Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 15, 2017

Unicity ကဒါရိုက်တာ အမတစ်ယောက်ရင်ဖွင့်သွားတာ


Unicity ကဒါရိုက်တာ အမတစ်ယောက်ရင်ဖွင့်သွားတာ
ကိုယ့်အာဘော်မပါဘူး....😄
စစလုပ်ချင်း မန်ဘာ ဘယ်လောက်ရှာရင် ဘယ်လောက်ရမယ် ကိုယ်ကိုယ်တိုင်လည်းဝယ်သုံးရတယ် လစာကတော့ဘမန်ဘာရ ရင်ရသလောက် အကျိုးအမြတ်ရှိမယ်တဲ့ ပြီးတော့်ရာထူးနဲ့မျှားတယ် ရာထူးတခုရရင် လစာက လစဉ် သိန်းသုံးဆယ်လောက်ပိုင်ပီတဲ့ ပြီးရင် ပင်စင်လည်းပေးဦးမယ်ဆိုပဲ ကားကတော့ အပိုဆုပေါ့
အဲ့ဒိအတွက် ကိုယ်က ၈သိန်းကျော် ၁၀သိန်းဖိုးဆေးဝယ်ရတယ် မန်ဘာတယောက်ကိုလဲ အဲ့လောက်ဝယ်ခိုက်းပါတယ် ကိုယ့်အောက်မှာဒေါင်းလိုင်း ၁၈ယောက်ရှိရင(် တဦးကို ၁၀သိန်းနီးပါးဖိုး)ဆေးဝယ်သုံးရင် ဒါရိုက်တာ ရာထူးနဲ့ တသက်လုံးအဲ့လစာရမယ်ပြောပါတယ် တကယ်ရှာပေးလိုက်တယ် အဲ့တလမှာလစာ ၂၀သိန်းကျော်ရတယ် ဒါပေမဲ့ သိန်း၉၀ဖိုးကိုသူတို့အတွက် ကိုယ်က ဘာမသိညာမသိ ကိုယ်လိုလူမျိုးတွေဆီကလိမ်ပေးလိုက်ရတယ် နောက်လမှာတော့်ကိုယ့်အတွက် သိန်း၂၀ထပ်ရမယ် မျှော်လင့်မနေနဲ့နော် ဟိုလကရှာထားတဲ့သူတွေက ၄သိန်းဖိုး ကိုယ်လဲ၎သိန်းဖိုးထက်ဝယ် သိန်း၁၈ဝပြည့်အောင် လူုသစ်ထပ်ရှာ အရင် လကလူတွေနဲ့ပေါင်းပြီးစုရှာပေါ့ အဲ့ဒါမှ သိန်း၂၀မြဲမှာ မဟုတ်ရင်လစာ ၂သိန်းပဲပြန်ရတယ် ထပ်ရင်းရတာ၎သိန်းနော်
ကိုယ်ကိုယ်တိုင်ဆက်မရင်းနိုင်တော့လို့ရပ်ထားလိုက်တယ်ဆိုရင် ဒေါင်းလိုင်းတွေကလည်း ဆက်မရင်းနိုင်တော့ဘူးလေ သူတို့က ကိုယ့်လိုဒါရိုက်တာမဟုတ်တော့တ်၁၀သိန်းတော့်ရင်းထားပါရဲ့ ကိုယ့်ယုံကြည်ပြီး လူလဲမရှာနိုင် ဆိုရင်တေိာ့ လစာ၅သောင်းရပါတယ်
ဆေးရောင်းရင်ပိုက်ဆံအရင်းပြန်ရတယ်ဆိုပါသေးတယ် ဒါပေမဲ့ ဆေးက ဈေးကြီးတော့် မနည်းရောင်းရတယ် ကိုယ့်ဆေးကုန်ချင်တော့် အကြွေးချရတယ် ပီးတော့်လျော့ရောင်းလို့လဲမရဘူး ငွေပေါ်အရင်းပြုတ်အရင်းအတိုင်းတောင်မဟုတ်ပဲလျော့ရောင်းတော့်တရားစွဲဖို့လုပ်တယ်
အစိုးရကအခွန်ဆောင်ပီးရောဆိုပီးတရားဝင် ကိုယ့်နိုင်ငံသားတွေကို လာလိမ်ဖို့ ခွင့်ပြုထားသလိုဖြစ်နေတယ်