Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Unicity ရဲ့ တစ်ဆင့်ပြီးတစ်ဆင့်ဂျင်းထဲ့ပုံ


ကျွန်တော်မိန်းမကလေးမွေးပြီး ၃ လ လောက်အကြာမှာ သူ၏မိတ်ဆွေသူငယ်ချင်းက Projects တစ်ခုနဲ့မိတ်ဆက်ပေးတယ် အိမ်ကိုလဲခဏ ခဏ လာတယ် ကျွန်တော်မိန်းမက ကျွန်တော်ကိုတိုင်ပင်တယ် သူ့မိတ်ဆွေကိုလဲအားနာတယ် လူမှုရေးကလဲရှိတယ် ပြီးတော့သူက မိန်းမဆီမှာ member ဝင်ထားတဲ့သူ ဖြစ်နေတယ်
ရှင်းပြပေးပါလားဆိုလဲရှင်းပြမပေးနိုင်ဘူး ဘာမှမသိပဲလဲမလုပ်ချင်ဘူး အရင်းအနှီးကလဲများတယ် သူကတော့ပွဲတက်ကြည့်ပါဦးလို့ပြောနေတယ် ။ ကျွန်တော်လဲ ကို တို့မန်းလေးပြန်တဲ့အခါကြရင် လေ့လာကြည့်တာပေါ့ဆိုပြီးအလုပ်ကိစ္စနဲ့မန်းလေးရောက်တော့ သူ့ရဲ့မိတ်ဆွေရဲ့Upline ဆိုတာနဲ့သွားတွေ့တယ် ကျွန်တော်ရဲ့အမျိုးသမီးကPlan ရှင်းပြခိုင်းတယ် သူတို့က သေချာရှင်းမပြပဲ
သူတို့ပြောချင်တာကိုပဲရွှေးပြောသွားတယ် ။ မိန်းမက စိတ်တိုင်းမကြ
ျူဘူးသူ့မိတ်ဆွေဖုန်းဆက်လာတော့ စိတ်မဝင်စားဘူးအားနာပါတယ်ပြောတယ် ဟိုဘက်ကလဲပွဲလေးတော့တက်ဖြစ်အောင်တက်ကြည့်ပါ
ပွဲတက်ပြီးမှဆုံးဖြတ်ပါတဲ့ဆိုတော့ မိန်းမလဲလူမှုရေးကရှိသေးတော့
အင်းပေါ့ ဒါပေမယ့်သူပွဲတက်ဖြစ်တော့တစ်ခြားတစ်ယောက်နဲ့တက်ဖြစ်တာတဲ့ တစ်ခြားသူတွေကလဲသူကို့အဲ့ဒီပွဲတက်ဖို့ ဖိတ်နေတာကြာပြီတဲ့ သူနဲ့ပွဲတက်ဖြစ်တဲ့အစ်မကကြ Plan ကို
သေချာရှင်းပြတယ်တဲ့ ဒါပေမယ့်အသေးစိတ်တော့ပြောမပြဘူးဒီလိုရှင်းပြတယ် နံပါတ်တစ် ပုံအတိုင်း ရှင်းပြတယ်အဲ့ဒါနဲ့ ကျွန်တော်မိန်းမကလစဉ်
အမှတ်ထိမ်းရမှာလားမေးတော့ သိချင်ရင်ပွဲတက်ပါ ကျွန်မတိုဆီမှာPlan ကအမျိုးမျိုးသွားလို့ရတယ်တဲ့ ဒါနဲ့ပွဲတက်ဖြစ်တယ် သူတိုဘာဆေးတွေသောက်ဘာဖြစ်သွားတယ် ပိုက်ဆံဘယ်လိုရနေပြီ ဒါတွေပဲနားထောင်ပြီးပြန်လာခဲ့ရတယ် နောင်နေ့ကြမှ Plan အကြောင်း ဒီလုပ်ငန်းကိုဘယ်လိုလုပ်ရမယ်ဆိုတာတွေသင်မှာ ဆက်တက်ပေးပါတဲ့ဗျာ ပွဲကလဲအလကားတက်ရတာမဟုတ်ဘူး
ပိုက်ဆံပေးတက်ရတယ် နှစ်ရက်ပေါင်း လူတစ်ယောက်ကို ၁၅၀၀၀ ကြတယ် အလုပ်မလုပ်ရသေးဘူးအရင်ကုန်ရတယ် နောက်နေ့ပွဲတက်တော့လဲ Plan ကိုမသင်ပါဘူး လုပ်ဆောင်ချက် 8 ချက်ဆိုတာပဲသင်ပေးပါတယ် Plan ကိုသေချာသင်ပေးပါလိုပြောတော့ ကိုယ်စားလှယ် အရင်ယူပါလို့အတင်းခိုင်းတယ် ပြီးတော့ သန့်ရှင်းရေးဆေး အဆက်လိုက် ဝယ်ခိုင်းတယ် ပြီးတော့ 500 PV ဖိုးဝယ်ရင် နောက်လကြရင် နှစ်တန်းခန်းဆိုတာတက်ရမယ် အဲ့ဒီအခါကြရင်ပိုသိမယ် ကျွန်မတို့ဆီက တစ်ဆင့်ခြင်းသွားတာလို့ပြောတယ် ကျွန်တော်မိန်းမကလဲအားနာတက်တော့ဝယ်ခဲ့တယ် ဒီလိုနဲ့မျက်နှာနာတာရော
လူမှုရေးအရရော ဝင်ဖြစ်သွားတယ် ဝင်တဲ့လမှာပဲ သူတို့ပြောသလို လူခေါ်လာပါလို့ပြောလို့ခေါ်ခေါ်သွားရာကနေ 500PV နဲ့လူသုံးယောက်ရတယ် နောက်လကြတော့ 200 PV 4သိန်းဖိုး
ဆက်ထိမ်းခိုင်းတယ် အမလေးကျွန်တော်မိန်းမအဲ့အလုပ်ကိုလုပ်ပါပြီဆိုတဲ့က အိမ်မကပ်တာ မနက်၉ ည ၁၀ ပဲ ပြန်လာရင်လဲမောလို့ပင်ပန်းလို့အိပ်တာမှသိုးလို့ မွေးထားတဲ့သမီးလေးက ၃ လ
သူ့အမေနဲ့ပြစ်ထားပြီးတော့ကိုအလုပ်လုပ်တာဗျာ ဇွဲကြီးသလားမမေးနဲ့ထမင်းမေ့ဟင်းမေ့ ယောကျာ်းမေ့ပဲ ဆက်မလုပ်ဖို့တားလဲမရ
ပြောတော့ Happy Life Project သူကိုယ်တိုင်တောင်မပျော်ဘူး အမြဲတမ်းတွေးတမိုင်မိုင်နဲ့ ကျွန်တော်လဲစိတ်မချမ်းသာတာနဲမေးကြည့်တော့ အစကတော့မပြောဘူး နောက်မှ ကို မိန်းမကိုမဆူနဲ့နော် ပြောပြမယ်ကတိပေးတဲ့ ကျွန်တော်လဲသိချင်လို ပေးတယ်ပေးတယ်ပေါ့ဗျာ အဲ့မှာစပြောတော့တာပဲ မိန်းမအခုလုပ်နေတဲ့အလုပ်ကရေရှည်မှာဘယ်လိုမှမဖြစ်နိုင်ဘူး ကိုယ်နဲ့လက်တွဲပြီးအလုပ် လုပ်တဲ့သူတွေကိုကြည့်စရာမလိုဘူး ကိုယ့်အတွက်ကိုပဲကြည့် level 1 အမှတ်ပြည့်နေဖို့လိုတယ် သူတို့အတွက် ရလဒ်မရှိပဲ တစ်လကို 4သိန်းဖိုးလောက်ဝယ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ တစ်ကိုယ်ကောင်းဆန်ရာကြတယ် ပြီးတော့ ပြောတယ် ကိုယ့်ရဲအောက်ကလူတွေ အမှတ် 200ဖိုးထိမ်းထိမ်း 500 ဖိုးထိမ်းထိမ်း အထက်လူက 4သောင်းရတယ်ဆိုတော့ လူရအောင်ရှာတယ် ကိုယ့်နဲ့တွဲလုပ်တဲ့သူတွေကို သူတို့ပြောပြသလိုပြောတယ် ကိုယ်ပြောပြတဲ့သူတွေကအားကြပြီးကြိုးစာကြတယ် ဒါပေမယ့်နောက်လ 20 ရက်နေ့လဲရောက်ရောသူတို့တွက်ပြတော့ 12 သိန်းကျော် ရမယ်တဲ့
တကယ်ထွက်လာတော့ 8 သိန်းကျော်ပဲရတယ် ဒါနဲ့ဘယ်လိုဖြစ်တာလဲလိုမေးတော့ အတွက်မှားတာ အစ်မတို့လဲအဲ့လိုထင်လို့ပါတဲ့
ဒါဆို bonus တွက်နည်း ပြောပြပါဆိုတော့ ဦးချမ်းသာရဲ့ bonus တွက်နည်း အသံဖိုင်ပေးတယ် နားထောင်လိုက်တဲ့ နားထောင်ကြည့်တော့မှbonus တွက်နည်းက ပုံ 2 မှာပြထားတဲ့အတိုင်းဖြစ်နေတယ် မရှိမဲရှိမယ် ပိုက်ဆံစုပြီးဝယ်ထားရတဲ့ 100 ဖိုးသမားတွေဆို bonus မရကြဘူး အပြစ်တင်ခံရတယ် လူတွေကမိန်းမကိုလိမ်တယ်ထင်ကြတယ် အမှန်ကသူတို့ကသိရက်နဲ့မပြောပြဘူး စီးပွားရေး စိုက် သုံးခုရှိတယ် 100PV- 200PV - 500PV ကြိုက်ရာနဲ့လုပ်ပိုက်ဆံရတယ်ပြောပြီး အမှတ် 100 ဖိုးဝယ်တဲ့သူတွေက bonus မရကြတော့ မိန်းမကလိမ်တယ်ဖြစ်ရောအပြစ်တွေတင်ခံရ အမုန်းခံရနဲ့ ပြီးတော့ 200 ဖိုးထိမ်းရင်လဲ 100 ဖိုးပဲbonus ရတယ် ကျန် 100 ဖိုးကိုမပေးဘူးတဲ့လေ ပြီးတော့ Level 1 မှာ အမှတ် 1000မပြည့်ရင် bonus က 5 ရာခိုင်းနူန်းပဲရတယ် ပြီးတော့ အိမ်မကပ်နိုင်တာကလဲ သင်တန်းတက်ရ မီတင်လုပ်ရ လစဉ်ပွဲအတွက်လက်မှတ် လိုက်ရောင်းရတယ် 10 စောင်ရောင်းခိုင်းတယ် အနည်းဆုံး 5 စောင် ရောင်းရတယ် မရောင်းနိုင်ဘူး မလုပ်နိုင်ဘူးဆိုရင် အသုံးမကြဘူး
အဖြစ်မရှိဘူး ညံတယ်နဲ့ အပြစ်ပဲပြောခံရတယ် လက်မှတ်ရောင်းရင်လဲ ရိုးရိုးတန်းတန်းရောင်းလို့မရဘူး Happy Life Project အကြောင်းပြောပြီးမှရောင်းခိုင်းတယ် တစ်ချို့ကဆို မိန်းမကိုမြင်တာနဲ့ထွက်ပြေးတယ် ပုန်းနေတယ် အထင်သေးတဲ့အကြည့်နဲ့ကြည့်တယ် လက်မှတ်ကိုမဝယ်ချင်ကြဘူး ပြီးတော့ မကုန်ရင်လဲပြန်မပေးခိုင်းဘူး ကိုကပဲအကုန်ကြခံရတယ် မိန်းမတင်ပဲလားဆိုလဲမဟုတ်ဘူး လူတိုင်းအဲ့လိုပဲ ပွဲကလဲလစဉ် လက်မှတ်က လဲလစဉ်ရောင်းရတယ် ရောင်းမကုန်ရင် ကိုယ်ပဲခံဆိုတော့ဘယ်သူကမှလက်မှတ်ကို မယူချင်ကြတော့ဘူး အဲ့ဒီပြဿ နာကလဲ
အမြဲကိုယ့်ခေါင်းပေါ် ပြီးတော့ မိန်းမကိုပြောတော့ ဒီလ စီနေရာမန်နေဂျာ Level 1 က 1500 ပြည့်တဲ့အတွက် အမှတ်တစ်မှတ်ရိုတယ် နောက်လ EM ဖြစ်ရင် Level 1က 1500 ပြည့်ရင် ခရီထွက်ဖို့အတွက် အမှတ်ပြည့်ပြီဆိုတော့ ဂျပန် လိုက်ရမှာတဲ့
သူတို့ပြောသလို ဂျပန် လိုက်ချင်လို့် ကြိုးစားတာ သူတို့ပြောတဲ့အတိုင်းဖြစ်ပါတယ် ဂျပန်လိုက်ရပြီဆိုပြီးပျော်နေတာ ပြီးတော့ကြမရသေးဘူး နောက်ထပ် EM ဖြစ်မှရမယ်တဲ့ ပြောတဲ့စကားလဲမတည်ဘူး ဖြစ်ချင်တော့နောက်လကြသမီးကဖျားတော့မိန်းမလဲအလုပ်မှမလုပ်နိုင်တော့ Level 1 မှာအမှတ် 1000 မပြည့်ဘူး အဲ့ဒီလအတွက် bonus က 4သိန်းဖိုးဝယ်တာတောင် 19000 ပဲရတယ် ဒီလအတွက်တော့ 500PV ဖိုး ဝယ်မယ့်သူတွေအများကြီးလဲရှိတယ် ဒါရိုက်တာလဲဖြစ်မယ် ဒါပေမယ့်
ဆက်လုပ်ချင်စိတ်မရှိဘူး ဘာလို့လဲဆိုရင်သူတို့လဲအရင်လူတွေလို
ဖြစ်မှာပဲ ကိုယ့်အလုပ်ကိုလုပ်ရင်းလုပ်ရတယ် အချိန်ပေးစရာမလိုဘူး
ပြောပြီးအားတိုင်း ဒီအလုပ်အတွက်အချိန်ပေးထားရတယ် ထမင်းတောင်အချိန်မှန်မစားရဘူး ခရီးကလဲအမြဲထွက်နေရတယ် ထိုင်းကို တစ်လတစ်ခေါက်သွားရမယ်တဲ့ ရတာကနည်းနည်း ခရီးစရိတ်က 10သိန်းလောက် ပြီးတော့ Up line တွေကလဲသူတို့ကိုသူတို့ဆရာကြီးတွေအထာနဲ့ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားဆိုတာ သူတို့အတွက်ဘာမှန်းတောင်မသိဘူး ဘာအထာတွေမှန်းလဲမသိဘူး ဆက်ပြီးလုပ်ချင်စိတ်မရှိဘူး မိန်းမနဲ့လက်တွဲကြီးလုပ်ကြတဲ့သူတွေကလဲ ဆေးတွေကတစ်ပုံတပင် ရောင်းလဲမကုန်ဘူး သောက်လဲမသောက်နိုင်ဘူး သောက်လိုက်ရင် ပိုက်ဆံပြန်မပေါ်ရင် အရင်းပြုတ်မှာလို့ပြောနေကြတယ်
အဲ့ဒါကြောင့်မိန်းမကိုယုံကြည်ပြီးလက်တွဲကြတာဆိုတော့သူတို့ရဲ့ပစ္စည်းတွေပြန်ယူပြီး ပိုက်ဆံပြန်ပေးလိုက်မယ်တဲ့ ဗျာ။ ကဲ ကျွန်တော်ဘာပြောရမလဲ လူဆိုတာ အရှက်နဲ့နေရသူတွေလေ ဒါကြောင့် နာမည်တော့အပျက်မခံနဲ့မိန်းမ မင်းတွေးတာမှန်တယ် စောစောအသိဝင်လို့တော်သေးတာပေါ့ကွာ ဆိုပြီးသူစိတ်ချမ်းသာအောင်တာပြောလိုက်ရတယ် ပိုက်ဆံတော့ သိန်း50 လောက်ကျွတ်သွားတယ် အိမ်မှာလဲဆေးတွေကတောင်ပုံရာပုံကိုဖြစ်လို့ မြင်ရင်စိတ်မချမ်းသာတာနဲ့ လှူလိုက်အလကားပေးလိုက်လျှော့ဈေးနဲ့ရောင်းလိုက်လုပ်တာတောင် သိန်း 20 ဖိုးလောက် အခုထက်ထိကျန်သေးတယ်ဗျို့ ဒီအထိစာအရှည်ကြီးရေးရတာက အားလုံးကိုကျွန်တော်မိန်းမလိုမဖြစ်စေချင်လိုပါ ဒါတောင် သူလုပ်ခဲ့တာ 3 လထဲနော သူတို့ပြောသလို 2နှစ် ကနေ 3 နှစ်တွင်းဆိုရင်တော့ မပြောရဲစရာပဲ။
ပြောရဦးမယ်ဗျ 10000 နဲ့ ကိုယ်စားလှယ်ယူပြီးရင်တစ်သက်စာကိုယ်စားလှယ်တဲ့ဗျာ အမှတ်မထိမ်းတာ 2 လပဲရှိသေးတယ် ID code 9 လုံးနဲ့လဲ လူတွေအမှတ်တွေ bonus တွေလဲကြည့်မရတော့ပါဘူးဗျာ ဒါလားတစ်သက်စာ ။ ပြီးတော့ပြောသေးဗျ ကိုယ်သေသွားလဲ ကိုယ့်ရဲ့သားသမီးကအမွေဆက်ခံခွင်ရှိတယ်တဲ့ ဘယ်မှာလဲသက်သေအထောက်အထား ဘယ်မှာလဲစာချုပ်စာတန်း ပြဿ နာ ဖြစ်ခဲ့ရင် အမွေမရရင်ဘယ်သူတာဝန်ယူမှာလဲ 3 လ အတွင်းအဆီကြစေရမယ် သူတို့သောက်ခိုင်းသလိုသောက် ဆိုပြီး သောက်တဲ့သူလဲ မကြပါဗျာ အဆီမကြလို့မေးတော့ သွေးတွင်းအဆီကိုပဲပြောတာတဲ့ဗျာ သူတိုပဲပြောပါတယ် သန့်ရှင်းရေ အဆက်လိုက်သောက်ဆိုလိုလဲသောက်ပါတယ် ပြီးရင်Chlorophyll - LGND Tea - Lifiber- Nature's T - probionic - Chito rich - Equalan- Coffee Slim - Bios Life Slim ဒါတွေကို ဆေးသောက်ပုံအချိန်စရာလေးအတိုင်းသွားသွားသောက်ခိုင်းတယ် 3 လ တာပြည့်သွားတယ်ပိန်မသွားတော့ သောက်တဲ့သူကဆဲ ခေါ်တောင်မခေါ်တော့ဘူး ဗျာ ။ အာမခံပါရဲရဲကြီးအာမခံပြီးရောင်းပါ
တဲ့ ပြဿ နာဖြစ်လာတော့ ဘယ်သူကမှခေါင်းမခံဘူးအဖြစ်ကတော့အဲလိုပါပဲဗျာ အားလုံးလဲမှန်ကန်တဲ့လမ်းကိုရွှေးချယ်နိုင်ပါစေ။
ဝေဖန်အကြံပြုနိုင်သည် ။
မှတ်ချက်_ ကျွန်တော်သည် မှန်လိုလူဖြစ်သည်။
https://www.facebook.com/aungaung.lin.140/posts/233507136998167