Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 16, 2017

Unicity ကြောင့်ထိခိုက်နစ်နာသွားသောအမျိုးသမီးတစ်ဦးရဲ့ရင်ဖွင့်သံ



Unicity ( MLM Company ) မှာ ဝင်လုပ်ခဲ့သူ တစ်ယောက် ရေးထားတာကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်ဗျာ >>>
ပြောပြချင်လွန်းလို့လွန်ခဲ့တဲ့တစ်နှစ်လောက်က
ကျွန်မကိုယ့်ဆိုင်နဲ့ကိုယ်(အမျိုးသမီးသီးသန့် beauty saloon)ဖွင့်တာ
အဆင်ကိုပြေနေပုံမှမှန်ဝင်ငွေလေးနဲ့အောင်မြင်တယ်လို့ပြောလို့ရပါတယ် ။
ကံမကောင်းစွာနဲ့ပဲ ဆိုင်ကိုလာတဲ့ ညီမတစ်ယောက်က
အဲဒီကုမ္ပဏီက လုပ်ငန်းအကြောင်း စလာပါတော့တယ် ။
သူက product အကြောင်း ဘယ်လောက်ကောင်းတယ် ။
အဲဒီက ရင်းနှီးရင်တစ်လကနေ၃လအတွင်း
သိန်းကိုဆယ်နဲ့ချီပြီးတော့ပဲပြောနေတော့
ကျွန်မကလည်းလောဘနဲ့လူသားဆိုတော့
သူ့အပြောမှာတင် တော်တော်ဘဝင်ကျပြီး ညတောင်အိပ်မပျော်တော့ဘူးစဉ်းစားတာလေ ။
အဲဒါနဲ့နောက်နေ့သူ့ဆီphဆက်ခေါ်တွေ့ပြီးသူတို့လုပ်တဲ့ပွဲတက်ရောက်ခဲ့တာပေါ့ ။ မက်လုံးတွေကလည်းကောင်းမှကောင်း ....
တစ်ကယ်ရနေတာတွေလား ၊ ရတော့မယ့်ဆဲဆဲတွေလား
ရပြီးတဲ့လူတွေကလည်း သူတို့အချိန်တိုလေးအတွင်းမှာဒီလိုအောင်မြင်ပါတယ်ပေါ့ ။
သူတို့ကမင်းသားမင်းသမီးတွေထက်တောင်ပေါ်ပြူလာဖြစ်ပါသေးတယ် ဒ
အဲဒီပွဲလည်းပြီးရောကျွန်မချက်ချင်းကိုပိုက်ဆံ၁၀သိန်းယူပြီးလိုက်သွားတယ် ။
memberဝင်တာပေါ့သူတို့ဆီကဆေးတွေလည်း ကိုယ်နဲ့သင့်မယ့်ဆေးတွေရွေးယူတာပေါ့ ။
ညွှန်းတာလည်းဘာကောင်းသလဲမမေးနဲ့ ။
လုံးဝကိုပြောင်းလဲသွားပြီး ၃လအတွင်းမှာ သိန်း၃၀လောက်ရမှာဆိုတော့လေ
နောက်ဘန်ကောက်မှာ Eagle champဆိုတဲ့ သင်တန်းလည်း လိုက်တက်နိုင်ရင် အမြန်ဆုံးအောင်မြင်တယ်တဲ့ ။
ကျွန်မလည်း ကိုယ့်ဆိုင်ကို အလုပ်သမားတွေနဲ့ပဲပစ်ထားပြီးတော့ ဒီဘက်ကအချီကြီးရတော့မယ့် အလုပ်ဘက်ကိုဦးတည်ရတာပေါ့ ။
ဒါနဲ့ပဲ ဘန်ကောက်ကို ၁ပါတ်လောက်လိုက် ၊ ချင်းမိုင်မှာ ၃ညအိပ်ပြီး
ဘဝတစ်သက်တာမှာ တစ်ခါမှမလုပ်ဘူးတဲ့ gameကစားနည်းမျိုးစုံကို
အသက်ထွက်လုမတက်ကိုယ်ကျိုးနည်းမတက် ကိုလူရောစိတ်ပါဝင်နွှဲခဲ့ရပါတယ် ။
ဘန်ကောက်မှာတော့ပါလာတဲ့ပိုက်ဆံနဲ့shopping ပတ်တာပေါ့ ။
အဲမှာလည်း၁၀သိန်းလောက်ကုန်သွားပါတယ် ။
ပြောရရင်အရှည်ကြီးပဲ ဒါနဲ့ပဲကျွန်မ၅လကိုကြိုးစားပမ်းစားလူရှာပါတယ် ။
အိမ်ကအမေအဖေလည်းမနေရပါဘူး ။
အမေတောင် သိန်း၂၀ဖိုးဝယ်ပြီး ဆေးတွေကိုအမုန်းထိုင်သောက်နေရပါတယ် ။
သူစိတ်မကြည်တဲ့အချိန်ဆို ဆေးတွေကြည့်ပြီးငိုပါတယ် ။ နင့်ကြောင့်ဆိုပြီး ....
ကျွန်မကိုမြင်ရင် ဆွေမျိုးတွေ သူငယ်ချင်း မိတ်ဆွေတွေက
ငါတို့က နေကောင်းဘာမှမဖြစ်ဘူးနေိာ နဲ့ဆေးလိုက်ရောင်းတဲ့သူကို
ဖြစ်လို့ ရှောင်ဖယ်ဖယ်တွေဖြစ်လာတယ် ။
လတိုင်းလည်းpvအမှတ်ပြန်ထိန်းရမယ်ဆိုပြီး
- တစ်လကို၎သိန်းဖိုး
- လစဉ်၎လဆက်တိုက်ဆိုတော့၁၆သိန်း
- စပြီးတော့vip codeဝင်တာက၁၀သိန်း - အဲဒါဆေးဖိုးပဲ ၂၆သိန်း
-ဘန်ကောက်သွားတာ၁၀သိန်း
၃၆သိန်း စပြီးဝင်တဲ့နေ့ကတည်းက မိုးလင်းတာနဲ့အပြင်ရောက်နေပီ
ဆိုင်ဆိုတာခေါင်းထဲမှာကိုမရှိတော့ ။
ဆိုင်မှာလည်းအလုပ်သမားနဲ့ဆိုတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာ ။
ကျွန်မမှာလည်းလူ၅ယောက်ရဖို့အရေးကို အသန်းအသည်ရှာဖွေနေတာလည်း
အော်ငါ့လိုလူလည်းတစ်ယောက်မှမရှိပါလားပေါ့ ။
ပွဲတွေဆိုလည်း လက်မှတ်တွေကတစ်စောင်၅ထောင်ဆိုတော့
ဝယ်ရမယ်လို့ပြောရင်မလာမှာဆိုးလို့
ကိုယ့်အိတ်ထဲကပဲစိုက်ထုတ် နောက်ဆုံးတော့ကျွန်မဆိုင်လည်းပိတ်
အဲဒီအလုပ်နဲ့ပဲအရာရာဆုံးရှူုံးခဲ့ပါတယ် ။
ဒါကလည်းကျွန်မရဲ့ကံနဲ့လည်းဆိုင်မှာပေါ့ ။
ရပါတယ် ။ ကျွန်မလည်း ကိုယ့်လိုဒုက္ခမျိုးကိုမကြုံစေချင်ပါဘူး ။
တစ်ကယ်ကောင်းတယ် အောင်မြင်တယ်ဆိုရင်တော့ အားလုံးအတွက်အကျိုးရှိတာပေါ့ ။
ဒါကလူအများနဲ့ ယုံကြည်မှုကိုအယုံသွင်းပြီး မက်လုံးပေးတော့
လူတိုင်းကလည်း ငွေဆိုတဲ့အရာကို မကြိုက်တဲ့သူမရှိတော့
ကောင်ကောကိပါအောင်လိုက်တော့တာပေါ့ ။
အားလုံးပဲစဉ်းစားစေချင်ပါတယ် ။
ဒီ အလုပ်ကိုမလုပ်သေးခင်လုပ်နေတဲ့သူတွေ ကိုယ်တစ်ကယ်ပဲ
သေချာအောင်မြင်တိုးတက်နေလား ?
အဲလိုမဟုတ်ပဲသူများကိုအရမ်းကောင်းတာသေချာပေါက်ရမှာလို့
လက်လွတ်စပယ်မပြောစေချင်ဘူး ။
ဘဝနဲ့ရင်းပြီး ဒုက္ခရောက်သွားတဲ့သူတွေထဲမှာ ကျွန်မအပါအဝင်
အတူလုပ်ခဲ့တဲ့ မိတ်ဆွေတွေဆိုရင် အခုထိအကြွေးမကျေသေးဘူး ။
ပြသနာပေါင်းစုံကို ခက်ခဲစွာဖြေရှင်းနေရတယ် ။
မိတ်ပျက်သွားတာတွေလည်းရှိတယ် ။
ကျွန်မ တစ်ခုဝမ်းသာတာက ကျွန်မ လူ၅ယောက်ရှာတာ ၁ယောက်ပဲရတယ် ။
အဲဒါကလည်း ကျွန်မအမေ ...
ကျွန်မဆွေမျိုးအပေါင်းအသင်းတစ်ယောက်မှ ကျွန်မကိုအားနာပါးနာနဲ့ကော
လောဘတက်ပြီးတော့ပါမပါလာတာကိုအခုပြန်တွေးမိတော့ ဝမ်းသာမိတယ် ။
သြော် သူတို့က ငါ့ထက်ဆင်ခြင်ဥာဏ် အတွေးအခေါ်ကောင်းတဲ့သူတွေပဲဆိုတာ ။
ကျွန်မကလည်း လူတစ်ဖက်သားကို ကျလောက်တဲ့အထိ ပြောတတ်တဲ့ထဲမှာမပါဘူး ။
အပြောအဆိုလည်း မပြေပြစ်ဘူး ။
အဲတော့ လိမ်ပြီးတော့ကိုမပြောချင်တာ ။
ကိုယ်လညိးတစ်ကယ်မရပဲနဲ့ ရနေပါတယ်လို့ ပြောနေတဲ့သူတွေကိုလည်း အရမ်း အံ့သြမိတယ် ။
ဒါ ကိုယ်တစ်ယောက်ကောင်းစားဖို့ လူ၅ယောက်ရဲ့ ဘဝတွေကို ရင်းခိုင်းလိုက်တာနဲ့ အတူတူပဲ ။
ငါ့လိုရချင်ရင် ငါတို့ အထက်က လုပ်ခိုင်း ပြောခိုင်းတဲ့အတိုင်းလုပ်ဆိုတဲ့သဘော
ကိုယ်က ပိုက်ဆံလည်းရင်းပြီးပြီဆိုတော့ နောက်ဆုပ်လို့လည်းမဖြစ်တော့ဘူး ။
အဲတော့တွေ့သမျှသိသမျှအကုန်လိုက်ဆွဲတော့တာပေါ့ ။
ကိုယ်ရင်းထားတဲ့ပိုက်ဆံလေး ပြန်ရရင်တော်ပါပြီနဲ့
လိုက်လေဝေးလေကုန်လေဖြစ်တော့တာပဲ ။
နောက်ဆုံးတော့ ကျွန်မတို့အဖွဲ့တွေ ပွဲစားယောင်ယောင်
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့
လက်ရှိကနေလက်မဲ့ဘဝကို
၆လအတွင်းမှာတစ်ဟုန်ထိုးပြောင်းလဲသွားပါတယ်ရှင် ။
သူတို့ပြောတဲ့ ၃လမှ၆လဆို ကိုယ့်ရဲ့ ဘဝလုံးဝ ပြောင်းလဲသွားမယ်ဆိုတာလဲ တစ်ကယ်ပါ
ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်းမဟုတ်ပါဘူး
မလုပ်ခင်သေချာ စဉ်းစားဆုံးဖြတ်ကြပါ
https://www.facebook.com/groups/mlmDiscussion/permalink/1793566934221470/