Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Unicity နှင့်​ကျွန်​​တော်​ ..အပိုင်း ၅


 Image result for unicity
Unicity နှင့်​ကျွန်​​တော်​ ..အပိုင်း ၅
(ပြန်​လာပြန်​ပီ .:-D :-D :-D )
UPS သွားရမယ်​ UPS သွားဖို့ ပိုက်​ဆံလိုတယ်​...ဆို​တော့ ကာ ကြံရဖန်​ရမှာ​ပေါ့(ဒီ​နေရာမှာ ကျွန်​​တော်​ လူထပ်​ရှာတာရယ်​...ရှိပြီးသား လူဆီက bonus တချို့ဘယ်​လိုရ​အောင်​လုပ်​ယူရတယ်​ဆိုတာ ကို ရှင်းပြ​ပေးဖို့ကျ​တော့ စာရွက်​နဲ့ ​ဘောပင်​နဲ့ ကို ချ​ရေး..​ဘေးကရှင်းပြ အဲ့ လိုမှ နားလည်​လွယ်​လိမ့်​မှာ ဖြစ်​လို့ သူတို့ ဆီ က​ငွေ နဲ့ လှည့်​ပြီး​ဖြေရှင်းလိုက်​တယ်​လို့ပဲ အရင်​သိထား​ပေးပါ ဗျ:-) :-) :-) ) ``ရှင်းပြလို့နားမလည်​ဘူး​´´ပြောလိုဲ့ တစ်မျိုးမထင်​နဲ့​နော်​..အဲ့ဒီbonus တွက်ချက်​ပုံ ​တွေ က ရာထူးနည်းနည်း ရလာ​လေ ပိုပိုရှုပ်​​ထွေးလာ​လေပဲ...ကျွန်​​တော်​လဲ တကယ့်​အကြီးပိုင်းPD ကြီး​တွေ bonusတွက်​ချက်​ပုံ​တွေ ကို အကုန်​နားမလည်​ဘူး.....
ကျွန်​​တော်​ မ​ပြောပါနဲ့ အဲ့ဒီ PD ထဲ က တစ်​ချို့ ဆိုရင်​လဲ ..သူတို့ဟာသူတို့ကို လည်​​နေတာ...(bonus တွက်​ချက်​ပုံဆိုတဲ့ training ကို Thai က လူ​တွေ လာသင်​​ပေးတုန်းက pd ကြီးလဲ အကုန်​မရှင်းလို့ စင်​​ပေါ်တက်​​မေးတာ မျက်​စိ​ရှေ့တင်​ပဲ)စဉ်းစားကြည့်​ပါဦး...PD ကြီး​တွေ က ကိုယ့်​ဟာကိုယ်​​တောင်​ ဘယ်​လိုလုပ်​ရင်​ ဘယ်​​လောက်​ရတယ်​ ဆိုတာကို ​ကောင်း​ကောင်းမရှင်းဘူးတဲ့ ဖြစ်​သင့်​လား???ထားပါ​လေ ..ဒါလဲသူ့ကိစ္စပါ...
ဒါ​ပေမယ့်​ ရှင်းပြလို့ရနိုင်​တာ ကို​တော့ ​ပြောပြပါမယ်​.လုပ်​သွားတာ​လေး​တွေကို တစ်​ချက်​ ပြီးမှတစ်​ချက်​ ဖတ်​ပါ​နော်​.....လွယ်​လွယ်​နဲ့ မြန်​မြန်​ ပိုက်​ဆံရလိုက်​တာက​တော့...Downline ​ဟောင်း​တွေ ထဲမှာ နည်းနည်းတက်​နိုင်​တဲ့သူဆို 200pv ဖိုးအရင်​ထိန်းခိုင်းတယ်​..ok ၁​ယောက်​ထိန်းပြီ ဆိုပါစို့....အဲ့ ဒီ ထိန်းတဲ့ သူက ကိုယ့်​ အ​ပေါ် အရမ်းယုံ ကြည်​​နေတဲ့ သူ လဲဖြစ်​တယ်​(မယုံ ..ယုံ ​အောင်​လဲ လုပ်​ထားတယ်​​လေ)သူ 200pv ဝယ်​ပီ..တစ်​ကယ်​ဆို သူက company က​နေတိုက်​ရိုက်​200 pv ဖိုးဝယ်​ ရမှာပါ..အဲ့လိုဝယ်​မှလဲ သူ့ဆီ ကို 200pv နဲ့ ထိုက်​တန်​တဲ့ bonus ထွက်​မှာ (200pv =၄သိန်းဖိုးဝယ်​ရတယ်​.)
200pv ×5%×1200ပဲထား=7200
၎သိန်းဝယ်​ရင်​ ၇၂၀၀ကြီး​တောင်​ပြန်​ရပါတယ်...​ဒါေ​တာင်​ ​အောက်​မှာ 200pv ဝယ်​မဲ့သူ ထပ်​လို​သေးတယ်​​နော်​...
ဒီ​တော့ သူ ဝယ်​ မဲ့ ၄သိန်းဖိုးကို company က ​နေမဝယ်​​ပေး​တော့ဘူး...ဘယ်​လိုဝယ်​ခိုင်းသလဲ ဆို​တော့...ကိုယ့်​မှာရှိတဲ့ stocks ထဲ က​နေသူ့ကို ​ရောင်းလိုက်​တယ်​ .သူ့ရတဲ့ အမှတ်​​တွေကို​တော့ သိမ်းထား​ပေးမယ်​လို့​ပြောရင်​ okပီ..​ဒီ​တော့ သူကသူဝယ်​တဲ့ ၄သိန်းတန်​​ကြေးရှိတဲ့ product ​တွေ ရသွားတယ်​ ကိုယ်​ ကကျ​တော့ ကိုယ့်​ဆီ က ​product လဲ​ရောင်းထွက်​တယ်​ cash. လဲချက်​ချင်း ထွက်​လာတယ်​ ..​နောက်​လ​တွေ အတွက်​လဲ ကိုယ်​ကပုံမှန်​ပဲ အမှတ်​ထိန်းနိုင်​တယ်​..သူ့​ငွေနဲ့ပဲ​ပေါ့...တစ်​ချက်​ခုတ်​ ၃ချက်​ပြတ်​ပဲ...(ဒီအကွက်​ က ကျွန်​​တော်​ တစ်​​ယောက်​ထဲ သုံးတာမဟုတ်​ဘူး​​နော်.ဒီလုပ်​ပုံ ကို ခုမှစ​နေတဲ့ mlm သမား​တွေလဲ ဒီလိုခံ​နေရပီလား ပြန်​သုံးသပ်​ပါ)
၎သိန်းတန်းဝယ်​နိုင်​တဲ့သူပီး​တော့ ...၁​သောင်းဖိုးဝယ်​လိုက်​၂ ​သောင်းဖိုး ဝယ်​လိုက်​ အမှတ်​စုလိုက်​ သမား​တွေ ကိုလဲ အမှတ်​သိမ်း​ပေးထားမယ်​​နော်​ဆိုပြီး ဒီ​လိုပဲ ကိုယ်​အိမ်​မှာရှိ​နေတဲ့ product​တွေထဲကပဲ ​ပေးပြီး သူတို့ ​ငွေသားကို ကိုယ်​ယူတယ်​..ဒီလိုနဲ့ ပဲ ups သွားနိုင်​ခဲ့ပါပြီ ..(သိပ်​ယုတ်​မာတာပဲ​နော်​)
တချို့ အ​သေးစိတ်​​လေး​တွေ နည်းနည်း ​မေ့လို့ကျန်​ခဲ့တာရှိရင်​လဲသိချင်​ရင်​ cbမှာလာ​မေးလို့ရပါတယ်​​နော်​:-) :-) :-)
Bangkok မ​ရောက်​ခင်​ပဲ upline ​တွေ ကစ ဒုက္ခ​ပေးတာပဲ
မသွားခင်​ကိုယ့်​မှာက သူများနိုင်​ငံကို ပထမဆုံးသွားတာဆို​တော့
Passportအသစ်​လုပ်​ visa​လျှောက်​ ​​လေယာဉ်​လက်​မှတ်​ဝယ်​နဲ့ ​တောင်​​ပြေး​မြောက်​​ပြေး​ပေါ့....အားလုံးလဲ ရ​ရော ​``​အေး​ဆေးပဲ​ပေါ့´´​နောက်​​နေ့ သွားဖို့ပဲကျန်​​တော့တယ်​ဆိုပြီး....
နောက်​​နေ့ .....​လေဆိပ်​​ရောက်​ပြီ...
Upline မ​ရောက်​​သေးဘူး..(​နောက်​ကျ​နေတယ်​​လေ)ကိုယ်​ကသူ့အားကိုးပြီးသွားတယ်​ ဆိုကာမှ သူက ​ပေါ် မလာ​သေး​တော့ လူက ဘယ်​ကစလို့ ဘာကိုလုပ်​ရမှန်းကိုမသိတာ...တိုင်​စပတ်​ပီ ဒါ​တောင်​ရန်​ကုန်​မှာပဲရှိ​သေးတာ​နော်
ဒါ​ပေမဲ့လဲ​တော်​​သေးတယ်​...တခြား sideline အသိ​တွေလဲပါ​တော့ သွားဖူးလာဖူးတဲ့သူ​တွေ က ဒီက ချွတ်​တား​လေးကို ကူညီ ကြလို့.အဲ့အချိန်
Upline က အဲ့ မှာဖုန်းလှမ်းဆက်​တယ်​ လာ​နေတုန်းပဲတဲ့...
သူ့ထပ်​​စောင့်​​နေရင်​ ကိုယ်​​လေယာဉ်​​နောက်​ကျ​တော့ မယ်​ မဖြစ်​​တော့ ဘူး ...အားကိုး​လေးလည်းအနားရှိလာပြီဆို​တော့ ​ရိတ်​ကို ဖြတ်​နှင့်​​တော့မယ်​လဲ လုပ်​​ရော ဖြစ်​ပြန်​​ရော ပြသနာက....
$500 showmoney ပြရမယ်​တဲ့...``ဟိုက်​ ​သေပြီ´´ဘယ်​က သွားပြရမှာတုန်း .ကိုယ်​ပိုက်​ဆံအိတ်​ထဲပါလာတာက ထိုင်းဘတ်​​တွေပြီး​တော့ ၇၀၀၀ထဲ ရယ်​.....``upline ကွား.....​ဆေးပါ...´´
အဲ့​တော့လဲ sideline အဖွဲ့​တွေက ပဲ ကူညီတာပါပဲ...100တန်​ ၅ရွက်​ကို တစ်​​ယောက်​တစ်​လှည့်​ပြပြီး ဖြတ်​သွားတာ​ပေါ့ .``.​တော်​​သေးတယ်​ အဆင်​​ပြေသွားလို့´´
လေဆိပ်​ အ​ပေါ်ထပ်​​ရောက်​​တော့မှ မိန်းမ ကို တာ့တာ လှမ်းပြရင်း ​အောက်​ မှာ လှမ်း မြင်​လိုက်​တာက​တော့..```အံမယ်​ ...upline လာပါပြီ အူယားဖားယားနဲ့´´
ဘာမှ​တော့​ပြောမ​နေ​တော့ပါဘူး......
Bangkok​​ ​တော့​ရောက်​ပြီ....ပထမဆုံးသွားတာဆို​တော့ downline ​လေး​တွေ ​တော့မ​ခေါ်နိုင်​​သေးဘူး​ပေါ့...
ဓာတ်​ပုံ​တွရိုက်​ fb တင် wechat gruop ထဲ က downline ​​တွေ ကိုလှမ်းပြ ..``bangkok​ရောက်​​နေပြီ ဘာညာ​ပေါ့´´
ဟို​ရောက်​​တော့ ကိုယ့်​စိတ်​ထဲ ​လေး​နေတာ ကိုယ်​ပဲသိတယ်​...downline ​တွေက​တော့ အား​တွေကျ​နေတာ​ပေါ့...ငါ့တို့ upline ​လေး bangkok​ရောက်​​နေ ​ပီဆိုပီး​တော့....
ရောက်​တာနဲ့ ၄​ယောက်​တစ်​ဖွဲ့  ကားငှါးပြီး ​နေမဲ့ ​နေရာသွားကြတာ​ပေါ့.....​နေမဲ့ ​နေရာက လဲ ပဲ်ွ လုပ်​မဲ့ ​နေရာနဲ့ နီးနီးနားပါပဲ ...
နေတာလဲ ၄​ယောက်​တစ်​ခန်းစု​နေတာပါ...
အားလုံးပီးလို့ အိပ်​ရာထဲ ​ရောက်​မှ ပဲ သက်​ပြင်းချနိုင်​​တော့တယ်​```ဟူး....´´တစ်​ရက်​​တော့ ပြီးပီ....(မနက်​ဖြန်​ပွဲ ​ရောက်​ ရင်​​တော့ ဘယ်​လို လာဦးမလဲ မသိဘူး)
အပိုင်း..၆ ဆက်​ဦးမယ်​​နော်​:-) :-) :-) :-)
...စာကြွင်း ...ဒီ​နေ့​ရေးခဲ့တာ​တွေ ကို ဒီစာဖတ်မိတဲ့​Mlm သမား. ​တွေ အ​နေနဲ့ ကိုယ်​ကိုယ်​တိုင်​​ရော ဒီလိုအဖြစ်​​တွေ ကြုံ​နေလား?
ကြုံလာနိုင်​လား ဆိုတာ​တော့ ကိုယ့်​ဘာသာ သုံးသပ်​​ပေါ့:-) :-) :-)
Anti ​တွေက ​တော့ မလုပ်​ဖူး​သေးတဲ့ သူ​တွေဆို ကြို ​ရှောင်​လို့ ရတာ​ပေါ့ ​နော်
လူအချင်းချင်း လှည့်​ပတ်​ခြင်းနှင့်​ report ရန်​မှ ကင်း​ဝေးရပါ​စေ:-) :-) :-)




https://www.facebook.com/groups/unicity.victims/permalink/1608471569456822/