Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

Unicity နှင့်​ ကျွန်​​တော်​.....အပိုင်း(၁)(၂)(၃)



Unicity နှင့်​ ကျွန်​​တော်​.....အပိုင်း(၁)(၂)(၃)
လွန်​ခဲ့တဲ့ ၁နှစ်​ခွဲ​ကျော်​​လောက်​က​ပေါ့..အိမ်​​ထောင်​ကလဲကျ ​ကျောင်းကလဲတစ်​ဝက်​တစ်​ပျက်​နဲ့ အလုပ်​အကိုင်​ကလဲ မ​ကောင်း...တိုင်​ပတ်​​နေတာ​ပေါ့:-) ..အဲ့ မှာ ပဲ ​ကျေးဇူးရှင်​ကို​​တော်​​ချော အသိတစ်​​ယောက်​က...လာပီး​တော့ ​အိမ်​က မိန်းမကို​ပြောတယ်​ ဘာရမယ်​ ညာရမယ်​..ချက်​ချင်း သူ​ဋ္ဌေးကြီးဖြစ်​မယ်​​ပေါ့.ပြီး​တော့ ကျွန်​​တေိာ့မိန်းမကို dscရုံးချုပ်​ဆို တာကို​ခေါ်သွား​လေရဲ့...ပြန်​လာ​တော့ ချစ်​ဇနီးက ပီတိ​တွေဖြာပီး ကျွန်​​တော့်​ ကို ပါရုံးကို မ သွား​လေ​ရော..
စဝင်ပုံ အစုံအလင်ကို ​ပြောရရင်ရှည်​လို့ ခြုံ​ပြောရရင်
၁၀သိန်းစရင်းပါပြီ:-) :-) :-) :-)
နောက်​တစ်​​နေ့ လက်​ထဲမှာလဲ ​ဆေး​တွေ ..​အော်​ sorry ဖြည့်​စွက်​စာ ​တွေ တစ်​ပုံ တစ်​ပင်​နဲ့ ​ပေါ့...ဘာစလုပ်​ရမလဲ upline ကို ​ဖုန်း​ဆက်​​မေး​တော့ ရုံးလာခဲ့ training ရှိတယ်​ ..ဒီ​နေ့ ဘယ်​အ​ရေးကြီးပုဂ္ဂိုလ်​လာမှာ..ပါ​ပေါ့(​နောက်​မှသိတာက ​တော့..ဘာပွဲလုပ်​လုပ်​ အကုန်​လုံး က ​စင်ေ​ပါ်​ရောက်​ရင်​ ​အောင်​မြင်​ပီးသားဆြာဂျီး ​တွေ ဆိုတာကြီးပဲ..ကိုယ်​လဲ ​နောက်​ပိုင်း​တွေ ကြေ​တာ့ ဖိန့်​ နဲ့ စင်​​ပေါ်တက်​ အာခဲ့တာပဲ​လေ)
Training ​တွေတက်​ သူတို့ သင်​​ပေးသလို မ​တောက်​တ​ခေါက်​တတ်​တာ​လေး​တွေလဲ တတ်​​လာ​တော့ စပါပီ...စစ်​ဆင်​​ရေး(အချည်​ရှာ)
အစပိုင်း​တော့ ခက်​ခဲ ခဲ့တာ အမှန်​ပဲ..ဒါ​တောင်​ မှ ယုံပီး ကိုယ်​နဲ့ လာ​လက်​တွဲ တဲ့ သူကရှိ​သေး(ဇာတာ​ပေါ့:-) )
ပထမ တစ်​လ bonus ထွက်​တယ်​ ၄၀၀၀၀ကြီးများ​တောင်​(ကိုယ်​ ၁၀သိန်းစထည့်​ ပစ္စည်း​တွေ အပြင်​ ​bonus ​ပေးတာတဲ့ အမ​လေး ​စေတနာကြီးမားပါ​ပေကိုယ်​နဲ့ လာ​ပေါင်းတဲ့ လူ က member..​(မှားလို့..franchise လို့ ပဲ သုံးတယ်​...unicity သမား​တွေက member လို့ အပြင်​လူက​ပြောမိရင်​...ရှင်းပြပါပီ....member ဆိုတာ ဘယ်​လို...franchise fees က ဘယ်​ပုံ နဲ့..တကယ်​​တော့ member ပါပဲ..နားလှည့်​ ပါးရိုက်​ထားတာ...)
ကိုယ့်​ လို စမရင်​နိုင်​​တော့ နည်းနည်းချင်းဝယ်​ပီးအမှတ်​စု...
ကိုယ်​ကလဲ သူဝယ်​တဲ့ နည်းနည်းချင်​စီထဲ ကပဲ ​ထောင်​ ဂဏန်း​လောက်​​လေးပဲ ရ​နေ:-) :-) :-) တစ်​ လပီး​ပေါ့:-)
ဒုတိယလ...
ပထမလ နဲ့ သိပ်​မကြာပါဘူး..နည်းနည်းချင်း​တော့ နားလည်​လာ​နေပီ...ဟို​လေး​သောင်းလဲ မ​ပေး​တော့ဘူး..စစချင်းတစ်​လပဲ ​ပေးတာတဲ့ လဂွမ်း...ဒီကြားထဲ...လစဉ်​ pv 200၄သိန်းဖိုးအမှတ်​ထိန်းရမယ်​တဲ့...ဘုရားဘုရား...upline​ရေ မထိန်းလို့​ရောရလားဆို ​တော့.......
Upline လို ​အောင်​မြင်​ချင်​ရင်​ copy ကူးပါတဲ့ သူ့ဆီက သူ ၄သိန်းထိန်းတယ်​ဆို လိုက်လုပ်...သူ့လို ​လိုက်​မလုပ်ရင်​တော့ ​အောင်​မြင်​ဖို​ ကြာမယ်​တဲ့:-( :-( :-( :-(
ဒီက​ကောင်​ကလဲ ​အောင်​မြင်​ချင်​တာ တပိုင်း​သေ​လေ...lambo​တောင်​ အ​ရောင်​​ရွေးပီး​နေပီ....
လာထားမိန်းမကို ဆင်​​ပေးထားတဲ့ လက်​စွပ်​ ၂ကွင်း...အမှတ်​ထိန်းဖို့ .....(အဲ့တာက လဲ upline ​မြှောက်​​ပေးတာ)
လစဉ် ​ဝင်​ငွေက ​နောက်​ဆို ​ရေစီး​မျော သလိုဝင်​လာမှာ​လေ ဒီ၂ကွင်း​လောက်​​တော့ ​အေး​ဆေး...မိန်းမ က​တော့ ငိုမဲ့မဲ့
တတိယလ...ထူးမခြားနားပါပဲ
သ​ဘော​ပေါက်​လိုက်​ပါပီ....တစ်​ခုခု​တော့ လုပ်​မှဖြစ်​​တော့ မယ်​ဆို ပီး:-) :-) :-)
(စတင်​ ကလိန်းကျ ပုံများကို ..အပိုင်း၂ နဲ့ ဆက်​တင်​ပါ​မယ်​​နော်​..တကယ်​ဆို ​ပြောပြစရာမှ တစ်​ပုံကြီးပါ...အပြင်​မှာကို ထိုင်​ပီးရှင်းပြချင်​တာ..အခွင့်​ ကြုံရင်​​ပေါ့)

============================
ကျွန်​တော်​နှင့်​ Unicity အပိုင်း ၂
တတိယ လ
ကျွန်​​တော်​ ဒီအတိုင်းဆက်​သွား​နေရင်​​တော့ မဖြစ်​​​တော့ ဘူးဆိုတာ သိလာ​တယ်​..လူဆွယ်​တာကလဲ မလွယ်​ ဒီကြားထဲ အ​ပေါင်းအသင်း​တွေ ပုလင်းတူဘူးစို့ ​တွေ က အစ ကိုယ့်​ မြင်​ရင်​ ​ရှောင်​သွားကြပီ..တချို့ ဆို ဖုန်း black list ​တောင်​ထည့်​ သွားကြတယ်
မမှု ပါဘူး..ကျွန်​​တော်​ Diamond ဖြစ်​ရင်​ သူတို့ က ကိုယ့်​ ကို လာပြန်​ကပ်​မှာ​လေ....
လူရှာရတာက လဲ တချို့ မြှပ်​ကွက်​​တွေ လူအ​နေအထား​ပေါ် မှုတည်​ပီး ​ပြောပုံ ဆိုပုံ ရာထူးဂ​အောင်​လုပ်​ပုံ လစဉ်​ ပိုက်​ဆံဝင်​​အောင်​လုပ်​ပုံ ​တွေက လဲ ​နောက်​မှ သိလာရတာပါ..သိရဖို့ ​တော့ ​ပေးဆပ်​ရတာလဲ အများသား
Product​ရောင်းဖို့ ​ကြပြန်​​တော့ လဲ​ဈေးကြီး​တော့ လူတိုင်းမသုံးနိုင်​ပြန်​ .
အဲ့​တော့ ဘာလုပ်​သလဲ ဆို ​တော့ company က တချို့ အ​ရောင်းသွက်​တဲ့ ​ဈေးသင်​သာတဲ့ ပစ္စည်း ၂မျိုး​လောက်​ကိုပဲ(သူတို့ သက်​သာတယ်​ဆို တာက အနည်းဆုံး ​သောင်းဂဏန်းက စတာ)
တစ်​ဘူး၂​သောင်းဆိုပါ​တော့ အဲ့တာကို ၅​ထောင်​တန်​ အ​သေးစား ၅ဘူး​လောက်​ ခွဲ ပီး​ရောင်းတယ်​....ဘာ​ရောဂါလာ လာ ဘာဖြစ်​ချင်​လို့ လှ ချင်​လို့ ကျန်းမာချင်​လို့ ...ဘာ​သောက်​ရမလဲ ​မေးရင်​ အဲ့ ​ဆေး ၁မျိုးပဲ ညွှန်း တယ်​:-) :-) :-)
တခြားဟာ​တွေ ​တော့ ရှိပါတယ်​ ဒါ​ပေမယ့်​ ​ဈေးက သာမာန်​လူဆို အနားမကပ်​နိုင်​ဘူး
အဲ့​တော့ လဲ ကျွန်​​တော်​ရဲ့ ၁ဘူး ၅​ထောင်​ ​ဈေးကွက်​​လေးက နည်းနည်း​တော့ ​ကောင်းလာတယ်​...
အမျိုးအိမ်​​တွေ ဆို အကုန်​လုံးကို ပတ်​​ရောင်းတာ တချို့ ဆို ကြိုက်​လို့ ထပ်​​တောင်​မှာ​သေး:-) :-) :-)
အဲ့ ​ကောင်​​လေးရဲ့ နာမည်​က ကလိုရိုဖီလ်း တဲ့
အဲ့​ကောင်​​သောက်​ပီးဆီးဝမ်းချုပ်​တဲ့ သူ​တွေက ဆီးဝမ်းမှန်​လာ​လို့ တဲ့..ဟားဟား
မှန်​လာတဲ့ အ​ကြောင်းကိုနည်းနည်း​ပြောပြမယ်​..​တွေးကြည့်​ ရင်​ က​လေး​တောင်​သိတယ်​:-)
ကလိုရိုဖိလ်း ​သောက်​ပုံ အညွှန်း က​ ရေ၁လီတာဘူးထဲ ကိုယ်​နဲ့ ကိုက်​သလိုထည့်​​သောက်​ အစပိုင်း​သောက်​ခါစကို နည်းနည်းပဲ ထည့်​အများကြီးထည့်​ ရင်​ နည်းနည်းမူးတတ်​လို့ ..​နောက်​ပိုင်းကြမှ ပျစ်​ပျစ်​​လေး​သောက်​....
အဲ့တ၊​သောက်​ပီးရင်း လူက အရင်​ကနဲ့ မတူဘူးလနိးဆန်းလာတယ်
..စဉ်းစားကြည့်​ တကယ်​​တော့ အဲ့တာ​သောက်​ပီးဆီးမှန်​လာတယ်..အရင်လို မထိုင်းမှိုင်းဘူး​​​​​ ဆိုတာ...​တွေက ​ရေကို တစ်​​နေကုန်​​သောက်​​နေတာ ကိုး..ဒီဆီး က မသွားပဲ ​နေနိုင်​မလား...
ပုံ မှန်​အတိုင်းဆို လူတစ်​​ယောက်​က တစ်​​နေကို ​ရေ ၃ဂါလံ နီးပါး​သောက်​ဖို့ လိုအပ်​တယ်​..ဒါ​ပေမယ့်​၂ဘူး​လောက်​​တောင်​ ဘယ်​သူမှ မ​သောက်​ ဖြစ်​ကြတာများတယ်​...​ဟော ...ကလိုရိုဖီလ်း​လေး ထည့်​ ​သောက်​ရင်​ ဆန်း​တယ်​ဆို​တော့ မှ တစ်​​နေ့ လုံး ဒီ​ ​ရေကြီးပဲ လှိမ့်​ ​သောက်​​နေကြပြန်​​ရော..ခက်​တယ်​:-) :-) :-)
ရှင်းရှင်း​လေး ဘာ chlorophyll ​ကြောင့်​ မှ မဟုတ်​ဘူး ကိုယ့်​ဟာကို တစ်​​နေ့လုံးရိုးရိုး ​ရေသန့်​ ပဲ ဝယ်​​သောက်​ တူတူ ပဲ ..
ထားပါ​လေ ဒါလဲ သူ့သမိုင်းပါ..အဓိက က ကိုယ့်​ ပိုက်​ဆံ​လေးပြန်​ရဖို့ အ​ရေးကြီးတယ်​.....
ဒီလို နဲ့ ကျွန်​​တောရဲ့ chlorophyll ​ဈေးကွက်​​လေး​ကြောင့်​ လစဉ်​ ၄သိန်းဖိုး ​သောက်​သုံးသူ ဆီ က ပဲ ပြန်​လှည့်​ပီး အမှတ်​ထိန်းနိုင်​ခဲ့တယ်​...
ဒါ​ပေမယ့် စရင်းထားတဲ့ ​ငွေ​လေးပြနိ​ပေါ်ဖို့ က ရန်​ကုနိ မှားက ​ဈေးကွက်​နည်းနည်းခက်​ခါ​တော့ Mlm သမားထုံးစံ အတိုင်း လျှပ်​စစ်​မီး​တောင်​ ​ကောင်း​ကောငိး မရ​သေးတဲ့ အ​မေ့ရဲ့ ​မွေးဇာတိ ရွာတစ်​ရွာကို ​ဆေးထုပ်​ကြီး​တွေ နဲ့ ခရီးဆက်​ခဲ့​လေပြီ:-) :-) :-)
ရွာ​ရောက်​ပီ....
အရင်​ဆုံးဘာမှ စမလုပ်​​သေးပဲ ရွာမှာ ဘယ်​ဟာက ​ဘောစိ ဘယ်သူကဘာ​ရောဂါရှိ​နေတယ်​ ဘယ်​သူက ဝယ်​သုံးနိုင်​တယ်​ဆိုတာ ၂​ရက်​​လောက်​အချိန်​ယူ ​လေ့လာလိုက်​တယ်​ မခက်​ပါဘူး:-)
အဓီက ရှာလိုက်​တဲ့ လူက​တော့ ရွာမှာ ​နေရာတစ်​ကာသူသိသူတတ်​ ပွဲစားလို အန်​တီကြီးကို ချုပ်​လိုက်​တယ်
ရောဂါသည်​ ကို ဒုက္ခစသွား​ပေးတယ်​ (ကျွန်​​တော့်​ရဲ့လုပ်​ရပ်​​တွေ အတွက်​အနူးအညွန့်​ ​တောင်​ပန်​ပါတယ်​..ဒီစာကို​ရေးတာက လဲ ​နောက်​လူ​တွေ မခံ ရ​အောင်​လို့ပါ နားလည်​​ပေးပါဗျာ)
သူ့ ခမျာ ​ရောဂါကလဲ စုံ ​ပျောက်​ချင်​စိတ်​ကလဲ ပြင်းထန်​ဆို​တော့ ​ရန်​ကုန်​မှာ​ရောင်းမထွက်​တဲ့ ​ဈေးကြီးတဲ့ ဟာ​တွေ ကို မှ ​ရွေး​ရောင်း..၀ယ်​ပါ​လေ​ရော၂သိန်းဖိုး...ကျွန်​​တော်​​ရောင်းလိုက်​တဲ့ ပစ္စည်းက Company မှာဝယ်​ရင်​မှ ၈​သောင်းခွဲ ..ဘူးလိုက်​မ​ရောင်းပဲ..အထဲ က အထုပ်​​လေး​တွေကိုပဲ ​ဈေး ဆ၂ ​လောက်​ ထပ်​တင်​​ရောင်းတာ
ခြုံ​ပြောရရင်​ အဲ့ ရွာ လူလည်​အမျိုးသမီးကြီးရဲ့ marketing ​ကောင်းမှုနဲ့ ၆သိန်းဖိုး​လောက်​ ကျွန်​​တော်​ ပြန်​ရလိုက်​တယ်
တောသူ​တောင်​သား​တွေမှာက မချမ်းသာကြ​​ပေမယ့်​ ..မြို့မှာလို ktv မာဆတ်​ မရှိ​တော့ ရှိတဲ့ပိုက်​ဆံ ကို ဖြုနိးဖို့ ​နေရာ မ​ပေါဘူး...သူတို့မှာ ​ငွေပို ​ငွေရှံရှိကြတယ်​...အဲ့​တော့ ​ကောင်းတယ်​​ပြောရင်​ အကုန်​ ဝယ်​​ကြတာ များတယ်​....အိမ်​အပြန်​ခရီးမှာ​တော့ ပိုက်​ဆံ ​​လေး​တွေပြန်​ ပါလာတဲ့အပြင်​ လူ၂​ယောက်​ပါ ဆွယ်​လာနိုင်​​သေးတယ်
ဆက်​ရန်​...အပိုင်း ၃
(ကျွန်​​တော်​ ​နောင်​တရမိလို့ ဒီအလုပ်​ကို ရပ်​ခဲ့တာပါ...​နောက်​လူ​တွေလဲ ဒီလိုထပ်​မကြုံ ​စေချင်​ဘူး....ကျွန်​​တော်​ လုပ်​ရပ်​​တွေ ကို ရွံမယ်​ဆိုရင်​လဲ...ရပါတယ်​ ..ဒါ​ပေမယ့်အခု mlm ကို အမြစ်​ပြုတ်​ တိုက်​ထုတ်​ချင်​တာ​တော့ သ​ဘောထားအမှန်​ပါ:-) :-) :-) )
ရန်​ကုန်​ပြန်​​ရောက်​ပီးလုပ်​​ဆောင်​ မှု ​တွေ ကို ဆက်​တင်​​ပေးပါဦးမယ်​.....
Htoo Char
credit to Htoo Char
===================
ကျွန်တော် နှင့် Unicity အပိုင်း ၃
Diamond အိမ်မက် ဂရောက်ဂရက်:-D :-D :-D
....ရန်ကုန်ပြန်ရောက်တော့ ပုံမှန်ထက်ပို တက်ကြွလာတယ်..ပိုက်ဆံရခါ စပြုလာပီ ကိုး...ဒါပေမယ့် လူ က သိပ် မရတော့ ဆေးလေးရောင်းလိုက် အမှတ် စုပိတ်လိုက်..လူလေး ၁ယောက်စ ၂ယောက်စရလိုက်နဲ့ အရမ်းကြီးအဆင်ပြေလှတယ်လို့ တော့ မရှိဘူး..ဘယ်ရှိမလဲ...ကိုယ်က အမှတ်တွေစုတယ် ..အပေါ်က upline အဆင့်ဆင့် ဆီကို ကျွန်တော်အပါအဝင် အောက် က လူ တစ်ချို့ ရဲ့ အမှတ်တွေ က. သူတို့ ဆီ တက်နေတာလေ...ဘာနဲ့တူ သလဲ ဆို တော့ သမင်မွေးရင်း ကျားစားရင်းပါပဲ...ဒါတောင်
ကိုယ်က အရိုးအရင်းပဲ ရတာကို feel တတ်နေတုန်း...၅လ လောက်ကို သူ တို့ အပေါ် ကို လုပ်ကျွေးခဲ့ ရတယ်...upline တွေ ကို အဆင်မပြေဘူးပြောရင် လဲ တစ်ခုပဲ ပြန်ပြောတယ်....``Diamond Fighting´´´ ပီးပီ ဒါပဲ:-) :-) :-)
တစ်လတစ်လကိုလဲတက်လိုက်ရတဲ့ training ဆိုတာပီးကို မပီးနိုင်ဘူး တစ်ခါသွားတက်ရင်လဲ စရိတ်က ကားခ ဝါးတီး ပါပေါင်းလိုက် ရင်၃သောင်းလောက်က အသာလေး.. အောင်မြင်သွားတဲ့လူတွေ ကဒါမျိုးတွေ တက် တယ်တဲ့ လိုက်တက်ရင်အောင်မြင်မှာတဲ့...အရူးပြောအရူးယုံလေ(ကျွန်တော်ကလဲ အဲ့တုန်းကအရူးပဲ လေ ယုံတာပေါ့)
တစ်လမှာတော့ ဒုတိယတန်း Training ကအပြန်(Unicity မှာ လူသစ် ဆို ပထမတန်းစတက် နောက်လ တွေ မှာ Director ရာထူးမရမချင်း ဒုတိယတန်းပဲ တက်ရတယ် တတိယတန်းက director ဖြစ်မှတက်ရတာ) ကိုယ်သွားနေတဲ့ ပုံစံကို သိပ် သဘောမကျတော့လို့ Upline ကို မေးတယ် ```upline ကျွန်တော် အရမ်းအောင်မြင်ချင်နေပီ ဘယ်လိုဆက်လုပ်ရမလဲ မေးတော့ တကယ်အောင်မြင် ချင်ရင် I Kash ဆိုတာ မြန်မာပြည်မှာ လာသင်ပေးတာ မကြာသေးဘူး အဲ့ မှာ လက်မှတ် ခက ၁၆၅၀၀ ပဲ ရှိတယ်..အဲ့ ဒါ တက်ပီးရင် ကျွန်တော်အောင်မြင်မှာတဲ့´´´ okလေ တက်တာပေါ့...လူသစ် တွေ တော့ ခေါ်မလာနဲ့ အနည်းဆုံး ၂တန်းလောက်ကို တက်ဖူးတဲ့သူမှ ခေါ်လာတဲ့...သူသစ်ကိုခေါ်လာရင် စိတ်ညစ်စရာတွေ တချို့ မြှပ်ကွက်တွေ ပြသနာတွေ ကို သိသွားပြီး တန်းပြေးမှာလေ
I Kash ....
အစပိုင်းတော့ Unicity ရဲ့ ကောင်းမွန်ပုံတွေ product အကြောင်းတွေ ပြောတယ် သိပီးသားတွေပါပဲ..အလယ်ပိုင်းလိုက် ရောက်တော့ ကိုယ်သွားမိတ်ဆက်မယ့် သူရဲ့ အားနည်းချက် အားသာချက် တွေကို လေ့လာပီး ချည်းကပ်နည်းတွေ..တစ်ဖကိက ပြန်မေးလာနိုင်တာ.တိုက်ခိုက်လာနိုင်တာ တွေ ကို ဘယ်လို စကားလုံးတွေနဲ့ ပြန်ပြောရမယ်ပြောတဲ့ အခါ လြဲပန် ပြီး ခံမပြောဖို့ ..သူပြောတာကိုသေချာနားထောင်ပီးမှ တချို့ ဟာကွက်လေးတွေ ကို ထောက်..ပြီးရင်း ကိုယ့်အားသာချက်ကိုအပြုံးလေးနဲ့ပဲ ဖိပြော..
(ဒီနေရာမှာ anti အချို့ကို ကျွန်တော်ပြောပြချင်တာက ဆရာလုပ်တာဟုတ်ဘူးနော် :-) :-) :-)
Mlmသမားတွေ နဲ့ စကားအပြန်အလှန်ပြောမယ်ဆိုရင် ဘယ်တော့မှ ရန်ဖြစ်တဲ့ ပုံစံ မျိး မဖြစလ်ပါစေနဲ့ ဗျ အထူးသဖြင့် မဆဲ စေချင်ဘူး....ဘာဖြစ်လို့လဲ ဆို တော့ ကိုယ်နဲ့ဆုံလာတဲ့mlmသမားက သေချာ ကို training ဆင်းထား..Brainwash အလုပ်ခံထား..လစ်ဟာမှုတွေ စကားလုံးတွေ ကို ကြိုတင်ပြင်ဆင်ထားတဲ့ သူဆို ...မိတ်ဆွေ ဒေါသနဲ့ မကျေနပ်မှုတွေ နဲ့ သွားပြန်ပြောရင် အလဲ အကွဲ ရှုံးလာမှာပါ...အဲ့တော့ သူပြောသမျှ စကားတွေ ကို သေချာ နားထောင် သူ့ကို လေးစားသမှု ရှိ...သူပြောချင်တာပြောအြီး မှု တစ်ချက်ချင်းပြန်ထောက် ရင် အဲ့ လူ ကိုယ့် ကို လက်မြှောက်သွားမှာပါ:-) :-) :-)
စာလည်းများများဖတ်စေချင်တယ်...သူတို့ညွှန်းတဲ့ rich dad poor dad တို့ ESBIတို့ သွားမဖတ်နဲ့ mlm စာအုပ်တွေ ....
ပြီးတော့ အချင်းချင်း အပြန် အလှန် လေ့ကျင့်ကြ...ပွဲမဝင်ခင် အပြင်က ကျင်းပပေါ့...
IKashက တကယ်တော့ စကားလုံးတေ ပြသနာတွေကို အသေးစိတ်နီးပါးသင်ပေးတဲ့ နေရာပါ...ဒါတွေပီးတော့ နောက်ဆုံး အပိုင်းက တော့ Eagle Camp ရဲ့ အငွေ့အသက် တချို့ကို အမြည်း ကျွေးလိုက်တယ်...(eagle အကြောင်းနောက်ပိုင်းမှ ထပ်တင်ပေးပါ့မယ်)
ဘယ်လို လုပ်သလဲဆိုတော့ အခန်းထဲမှာ မီးအရောင်ကို မှိန်လိုက်တယ်..လွမ်းဆွေးစရာ ပလွေသံလေးတွေလဲ ဖွင့်ထားသေး ပြီးရင် စင်ပေါ်ကနေPD ကြီးက လွမ်းမောဖွယ်ရာအသံလေးနဲ့စပြောပါပီ...
မျက်လုံးကလေးတွေ ခဏမှိတ်ခိုင်းတယ် ကိုယ့် ကိုယ်ကို အမိဝမ်းထဲ က ထွက်ခါစအချိန်လောက်ကို ပြန်တွေးခိုင်း...အမေကကိုယ့် အပေါ် ဘယ်လို ဂရု စိုက်တာ ဘယ်လိုချစ်တာ အဖေက လဲ ဘယ်ပုံ အနစ်နာခံ အပင်ပန်းခံတယ် ဆိုတာတွေ ကို မြင်လာအောင် ဖြည်းဖြည်းချင်းပြောတာပေါ့ .ပြီးတော့ စာရွက်ပေါ် မှာ ကိုယ်အချစ်ဆုံးသူတွေ ကို အရင်ချရေး ..သူတို့ကို ဘယ်လို အရာတွေ လုပ်ပေးချင်လဲ ချရေး..နောက်ပီးမှ ကိုယ် အချစ် ရဆုံးသူတွေ ထဲ ကနဘေဝထဲကတယောက်ချင်း စီ ကို ဖယ်ထုတ်ခိုင်းတယ်...ရင်ထဲမှာနာကျင်လာတာတော့အမှန်ပဲ...နော၇်ဆုံးကျန်တဲ့ လူကိုမှ အော် ကိုယ်ဘဝထဲ ကအရေးကြီးဆုံး လူပါလား...သူ့ကို ဘယ်လို့ ဘဝမျိုးမှာမသေခင်ထားမှဖြစ်မယ် ဆိုတာကို ရိုက်ထည့်လိုက်ပီ..ဘေးကို သတိထားကြည့်လိုက်တော့...တရွှတ်ရွှတ်နဲ့ ထငိုနေကြပီ....အာပြဲ ကြီးနဲ့ ထငိုတဲ့ သူက ရှိသေး...အေးလေသူ က ပိုခံစားရလို့နေမှာပေါ့ လို့တွေးရင်း ပါးစပ်ထဲ စီးကျလာတဲ့ နှပ်တွေ ကို သုတ်လိုက်ပါတယ် .``..ရွှတ်´´ ```ဖတ်´´´
အကြီးစားလုပ်ကြံမှုပါပဲ....အရင်က လိုလူတစ်ယောက် ကို သွားဆွယ်တော့မယ်ဆို အဲ့ဒီ လူရဲ့ ဘဝတွေ ဘယ်သူကဆင်းရဲ သားမို့ ဘယ်သူက ချမ်းသာပီးသားမို့ ဘယ်သူကတော့ လုပ်လောက်တယ် မလုပ်လောက်ဘူး ဆိုပီး သူတိုဘက်ကတွေးပေးနေတော့ လုပ်ရတာကြာနေတယ်...ဒီမှာတက်ပြီးပိုပို သိလာတာက ဘယ်သူ့ကိုမှ မသနားနဲ့ သွားတွေးပေးမနေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်တွေး ကိုယ်ကောင်းစားမှ နောက်က မိသားစကြောင်းစားမှာဆိုတာကို သိသွားတယ်
အပြန်တော့ စိတ်ထဲမှာ ဘာရိုက်ထည့်ခံပီးသားဖြစ်နေ သလဲဆိုတော့ ငါ့မိဘငါ့ မိသားစုအတွက် ဒီအလုပ်ကို လုပ်ကိုလုပ် ရမယ် ဆိုပဲ....
ဆက်ရန် .၎
နောက်မှဆက်မယ်ဗျာ စာရှည်သွားလို့:-) :-) :-)
Ikash အပြန်ထပ်ရေးမယ်နော်
cd
HtooChar
®®®®®®®®®®®®®®®®®®®®®
https://www.facebook.com/permalink.php?story_fbid=195622327555097&id=100013219927433