Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 9, 2017

V con သွားဖို့ပိုက်ဆံမရှိရင် ကျောက်ကပ် ရောင်းလိုက်တဲ့ ကျွန်တော်အရမ်းကိုတုန်လှုပ်သွားခဲ့တယ်


2015 January 28 ရက်နေ့တုန်းက MLM လောကထဲကိုစဝင်ခဲ့တယ် Q Net အရမ်းကိုတက်ကြွနေတဲ့အချိန်ပေါ့ MLM မကောင်းကြောင်းပြောတဲ့သူရန်သူပဲ သူငယ်ချင်းတွေကိုခေါ်တယ်စီးပွားရေးအကြောင်းရှင်းပြတယ် နောက်ကျတော့သူငယ်ချင်းတွေကကိုယ့်ဖုန်းဆိုမကိုင်ကြတော့ဘူး ပိုက်ဆံကပြန်မရသေးဘူး ရှိတဲ့သူငယ်ချင်းတွေကိုအရင်ဆုံးရှုံးရပြီ ဒါပေမယ့်ပြဿနာမရှိဘူးကိုယ်အောင်မြင်တဲ့တနေ့သူတို့ပြန်လာကြမယ်ပေါ့ အတွေးနဲ့ရူးနေတာ တော်ရုံလူစကားတောင်မပြောချင်ဘူး စီးပွားရေးစလုပ်ပြီးတလလောက်ကြာတော့ သင်တန်းတခုတက်ခိုင်းတယ် Basic Training လက်မှတ်က ၈၀၀၀ သင်တန်းတက်ပြီးရုံကိုပြန်လာတော့ခြေထောက်နဲ့မြေကြီးထိတယ်တောင်မထင်ဘူးအဲ့လောက်ထိတက်ကြွခဲ့တာ နောက်ထပ် သင်တန်းတခုထက်တက်ရမယ် လက်မှတ်က ၁၂၀၀၀၀ နေပြည်တော်မှာ Leadership Training အဲ့သင်တန်းတက်ပြီးတော့စိတ်ဓာတ်ကျသွားတာပဲ upline တွေရဲ့အတ္တကအရမ်းကိုကြောက်ဖို့ကောင်းတယ် အောက်ကDown line တွေဘယ်လိုအခက်အခဲဖြစ်နေလဲသူတို့နားမလည်ဘူး သူတို့ဖြစ်ချင်တာပဲသိတယ် တစ်နှစ်လျှင်တစ်ကြိမ်ပဲလုပ်တဲ့ V Con ပွဲကြီးရောက်လာတော့ upline တွေကမဖြစ်မနေလိုက်ရမယ်လို့ပြောတယ် ဘယ်လောက်ကုန်မလဲဆိုတော့အားလုံး သိန်းနှစ်ဆယ်နီးပါးတဲ့ အရင်ကုန်ထားတဲ့ပိုက်ဆံတောင်ပြန်မရသေးဘူးဘယ်လိုမှမလိုက်နိုင်တဲ့အကြောင်းပြောတော့ upline ပြောလိုက်တဲ့စကားကအရမ်းကိုကောင်းပါတယ် V con သွားဖို့ပိုက်ဆံမရှိရင် ကျောက်ကပ် ရောင်းလိုက်တဲ့ ကျွန်တော်အရမ်းကိုတုန်လှုပ်သွားခဲ့တယ်သူတို့မှာအတ္တပဲရှိတယ် ကိုယ်ချင်းစာစိတ်လုံးဝကိုမရှိကြဘူး ကျွန်တော်အရမ်းမှားသွားတယ် အခုတော့လက်လှမ်းမှီသလောက်သူငယ်ချင်းဆွေမျိုးတွေကိုမလုပ်မိစေဖို့ပြောပြပေးပါတယ် ဒီgroup ထဲကသူငယ်ချင်းတွေလည်း MLM ကျော့ကွင်းကလွတ်ကင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်......Min Khant