ၁၀ မှာရှိတဲ့ Nu Skin နဲ့ အဆင့် ၁၄ မှာရှိတဲ့ Oriflame ၊
အဆင့် ၅၁ မှာရှိတဲ့ Nature's Sunshine ( Synergy ) ကလည်း
ဒီမှာ ဆက် Run နေပေမယ့် TIENS လောက် သိပ်မပေါက်ဘူး ။
( Synergy က ရပ်တောင် သွားပြီ ထင်ပါတယ် ။ )
အဆင့် ၈၀ မှာရှိတဲ့ Giffarine လည်း ဒီမှာ ခဏပဲ ခံတယ် ။
အခု ဒီမှာ တစ်ချို့ အရူးအမူး လုပ်နေကြသေးတဲ့ Unicity ဆိုတာက
ထိပ်တန်း ၁၀၀ စာရင်းတောင်မဝင်ဘူး ။
AimStar / J-C / Successmore / Double Crane တို့ကတော့
ဘယ်နိုင်ငံတကာ စာရင်းမှ ဝင်မှာ မဟုတ်ဘူး ။
ဒေသတွင်း စာရင်းတွေတော့ ဝင်ကောင်း ဝင်လိမ့်မယ် ။
:)
ဒါပေမယ့် .....ဒီ ဒါပေမယ့် ..... က အရေးကြီးပါတယ် ။
အပေါ်ပိုင်းလေးပဲဖတ်ပြီး မရပ်လိုက်ပဲ သေချာ ဆက်ဖတ်စေချင်ပါတယ် ။
:)
မြန်မာနိုင်ငံက TIENS အကြောင်း ပြောရရင်တော့
ဒီကြားထဲမှာ ( ၂၀၁၂/၁၃ ဝန်းကျင်ထဲမှာ ) အခွန်ရှောင်ထားတာရယ် ၊
မြန်မာနိုင်ငံ FDA ကို ထုတ်ကုန်တွေအတွက် စနစ်တကျ မယူထားတာရယ်ကြောင့် ပိတ်လိုက်ရတယ် ညီမ ။
ရန်ကုန် မှာရှိတဲ့ ရွှေဂုံတိုင်က ရုံးချုပ်ကို လုံးဝ ပိတ်ထားလိုက်ရတဲ့ အထိ အခြေအနေဆိုးတာပါ ။
ဒါပေမယ့် ဝါရင့် MLM သမားအတော်များများက အဲ့ဒီအချိန်မှာ ဥပဒေအရ ပိတ်ပင်ထားတာကို ကျော်ပြီး
တရုတ်ကနေ အောက်လမ်း နဲ့ မှောင်ခို သွင်းပြီး ဒီ ထုတ်ကုန်တွေကို ဆက်ပြီး ဖြန့်ကြတယ် ။
ရှိနေတဲ့လူတွေလည်း အတော်များများ ပြိုကွဲပြီး တခြား MLM Companies တွေကို ရောက်သွားကြပေမယ့်
တရားဝင် ပြန်ဝင်လာမှာကို မျှော်လင့်ပြီး ကြားထဲမှာ မှောင်ခို ဆက်လုပ်ခဲ့တဲ့လူတွေလည်း အများကြီးပဲ ။
( နာမည်ရင်းတွေတော့
မတော်လို့ တရားတွေ ဘာတွေ လာဆွဲတာမျိုးကြမှပဲ
ပြန်ရင်ဆိုင်ဖို့ ထုတ်ပြောတော့မယ် ။ :) )
စိတ်ဝင်စားစရာကောင်းတာ တစ်ခုက
အဲ့လို မြန်မာနိုင်ငံမှာ ပြဿနာတွေ တက်နေတဲ့ အချိန်နဲ့ တပြိုင်တည်းလိုလိုမှာပဲ
US နဲ့ Canada မှာလည်း TIENS ရုံးတွေကို ပိတ်လိုက်ရတာပဲ ။
အလွန်ဆိုးတဲ့ စိတ်ပျက်စရာ အချက်က TIENS ဟာ ဒီကိစ္စတွေကို
တရားဝင် ထုတ်ပြန်ကြေငြာချက်တွေ ထိထိရောက်ရောက်ရောက် မလုပ်တာပဲ ။
ဆုပေးပွဲတွေ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့ပေမယ့် ဒီလို ကိစ္စတွေကိုတော့ ထိပ်ပိုင်း ခေါင်းဆောင် အချို့ကလွဲလို့
အောက်ခြေကလူတွေကို သေချာသိခွင့်မပေးပဲ ဖုံးနိုင်သလောက် ဖုံးထားခဲ့တာပဲ ။ ဒီလိုလူတွေကို ယုံသင့်လားဆိုတာ စဉ်းစားပေါ့ ။
:)
ပါကစ္စတန်မှာလည်း TIENS ( TIANSHI ) ကို
China based Pyramid Scheme လို့ နာမည်တပ်ပြီး
TIENS ရုံးကို ဝင်ဖမ်းတာတွေ ၊ ပိတ်ပစ်တာတွေ
TIENS ကြောင့် နစ်နာခဲ့ရတဲ့လူတွေကို အင်တာဗျူးတာတွေကို
Khufia ဆိုတဲ့ Investigative Show အစီအစဉ်ကနေပါ လွှင့်ခဲ့ပါသေးတယ် ။
ဒီ လင့်တွေမှာ ကြည့်နိုင်ပါတယ် ။
1. https://www.youtube.com/watch?v=TWRUoULCGHk
2. https://www.youtube.com/watch?v=Obt5VBh3qvw
( အဲ့လို ရဲရင့်တက်ကြွတဲ့ မျိုးတွေ မြန်မာနိုင်ငံမှာရှိရင် သိပ်ကောင်းမယ်လို့
ကျွန်တော် တွေးနေမိတာ ခဏ ခဏပေါ့ဗျာ ။ )
အခုတော့ TIENS က တခြား မြန်မာ Company တစ်ခုအနေနဲ့
( စာရွက်ပေါ်မှာ နာမည်ခံပြီး )
တရားဝင် ပြန်လည်ပတ်နေတာ ကြာပြီ ထင်ပါတယ် ။
ကြားထဲမှာ ပိတ်လိုက်ရတာ ၁ နှစ်လောက်တော့ ရှိနိုင်ပါတယ် ။
( အရင်က သူတို့ကို ဒီမြန်မာဘက်က နာမည်ခံပေးတာ
Golden Lion / Sky Lion ဆိုတာပေါ့ ။ )
သူ့ထုတ်ကုန်တွေက တရုတ်တိုင်းရင်းဆေးကို အခြေခံတယ် ။
ဓာတ်စာ တွေ အဓိက ထုတ်တာပေါ့ ။
အခြေခံ အယူအဆ တစ်ချို့ က > ဓာတ်ကြီး ၅ ပါးတို့ ၊ အပ်စိုက်တာတို့ စသဖြင့်ပေါ့ ။
အပ်စိုက်တာကို Electro-Magnentic သဘောတရားနဲ့ပေါင်းပြီး
တကယ် အပ်စိုက်စရာမလိုပဲ အပ်စိုက်ကုသလို စွမ်းပါတယ်ဆိုတဲ့
Electronic Devices တွေလည်း ဖြန့်တယ် ။
လက်ဝါးကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး နဲ့ ၊
သူ့ရဲ့ ကိုယ်တွင်း အဂါင်္တွေ ရဲ့ အခြေအနေကို သိနိုင်ပါတယ်ဆိုတဲ့ ပညာရပ်တွေလည်း ပါတယ် ။
Excellence / Diamond / General စသဖြင် ခေါင်းဆောင်အလိုက်
Network့  ကြီးတွေ ခွဲပြီး ဈေးကွက်မှာ လှုပ်ရှားခဲ့ကြတယ် ။
ဒါကတော့ TIENS အကြောင်းပေါ့ ။
ကျန်တာကတော့ MLM တွေရဲ့ သဘောတရားအတိုင်းမို့ အကျယ် ဆက်မရှင်းတော့ပါဘူး ။
- ထုတ်ကုန်တွေက လိုအပ်တာထက် ဈေးကြီးတယ်
- ရောင်းအားသက်သက်နဲ့ ဝင်ငွေကောင်းဖို့ မလွယ်ဘူး ။
လူဆွယ်အားရှိမှ ဝင်ငွေကောင်းမယ် ။
- ကိုယ် ဆွယ်ထားတဲ့လူတွေကိုလည်း ထုတ်ကုန်ရောင်းခိုင်းရမယ် ။
မရောင်းတတ်တဲ့လူတွေဆိုရင် ကိုယ့်ဘာသာကိုယ် ပိုက်ဆံစိုက်ဝယ်ပြီး သုံးချင်စိတ်ပေါက်အောင် ဝါဒဖြန့်ထားနိုင်ရမယ် ။
- ပြီးရင် ကိုယ့်လိုပဲ သူတို့လည်း
တခြားလူတွေကို ဆွယ်တတ်အောင် သင်ပေးရမယ် ။
လိုအပ်ရင် ကိုယ်တိုင် လိုက်ပြီး သူတို့နဲ့ အတူ
လူ လိုက်ဆွယ်ပေးရတာမျိုးလည်း ရှိတတ်တယ် ။
( သူတို့ကတော့
ဒီလူ လူဆွယ် ၊ ဈေးရောင်းတာကို ရှက်မှာစိုးလို့
စကားလှလှလေး အနေနဲ့
"မျှဝေတယ်"
" လူတွေကို အခွင့်အလမ်းပေးခြင်းဖြင့် ကူညီတယ် " စသဖြင့် ပြောပြီး
ဝါဒမှိုင်း တိုက်ကြလိမ့်မယ် ။ )
- ကိုယ့်ကြောင့် ကိုယ့်အောက်က လူတွေ အချိန်နဲ့
လူအင်အား ၊ ငွေ အလဟသ ဖြစ်တာမျိုးတွေ ဖြစ်နိုင်တယ် ။
- ကိုယ်လည်း အဲ့လို ဖြစ်နိုင်တယ် ။
ငွေက ပြန်ရှာလို့ ရတယ် ၊ အချိန်က ပို တန်ဖိုးရှိတယ်လေ ။
- ကျန်းမာရေးနဲ့ ပတ်သက်လို့ Half-truths တွေ
ကိုယ့်ကို မှိုင်းတိုက်ခံရနိုင်တယ် ။
( Half-truths ဆိုတာ .... မှန်တော့မှန်တယ် ။ ဒါပေမယ့် အမှားတွေလည်း ပါနေတဲ့ အချက်အလက်တွေကိုပြောတာ ။
အမှန်တွေပဲ ကြည့်မိပြီး သူတို့ပြောတဲ့ တခြား အချက်အလက် အမှားတွေကိုပါ အမှန်လို့ လက်ခံမိသွားအောင်
လူ့စိတ်ကို လှည့်စားတဲ့ အခါမျိုးမှာ သုံးကြတဲ့ နည်းစနစ် တစ်ခုပေါ့ ။ )
ကျွန်တော်ကိုယ်တိုင် က
TIENS / MLM-industry မှာ လုပ်ခဲ့ဖူးလို့
ဒါတွေ သိတာပါ ။
ဖြစ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ TIENS အပါအဝင်
ဘယ် MLM companis ကိုမှ ဝင်မလုပ်စေချင်ဘူး ။
MLM အကြောင်းက ပြောရင် ရှည်မှာမို့လို့ ဒီမှာ ဆက်မပြောတော့ပါဘူး ။
ထပ်သိချင်ရင် ဒီ Page နဲ့ Group တွေမှာ သွားပြီး လေ့လာလို့ ရပါတယ် ။
မေးမြန်းတိုင်ပင်လို့လည်း ရပါတယ် ။
:)
စေတနာဖြင့်
ကိုဇင်ဇေ
Admin MLM/Network Marketing အကြောင်း အသိပညာပေး ၊ ဆွေးနွေး ငြင်းခုန်လိုသူများ
Page >>> https://www.facebook.com/myanmarmlminfo/?fref=ts
Group >>> https://www.facebook.com/groups/mlmDiscussion
======
စာကြွင်း မှတ်စုများ ။ ။
ဒါကတော့ TheGuardian မှာတောင် ပါလာတဲ့ ဆောင်းပါး တစ်ပုဒ်ပါ .....
Uganda မှာ ရှိတဲ့ TIENS အကြောင်းကို ဂျာနယ်လစ်တစ်ယောက်က
သေချာ သတင်းလိုက်ပြီး ရဲရဲရင့်ရင့် ဖွင့်ချ တင်ပြထားတာပါ :)
https://www.theguardian.com/…/tiens-chinese-multinational-m…
~~~~~~~~
ဒါကတော့ RFA မှာ ပါလာတဲ့ သတင်းပါ ။
Tibet မှာ ရှိတဲ့ TIENS အသင်းဝင် တစ်ချို့က သူတို့လိမ်ခံရပါတယ်ဆိုပြီး TIENS ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ပြကြတဲ့ အကြောင်းပေါ့ ။
http://www.rfa.org/…/tibet/pyramidscheme-10202009170044.html
~~~~~~~~
ပါကစ္စတန်မှာလည်း TIENS ( TIANSHI ) ကို
China based Pyramid Scheme လို့ နာမည်တပ်ပြီး
TIENS ရုံးကို ဝင်ဖမ်းတာတွေ ၊ ပိတ်ပစ်တာတွေ
TIENS ကြောင့် နစ်နာခဲ့ရတဲ့လူတွေကို အင်တာဗျူးတာတွေကို
Khufia ဆိုတဲ့ Investigative Show အစီအစဉ်ကနေပါ လွှင့်ခဲ့ပါသေးတယ် ။
ဒီ လင့်တွေမှာ ကြည့်နိုင်ပါတယ် ။
1. https://www.youtube.com/watch?v=TWRUoULCGHk
2. https://www.youtube.com/watch?v=Obt5VBh3qvw

https://www.facebook.com/groups/mlmDiscussion/permalink/1811238685787628/
~~~~~~~~