Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

ကျွန်​​တော်​နှင့်​ Unicity ..အပိုင်း ၎



ကျွန်​​တော်​နှင့်​ Unicity ..အပိုင်း ၎
I KASHကပြန်​​ လာပီး​နောက်​ပိုင်း မှာကျွန်​​တော်​ရဲ့ လုပ်​​ဆောင်​ချက်​​တွေ ကအရင်​ထက်​ ပို ပြင်းထန်​လာပါပီ လူရှာ တဲ့ အခါမှာလဲ အခက်​အခဲ က အရင်​က​လောက်​ သိပ်​မရှိ​တော့ဘူး... အရင်​ ကကိုယ်​လူတစ်​​ယောက်​ ကိုသွား​ပြော​တော့မယ်​ဆို သူ့ အခက်​အခဲ ​တွေ ပိုက်​ဆံ မရှိမှာ​တွေ ကို သူ့ အတွက်​​တွေး​ပေး​နေ​သေးတယ်​ ခု​တော့ ..ကိုယ့်​အတွက်​ ပဲကိုယ်​ ​တွေး​တော့ တယ်​...လူလည်းသိပ်​မ​ရွေး​တော့ဘူး...တစ်​ချို့စိတ်ဝင်စားတဲ့​​သူငယ်​ချင်း .အချို့ကိုဆိုရင်​လည်း ပိုက်​ဆံမရှိ​သေးရင်​ အိမ်​က ဆင်​​ပေးထားတာ​လေး​တွေ ခိုး​ရောင်းပြီး လုပ်​ဖို့ ​မြှောက်​​ပေး...ပိုက်​ဆံ ​တွေ လိုက်​​ချေး ပီး လုပ်​ခိုင်း...online မှာလဲ ​လွယ်​မယ်​ထင်​သူ မှန်​သမျှ လိုက်​မိတ်​ဆက်​..အပြင်​မှာ​တွေ့.. ရင်းနှီးသွားရင်​ စီးပွား​ရေး စိတ်​ဝင်​စားသူဆို စီးပွား​ရေး ..ကျန်းမာ​ရေးသမား ဆို ကျန်းမာ​ရေး...နိုင်​ငံ​ရေးဘာသာ​ရေး​တွေ စိတ်​ဝင်​စားသူ ဆိုလဲ သူတို့ အကြိုက်​​တွေ အလိုက်​ အထိုက်​​ပြော.ပြီးရင်​ ကိုယ်​လို ချင်​တဲ့ ဆီ ကို ဖြည်းဖြည်းချင်းဆွဲ ​ခေါ်သွား(ဒီ​နေရာမှာ​ပြောပြချင်​တာ က ...mlm သမား​တွေ မှာ ဂျို မပါလာတဲ့ အတွက်​ ကိုယ်​နဲ့ မသိ တဲ့ သူ​တွေ ဆို နည်းနည်းသတိထား ဆက်​ဆံ​စေချင်​တယ်​...mlm သမား​တွေ က mlmလုပ်​ခိုင်းဖို့ပါဆိုပြီး ဘယ်​သူမှ စကားစလာမ​ပြောဘူး...ဟိုအ​ကြောင်း​ပြောဒီ အ​ကြောင်း​ပြောနဲ့ ပီး​တော့မှ သူတို့ က ကိုယ့်​ဆီ က အချက်​အလက်​​တွေကိုပြန်​ သုံးသပ်​ ပြီး ကိုယ်​ဘယ်​လို လူစားလဲ...ဘာဖြစ်​ချင်​​နေတာလဲ ဆိုတာကို သိပီးမှ ဖြည်းဖြည်း ချင်း သိမ်းသွင်းတာ သိပ်​အကွက်​စိတယ်​)
Taxi စီးရင်​လဲ ကားဆရာ​တော့ကိုယ်​နဲ့​တွေရင်​ ကံဆိုးပီသာမှတ်
ီုလိုင်းကား​ပေါ်လဲ ... ကိုယ့်​အနားထိုင်​မိတဲ့ သူ လဲလာထား ...​နောက်​ဆုံး ကိုယ့်​ ဆီ ဖုန်းမှားဆက်​တဲ့ သူပါမကျန်​ အကုန်​လုံးကို လိုက်​ဆွယ်​​တော့တာ...ဒါ​တွေကလဲ ကိုယ်​ က​နေ့တိုင်းရုံးသွား training ​လေ​တွေတက်​ ..mlmသမားအချင်းချင်းနဲ့ ပဲ အမြဲလိုလို ထိ​တွေ့ ​နေ​တော့ ဒီ အလုပ်​ဘုပ်​ ရတာအမြဲ တက်​ကြွ​နေတယ်​...ကိုယ်​​အောက်​မှာလဲ ..လူ​လေး​တွေးက များလာပီ​လေ:-) :-) :-)
Unicity ရဲ့ လုပ်​​ဆောင်​ခြင်း၈ချက်​ (လူရှာနည်း) မှာ​ပြောထားတာကလဲ ကိုယ့်​ ​ဆွေမျိုးသားချင်းဆို ကိုယ့်​အ​ပေါ် ယုံကြည်​မှု %က 0...သူငယ်​ချင်း မိတ်​​ဆွေ ဆို 50%...ကိုယ့်​ ကိုလုံးဝ မသိတဲ့ သူ ဆို80% ယုံကြည်​လိမ့်​မယ်​လို့အတိအကျ​ပြောထားပီးသား...ကွက်​တိပဲ...ကျွန်​​တော့်​ downline အများစု က ကျွန်​​တော်​ အရင်​က လုံးဝမသိတဲ့ သူ များတယ်​(ups ​တွေ eagle camp ​တွေ က ပြန်​လာမှ လူချင်းဝင်​လိုက်​ပီး မိတ်​ဆက်​ ..လူမှားချင်​​ယောင်​​ဆောင်​တာ​တွေ အကွက်​မျိုးဆုံ ရှိ​သေးတယ်​​နောက်​မှ အ​သေးစိတ်​ထပ်​​ပြောပြမယ်​ သတိထားကြဖို့ပါ)
၆လ​မြောက်​မှာ​တော့ ကျွန်​​တော်​ ရဲ့ structure ဆွဲပုံက ပုံစံသိပ်​မကျ​သေး​တော့ Director ​တော့ မဖြစ်​​သေးဘူး ဒါ​ပေမယ့်​ ကျွန်​​တော်​ bonus ၉သိန်း​လောက်​ ထွက်​လာ​နေပီ...​ပျော်​လိုက်​တာဆိုတာတအားပဲ (တစ်လပါပဲ​)ကျန်​တဲ့ ​နောက်​ကသူ​တွေ​က​တော့ ​သြော်​...သူတို့ က​တော့ ခုမှစတာဆို​တော့ ကိုယ်​စခဲ့တုန်းက လိုပဲ
တိုင်​ပတ်​​ပေါ့....ဒါ​ပေမယ့် အား​တော့ အမြဲ​ပေးတယ်​ ```Diamond Fighting´´
၉သိနိး​လောက်​ရလာပီ ဆို​တော့ ရင်​ထဲက အလုံးကြီး​တော့ကျသွားပီ
ဒါ​ပေမယ့်​ မ​ကျေနပ်​​သေးပါဘူး ကိုယ့်​မိသားစု ဘဝ ​ကောင်းစားဖို့ တခြားလူ​တွေရဲ့ ဘဝ​တွေ ကို နင်း​ခြေ သွားရဦးမယ်​​လေ....
အဲ့ပိုက်​ဆံရပီး​နောက်​လကျ​တော့ ၂သိန်း​လောက်​ပဲ bonus ရ​တော့တယ်​...​လျော့သွားမှ​ပေါ့ ...အစက ကိုယ်​​ခေါ်ထားတဲ့ ၁၀သိန်းရင်းထားတဲ့ သူ​တွေ က​နောက်​လ ​တွေမှာ အမှတ်​ထပ်​မပိတ်​နိုင်​ကြတဲ့ သူ​တွေ ရှိတာကိုး...တချို့တ​လေ​လောက်​ပဲ အမှတ်​ထိန်းနိုင်​ကြတယ်​...(.အဲ့ဒီမှာ တစ်​ချက်​စဉ်းစားကြည့်​....ကျွန်​​တော်​ကိုယ်​တိုင်​ လစဉ်​ ထိန်းရမှာက pv 200 ၄သိန်းဖိုး...ဒါ​ပေမယ့်​ကိုယ်​ရတာက ၂သိန်း...အဲ့​တော့ ကိုယ်​လဲ လူရည်​လည်​လာပီး​လေ...ဘယ်​အမှတ်​ထိန်း​တော့ မလဲ...ဒါ​ပေမယ့်​ ကိုယ့်အောက်​က ထိန်းနိုင်​တဲ့ သူ​တွေ... မထိန်းနိုင်​လဲ ကြံဖန်​ ထိနိးခိုင်း...သူတို့ ထိန်းတဲ့ အမှတ်​​တွေက.သူတို့ရဲ့ အ​ပေါ် က ကျွန်​​တော်​ ကို​ယ်​တိုင်​ အမှတ်​မထိန်း​တော့ ..ကျွန်​​တော့ ဆီ မ​ရောက်​ဘူး..မ​ရောက်​​တော့ ပိုက်​ဆံ မရ...ဒီ​တော့ ဘယ်​သူ အဲ့ဒီအမှတ်​​တွေ ရတယ်​ထင်​ပါသလဲ...အ​ပေါ် က Upline the line အဆင့်​ဆင့်​ ထံသို့​ပေါ့...ဒါ​ပေမယ့်​ လဲ ကျွန်​​တော့်​ downline​တွေ​ရှေ့ ​ရောက်​ရင်​ လစဉ်​ ၁၅သိန်း သိန်း၃၀ ​လောက်​ရသလို ဟန်​​ဆောင်​ရတာပဲ​လေ:-) :-) :-) )
နောက်​​တော့ ကျွန်​​တော်​ ထပ်​စဉ်းစားတယ်​ ငါလစဉ်​ ပိုက်​ဆံ မှန်​မှန်​ရ​အောင်​ ဘာလုပ်​ဖို့ လိုသလဲဆိုတာကို​ပေါ့...Upline နဲ့ ​ပြောကြည့်​​တော့ ```Diamond ​ရေ အဲ့ ဒါ diamond ​​အောင်​မြင်​ဖို့ ဆုံးဖြတ်​ချက်​ မပြတ်​သား​သေးလို့တဲ့...(ဘာမှလဲ မဆိုင်​ဘူး..ထားပါ​လေ..)....ဒီထက်​ပိုပြီး စိတ်​ဓာတ်​ပြတ်​သားချင်​ရင်​ .​အောင်​မ်ြဃငျင်​ရင်​...bangkok က. UPS ဆိုတာကိုသွားတဲ့ ´´´ဟ...စိတ်​ညစ်​ပါတယ်​ ...သူတို့ စစချင်း ကိုယ့်​ကို မိတ်​ဆက်​တုန်းက​တော့ အဲ့လို ​တွေ မပါ ပါဘူး ထပ်​တိုးစည်းကမ်း​နေ မှာ​ပေါ့​လေ....သွားရင်​လဲ ဟိုမှာ သင်​တန်းနဲ်​ ups ပွဲ စရိတ်​ ​​နေဖို့ထိုင်​ဖို့ စားဖို့ ​သောက်​ဖို့ စရိတ်​ အားလုံးက ကိုယ့်​ ပိုက်​ဆံနဲ့ ကိုယ်​တဲ့ ​အေးပါကွာ...ဘယ်​တတ်​နိုင်​မလဲ သွားဖို့ အတွက်​ ပိုက်​ဆံစုရဦးမှာ​ပေါ့.....ဒီ​တော့ လဲ လူသစ်​​တွေ ကို ​မှော်​ဘီ.တိုက်​ကြီးလို​ရောမျိုး...ဟိုး..ချောင်​က​လောင်​​နေရာက လူ​တွေ ထပ်​ရှာ member ဝင်​ ​ဆေးဝယ်​ခိုင်း...လူ​ဟောင်း​လေး​တွေကိုလဲ...fighting ​နော်​ ​အောင်​မြင်​ ​တော့မှာဆိုပီး ​မြှောက်​​​ပေး
:-) :-) :-)
အဓိက က bangkok သွားရဖို့်​ပဲ ​လေ..
.
ဆက်​ရန်​.၅....ups အ​တွေ့အကြုံ....
(ကျွန်​​တော်​ unicity ရဲ့ show the plan လုပ်​ပုံ...8step အဆင့်​ဆင့်​ ​တွကေို အ​သေးစိတ်​သီးသန့်​ ထပ်​​ရေး​ပေးပါဦးမယ်​)