Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

zhulian


MLM လုပ်တဲ့ကောင်တွေ သောက်ရမ်းဖောတာကြောင့်လဲ ဒီလောက်ပဲ ခရီးရောက်တာ။ မှတ်မှတ်ရရ Zhulian က စလုပ်တဲ့လင်မယား သူတို့ဇူလီယံကော်ဖီက ကောင်းလွန်းလို့ အိတ်ခွံကိုတောင် ဆေးရုံတွေက ကုတင်တွေအောက်မှာ ထားထားကြတယ်တဲ့ အိတ်ခွံလေး ကုတင်အောက်ထည့်ထားရင်တောင် ကျန်းမာရေးတွေကောင်းနေတာ။ ခေါင်းကိုက်ရင် ဇူလီယံ သွားတိုက်ဆေး နားထင်ကိုပွတ် ပျောက် လခွမ်းမှပဲ ။ လင်ကဖောရင် မယားကလဲ လိုက်ဖောတယ်။ အတိုင်အဖောက်ကိုညီနေတာပဲ။ MLM ကို ဟို MLM ပြောင်း ဒီ MLM ပြောင်းနဲ့ ၃ နှစ်လောက်လုပ်လိုက်တယ်။ အခုတော့ ဘာကောင်မှလဲဖြစ်မလာသလို ရှိရင်းစွဲအခြေအနေကပါ အများကြီးလျှော့ကျသွားတယ်။ Zhulian ကနေ Q Net ပြောင်းတော့လဲ ဒီဟာကတော့ စိတ်ချရပါတယ်နော်ဆိုပြီး အားလျှော့တဲ့လေသံနဲ့ လာမေးတယ်။ လုံးဝ MLM မလုပ်ဖို့ပြောတိုင်း မှိုင်းမိနေတာကြာပြီဆိုတော့ ပြောလို့မရခဲ့ပါဘူး။
စကားလုံးအကြီးကြီးတွေအောက်မှာ အပြင်လောက,က သမားရိုးကျ အလုပ်တွေကို စိတ်မ၀င်စားတော့ဘူး။ ဘ၀င်မြင့်သွားတာလဲပါမယ်။ ကျွန်တော်က အရင်က အင်တာနက်ဆိုင်ဖွင့်တော့ ကုမ္မဏီ Website မှာ အမှတ်တွေလာစစ်တိုင်း လစာတွေလာစစ်တိုင်း တလ ၅ သောင်းလောက်ပဲဝင်တာတွေ့ရတယ်။ နေ့စဉ်နေ့စဉ်ရဲ့ နာရီတိုင်းကို ဒီထဲမှာ မြှုပ်နှံထားတာတောင် ဒီလောက်ပဲရတယ်ဆိုတော့ လင်မယားနှစ်ယောက် ဘယ်လိုသွားစားမလဲ (ဆိုင်ခန်းဖွင့်ပြီးကို လုပ်တာနော်) ရှိရင်းစွဲထဲကတောင် ပါသွားတာပေါ့။ ကျွန်တော် ဟိုးအရင်က Google Blog တွေ ခေတ်စားကတည်းကရေးထားကြတဲ့ MLM ရဲ့ ဆိုးကျိုးတွေ ရှိုင်းဟုတ်ကြောင့် အကြီးအကျယ်ခံလိုက်ရတဲ့လူတွေအကြောင်း စာရွက်တွေ Print ထုတ်ပြီး နီးစပ်ရာလူတွေကိုဝေပေးခဲ့တယ်။ စာဖတ်ရမှာပျင်းတယ်။ တွက်ပြထားတာတွေကို သေချာမဖတ်ဘူး။ ဖတ်လဲ
နားမလည်ဘူး။ အများစုက ဒီထဲက မထွက်နိုင်ကြဘူး။ နယ်ဆိုတော့ ပိုဆိုးတယ် ပဲပေါ်ချိန်တွေ စပါးပေါ်ချိန်တွေမှာဆို ဘဏ်ကထုပ်လာတဲ့ ပိုက်ဆံထုပ်လေးတွေ ကိုယ်စီကိုင်ပြီးတော့ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ရှောက်သီးဆေးပြားသည်လို အသံနဲ့ ကောင်တကောင် Online ကနေ Register လုပ်ပေးတယ်။ သူတို့မှာတော့ အားတက်သရောပဲ။ မေးကြည့်တော့ ရွာထိ ကွင်းဆင်းပြီး စည်းရုံးထားတာ။ အဲ့ဒီကာလတွေက ဘယ်လောက်တောင်ဆိုးလဲဆို Zhulian တို့ စုံတွဲကြိုးကြာတို့ရဲ့ IP တွေကို Server ကနေ Ban ထားရတဲ့အထိပဲ။ တချို့ရွာတွေမှာဆို ကျောင်းထိုင်ဘုန်းကြီးက MLM စာမိပြီး တရွာလုံး MLM ဖြစ်ကုန်တာတွေလဲ လက်တွေ့ အကြိမ်ပေါင်းများစွာ ကြားခဲ့ရတယ်။ ကျွန်တော့ဆီကိုလဲ ညီလေးတို့လို လူငယ်လက်သစ်လေးတွေအတွက် စီးပွားရေးအခွင့်အလမ်း ဖိတ်ကြားလွှာဆိုပြီး ဖိတ်စာတွေလဲခဏခဏရောက်တယ်။ အခု အဲ့ဒီလူတွေ ဘာဖြစ်နေလဲ ဘာမှဖြစ်မနေဘူး။ အချိန်ကုန် ငွေကုန်ပြီး မိတ်ပျက်တာပဲ အဖတ်တင်တယ်။ MLM လုပ်ခဲ့ပြီး ရပ်သွားတဲ့လူတွေကို မင်းအရင်က MLM လုပ်ခဲ့တယ်နော်လို့ မေးကြည့်။
သူတို့မှာ ပြင်မရတဲ့ အတိတ်ဆိုးကြီးတွေ အရိပ်မဲကြီးတွေရှိခဲ့ကြောင်းကို စကားတလုံးမှမပြောပဲ မျက်နှာကနေ ဖော်ပြကြလိမ့်မယ်။https://www.facebook.com/groups/myanmarmlmtruth/permalink/642968992562923/

B Hip


 https://scontent.fmdl1-1.fna.fbcdn.net/v/t31.0-8/18623291_454802198221500_4691732653107302708_o.jpg?oh=990552ead299452db9dd0bbe2f569b93&oe=59B05045
မနေ့ ကတနေကုန် အားနေ တာ နဲ့ အင် တာ နက် ဆိုင် ထိုင် ဖြစ်တယ်
အင်တာ နက် ဆိုင် က Micro phone နဲ့ ကောင်မလေးတစ် ယောက်အာကျယ် အာကျယ်နဲ့ လူခေါ် နေတယ်ဆိုတော့ ကျနေယ် လည်း
MLM ဘဲ ဆိုတာ ကိုသိလိုက် တယ်
ခန သူတို့ ထပြန် သွားတော့ ကိုယ် ကလည်း
သူတို့ လူစု ထဲ က တစ်စက်ကို ပြောင်းနိုပ် မိ တယ်
အဲ့ မှာ ကြေး ရာ ထူး ရ ထားတဲ့ လူ တစ် ယောက် ရဲ့ အကောင့် က Sign out မလုပ် ထားတော့
ကျနော် က personal case ကိုစိတ် မ၀င် စားပေမယ့် သူတို့ အလုပ်ကို ဘယ်လို စည်းရုံးလည်း သိချင် တာနဲ့
ဝင် ကြည့် မိတာ
တကယ့် ငလိမ်ကို တွေ့ မိ တယ်
လူအမျိုး မျိုး ကို
ပုံ စံမျိုး စုံ နဲ့ စည်း ရုံးတယ်
အခု သူတို့ အဓိ က စည်းရုံးနေတာ က တာချီလိတ် ကနေ
ကျိုင်းတုံ မိုင်းလာ မိုင်းဖြတ် မိုင်းဆတ်
သူ့အကောင့် မှာ ပြောထားတာ က တော့
ကောင်မလေး တစ် ယောက် က ကျိုင်းတုံ မှာ လူဝင်မှု ကြီးကြပ် ရေးမှာ လုပ် တဲ့ လူကို
သူ့ အလုပ် ကနေ ထွက်ပေါ့ သူတို့ မှာလာ လုပ် တစ်လ ကို ဘတ် ၂ သောင်းလောက်က တော့ အသာလေး ရ တယ်
ပြောတယ်
ဟို က အလုပ် က ထွက် လို့ မရ ဘူးပြောတော့
သင်တန်း ကို တစ်ရက် လောက် လာ ကြည့် ပါ လို့ မရ မက လိုက် ခေါ်တယ်
တစ်ချို့ ရှမ်းမိန်းကလေး ကို သူ က စည်း ရုံးရင် သူ က ရှမ်းတစ်ယောက် ပါ
ရှမ်း အချင်းချင်းမို့ပါဆိုပြီး သူ က စည်း ရုံးတယ်
အာခါ လူမျိုး တစ် ယောက်ကို စည်း ရုံးမယ် ဆို ရင် သူ ကလည်း အာခါ လူမျိုး တစ် ယောက်ပါ
အာခါ အချင်းချင်း တိုးတက် စေချင် တယ် ပြော ပြီး စည်း ရုံးတယ်
ကလေး အမေ တစ် ယောက်ကို စည်းရုံးတယ် ဆိုတာ များ တော်တော်ကြောက်ဖို့ ကောင်းတယ်
အမ အလုပ် ရှိ ပြီလားဆိုတော့ ဟို က ကလေးမွေးထားတာ လ ပိုင်းဘဲ ရှိ သေးတယ် ဆိုတော့ ကလေး ကို ပစ်ထားပြီး သူတို့ သင် တန်းကို လာ တက် ခိုင်းတယ်
ဟို က ကလေး က အရမ်းငယ်သေးတယ် တက်ချင် လည်း လာ မရ ဘူးဆိုတော့
ကိုယ့် ဘ၀ ကလေး ဘ၀ အတွက် ရှေ့ ကို ကြည့်ပါ ကျ နော်လည်း ကလေး ရှိ တယ်
ပစ်ထားပြီး လာလုပ် တာ ဆိုပြီးစည်း ရုံးတယ်
များတာ ကတော့ တော်တော် များ ပါ တယ်
ကျနော့် အနေနှင့် လည်း သက်ဆိုင်သူကို တိုင်ကြားထား ပါ တယ်
ဒါပေမယ့် သူတို့ က နစ်နာဖူးတယ့် လူ ကို ထပ် ရှာ ခိုင်း ပါ တယ်
bhip ဆိုတဲ့ mlm က တာချီလိတ်မှာ အရမ်းဆိုးဝါးနေ ပါ တယ်
သူတို့ ရောင်းကုန် တွေ ကလည်း ဈေးအရမ်း ကြီးတယ်
၆ သောင်း ၇ သောင်း ကနေ သိန်းကျော် ထိ တန် ပါ တယ်
ဘာ အကျိုး ရှိ လည်းမသိ ပေမယ့်
မြန်မာ နိုင်ငံ သာ မက နိုင်ငံတကာ ကို ထိုးဖောက် နေ တဲ့ ဈေးတွေ တောင် ကျပ် တစ် သောင်း လောက် ဆို တော်တော် ဟုတ် နေ ပါ ပြီ
Bhip ကြောင့် နစ်နာဖူးတဲ့ လူတွေ ရှိ ရင် တစ်ချက် လောက် ဆက် သွယ်ပေး ကြ ပါ လာ
ကျ နော် တို့ တရားစွဲ ဖို့ လုပ် ထား ကြ လို့ပါ
ကျနော် အနေနှင့် လည်း သူတို့ စာ တွေကို စကင်ရှော့ ပြီး အသံဖိုင်တွေ ကူးထား ပါ တယ်
သက်ဆိုင်သူတွေကိုလည်း တိုင်ပြီး ပါ ပြီ
သူတို့ ရုံး ကို လည်း ၀င် လေ့ လာ ထား ပါ တယ် ကူညီ ကြ ပါ
ရေ သန့် တစ်ဗူးလောက်တောင် မကြီးတဲ့ ဆေး က သိန်းကျော်တန် နေ တယ်
Thet Htun
https://www.facebook.com/photo.php?fbid=454802198221500&set=pcb.646748352184987&type=3&theater
Image may contain: text

ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် SCL Myanmar Company Limited မှဟုဆိုကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ လာရောက် တိုင်ကြား


ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် SCL Myanmar Company Limited မှဟုဆိုကာ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ လာရောက် တိုင်ကြား

SCL Myanmar Company Limited မှဟုဆိုကာ မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားသည့်အပေါ် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော်သို့ မေ၂၃ ရက်က လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“SCL ကုမ္ပဏီကို ကျပ် ၁၈၅၀၀၀ ထည့်ထားရင် တစ်ပတ်ကို ကျပ် ၁၈၂၅၀ ရမယ်ပေါ့။ နောက် ကမ္ဘောဇဘဏ်မှာ ဘဏ်စာအုပ် လုပ်ရတယ်။ ငွေကို အဲဒီဘဏ်စာအုပ်ထဲ လွှဲပေးတယ်။ အဲဒါ မရတာ နှစ်လလောက် ရှိပြီဆိုတော့ အခုလိုဖြစ်တာပါ။ ကျွန်မက ကျပ် ၂၇၅၀၀၀၀ ကို ဉာဏ်ထွန်းဆီမှာ ထည့်ပေးထားတယ်။ သူကနေ ဘယ်သူ့ဆီ ထည့်ထားလည်းဆိုတော့ မော်လမြိုင်မြို့က အောင်ဇော်ထက်ဆီ ထည့်ထားတယ်။ အခု ကုမ္ပဏီပျက်သွားတယ်ဆိုတော့ ဒီပိုက်ဆံကျပ် ၂၇၅၀၀၀၀ က ဘယ်ရောက်သွားလဲပေါ့။ သူ့တို့ပေးထားတဲ့ စာရွက်စာတမ်းထဲမှာတော့ ကုမ္ပဏီလိပ်စာတို့ ပါတယ်။ အခုလာကြတဲ့ ရွာသူရွာသားတွေ သူတို့ ထည့်ဝင်ထားတဲ့ ငွေအရင်းတွေ ပြန်ရချင်ပါတယ်။
အဲဒီကုမ္ပဏီမှာ ရှယ်ယာအနေနဲ့ ၀င်ထားပြီးတော့ တစ်ပတ်ဆိုရင် ဘယ်လောက်ရမယ် ဆိုပြီးမရလို့ အခုလိုလွှတ်တော်မှာ လာတိုင်ကြတာပါ” ဟု ငွေကြေးလိမ်လည်ခံရသူ မခိုင်ဇာလင်းက ပြောကြားသည်။
ဇင်းကျိုက်မြို့မှ ဦးခင်မောင်အေးက “သူတို့ ကုမ္ပဏီက SCL လို့ သိရတယ်။ ကုမ္ပဏီက အတိအကျလည်း မရှိဘူး။ သူတို့ပြောတာက အာဆီယံငါးနိုင်ငံမှာ မြေရောင်းဝယ် လုပ်တယ် ဘာညာဆိုပြီးတော့ အကျိုးအမြတ်ရအောင် လုပ်ပေးတယ်ဆိုပြီး အမျိုးမျိုးပြောတယ်။ ဒါ သူတို့ အဖွဲ့ထဲကပြောတာ။ ဘာမှ နားမလည်တဲ့သူတွေဆို ပိုဆိုးတာပေါ့။ ပထမတုန်းက ဇင်းကျိုက်ရဲစခန်းမှာ အမှုဖွင့်တယ်။ စခန်းက ရဲအရေးပိုင်မှု မဟုတ်ဘူးဆိုပြီးတော့ ကျွန်တော်တို့ကို ငြင်းတယ်။ ဇင်းကျိုက်ရဲစခန်းမှာ တိုင်လို့မရလို့ ပေါင်မြို့နယ်မှာ သွားတိုင်လိုက်တယ်။ ပေါင်မြို့မရဲစခန်းက အမှုကို လက်ခံလို့ မေ ၁၆ ရက်မှာ အမှုဖွင့်ထားလိုက်ပါတယ်”ဟု ပြောကြားသည်။
“ဇင်းကျိုက်မြို့က ပြည်သူတွေ ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ မွန်ပြည်နယ် လွှတ်တော်ရုံးကို လာပြီးတော့ သူတို့နစ်နာခဲ့တယ်ဆိုတဲ့ အကြောင်းလေး လာတိုင်ကြပါတယ်။ သူတို့အနေနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားဆိုတော့ ရဲလုပ်ငန်းစဉ်အတိုင်း မှန်မှန်နဲ့ မြန်မြန် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာကို မေတ္တာရပ်ခံထားပါတယ်” ဟု ပေါင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။
အဆိုပါ SCL Myanmar Company Limited ဆိုသည်မှာ ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ငွေကြေး သိန်းပေါင်းများစွာ လိမ်လည်သည်ဟုဆိုကာ နစ်နာသူ ဒေါ်ငွေလေးက တရားလိုပြုလုပ်ပြီး ဉာဏ်ထွန်း၊ ဦးမောင်လေး၊ ဦးမောင်အေး၊ ရာဇာ၊ အောင်ဒိုက်၊ ဒေါ်လင်းဌေးနှင့် မစန်းငယ်တို့အား ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းရာ ရဲစခန်းက (ပ) ၂၁၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားသည်။
http://news-eleven.com/local/36996

အထင်ကြီး စေချင်ရင် ဒါလေး အရင် လုပ်ပြပါ •


 Image result for anti mlm
အထင်ကြီး စေချင်ရင် ဒါလေး အရင် လုပ်ပြပါ •
၁။
MLM Company တစ်ခုမှာ /
ကိုယ့် ကွန်ရက်ထဲမှာ
- စုပေါင်း အသင်းဝင် ဘယ်နှယောက် ရှိပြီး
အဲ့ဒီထဲက ဘယ်နှရာခိုင်နှုန်းလောက်က
-ဝင်ငွေ ကောင်းနေပြီလဲ ?
-အရင်း ကျေပြီလဲ ?
-အရင်း မကျေသေးပဲ
ရုန်းကန်နေရတုန်းလဲ ?
-အရင်း မကျေလို့
စိတ်ပျက်လက်လျှော့သွားပြီလဲ ?
-လုပ်မှားကိုင်မှား အကြီးအကျယ်ဖြစ်ပြီး
ငွေကြေးအမြောက်အများ ဆုံးရှုံးသွားလဲ ? <<<
ဆိုတာကို သေချာ မပြောပြနိုင်သ၍
၂။
ကိုယ့် Company / ကိုယ့် ကွန်ရက်က လူတွေရဲ့
လုပ်မှား ကိုင်မှား ပြောမှား ဆိုမှားတွေကို
သေချာ တာဝန်မယူသ၍
ဘယ် MLM Company ကိုမှ
ဘယ် MLM ခေါင်းဆောင်ကိုမှ
သောက်ထင် တစ်စက်မှ မကြီးပါဘူး ။
( အပြောကောင်း အပြကောင်းရုံကလွဲလို့
လက်တွေ့မှာ ကိုယ်ကျိုးအတွက်
အောက်လူတွေရဲ့ အချိန်/ငွေ/လုပ်အားတွေကို
ပါးပါးနပ်နပ် အသုံးချနေတဲ့
လူလည်ကြီးတွေလို့ပဲ မြင်ပါတယ် )
ဒါပါပဲ ။
😤😤😤
ဖြည့်စွက်ချက် ။
MLM လုပ်ကိုင်နေသူ /
MLM ခေါင်းဆောင်ဆိုသူ အားလုံးနီးပါးဟာ
ကိုယ့် အောက်က လူ ၁၀ ယောက်မှာ ၅ ယောက်
( ၅၀% လောက် ) အဆင်ပြေအောင်တောင်
မလုပ်ပေးနိုင်ပါဘူး ။
ဒါကိုပဲ စေတနာနဲ့ လူခေါ်နေသယောင်
ပြောဆို စည်းရုံးတတ်ကြပါတယ် ။
ဆုံးရှုံးသွားတဲ့ လူတွေကို
" မင်းတို့ ညံ့လို့ဆိုပြီး " အပြစ် ပုံချ /
ခေါင်းရှောင်နေကြပေမယ့်
ဆုံးရှုံးသွားတဲ့ လူတွေ ရင်းနှီး ဝယ်ယူလိုက်ရတဲ့
ပစ္စည်းတန်ဖိုး အပေါ်က ဆုကြေး% ကိုတော့
မရှက်မကြောက် ယူနေကြတာပါ 😤😤
https://www.facebook.com/groups/myanmarmlmtruth/permalink/646783148848174/
zin zae

ဇင်းကျိုက်မြို့တွင် ကုမ္ပဏီတစ်ခုမှ ငွေသိန်းပေါင်းများစွာ လိမ်လည်



ဇင်းကျိုက်မြို့တွင် ကုမ္ပဏီတစ်ခုမှ ငွေသိန်းပေါင်းများစွာ လိမ်လည်သွားခြင်းကြောင့် နစ်နာသူများက မွန်ပြည်နယ် လွှတ်တော် သို့  လာရောက် တိုင်ကြား (ရုပ်သံ)

မွန်ပြည်နယ်ဇင်းကျိုက်မြို့မှာ ကုမ္ပဏီတစ်ခုမှ ငွေကြေးသိန်းပေါင်း များစွာလိမ်လည်သွားတာကြောင့် နစ်နာသူတွေ က မွန်ပြည်နယ် လွှတ်တော်ကို မေလ (၂၃) ရက်နေ့ က လာရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

https://www.facebook.com/elevenbroadcasting/videos/1907165079539967/

မလေးရှားနိုင်ငံက MLM ကုမ္ပဏီတစ်ခုကို တရုတ်နိုင်ငံသားများတိုင်ကြားထား (ရုပ်သံ)


မလေးရှားနိုင်ငံက MLM ကုမ္ပဏီတစ်ခုကို တရုတ်နိုင်ငံသားများတိုင်ကြားထား (ရုပ်သံ)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တရုတ်နိုင်ငံသား ၁၉ ဦးက ဆင့်ပွားဈေးကွက် ရှာဖွေရေးကုမ္ပဏီတစ်ခုကို တိုင်ကြား ထားတယ်လို့သိရပါတယ်။

https://www.facebook.com/elevenbroadcasting/videos/1907216379534837/

Scl


SCM မှာ အကြီးဆုံးရှယ်ယာဆိုတော့ နှစ်စဉ်အမြတ်ခွဲဝေပေးပါသလား? ကုမ္မဏီရဲ့လုပ်ငန်းဆောင်တာတွေမှာ ဆုံးဖြတ်ပိုင်ခွင့် ကန့်ကွက်ပိုင်ခွင့်ရှိပါသလား?
လုပ်ငန်းတိုင်းဟာ လူတွေနဲ့လုပ်ရတာပေါ့။ လူလိမ်တွေဟာလည်း လိမ်ဖို့အတွက် လူရှာရတယ်လေ… ဒါကိုအတူတူပဲလာပြောတော့ Ha Ha ပဲရမယ်။
တလကိုဝင်ငွေ သိန်းရာကျော်ထောင်ကျော် ရနိုင်တယ်ဆိုတဲ့ မဖြစ်နိုင်တဲ့မက်လုံးပြပြီး ငွေထုတ်ဝင်လုပ်အောင်ပြောတာက လိမ်တာမဟုတ်လို့ ဘာလဲ? မန်ဘာဝင်တဲ့လူတစ်ရာမှာ တစ်ယောက်ရလား?
ပစ္စည်းကောင်းကို ဈေးကြီးပေးဝယ်ရတယ်။ ဒါပေမဲ့ ဈေးကြီးတိုင်း ပစ္စည်းကောင်းမဟုတ်ဘူးဆိုတာ သင်သိပါသလား?
MLM ကုမ္မဏီတိုင်းက သူတို့ကုမ္မဏီပဲကောင်းတယ် ပြောကြတယ်။ တကယ်တော့ MLM စနစ်ကိုက မကောင်းတာပါ။
MLM လုပ်သူအများစု အောင်မြင်မှုမရခြင်း ငွေကြေးမရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သူတို့ဟာ ထိပ်ပိုင်းမှာဝင်လုပ်တာမဟုတ်ဘဲ အောက်ခြေမှာဝင်လုပ်နေလို့ပါပဲ။ MLM စနစ်ကို အောက်ခြေမှာဝင်လုပ်သူ အားလုံးလိုလို ဆုံးရှုံးကြရမှာပါ။ ဒါ MLM စနစ်ပါပဲ။
MLM လောကမှာ နည်းနည်းလေး သဘောပေါက်လာတဲ့ လူလည်တွေက အခုမှစတဲ့ နောက်ကုမ္ဗဏီတခုကိုကူးပြီး ထိပ်ပိုင်းမှာနေရာယူဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စဝင်လာတဲ့ MLM အသစ်မှာ တိုးနေကြပါရော…။ အဆက်အသွယ်ရှိသူက နိုင်ငံတွင်းကို MLM ကုမ္ဗဏီတခု ထပ်ပင့်လာပြီး ထိပ်ပိုင်းမှာ နေရာယူပါလိမ့်မယ်။ ဒီလိုနဲ့ နိုင်ငံတွင်းမှာ MLM တွေ မှိုလိုပေါက်နေပါတော့တယ်။
တကယ်လို့ ခင်ဗျားကထိပ်ပိုင်းမှာ နေရာရပြီဆို သူတို့ပြောတဲ့ အောင်မြင်မှုတွေ ငွေကြေးတွေ တကယ်ရနိုင်ပါတယ်။ အဲ့ဒီငွေကြေးတွေအားလုံးဟာ အောက်ခြေမှာဝင်လုပ်သူတွေ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေပါပဲ။
Ko Tun Oo.
https://www.facebook.com/groups/myanmarmlmtruth/permalink/647342415458914/

အလုပ်ရှာသူများသတိ


 https://remotive.io/wp-content/uploads/2016/12/job-search-remotive-home.png
အရင်ကmlmဆိုတာဘာမှန်းမသိအလုပ်ခေါ်စာလေးတွေ့လို့လျောက်ခဲ့မိတယ် တလကိုဒေါ်လာ၃၀၀ပေးတယ်ဆိုလို့ ကုန်ထမ်းကလည်းတန်တယ်ဆိုပြီးသွားလျောက်ခဲ့တယ် အထဲရောက်တော့တော်တော်ကြည့်ကောင်းတဲ့အမကြီးတစ်ယောက်ကားဂိတ်ထိလာကြိုတယ် တော်တော်သဘောကောင်းတဲ့အလုပ်ရှင်ပါလားဆိုပြီးစိတ်ထဲမှာတော့ပျော်ပီးချီးကြူးမိတယ် အထဲရောက်တော့လက်ကလေးကိုကိုင်ပြီးကျနော်ကိုစပြီးလုပ်ငန်းကြောင်းရှင်းပြပါလေရော စကားကလည်းအပြောကောင်း ရုပ်ကလေးကလည်းကြည့်ကောင်းလက်ကလေးကိုပါကိုင်ထားတော့ စိတ်ထဲမှာဘဝင်တော့မြင့်နေတာပေါ့ တကယ်လားဟဆိုတဲ့စိတ်ကလည်းကိန်းအောင်းနေတယ် တစ်နှစ်တွင်းကိုသိန်းပေါင်းထောင်နဲ့ချီအောင်ရတယ်ဆိုတော့တော်တော်လေးကိုစိတ်ဝင်စားသွားတယ်ကိုယ်ပိုင်ရုံးခန်းလေးပါလုပ်ပေးမယ်ဆိုတော့လုပ်မယ်လို့ပဲပါးစပ်ကတဖွဖွပြောနေမိတယ်နောက်တော့၆သိန်းစရင်းကမယ်လို့ပြောတယ်ဆွဲကြိုးတစ်ကုံးစရောင်းခိုင်းတာပါ နှစ်လူံးသမားတွေတွက်အထူးကောင်းမွန်တဲ့ပစ္စည်းလို့လည်းပြောတယ် ဓာတ်ပုံတွေပါထုတ်ပြတယ် ဒေါ်စုပုံပါပါသေးတယ်ဗျ လူတွေကိုလည်းတစ်ယောက်ချင်းဆီရှင်းပြတယ်သူကတော့ဘယ်သူ ဘယ်လောက်ထိဆင်းရဲတာဒါလုပ်ပြီးအရမ်းချမ်းသာသွားတာ ခုဆိုကိုယ်ပိုင်လေယာဉ်တောင်စီးနိင်ပြီနိင်ငံခြားသူ ကျနော်ကလည်းသူပေးတဲ့ဆွဲကြိုးကိုဝယ်နှစ်ယောက်ကိုလိုက်စပ်အဲ့ကျရင်ကျနော်အကျိုးအမြတ်ကတစ်ပတ်ကိုဘယ်လောက် ဝယ်တဲ့သူကလည်းအကျိုးမြတ်ရမယ် မိုက်လိုက်တာပေါ့ ငွေကလောလောဆယ်မရှိသေးလို့အိမ်နဲ့တိုင်ပင်ပါအုံးမယ်ပြောပြီူအားနာနာနဲ့ထွက်လာခဲ့တယ်ဘေးကိုကြည့်လိုက်တော့လည်းနွမ်းဖတ်ဖတ်ဦးလေးကြီးတွေ ကိုယ်နဲ့ရွယ်တူကောင်လေးတွေကိုရှင်းပြနေတာ မိုက်လိုက်တဲ့အလုပ်ဆိုပြီးအိမ်ကိုပြောပြလိုက်တယ်အိမ်ကလည်းမသိတော့ရင်းပေးမယ်ပေါ့အိမ်ရောင်းပြီးခနတော့စောင့်ပေါ့ အမေကိုတောင်ကျနော်ရန်ရှာလိုက်သေးတယ်မြန်မြန်လုပ်ပါ ဟိုမှာလူပြည့်သွားရင်ဒုတ်ခပဲဆိုပြီးနောက်တော့မှသူငယ်ချင်းတွေကိုကြွား ကြွားလွန်းလို့လားမသိသိတဲ့လူကပြောပြမှအလိမ်ကြီးတာသိလာတယ် သူပြောသလိုတာဝင်ငွေတွေရခဲ့ရင်ခုကျနော်နဲ့တွေ့ခဲ့တဲ့အမကြီးဖန်စီတွေဆွဲမဲ့အစားရွှေတွေပြည့်နေပြီပေါ့ ကျနော်လည်းမေးခဲ့ပါသေးတယ်မတို့ကောရားဆိုပြီးရတယ်ဘာဘညာပေါ့ သူဆို၃နှစ်ပေါ့၁နှစ်ကို၁၅၀၀ဆို၃နှစ်ဆို၎ထောင်၅၀၀ကားတစ်စီးတောင်ဝယ်လို့ရတယ်ဘာကြောင့်ကိုယ့်ပိုင်ကားမစီးနိင်တာလဲတွေးရင်းကျနော်သဘောပေါက်လာတယ်ကိုယ့်ကိုကိုလည်းရှက်လာတယ်ကြွားထားတာအိမ်ကဟဲ့နင့်အလုပ်သွားလျောကိတော့ပိုက်ဆံရပြီဆိုတော့ဘာပြောကမှန်းမသိလူတွေကိုစကားချိုချိုလေးတွေသုံးပြီးလိမ်ညာနေတဲ့အဖွဲ့ဆိုတာခုဒီgpကနေပြီးတော့ တခြားသောmlmကြောင့်နစ်နာခဲ့သူတွေကြောင့်သိခဲ့ရတယ်မရှိလို့အလုပ်ရှာပါတယ်ဆိုမှလိမ်ညာချင်တဲ့သူတွေကရှိသေးတယ်ဗျာ
https://www.facebook.com/groups/myanmarmlmtruth/permalink/647528282106994/
Sithu Nini

အဲ့လောက်ထိတောင် ဖြစ်ပျက်နေကြလို့ ကျွန်တော်တို့ သတိပေးနေ / တားနေရတာ ။ အဲ့ဒါ လွန်လား ?


အဲ့လောက်ထိတောင် ဖြစ်ပျက်နေကြလို့
ကျွန်တော်တို့ သတိပေးနေ / တားနေရတာ ။
အဲ့ဒါ လွန်လား ?
😤😤😤
#SuccessMore #MLM
#AntiMLM

အမျိုးတို့ကို သပ်​သပ်​ အချိန်​​ပေးပြီး​ပြောပြ သတိ​ပေးချင်​တာပါ အထူးသတိပြုရန်


 Image result for anti mlm
အမျိုးတို့ကို သပ်​သပ်​ အချိန်​​ပေးပြီး​ပြောပြ သတိ​ပေးချင်​တာပါ
အထူးသတိပြုရန်
💥 သင့်ကို ငွေရင်းခိုင်းပြီး
မက်​လုံး​ပေးကာ ထပ်ဆင့်​​လူဆွယ်​ခိုင်း​သော ငွေလိမ်​ဂိုဏ်း​တွေကို အထူးသတိပြု ရှောင်ရှားကြပါ။
ငါးစာမှာ ငါးမျှားချိတ် ရှိတာကို မမေ့ပါနဲ့။
.
💥မတန်တဆ ဈေးကြီးသော ပစ္စည်းများ ဝယ်ခိုင်းပြီး..မန်ဘာဝင်ခိုင်းရင်၊
ထပ်ဆင့် ​​လူဆွယ်ခိုင်းရင်
MLM ခေါ် Multi Level Marketing
ဆင့်ပွားကွန်ယက် ငွေလိမ်​ဂိုဏ်းပါပဲ။
💥 MLM ဆင့်​ပွား​ငွေလိမ်​ဂိုဏ်း​တွေက လိမ်လည်ကြော်ငြာပြီး
မန်ဘာဝင်အောင် ဆွယ်ကြတယ်။
တကယ်တော့
မန်ဘာဝင်ကြေး ပေးလိုက်​ကတည်းက
MLM ​​ငွေလိမ်​ဂိုဏ်း​ရဲ့ အနိုင်ပိုင်းခြင်းကို မန်​ဘာဝင်​တွေ ခံလိုက်​ရတာပါ။
မန်ဘာဝင်မိသူတွေခမျာ ဝင်ငွေ ပြန်ရဖို့
MLM ​ငွေလိမ်​ဂိုဏ်း​တွေရဲ့ မတန်တဆ ဈေးတင်ထားတဲ့
ဘယ်သူမှ မဝယ်ချင်တဲ့ MLM ဓါတ်စာ အလှကုန် ပစ္စည်းတွေကို
သိက္ခာကျခံ ကိုယ့်​ကျင့်​တရားအပျက်​ခံ လိုက်ရောင်းပေးရတယ်။ ဂုဏ်​သိက္ခာနဲ့ ရင်းပြီး မန်ဘာဝင်မယ့်သူ​တွေကို လိုက်ဆွယ်​လိုက်ရှာ​ပေးရတယ်။
ပစ္စည်းမရောင်းလည်း ရတယ်၊
လူမဆွယ်​ပေးလည်း ရတယ်လို့
MLM ​​ငွေလိမ်​ဂိုဏ်း​တွေက ပြောတတ်​တယ်​။ တကယ်​​တော့ လူမဆွယ်​ ​ဈေးမ​ရောင်းနိုင်​ရင်
MLM ​ငွေလိမ်​ဂိုဏ်းတွေက မန်​ဘာဝင်​​တွေကို
တစ်ပြားတစ်ချပ်မှ ပြန်ပေးမှာ မဟုတ်ဘူးလေ။
မန်ဘာကြေး တောင်းပြီး မန်ဘာဝင်တွေကို အနိုင်ပိုင်းထားတာကိုး။
MLM ​ငွေလိမ်​ဂိုဏ်း​တွေက အသာစီးယူပြီး မန်​ဘာဝင်​​တွေကို လစာမဲ့ ခိုင်းစား​နေကြတာ။
ကြော်ငြာမှာတော့ တစ်လ ဝင်ငွေ သိန်းဂဏန်း ရမယ်ပဲ ပြောပြီး
မန်​ဘာဝင်​​လာ​အောင်
မလိမ့်တပတ် ဆွယ်ကြတယ်။
တကယ်တမ်းကျ​တော့ မဖြစ်​စ​လောက်​ ​ကော်​မရှင်​ ​​​ငွေထောင်​ဂဏန်း​လေးရဖို့​တောင်
ဂုဏ်​သိက္ခာအပျက်​ခံပြီး လူတကာကို လိုက်​ဆွယ်​လိုက်​လိမ်​မှ ရတာပါ။
လူမဆွယ်​ ​ဈေးမ​ရောင်း​ပေးနိုင်​ရင်​ တပြား​မှ ပြန်​မ​ပေးပါဘူး။ မန်​ဘာ​ကြေးနဲ့ ဝယ်​ထားတဲ့ ပစ္စည်းဖိုး​တွေ အကုန်​အရှုံးပါပဲ။
ထပ်​ဆင့်​လူဆွယ်​မိလို့ ဂုဏ်​သိက္ခာကျတာက အဆိုးဆုံးပါပဲ။
ပြောရရင် MLMဆင့်​ပွားကုမ္ပဏီ​တွေဆိုတာ
မြန်မာပြည်ကို ဒုက္ခပေးနေတဲ့
‌ကျင့်ဝတ်သိက္ခာမရှိသော ငွေလိမ် ဂိုဏ်းတွေပါပဲ။
အာ့လို​တွေလာဆွယ်​ရင်​ မလုပ်​ကြပါနဲ့ ​အောက်​မှာထပ်​ဖတ်​ကြည့်​​ပေးပါဦး အ​တွေ့အကြုံ​လေး​တွေ
MLM ကုမ္ပဏီတွေရဲ့ အရူးလုပ်ခြင်း ခံရသော
mlm မန်ဘာဝင်တွေရဲ့ သနားစရာဖြစ်ရပ်
➳ ★ ★ ★ ★ ★ ➳
၁။
MLM ကုမ္ပဏီတွေမှာ မန်ဘာဝင်ဖို့ မန်ဘာကြေးပေးရပြီး၊
မတန်တဆ ဈေးကြီးသော ဓါတ်စာ အလှကုန်တွေကို ငွေသိန်းဂဏန်းဖိုး ဝယ်ရတယ်။
၂။
ပိုက်ဆံကုန်ခံ မန်ဘာဝင်ပြီးနောက်
MLM ကုမ္ပဏီတွေ ခိုင်းသမျှကို
မန်ဘာဝင်တွေက လစာမဲ့ လုပ်ပေးရတယ်။
ကျွန်ပြုခံရတာနဲ့ မခြား။
၃။
ပြီးတော့ MLM ကုမ္ပဏီတွေက
မန်ဘာဝင်တွေကို ကြံရည်ညှစ်သလို
ရသမျှ ထပ်ညှစ်ယူကြတယ်။
ဘယ်ပွဲတက်ဖို့ လက်မှတ် ဝယ်ပါဦး။
ဘယ် Camp တက်ဖို့ ငွေသိန်းဂဏန်း သွင်းပါဦး။
ဘယ်ခရီးသွားရဖို့ ဘယ်လောက်ဖိုး ထပ်ဝယ်ပါဦး။
ဘယ်ရာထူးရဖို့ ဘယ်လောက်ဖိုး ထပ်ဝယ်ပါဦးနဲ့...
MLM ကုမ္ပဏီတွေက မန်ဘာဝင်တွေဆီကနေ
ရသမျှ ညှစ်ထုတ်ယူတော့တာပဲ။
နောက်ဆုံးတော့ mlm မန်ဘာဝင်တွေ
မမွဲနေတော့မလား။
ဒါကြောင့် ဒေါ်နယ်ထရမ့်က MLM ကုမ္ပဏီထောင်ဖို့ ပြောတာကိုး။
မန်ဘာဝင်လုပ်ဖို့ ပြောတာမှ မဟုတ်တာ။
ကုမ္ပဏီ ချမ်းသာပြီး မန်ဘာဝင်မွဲတာ MLM ပါပဲ။
!!! တောက် !!!
MLM ကုမ္ပဏီမှာ မန်ဘာမဝင်ဖို့တော့
ဒေါ်နယ်ထရမ့်က သတိပေးမသွားဘူး။
အချိန်ကုန် ငွေကုန် လူပင်ပန်း စိတ်ပင်ပန်းတဲ့
mlm မန်ဘာဝင်တွေရဲ့ ဘဝက တွေးကြည့်ရုံနဲ့
မျက်ရည်ဝဲစရာပါပဲ။
_______
အရင်ကmlmဆိုတာဘာမှန်းမသိအလုပ်ခေါ်စာလေးတွေ့လို့လျောက်ခဲ့မိတယ် တလကိုဒေါ်လာ၃၀၀ပေးတယ်ဆိုလို့ ကုန်ထမ်းကလည်းတန်တယ်ဆိုပြီးသွားလျောက်ခဲ့တယ် အထဲရောက်တော့တော်တော်ကြည့်ကောင်းတဲ့အမကြီးတစ်ယောက်ကားဂိတ်ထိလာကြိုတယ် တော်တော်သဘောကောင်းတဲ့အလုပ်ရှင်ပါလားဆိုပြီးစိတ်ထဲမှာတော့ပျော်ပီးချီးကြူးမိတယ် အထဲရောက်တော့လက်ကလေးကိုကိုင်ပြီးကျနော်ကိုစပြီးလုပ်ငန်းကြောင်းရှင်းပြပါလေရော စကားကလည်းအပြောကောင်း ရုပ်ကလေးကလည်းကြည့်ကောင်းလက်ကလေးကိုပါကိုင်ထားတော့ စိတ်ထဲမှာဘဝင်တော့မြင့်နေတာပေါ့ တကယ်လားဟဆိုတဲ့စိတ်ကလည်းကိန်းအောင်းနေတယ် တစ်နှစ်တွင်းကိုသိန်းပေါင်းထောင်နဲ့ချီအောင်ရတယ်ဆိုတော့တော်တော်လေးကိုစိတ်ဝင်စားသွားတယ်ကိုယ်ပိုင်ရုံးခန်းလေးပါလုပ်ပေးမယ်ဆိုတော့လုပ်မယ်လို့ပဲပါးစပ်ကတဖွဖွပြောနေမိတယ်နောက်တော့၆သိန်းစရင်းကမယ်လို့ပြောတယ်ဆွဲကြိုးတစ်ကုံးစရောင်းခိုင်းတာပါ နှစ်လူံးသမားတွေတွက်အထူးကောင်းမွန်တဲ့ပစ္စည်းလို့လည်းပြောတယ် ဓာတ်ပုံတွေပါထုတ်ပြတယ် ဒေါ်စုပုံပါပါသေးတယ်ဗျ လူတွေကိုလည်းတစ်ယောက်ချင်းဆီရှင်းပြတယ်သူကတော့ဘယ်သူ ဘယ်လောက်ထိဆင်းရဲတာဒါလုပ်ပြီးအရမ်းချမ်းသာသွားတာ ခုဆိုကိုယ်ပိုင်လေယာဉ်တောင်စီးနိင်ပြီနိင်ငံခြားသူ ကျနော်ကလည်းသူပေးတဲ့ဆွဲကြိုးကိုဝယ်နှစ်ယောက်ကိုလိုက်စပ်အဲ့ကျရင်ကျနော်အကျိုးအမြတ်ကတစ်ပတ်ကိုဘယ်လောက် ဝယ်တဲ့သူကလည်းအကျိုးမြတ်ရမယ် မိုက်လိုက်တာပေါ့ ငွေကလောလောဆယ်မရှိသေးလို့အိမ်နဲ့တိုင်ပင်ပါအုံးမယ်ပြောပြီူအားနာနာနဲ့ထွက်လာခဲ့တယ်ဘေးကိုကြည့်လိုက်တော့လည်းနွမ်းဖတ်ဖတ်ဦးလေးကြီးတွေ ကိုယ်နဲ့ရွယ်တူကောင်လေးတွေကိုရှင်းပြနေတာ မိုက်လိုက်တဲ့အလုပ်ဆိုပြီးအိမ်ကိုပြောပြလိုက်တယ်အိမ်ကလည်းမသိတော့ရင်းပေးမယ်ပေါ့အိမ်ရောင်းပြီးခနတော့စောင့်ပေါ့ အမေကိုတောင်ကျနော်ရန်ရှာလိုက်သေးတယ်မြန်မြန်လုပ်ပါ ဟိုမှာလူပြည့်သွားရင်ဒုတ်ခပဲဆိုပြီးနောက်တော့မှသူငယ်ချင်းတွေကိုကြွား ကြွားလွန်းလို့လားမသိသိတဲ့လူကပြောပြမှအလိမ်ကြီးတာသိလာတယ် သူပြောသလိုတာဝင်ငွေတွေရခဲ့ရင်ခုကျနော်နဲ့တွေ့ခဲ့တဲ့အမကြီးဖန်စီတွေဆွဲမဲ့အစားရွှေတွေပြည့်နေပြီပေါ့ ကျနော်လည်းမေးခဲ့ပါသေးတယ်မတို့ကောရားဆိုပြီးရတယ်ဘာဘညာပေါ့ သူဆို၃နှစ်ပေါ့၁နှစ်ကို၁၅၀၀ဆို၃နှစ်ဆို၎ထောင်၅၀၀ကားတစ်စီးတောင်ဝယ်လို့ရတယ်ဘာကြောင့်ကိုယ့်ပိုင်ကားမစီးနိင်တာလဲတွေးရင်းကျနော်သဘောပေါက်လာတယ်ကိုယ့်ကိုကိုလည်းရှက်လာတယ်ကြွားထားတာအိမ်ကဟဲ့နင့်အလုပ်သွားလျောကိတော့ပိုက်ဆံရပြီဆိုတော့ဘာပြောကမှန်းမသိလူတွေကိုစကားချိုချိုလေးတွေသုံးပြီးလိမ်ညာနေတဲ့အဖွဲ့ဆိုတာခုဒီgpကနေပြီးတော့တခြားသောmlmကြောင့်နစ်နာခဲ့သူတွေကြောင့်သိခဲ့ရတယ်မရှိလို့အလုပ်ရှာပါတယ်ဆိုမှလိမ်ညာချင်တဲ့သူတွေကရှိသေးတယ်ဗျာ crd
👆 အ​ပေါ်ကလို​တွေဆွယ်ရင်​ မယုံကြပါနဲရှ့င်​... တချို့ဆိုဘ၀ပါပျက်​ပါတယ်​... မယုံရင်​​လေ့လာကြည့်​ကြပါ
Htet Ńwåÿ
https://www.facebook.com/groups/736607576376689/permalink/1333923513311756/

CoinSpace နဲ့ ပတ်သက်လို့ သတိထားစရာတွေ သိချင်ရင် ဒီ စာတွေ သေချာဖတ်ကြည့်ပါဗျာ ။ >>>


CoinSpace နဲ့ ပတ်သက်လို့ သတိထားစရာတွေ သိချင်ရင်
ဒီ စာတွေ သေချာဖတ်ကြည့်ပါဗျာ ။
>>>
၁။ CoinSpace ဆိုတာ
ဘာမှ ဈေးကွက်မရှိ မခိုင်မာသေးတဲ့
Digital Currency တစ်ခုကို ရင်းနှီးမြှပ်နှံသ လိုလို ဘာလိုလို လုပ်ငန်းပါ ။
အဓိက က MLM လိုပဲ နောက်လူခေါ်ရင်
သူတို့ ဝယ်ရင်းလိုက်တဲ့ ငွေပေါ်ကနေ
ဆုကြေးတွေ အဆင့်ဆင့်ရပါတယ် ။
ဒီကို ဝင်လာတဲ့ အချိန်မှာ ခေါင်းဆောင်တဲ့ Carlos ဆိုတဲ့ လူရော
သူနဲ့တွဲပြီး ထိပ်ပိုင်းက ဝင်လုပ်နေတဲ့ မြန်မာနိုင်ငံကလူတွေရောက
MLM သမားဟောင်းတွေပါ ။
ဝေးဝေးသာ ရှောင်ပါဗျာ ။
နောက်လူတွေကိုလည်း မဝင်ဖြစ်အောင်
အသိပေးပေးသင့်ပါတယ် ။
၂။ MLM နဲ့ Coin Space
===============
သာမန် MLM နဲ့ Coin Space
ကွာတာက သူတို့ coin ဈေးတက်ရင်
( နောက်လူ မခေါ်လည်း )
ကိုယ်က coin ကို ဝယ်ရင်းထားတာမို့ ပြန်ရောင်းရင် အမြတ်ရမယ် ။
( လူ ခေါ်နိုင်ရင် ပိုရမှာပေါ့ )
ခက်တာက သူတို့ coin ဈေးတက်ပါမယ်လို့
ဘယ်သူပြောလဲ ?
ဘယ်လို ယုံရမလဲ ?
ဘာမှ ကျောထောက်နောက်ခံ ကောင်းကောင်း
မရှိဘူးလေ ။
လက်ရှိ အတိုင်းအတာ တစ်ခု အထိ အောင်မြင်နေတဲ့
bitcoin တောင် စိတ်အချရကြီးမဟုတ်တဲ့ဟာ
အခုလို digital currency အသစ်မှာ
ရင်းနှီးမြှုပ်နှံဖို့ကိုတော့ အားမပေးပါဗျာ ။
ကို Thet Paing Tun ရေးတင်ထားတဲ့
ဒီစာကို သေချာသွားဖတ်ရင်လည်း သဘောပေါက်မှာပါ
>>>
Coinspace ဘာလဲ ဘယ်လဲ ။
https://www.facebook.com/thet.p.tun.90/posts/1377699335576909
============
၃။ CoinSpace သမားတွေက သူတို့ Coin ကို
Bitcoin နဲ့ တူသလိုလို ရောချတတ်ပါတယ် ။
ဒီတော့ ဘာတွေ မတူလဲဆိုတာ ဒီ စာစုမှာ
သေချာ သွားလေ့လာကြည့်နိုင်ပါတယ်ဗျာ
>>>
Bitcoin နဲ့ S-coin ( CoinSpace ) ဘာကွာလဲ ?
https://www.facebook.com/groups/myanmarmlmtruth/permalink/596325900560566/
============
၎။ S-Coin အလိမ်အညာလား အစစ်အမှန်လား???
Bitcoin နဲ့ အခြား CryptoCurrency တွေ နာမည်ကြီးလာ၊
တန်ဖိုးတက်လာတာနဲ့ အမျှ အတုအပ လိုက်လံ ပြုလုပ်သူတွေလဲ ပေါ်ပေါက်နေကြပါတယ်။
အများစုဟာ CryptoCurrency အကြောင်း နားမလည်ပဲ
ရင်းနှီးမြှုပ်နှံချင်သူတွေကို သားကောင်ထားတတ်ကြပါတယ်။
သူတို့ကြောင့် လူတွေ Cryptocurrency လောကတစ်ခုလုံးကို
မဝင်ခင်မှာပဲ ကြောက်လန့်သွားစေနိုင်ပါတယ်။
အဲဒီအထဲက အကြီးဆုံး အလိမ်အညာ တစ်ခုကတော့
Ante Keleva တည်ထောင်တဲ့ Coinspace ပါပဲ။
>>> ဆက်လက် ဖတ်ရှုရန် >>>
https://www.facebook.com/MyanmarBitcoin/photos/a.258502007897263.1073741828.258013221279475/258501997897264/?type=3

ကျနော်တို့ အခုတစ်ခါ Success more ဆိုတဲ့ MLM ကုမ္ပဏီက ထုတ်ကုန်တွေကို လေ့လာကြည့်ကြရအောင်


 Image may contain: 1 person, text
ကျနော်တို့ အခုတစ်ခါ Success more ဆိုတဲ့ MLM ကုမ္ပဏီက ထုတ်ကုန်တွေကို လေ့လာကြည့်ကြရအောင်
ပထမဆုံး ထုတ်ကုန်ကတော့ Fillymor လို့ခေါ်တဲ့ ပစ္စည်းပါပဲ။သူတို့ အပြောအရ ပါဝင်တဲ့ပစ္စည်းတွေက လင်ဇီး၊ ဂျင်ဆင်းအဖို၊ အမ၊ငရုတ်သီးမှုံ့၊ ဂျင်း၊ နေကြာပန်း၊ ကြာပန်းတို့ဖြစ်ပါတယ်။ အဲ့ဒီ ပစ္စည်းဟာ ဘာလို့ ခေါင်းစဉ်တပ်လို့မရပါဘူး။ အကြောင်းက မြန်မာနိုင်ငံ FDA မှာတင်ထားတုန်းက ဖြည့်စွက်အာဟာရပါ။ဒါပေမယ့် ကြော်ငြာတော့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ကာကွယ်ဆေးပါတဲ့။ ဒါဟာ လိမ်လည်မှုပါ။
ကမ္ဘာပေါ်မှာ မည်သည့် ဆေးပညာရှင်၊ ဆေးပညာအဖွဲ့အစည်းကမှ ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ ဆေးကို ရှာမတွေ့သေးပါဘူး။ ဆေးတစ်မျိုးထုတ်တယ်ဆိုရင် ပထမဆုံး ပါဝင်တဲ့ပစ္စည်းတွေကို စစ်ဆေးရပါတယ်။ အန္တရာယ်မရှိဘူးဆိုတာ သေချာမှ တိရိစ္ဆာန်တွေကို အကြိမ်ပေါင်းများစွာစမ်းသပ်ပါတယ်။ ပြီးမှ Clinical Trial လို့ခေါ်တဲ့ တကယ့်ဝေဒနာရှင်တွေကို သဘောတူညီချက်နဲ့ အကြိမ်ပေါင်းများစွာစမ်းသပ်ပြီးမှ ဘာကာကွယ်ဆေး၊ ဘာရောဂါပျောက်ဆေးဆိုတာ သေသေချာချာ သတ်မှတ် ကြေငြာ ရောင်းချပါတယ်။
ဒီ Fillymor, Covermor ကင်ဆာ ပျောက်တယ်လို့ ကြော်ငြာထားတဲ့ ဆေးတွေကို ဘယ် စမ်းသပ်ခန်းကမှ ရောဂါပျောက်ကြောင်း မစမ်းသပ်ထားသလို၊ ဘယ် ဆေးပညာအဖွဲ့အစည်းကမှလဲ ဝေဒနာရှင်တွေကို စမ်းသပ်ထားခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် ဒီပစ္စည်းဟာ ဖြည့်စွက်စာ လို့ ဥပဒေဘောင်ဝင်အောင် တင်သွင်းပြီး ဆေးအဖြစ် လိမ်ရောင်းနေတဲ့ အရာတွေဖြစ်ပါတယ်။
တကယ်လို့များ ရောဂါကာကွယ်ကြောင်း (Reputable Clinical Trial, Lab Result) နိုင်ငံတကာက လေးစားရတဲ့ စမ်းသပ်ချက်၊ ဝေဒနာရှင် မှတ်တမ်း တွေ ပြနိုင်မယ်ဆိုရင် ကျနော့်ကိုဆက်သွယ်ပါ။ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ဆု အဖြစ် ဒေါ်လာတစ်ေသာင်း ဆု ချပါမယ်။ ပြီးရင် သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သား ကင်ဆာ ကာကွယ်ဆေးကို ကျနော်ကိုယ်တိုင် အနောက်နိုင်ငံမှာ မှတ်ပုံတင်ပြီး ရောင်းချပါမယ်။ လာခဲ့ပါ။ အဲ့ဒီအတိုင်းမှန်ခဲ့ရင် ၃ လအတွင်း ဒေါ်လာ ဘီလီယံ ချီပြီးချမ်းသာရစေမယ်လို့ အာမခံပါတယ်။
(Successmore ကုမ္ပဏီမှာ ဒေါ်လာ ၁သိန်းနဲ့ ရှယ်ယာဝင်၊ မန်ဘာဝင်ပါမယ်။ ဒီပစ္စည်းကို ဖော်စပ်တီထွင်တဲ့သူနေရာမှာ ကျနော့်နာမည်ကို ထည့်ခွင့်ပြုပါ။ Nobel Prize in Physiology ကို ပူးတွဲရမှာကြောင့်ဖြစ်ပါတယ်။)
ဒါကတော့ အဆိုးရွားဆုံး အလိမ်အညာထုတ်ကုန်ဖြစ်ပါတယ်။ တခြား Phytovy တို့ Nutriga တို့ဟာလည်း ဥပဒေလက်တလုံးခြား ဆေးအတုတွေဖြစ်ပါတယ်။
ပြီးနောက်မှာတော့ ပုံမှန် ထုတ်ကုန်တွေကို လေ့လာကြည့်ပါမယ်။ ကျနော် ရွေးထုတ်ထားတဲ့ ကုန်ပစ္စည်းတွေကတော့ ကိုယ်တိုက်ဆပ်ပြာရည်၊ ဘော်ဒီလိုးရှင်း၊ ချွေးနံ့ပျောက်ဆေး၊ အ၀တ်လျှော်ဆပ်ပြာရည်တို့ဖြစ်ပါတယ်။
ကိုယ်တိုက်ဆပ်ပြာရည် ( စင်္ကာပူဒေါ်လာ)
Successmore - Dewy Shower Gel(၁၄ ဒေါ်လာ)
စင်္ကာပူ ဆိုင်မှာ Neutrogena ကထုတ်တဲ့ ဆပ်ပြာရည် ( ၁၀ ဒေါ်လာ)
ဘော်ဒီလိုးရှင်း (စက်ာပူဒေါ်လာ)
Successmore - Ease Bodylotion (၁၄ ဒေါ်လာ) ၁၀၉၀၀ ကျပ်)
Nivea in Singapore ( ၁၀ ဒေါ်လာ)
ချွေးနံ့ပျောက်ဆေး
Successmore - (၆.၆ ဒေါ်လာ)(၄၇၀၀ကျပ်)
Nivea in Singapore (၄.၂၅ ဒေါ်လာ)
အ၀တ်လျှော်ဆပ်ပြာရည်
Successmore - (၁၄ ဒေါ်လာ) (၁၀၉၀၀ ကျပ်)
Singapore Top Detergent (၇.၅ ဒေါ်လာ)
ကဲ ဒါတွေကိုသာ ဥပမာကြည့်ပါ။ Nivea ဆိုတာ ဂျာမဏီနိုင်ငံက ကမ္ဘာကျော်ဘရန်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီထက် ဈေးပေါပါတယ်။ စင်္ကာပူဟာ ပိုဈေးကြီးပါတယ်။ အကြောင်းက စင်္ကာပူဟာ လူနေမှု အဆင့်အတန်း ပိုမြင့်ပြီး ၀င်ငွေမြင့်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီလိုနိုင်ငံက ဈေးနဲ့တောင် မြန်မာပြည်မှာ Successmore က ရောင်းချနေတဲ့ ဈေးတွေဟာ ပိုများနေပါတယ်။
အရည်အသွေးပိုင်းမှာလဲ Nivea ဆိုတာ ၁၉၀၀ ပထမကမ္ဘာစစ် မစခင်ကတည်းက နာမည်ရပြီးသားဖြစ်ပါတယ်။ ဒေါ်လာ မီလျံပေါင်းများစွာ နဲ့ ကိုယ်ပိုင်သုတေသန စမ်းသပ်ခန်းတွေနဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Nivea ရဲ့ The Beiersdorf Research Center သုတေသန စင်တာချည်းတင် Successmore ရဲ့ ရုံးချုပ်ထက် နှစ်ဆ လောက်ပိုကြီးပါတယ်။နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောင်းချနေတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ကျနော် Nivea ကို ကြော်ငြာနေတာမဟုတ်ပါ။ ဒါပေမယ့် Nivea နဲ့ယှဉ်ပြီး Successmore က အရည်အသွေးပိုကောင်းတယ်ဆိုရင်တော့ အလွန်ပြောင်မြောက်တဲ့ ဟာသ တစ်ခုပဲဖြစ်ပါလိမ့်မယ်။ ကျိန်းသေတာကတော့ Successmore က Nivea ထက်ပိုကြီးတာဟာ ဈေးပဲဖြစ်ပါတယ်။
ဆေးပညာသည် ကျနော့်ရဲ့ အမြင်အရ ဖြည့်စွက်စာတစ်ဖြစ်လဲ မလိမ့်တပတ် ဆေးတွေကတော့ ဘာရောဂါမှ ကာကွယ်နိုင်ကြောင်း ခိုင်လုံတဲ့ အထောက်အထား မရှိပါ။
https://www.facebook.com/myanmarmlmwatch/posts/914065572061095
Win Oo

Double Crane နှင့် လင်ဇီး


 http://4.bp.blogspot.com/-86dXdTIQ85w/USOmCUXUOmI/AAAAAAAAAWU/-mbep_A1Oxs/s1600/p-05.jpg
Double Crane နှင့် လင်ဇီး
ကျနော့်ကို မိတ်ဆွေများက Double Crane နဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဝေဖန်ခိုင်းပါတယ်။
သူတို့ ရဲ့ အရေးအပါဆုံး ထုတ်ကုန်တစ်ခုဖြစ်တဲ့ Jia Hor Nutri-Health Tablets ကို လေ့လာကြည့်ပါမယ်။ ဒီဆေးထဲမှာ လင်ဇီး ၅၀ % နဲ့ ပျားပန်းဝတ်မှုံ ၅၀% ပါဝင်တယ်ဆိုပါတယ်။ ဒီလိုပါဝင်တွေနဲ့ ပတ်သတ်ပြီး ထုတ်ကုန်ပစ္စည်းတွေကို ရှင်းပြထားတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ရပါတယ်။
ပထမဆုံး စပြောမှာက U.S National Library of national medicine: National institute of health ဆိုတာနဲ့ သက်သေပြပါတယ်။ သူတို့ ဗီဒီယိုထဲမှာ စာလုံးပေါင်း ကျန်သွားပါတယ်။ health မှာ th ကျန်သွားတာပါ။ သူပြောသွားတာက လင်ဇီးနဲ့ ပတ်သတ်ပြီး သုတေသနပေါင်း ထောင်ကျော် လုပ်ထားပါတယ်တဲ့။ မဟုတ်ပါဘူး။ အဲ့ဒီစာကြည့်တိုက်မှာ လင်ဇီးနဲ့ ပတ်သတ်ပြီးရေးထားတာ မှတ်တမ်း ၂၀ ပဲ ရှိပါတယ်။ မှတ်တမ်းတွေ ရှိတယ်သာ ပြောတာ။ အဲ့ဒီမှတ်တမ်းထဲက အကြောင်းတွေကျတော့ ဘာမှ ပြောပြမသွားပါဘူး။ အဲ့ဒါကြောင့် Double Crane ကပဲ ညွှန်းထားတဲ့ U.S National Library of medicine ထဲက စာတမ်း တစ်ခုကိုပဲ ကျနော် ဘာသာပြန်ပြပါမယ်။
လင်ဇီးဟာ ဒီဝေဒနာတွေ အတွက် ထိရောက်မှု မရှိပါဘူး။ သေချာ ဖတ်ပါ ထိရောက်မှု မရှိဘူးလို့ ရေးထားတာပါ။
၁။ အူမကြီး အကျိတ်
၂။ သွေးကြောပိတ်ဆို့မှု
၃။ ဆီးချို
၎။ အသည်းရောဂါ ဘီ
၅။သွေးတိုး
၆။အဆုပ်ကင်ဆာ
၇။ခြေသလုံး ကိုက်ခဲခြင်း
၈။ ကိုယ်ခံအားကောင်းစေရန်
၉။ကူးစက်ရောဂါ ကာကွယ်ခြင်း
၁၀။ ဆီးကြိတ် ကင်ဆာ
၁၁။ ပန်းနာရင်ကျပ်
၁၂။ စိတ်ဖိစီးမှု
၁၃။ကျောက်ကပ် ရောဂါ။
၁၄။ အသည်းရောဂါ၊
၁၅။ ခုခံအားကျဆင်းမှု ရောဂါ AIDS
၁၆။ ပင်ပန်းခြင်း
၁၇။ အစာအိမ်နာ
၁၈။ အဆိပ်မိခြင်း
စတာတွေနဲ့ ပတ်သတ်ပြီး စမ်းသပ်တဲ့အခါ သိသာသော ရလာဒ် မတွေ့ရပါဘူးတဲ့။
ဘေးထွက်ဆိုးကျိုး
သဘာဝအတိုင်းစားသုံးမှုမှာ အန္တရာယ်မရှိပါဘူး။ အမှုံ့ အဖြစ်စားသုံးမှာတော့ အသည်းကို ထိခိုက်နိုင်ပါတယ်။ အလာဂျီလို့ ခေါ်တဲ့ တုန့်ပြန်မှု ရှိနိုင်ပါတယ်။
ထိုနည်းလည်းကောင်းပါပဲ။ ပျားပန်းဝတ်မှုံ နဲ့ ပတ်သတ်ပြီးတော့လဲ ရေးသားထားပါတယ်။ အကိုက်အခဲ ပျောက်ခြင်း၊ ၀မ်းသွားပျောက်ခြင်း၊ ၀မ်းချုပ်ပျောက်ခြင်း စတာတွေ ဘာမှ မထိရောက်စေပါဘူးတဲ့။
အဲ့ဒါကို Double Crane MLM Company က ဘယ်လို ပြောကြားသွားသလဲဆိုတော့....
-ဆဲလ် အသစ်များ ပြန်လည်ဖြစ်စေသည်။
-ဆဲလ်အဆိပ်အတောက်ကိုကာကွယ်ပေးသည်။
-ကင်ဆာ ရောဂါတိုက်ထုတ်ပေးနိုင်သည်။
-ကင်ဆာဖြစ်စေနိုင်သော ဆဲများကို ပယ်ရှာပေးနိုင်သည် လို့ ဖြစ်ပါတယ်။
လင်ဇီးဖြစ်ရပ်မှန်
တကယ်တော့ လင်ဇီးဆိုတာ တရုတ်နိုင်ငံမှာ နှစ်ပေါင်းမြောက်များစွာထဲက ပရတိုင်းရင်းဆေးအဖြစ် သုံးလာကြတဲ့ မှို ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ဆေးဖက်မ၀င်တဲ့ အပင်မရှိဘူးဆိုတဲ့ ဆိုရိုးအတိုင်း ဆေးဘက်ဝင်ပါလိမ့်မယ်။ ကျနော်ဟာ သိပ္ပံ ပညာကိုလိုက်စားရုံမက ၀ိဇ္ဇာရှေးဟောင်း အတတ်တွေကိုလည်း ပစ်ပယ်တဲ့သူမဟုတ်ပါဘူး။ National Library of Medicine မှာလည်းပဲ လင်ဇီးမှာ ကိုယ်ခံ စွမ်းအားတက်စေနိုင်တဲ့ ဒြပ်ပေါင်း ပါဝင်သလို၊ ကင်ဆာ ဆန့်ကျင်တဲ့ ဓါတ်သဘာဝလဲ ပါဝင်တယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒါကြောင့် တိုင်းရင်း ဆေး အဖြစ် သုံးပါတယ်။ Bee Pollen လို့ခေါ်တဲ့ ပျားပန်းဝတ်မှုံ ဟာလည်း အလားတူပါပဲ။ တိုင်းရင်းဆေးဖြစ်ပါတယ်။ ဒီလင်ဇီးနဲ့ ပျားပန်းဝတ်မှုံ ဟာ တကယ် အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေ ဖြစ်တာတောင် Double Crane က ဆေးတွေထဲမှာ ဒါတွေ တကယ်ပါဝင်ကြောင်း ဘာ အထောက်အထားမှ မပါဝင်ပါဘူး။ သူ့ ရဲ့ ဆေး ဖြစ်တဲ့ JIA HOR Nutri-health ဟာ သေချာ စမ်းသပ်ထားကြောင်း အထောက်အထား မတွေ့ပါဘူး။ တရုတ်တိုင်းရင်းဆေးသမားတော်က ရှေ့တင်ဖော်စပ်ပေးလိုက်တဲ့ လင်ဇီး ဆေးတဖုံဟာ ပိုပြီး စိတ်ချရပါလိမ့်မယ်။တရုတ် တိုင်းရင်းဆရာတွေဆီမှာ စနစ်တကျ သွားပြဖို့ အကြံပေးလိုပါတယ်။
အဲ့ဒါကို လက်တွေ့ စမ်းသပ်ထားတဲ့ ဆေးသဖွယ် ဘယ်ရောဂါတွေ ပျောက်ပါတယ်ဆိုပြီး ပြောရောင်းနေတာဟာ မရိုးသားမှုပဲဖြစ်ပါတယ်။ (တဆင့်စကားများ အရတော့ ပျောက်တယ်ဆိုပြီး ပြောရောင်းနေကြတာပဲဖြစ်ပါတယ်။ ဒါဟာ လူထု ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။)
လူကောင်းတွှေအတွက် ဓါတ်စာအဖြစ် စားသုံးမယ်ဆိုရင်တောင် ဆရာဝန်များတိုင်ပင်ပြီး သတိနှင့် စားသုံးသင့်ကြောင်းပါ။
တကယ်ရောဂါဖြစ်နေတဲ့ လူနာတွေ အနေနဲ့ကတော့ တိုင်းရင်းဆေး၊ ပရဆေးတွေ သုံးစွဲမယ်ဆိုရင် ဆရာဝန်တွေနဲ့ အရင် တိုင်ပင်ပါလို့ အကြံပေးပါရစေခင်ဗျာ။
အားလုံး ကျမ်းမာစွာနှင့် ငြိမ်းချမ်းကြပါစေ။
Aron Mg.
ကျနော်ရေးတဲ့စာကို ကျနော် ၁၀၀% တာဝန်ယူတဲ့ အတွက် ကျမ်းကိုးတင်ပါတယ်။ National Library of Medicine: National institute of Health ကပါ။
ကိုးကား
https://medlineplus.gov/druginfo/natural/905.html#Action
https://medlineplus.gov/druginfo/natural/78.html
https://www.facebook.com/groups/myanmarmlmtruth/permalink/558036814389475/

ထားဝယ်တွင် MLM အလိုမရှိ


 http://myanmardaytrips.com/uploads/destination/1f74c8c5457c71c66c82af7b68709dc3Dawei-City.jpg
MLM အလိုမရှိ။
ကျွန်​​တော် တို့ထားဝယ်​မှာ ၂၀၁၃ ​လောက်​က ဇူလီယန်​ခေတ်​စားပါတယ်​။ ဇူလီယန်​ ကွဲပြဲ​တော့ shine hope ဖြစ်​လာ
တယ်​။ အခု Double Crane ( စုံတွဲကြိုးကြာ) hot
ဖြစ်​​နေတယ်​ဗျ။ တစ်​ရပ်​ကွက်​လုံးနီးပါး ကုမ္ပဏီ​ပေါင်းစုံထဲ
မန်​ဘာဝင်​ထားကြပါတယ်​။
ကျွန်​​တော့်​အ​မေလည်း Double Crane မှာ မန်​ဘာ
ဝင်​ထားတယ်။ထုံးစံအတိုင်း အခြားကုမ္ပဏီ​တွေနဲ့မတူ
ကြောင်း ၊ Quality ပို​ကောင်း​ကြောင်း စသဖြင့်​..
ဂျပိုးကိုလိပ်​ဖြစ်​​အောင်​​ပြောပါတယ်​။
နား​ထောင်​​နေတဲ့အ​မေက​တော့မသိဘူး။ ​ဘေးကကြားရတဲ့
ကျွန်​​တော့်​အဖို့ တစ်​ကယ့်​ကို over ဖြစ်​လွန်း​နေတယ်​ဗျ။ ​ပြော​နေလိုက်​တာများ ​သစ်​ငုတ်​တို​တောင်​​ခေါင်းညိမ့်​​လောက်​ပါတယ်​။
တောင်းစားရင်​ ​နေ့တွက်​ကိုက်​မယ့်​ သူ​တွေပါဗျ။
သူတို့မန်​ဘာ​ကြေးက ၅၀၀၀ ပါတဲ့။ ​ဆေးမ၀ယ်
လည်းရပါတယ်​တဲ့ဗျ။ ဟ..အဲဒါဆို အမှတ်​ဘယ်​လို
တက်​မှာလည်း​မေး​တော့ သူများ​တွေကို မန်​ဘာဝင်
ဖို့ ၊ ​ဆေး​၀ယ်​ဖို့ဆွယ်​နိုင်​ရင်​ အမှတ်​ရပါသတဲ့။
.ကုလားကြီးနဲ့အရာကြီးအတူတူပါပဲ။
ဆွယ်ဖို့​မ​ပြောထားလည်း အမှတ်​တပြားမှမရှိဘဲ
ဘယ်​သတ္တ၀ါကငုတ်​တုတ်​ထိုင်​​နေမတုန်းဗျာ။
ဆေး​တွေ quality ​ကောင်းလို့ဝယ်​ရုံသက်
သက်​ပါ လို့အ​မေကဆင်​​ခြေတက်​ပြန်​​ရော။ ကျွန်
တော်​က​တော့ အ​မေ လူမဆွယ်​ချင်​​နေ ဘာပဲဖြစ်
ဖြစ်​ အဲဒီ MLM နဲ့ ဆံချည်​တစ်​မျှင်​​လောက်​ပတ်
သက်​တာကို ​တောင်​မလိုချင်​ဘူးဗျ။ သူတို့​ဆေး
မသုံးရလို့​သေသွားပါ​စေ။ အထင်​တစ်​စက်​မှကိုမ
ကြီးတာပါ။
လင်​ဇီး ပန်းဝတ်​မှုံဆိုပြီး​တော့ အ၀ါ​တောင့်​​လေး
တွေ ​ရောင်းတယ်​။ ကျွန်​​တော်​ ကိုဇင်​​ဇေတို့ပို့စ်​​တွေ
ဖတ်​ပြီး အဲဒီ​ဆေး​တွေဟာအာနိသင်​ထိထိ​ရောက်​​ရောက်​မရှိတဲ့အပြင်​ အန္တရာယ်​​တောင်​ရှိတယ်​လို့
သိလိုက်​ရတယ်​ဗျ။ ဒါ​ပေမဲ့​နောက်​ကျသွားပါပြီ။
ကျွန်​​တော်​ ဆယ်​တန်းမှာ အ​မေအတင်းတိုက်
လို့ လင်​ဇီးအ​တောင့်​တစ်​ရာ​လောက်​ ဗိုက်​ထဲ​ရောက်
ခဲ့ပါတယ်​။ အဲဒီတုန်းက နားမလည်​ခဲ့ပါဘူး။
ဈေး​တွေကလည်းမိုးထိုး​နေတာပဲဗျာ။ ​အောက်​အထစ်​ဆုံး​တောင်​ နှစ်​​သောင်းအထက်​ရှိတယ်​။
ကျွန်​​တော်​အခု ရန်ကုန်​စီးပွား​ရေးတက္ကသိုလ်​ပထမ
နှစ်​တက်​​နေပါတယ်​။ စီးပွား​ရေးလုပ်​ငန်းတစ်​ခုထူ
ထောင်​ဖို့ အဆင့်​အဆင့်​တည်​​ဆောက်​ရပါတယ်​။
MLM ​လို တစ်​လအတွင်းသိန်းရာချီဘယ်​လုပ်​ငန်း
မှစစချင်းမရနိုင်​ပါဘူး။ သူတို့လုပ်​ငန်းမှာစီးပွား​​ရေး
ကျွမ်းကျင်​ပညာရှင်​ ၊ သုံးသပ်​နိုင်​တဲ့ ပညာရှင်မရှိပါ
ဘူး။ စာအုပ်​မှာသာ စီးပွား​ရေးလမ်းညွှန်​လို့​ရေးထား
တာပါ။ တစ်​ကယ်​က မွဲနည်းလမ်းညွှန်​စစ်​စစ်​။
မက်​လုံး​ပေးတာ ၊ စက်​၀ိုင်း​တွေဆွဲပြီးအီးထွက်
အောင်​ရှင်းပြတာ ၊ သူတို့ပစ္စည်း ​ကောင်း​ကြောင်း
အမွှန်းတင်​​နေတာ​ စသဖြင့်​...ရွန်းရွန်း​ဝေ​အောင်
ပြောကြပါတယ်​။ တစ်​ခုအံ့သြစရာ​ကောင်းတာက
အခု MLM လုပ်​​နေတဲ့သူ​တွေဟာ မ​ကောင်း
သတင်း​တွေကြား​နေရက်​သားနဲ့ ဆက်​လုပ်​ကြတာ
ပါ။ သူတို့လက်​သုံးစကားက "မတူဘူး" ဆိုတာပါပဲ။
ခေါင်းစဉ်​ပဲ​ပြောင်းမယ်​။ MLM က MLM
ပဲဆိုတာ သ​ဘောမ​ပေါက်​ကြဘူး။အင်​မတန်​​ကြောက်​စရာ​ကောင်းတဲ့ ဗိုင်းရပ်​စ်​တစ်​မျိုးပါ။ အခု
အဲဒီ ဟာ​တွေက ​တောရွာဘက်​​တွေ​တောင်​ဆင်း
ကြကုန်​ပြီလို့ သတင်းရထားပါတယ်​။
သူတို့ ဗျူဟာအသစ်​က
- အသင်းဝင်​ထားရင်​ သာမန်​လူ​တွေထက်​ ​ဈေးသက်
သာတယ်​။
- လတိုင်းဝယ်​စရာမလို။(၀ယ်​ကြတာပါပဲ။ရပ်​ကွက်​လှည့်​ပြီး ​ရောင်းကြတာပါပဲ)
- အခြားcompany ​တွေနဲ့မတူဘူး..။
- ပစ္စည်းအရည်​အ​သွေး​ကောင်းတယ်​...။
- မန်​​နေဂျာ​တွေဘယ်​​လောက်​​တောင်​များ​နေပြီ။
တစ်​လကို သိန်း၃၀ ၄၀ ရ​နေပြီ။
အဲဒါ​တွေနဲ့ပဲ မန်​ဘာဝင်​ကြ။ဆေးဝယ်​ကြ။
သောက်​ကြ။ မွဲချင်​လို့ပြာပုံတိုး​နေကြတယ်​လိုခပ်
ရိုင်းရိုင်းဆိုချင်​မိတယ်​ဗျ။ ခက်​တာက FDA က
လည်းဒါ​တွေကို လက်​မှတ်​ထုတ်​​ပေး ပြီး ဆက်​ဂျင်း
ထည့်​ခိုင်းထားပါတယ်​။
ဒီ company အများစုက တရုတ်​ ၊ထိုင်း မှာ
အ​ခြေစိုက်​ကြတယ်​လို့သိရတယ်​ဗျ။ ​ငွေ​တွေဘယ်
လောက်​များပြည်​ပကိုစိမ့်​ထွက်​ကုန်​ကြပြီလဲ မသိ
တော့ပါဘူး။
ကျွန်​​တော့်​အ​မေက​တော့ ကျွန်​​တော်​ရှင်းပြထား
လို့ အသိတရားရသွားပါပြီ။ အိမ်​နီးနားချင်း​တွေက
တော့ ဘာမှမသိကြပါဘူး။ မသိဆို အားလုံးက
ပညာမတတ်​ ရိုးသားတဲ့သာမန်​​တောသူ​တောင်​သား
တွေချည်းပါပဲ။ ကျွန်​​တော်​​ပြောလည်းသူတို့နားဝင်
မယ်​မထင်​ဘူးဗျ။
ဖင်​မီးခိုးထွက်​​အောင်​​ပြောတတ်​တဲ့ MLM
သမားနဲ့ပြန်​​တွေ့ရင်​ပြန်​ဆွယ်​ရင်​ အ​မေလည်းပြန်​ပါ
သွားမှာပါပဲ။ ကျွန်​​တော်​က​တော့တစ်​ကယ့်​ကို​ဒေါသ
အလိပ်​လိုက်​ထွက်​ပြီး စာအုပ်​​တွေမီးရှို့ပစ်​ဖို့​တောင်
စီစဉ်​ထားပါတယ်​။
ကံ​ကောင်းတာတစ်​ခုက ကျွန်​​တော်​တို့ နစ်​စပြု
နေတုန်းပါပဲ။ ပြန်​ဆွဲထုတ်​ဖို့အချိန်​မှီ​သေးတယ်​ဗျ။
အချို့က​တော့ တစ်​ကယ့်​ကို ဦး​နှောက်​မှိုင်းချခံထား
ရပါပြီ။
ဒီ MLM စနစ်​ကြီးကိုမုန်းပါတယ်​။ ​ခေတ်​သစ်
အရင်းရှင်​​တွေအမြတ်​ကြီးစားတဲ့ ပိရမစ်​ဆင့်​ပွား​ဈေး
ရောင်းနည်းစစ်​စစ်​လို့ဆိုချင်​ပါတယ်​။
ဒါ​ကြောင့်​ MLM ဆို​ ကန်​​တော့ပါရဲ့ဗျာ...
ယောင်​လို့​တောင်​ ​သေးလှည့်​မပန်းပါဘူး။ ရွံတတ်
လို့ပါ။
Min Thet Nyain Thway
https://www.facebook.com/groups/myanmarmlmtruth/permalink/645632205629935/

j coin အပေါ်ကိုဇင်ဇေ အမြင်


 http://ukdcnews.co.uk/wp-content/uploads/2015/06/Scam-Blog.jpg
JCoin က လူလိုက်ဆွယ်နေတဲ့ ညီ/ညီမတို့ရေ ...
ညီတို့ ဆီမှာ ငွေရင်းလို့ အရှုံး လုံးဝမရှိဘူး ။
မြတ်မှာ သေချာရင်
( တစ်နှစ်ကို 20% အတိုးနဲ့ )
ဘဏ်တိုးထက်လည်း ၂ ဆ ရမယ် ဆိုတာ သေချာနေရင်
ညီလေးတို့ Company အနေနဲ့
အခုလို ပြင်ပရှယ်ယာရှင်တွေ လိုက်ခေါ်မနေပဲ
ဘဏ်လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်တွေ့ပြီး
သူတို့ဆီက နေ ငွေချေးပြီး လုပ်ကြပါလား ဟင် 😂😂😂

အဲ့လို သိပ်သေချာနေရင် ညီလေးတို့ Company ပိုင်ရှင်က
ညီလေးတို့ကိုတောင် Commission စား အနေနဲ့
အပြင်လူ လိုက်ရှာပြီး ငွေထည့်ခိုင်းမနေတော့ပဲ
မြန်မာနိုင်ငံက ထိပ်ထိပ်ကြဲ ဘဏ်သူဠေးကြီးတွေနဲ့
လိုက်တွေ့ပြီး ချေးငွေယူပြီး လုပ်တော့မပေါ့ ။
( အဲ့လို လုပ်နိုင်ရင်
ပေးရမယ့် အတိုးကလည်း ပို နည်းသွားသလို
မင်းတို့ကို ရှင်းပေးရမယ့် Commission စရိတ်လည်း
အများကြီး ပို သက်သာသွားမယ်လေ )
စီးပွားရေး / အရောင်းအဝယ်လုပ်ငန်းတိုင်းမှာ
အနိမ့်အမြင့် အတက်အကျ အရှုံးအမြတ် ဆိုတာ
ရှိပါတယ် ။
ရင်းသမျှ အမြတ်ပဲ ရှိစေရမယ် ဆိုတာမျိုး
ဆွဲဆောင်တာတော့ လွန်လွန်းပါတယ် ။
မင်းတို့ ငွေ မင်းတို့ရင်းတာ ကိစ္စမရှိပါဘူး ။
နားမလည်တဲ့ ယုံလွယ်တဲ့ အများပြည်သူတွေကိုတော့
မက်လုံးပေးပြီး Commission ရှာ မစားကြပါနဲ့ကွာ ။
ကိုယ်တိုင်သာ ကိုယ့်မိဘဆွေမျိုးတွေရဲ့
ပိုင်ဆိုင်မှုတွေကို အပေါင်ထားပြီး ငွေရင်းထားလိုက်စမ်းပါ ။
#ကိုဇင်ဇေ
#AntiMLM
#AntiPyramidSchemes
#AntiInvestmentScams
https://www.facebook.com/groups/myanmarmlmtruth/permalink/649874245205731/

ကိုဝင်ဦးရဲ့ Investment အပေါ်အမြင်


အစုရှယ်ယာ ၀ယ်ရောင်းမှုမှာ အေ၇းအကြီးဆုံးက ၂ ချက်ပဲ။ ရင်းနှီးမြုပ်နှံမှု အဖြစ် တရားဝင် အဖွဲ့အစည်း မဟုတ်ခြင်းနဲ့ အစုရှယ်ယာ ပိုင်ဆိုင်မှု မခိုင်မာခြင်းပဲ။ မြန်မာပြည်မှာ အခုလုပ်နေတဲ့ online trading တွေထဲမှာ လွတ်နေတဲ့အချက်က ဒီ ၂ ချက်ပါပဲ။
အရေးအကြီးဆုံးက အစုရှယ်ယာပိုင်ဆိုင်ကြောင်း အာမခံမှု။မြန်ကိုမာပြည်ယ်မှာ ၀ယ်ယူတဲ့ ရှယ်ယာ ဟာကိုယ့်အမည် ပေါက်မဟုတ်ဘူး။ ကျနော့်မှာ ဥပမာ Exxon က ရှယ်ယာပိုင်တယ်ဆိုရင်၊ NYSE လို့ခေါ်တဲ့ Newyork Stock exchange မှာ ကြိုက်တဲ့ အချိန် သွားရောင်းလို့ရပါတယ်။ ကိုယ့် Broker ကနေ လဲ ကြိုက်တဲ့အချိန် ပေါက်ဈေးအတိုင်းေ၇ာင်းလို့ရပါတယ်။ ဥပမာ ကျနော့်ဆီမှာ Conocophilips ဆီက ရှယ်ယာ ရာခိုင်နှုန်း အတိုင်းအတာ တစ်ခုထိရှိတယ်ဆိုရင် သူတို့ရဲ့ နှစ်ပတ်လည် အစီရင် ခံစာ၊ Board of director ရွေးကောက်ပွဲမှာမဲပေးခွင့် စတာတွေ ကုန်ရပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ အစုရှယ်ယာ အမျိုးအစားပေါ်မူတည်ပြီး ကုမ္ပဏီက ဘယ်အခြေအနေမှာ ဘယ်လိုလျော်ရမယ်ဆိုတာ ကို ဥပဒေ အတိအကျ သတ်မှတ်ပီးသားဖြစ်တယ်။
ဒုတိယ အချက်တရားဝင် investment firm အဖြစ် မြန်မာပြည်မှာ မှတ်ပုံတင်မထားဘူး။ အဲ့ဒါအရေးအကြီးဆုံးတစ်ခုပဲ။ တစ်ခုခု သူတို့ လုပ်တာ အမှားအယွင်းဖြစ်ရင် လျော်ပေးဖို့ အစိုးရဆီမှာ စပေါ်တင်မထားဘူး။ မြန်မာပြည်မှာ financial investment ဆိုတဲ့ ကုမ္ပဏီ အမျိုးအစားက သေသေချာချာတောင် မပေါ်သေးပါဘူး။
အဲ့ဒီ ၂ ချက်နဲ့ တင်မြန်မာပြည်မှာ international online trading လုံးဝ မလုပ်သင့်ဘူး။
Win OO
https://www.facebook.com/groups/myanmarmlmtruth/permalink/650900881769734/

MLM သမားတစ်ယောက်ရဲ့အကြောင်း


လွန်ခဲ့တဲ့ ၂နှစ်လောက်ကပါ။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူက ကုမ္ပဏီဝန်ထမ်းအလုပ်က ထွက်လိုက်ရပြီးနောက် ကိုယ်ပိုင် သင်တန်းလေးတခု ထူထောင်ထားပေမယ့် သင်တန်းသင်တာနည်းနည်း၊ direct marketing ပုံစံမျိုးနဲ့ ပစ္စည်းတွေလိုက်ရောင်းနေခဲ့တယ်။ (အဲဒီတုန်းက anti-MLM group လည်းမတွေ့မိသေးပါဘူး)
သူ့ကို အလုပ်ကောင်းကောင်းရစေချင်လို့ CV တွေပြင်ပေး၊ အလုပ်တွေရှာပေးနဲ့ တိုက်တွန်းခဲ့ဖူးတယ်။ ကိုယ်တွေအိမ်ထောင်မကျခင်ကတည်းက မောင်နှမလို ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်ပေါ့။ အမျိုးသားနဲ့လည်း ရင်းနှီးတဲ့သူတယောက်ပါ။ ကိုယ်တွေအိမ်ထောင်ကျပြီးနောက်ပိုင်းလည်း ဝင်ထွက်သွားလာနေတုန်း။ ငွေရေးကြေးရေးလည်း သူ့ဆီက ကိုယ်တွေ တခါပဲ အကူအညီယူဖူးပါတယ်။ တစ်လအတွင်း ချက်ချင်းပြန်ပေးတာတောင် သူ့ကို အတိုးပေးရတယ်။ ကိုယ်ဆီက အကြိမ်ကြိမ်သူငွေချေးတာကို ဘယ်လောက်ကြာကြာကိုယ်တွေက အတိုးမယူ၊ နှုတ်ကတိနဲ့ လွှတ်ထားလိုက်တာပဲ။
တနေ့အိမ်လာမယ်လို့ ဖုန်းဆက်ချိန်းပြီး ရောက်လာတယ်။ သူက ပြောတယ်။ Multi-level Marketing နဲ့ အရောင်းလုပ်ငန်းတစ်ခု သူလုပ်နေတယ်တဲ့။ ဝင်ငွေတော်တော်ကောင်းမှာတဲ့။ အလုပ်ကတော့ ကုမ္ပဏီတစ်ခုက ပစ္စည်းတွေကို member ဝင်ထားပြီး လိုက်ရောင်းရတာပေါ့။ အရင်က Shine Hope တို့၊ Mistine တို့လိုပေါ့။ သူ့ရောင်းတဲ့ပစ္စည်းတွေ အိမ်မှာလာပြတယ်၊ တခြားပစ္စည်းတွေထက်ကောင်းကြောင်း ယှဉ်ပြီးစမ်းသပ်ပြချင်တာတဲ့။ ဒါနဲ့ ကိုယ်လက်ရှိအိမ်မှာသုံးနေတဲ့ပစ္စည်းတွေနဲ့ ယှဉ်ပြီး စမ်းသပ်ပြတယ်ပေါ့။ သူလုပ်ပြချင်တာတွေဘာမှန်း ကိုယ်မသိသေးပါဘူး။
သူပထမဆုံး စမ်းသပ်ပြတာက ရေချိုးဆပ်ပြာရည်၊ ဖန်ခွက်အကြည်နှစ်လုံးထဲတောင်းတယ်။ တလုံးထဲကို သူယူလာတဲ့ ရေချိုးဆပ်ပြာရည် ထည့်တယ်။ နောက်တလုံးတည်းကို ကိုယ့်အိမ်က ရေချိုးဆပ်ပြာရည်တောင်းပြီး ထည့်တယ်။ အဲဒီတုန်းက အိမ်မှာသုံးတာ Herbaline သုံးပါတယ်။ ပြီးတော့ ရေဖျော်တယ်။ လူကိုယ်ခန္ဓာက ဂျီးနဲ့ တွေ့ရင် ဘာဖြစ်မလဲပြမယ်တဲ့။ ဂျီးနဲ့ပုံစံတူတာ သဘာဝချင်းတူတာ ဆားတဲ့။ ဆားတဇွန်းစီထည့်တယ်။ ကိုယ်တွေ မမေးသေးဘူး၊ ကြည့်နေသေးတယ်။ ဖျော်တယ် ဖျော်တယ်။ ဖျော်နေရင်းနဲ့ ပြောတယ်၊ သူယူလာတဲ့ ဆပ်ပြာရည် ထည့်ထားတဲ့ ခွက်က ကြည်သွားမှာတဲ့၊ ရေကို အခြေခံပြီး လုပ်ထားတာမို့ပါတဲ့။ နင်တို့အိမ်မှာ သုံးတဲ့ ဆပ်ပြာရည်ခွက်က နောက်သွားမှာတဲ့။ မကောင်းလို့တဲ့။ လက်ညောင်းအောင်ဖျော်ပြီးနောက်မှာ ကိုယ့်ဆပ်ပြာရည်ခွက် မနောက်တော့ သူအကျပ်ရိုက်သွားတယ်။ အဲဒီမှာမှ ကိုယ်ကပြောလိုက်တာ။ ငါတို့လည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းသုံးနိုင်ပါတယ်လို့။ နင်ယူလာတာမှ ကောင်းတယ်ချည်း မထင်ပါနဲ့လို့။ အဲဒီမှာ သူ့ကို ဆက်ကလိချင်လာတယ်။ မေးလိုက်တယ်။ သူငယ်ချင်းရေ၊ နင်ယူလာတဲ့ ဆပ်ပြာရည်ရဲ့ ingredients လေးတွေ ပြောပြပါဦးလို့။ အဲဒီမှာ သူက ပြန်မေးပေးမယ်နော်တဲ့။ အဲဒါက company ကပဲသိတာတဲ့။ ingredients သိချင်ရင် ဗူးမှာ ဘယ်လိုကြည့်လို့ရတယ်ဆိုတာလည်း သင်ပေးလိုက်တယ်။ ကိုယ်သုံးတဲ့ product နဲ့ သူရောင်းနေတဲ့ပစ္စည်း ယှဉ်ပြလိုက်တော့ ကိုယ့်အိမ်ကသုံးတာတွေက အရည်အသွေးမနိမ့်မှန်း သိသာသွားတယ်။
အားမရသေးရှာဘူး။ သောက်တာနဲ့ ချက်ချင်း အားရှိတဲ့ ရေသန့်ပြဦးမတဲ့။ OK လေ။ ဆက်ကြည့်တယ်။ အမျိုးသားကိုရေမသောက်ခင်နဲ့ ရေသောက်ပြီး လက်ကို မတူတဲ့ပုံစံနဲ့ ဆွဲပြတယ်။ ယိုင်တယ်၊ မယိုင်ဘူးပေါ့။ အမျိုးသားက အားကစားလုပ်နေတဲ့သူဆိုတော့ သွားဆွဲတဲ့လူ အရုးဖြစ်တာပေါ့။ ဒါနဲ့ direction တမျိုးတည်းနဲ့ပါ စမ်းသပ်ပါလို့။ အဲလိုစမ်းသပ်လို့ရရင် ယုံမယ်လို့။ ဆိုတော့ကာ မရဘူးတဲ့။ သူတို့စမ်းသပ်ပြတဲ့ပုံစံကမှ မှန်တာတဲ့။ ရူပဗေဒသဘောတရားနဲ့ လားရာအကြောင်း ရှင်းပြလိုက်ရတယ်။ (နားလည်မလည်တော့ မသိဘူး၊ ဆွယ်ရခက်မှန်းတော့ သိသွားတယ်)
FDA ထောက်ခံချက်ပါလားမေးတော့ FDA ဆိုတာ ဘာလဲတဲ့။ တကမ္ဘာလုံးသုံးနေတာပဲ ဘာမှမလိုဘူးတဲ့။ ဘယ်နိုင်ငံက QC Pass ရထားလဲမေးတော့လည်း QC ကို မသိဘူး။ (မေးရင်းနဲ့တောင် ရူးချင်တယ်)။ အဲဒီတုန်းက အမျိုးသားက စီးပွားရေးတက္ကသိုလ်မှာ မဟာဘွဲ့တက်နေတုန်းဆိုတော့ National income တွေ၊ GDP တွေ သွားမေးသေးတယ်။
နောက်တော့ သူကဖုန်းဆက်တယ်။ ငါ့နည်းစနစ်က လိုနေလို့ပါတဲ့။
သူဖြစ်စေချင်တာက သူရောင်းနေတာက အကောင်းဆုံး၊ ကျန်တာတွေက စုတ်ပြတ်သတ်နေတာမျိုး။ သနားသေးတယ်။ လောကကြီးမှာ ပစ္စည်းကောင်းသုံးတဲ့လူတွေ အများကြီးရှိနေတာ သူမကျေနပ်ဘူးထင်ပါတယ်။
နောက်တမျိုးထပ်ပြောတယ်။ နင်တို့လင်မယားနှစ်ယောက် UN မှာ အလုပ်လုပ်တာ အိမ်ဝယ်၊ ကားဝယ်နိုင်သေးလို့လားတဲ့။ ငါက ဝယ်နိုင်တော့မှာတဲ့။ ရွှေတွေ ငွေတွေ Diamond တွေ ကျောက်သံပတ္တမြားအဆင့်တွေအကြောင်း ပြောတယ်။ ပြိုင်ကားတွေ၊ နိုင်ငံခြားခရီးတွေအကြောင်းပြောတယ်။ အဝိုင်းတွေ၊ လေးထောင့်တွေပါတဲ့ စာရွက်တွေလည်းပြတယ်။ (အခုထိတော့ သူဘယ်မှမရောက်သေးဘူး။ အမျိုးသားကတော့ အာရှ၊ ဥရောပ နှံ့နေအောင်သွားပြီးပြီ၊ ကိုယ်တွေလည်း ကလေးငယ်သေးလို့ မသွားဖြစ်တာ၊ သွားချင် ချက်ချင်းထသွားလို့ရတယ်) ဝမ်းသာပါတယ် သူငယ်ချင်းလို့ပဲ ပြန်ပြောလိုက်တယ်။
နောက်နှစ်လလောက်နေတော့ သူ့ဆီကို ကိုယ်ဖုန်းဆက်တယ်။ အရင်ဆုံးတော့ သူငယ်ချင်း၊ အလုပ်အကိုင် အဆင်ပြေလား ဘာလားလို့ နှုတ်ဆက်တာပေါ့။ အဲဒီအခါ သူဘာပြန်ပြောသလဲဆိုတော့ “ပြေတာမှ သိပ်ပြေတာပေါ့၊ အခုဆိုရင် ငါက နင်တို့လင်မယားရဲ့လစာကို အမှီလိုက်နေတာ၊ နင်တို့ပြေးနိုင်ရင်ပြေးထား၊ ငါက ကျော်တော့မှာ”တဲ့။ ဘယ်တုန်းထဲကများ ဒါနဲ့ပြန်ပြောလိုက်တယ်။ ခင်ဗျားလစာက ပိုများလည်း လာမယှဉ်ပါနဲ့။ မနာလိုလည်း မဖြစ်မိပါဘူး။ ယှဉ်ရမယ့်အတန်းမျိုးမှမဟုတ်တာ။ တို့လင်မယားက ပညာကိုအခြေခံပြီး international အဆင့်မှာ အလုပ်လုပ်နေတာ။ ခင်ဗျားက ဈေးလိမ်ရောင်းနေတာ။ Professional ချင်းက တူမှမတူတာလို့။
နောက် ၆လလောက်ကြာတော့ သူက ပြောတယ်။ Company ကို မသွားဖြစ်ဘူးတဲ့။ သူတို့က freedom ပဲတဲ့။ မသွားလည်းရသတဲ့ (တကယ်က မဝယ်နိုင်တော့တာ၊ upline ကလည်း ဘယ်ကြည်မလဲ)။ ကိုယ့်ကို အလုပ်ရှာခိုင်းတယ်။
ကိုယ်ရှာပေးတာက Data Analysis အပိုင်း၊ မလုပ်ချင်ဘူးတဲ့။ စဉ်းစားရတာ ဦးနှောက်စားရတာတွေ မလုပ်ချင်ပါတဲ့။ Driver အလုပ်လေးများရှိရင်တဲ့။ ရပါတယ်။ ဌာနရဲ့အကြီးဆုံး နိုင်ငံခြားသားဆီမှာ ကားမောင်းဖို့ပြောပေးလိုက်ပါတယ်။ တလပဲခံပါတယ်။ နိုင်ငံခြားသားရဲ့ စနစ်ကျမှု၊ တိကျမှု၊ အမှားမခံမှုနဲ့ ဘာသာစကားအခက်အခဲတွေကြောင့် အလုပ်ထွက်လိုက်ပြန်တယ်တဲ့။ အခုတော့ ဖယ်ရီမောင်းနေတယ်။ ဘွဲ့ရ၊ computer ဆရာတယောက်ရဲ့ MLM အလွန် ဇာတ်လမ်းလေးပေါ့။ Company နာမည်ကတော့ သိလောက်ပြီထင်ပါရဲ့။ ZHULIAN ပါတဲ့ရှင်။
* အဓိကပြောချင်တာက MLM စနစ်က လူတယောက်ရဲ့ ကြိုးစားချင်စိတ်၊ ရင်ဆိုင်ရုန်းကန်ချင်စိတ်တွေကို ဖျက်ဆီးလိုက်တာပါ။ ခေါင်းမသုံးချင်တော့ဘူး။ ကြိုးစားရမှုကို ငြီးငွေ့သွားတယ်။ ဘာမဆိုဆို လွယ်လွယ်နဲ့ပဲ ရချင်တော့တယ်။ အချောင်ပဲလိုချင်တော့တယ်။ သူများတွေ အောင်မြင်ရင် အားပဲကျတတ်တယ်။ ဘယ်လိုအချောင်ရမလဲဆိုတဲ့ လမ်းပဲရှာတတ်တယ်။
Mya Myintzu
https://www.facebook.com/groups/myanmarmlmtruth/permalink/650679111791911/

King of Future ဘက် က ဝင်ပြောနေတဲ့ ညီတွေကို ပြောချင်တာက


King of Future ဘက် က
ဝင်ပြောနေတဲ့ ညီတွေကို
ပြောချင်တာက
>>>
ရေးတင်လိုက်တဲ့ ညီ ဘက်က
မှားနေရင်
ဘယ် အချက် မှားနေလဲ ဆိုတာကို
ညီတို့ ဘက်က
တစ်ချက်ချင်း ပြန် ဖြေရှင်းပါ ။
အခု ဖတ်ကြည့်ရသလောက် တော့
ညီတို့ ဘက်က မှားနေတာတွေ ရှိပါတယ် ။
၁။ ဝန်ထမ်း အလိုရှိတယ်ဆိုပြီး
တောက်လျှောက် လူခေါ်နေတာ ။
ဘယ် Company မှ
အဲ့လောက် တောက်လျှောက်
လူခေါ်စရာမလိုဘူး ။
လူဆွယ်ဖို့ အတွက် ဝန်ထမ်းလိုလို
အခြေခံ လစာပေးပြီး အလုပ်ခန့်မလိုလို နဲ့
မလှိမ့်တစ်ပတ်နဲ့
ရုံးရောက်လာအောင် ခေါ်နေတာပဲ ။
၂။ လစာ နဲ့ ခံစားခွင့် ကိစ္စတွေ
အကျိုး အမြတ်ရနိုင်ချေ
ဆုံးရှုံးနိုင်ချေတွေကို
သေချာ တ်တိကျကျ ကြိုမပြောပြပေးတာ ။
တစ်ချို့ လုပ်ရပ်တွေက
အလုပ်သမားဥပဒေကို
ချိုးဖောက်ရာ ကျသလိုပါ ဖြစ်နေတယ် ။
၃။ လူတစ်ယောက်ကို
ဆဲဆို ခြိမ်းခြောက်တာ /
ထိခိုက်အောင် နှိမ်ချပြောဆိုတာ
( ဒါက ၆၆ဃ နဲ့ တောင် ငြိနေပြီ )
၎။ မင်းတို့မှာ သာမန် Company လိုင်စင်သာ ရှိနေပြီး
အခုလိုမျိုး ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းလုပ်ဖို့
သီးသန့် လိုင်စင်မရှိပဲ လုပ်နေတာ ။
( ဒါကတော့ အရေးအကြီးဆုံး တစ်ချက်ပဲ ။
အဲ့အချက်နဲ့တင် မင်းတို့ တရားရုံးရောက်ရင်
ပြဿနာ တက်မှာ အသေအချာပဲ )
ဒီတော့ ခြိမ်းခြောက်တာ ရိတာတွေ လာမလုပ်ပဲ
ပြေပြေလည်လည် သာ ရှင်းပြဖို့ ကြိုးစားပါ ။
အကိုတို့ က ကြောက်တတ်တဲ့ လူတွေ
စုနေတဲ့ အဖွဲ့ မဟုတ်ဘူး ။
အခု ပြဿနာက ညီတို့ ၂ ဖက်တည်းရဲ့ ပြဿနာမဟုတ်ပဲ
နောင်လည်း အလားတူ ခံရမယ့် /
လက်ရှိ ခံနေရဆဲ လူငယ်တွေ အတွက်ပါ
ပြဿနာ ဖြစ်နေလို့
အကိုတို့ ဝင်ပါတာပဲ ။
#ကိုဇင်ဇေ
https://www.facebook.com/groups/myanmarmlmtruth/permalink/650879511771871/

ကြုံတုန်းဟြေပြအုံးမယ်ဗျ


Image result for aimstar
ကြုံတုန်းဟြေပြအုံးမယ်ဗျ
ကျွန်တော့ဦးလေး aim star ဝင်ပီး ၁လလောက်နေတော့
ကျွန်တော့ကို သူ့လိုပဲ aim star မှာဝင်ဖို့ဟြေတယ်
ကျွန်တော်လဲသိတော့မဝင်ဘူး
၆လလောက်နေတော့ ဦးလေး ကျွန်တော့ဆီရောက်လာတယ်
လက်ထဲမှာလဲ aim star က product တွေပါလာတယ်
သူကဟြေတယ်
အဆင်မပြေတော့လို့တဲ့ အကြွေးတွေလဲများနေလို့ ပိုက်ဆံ ၁၀ သိန်းလောက်ချေးပါအုံးတဲ့
သူ့မှာပါလာတဲ့ ပစ္စည်းကို
တစ်ဗူး ၅၀၀၀ ပဲပေးပါတဲ့
ဒါမှမဟုတ်ရင်လဲ ရောင်းပေးပါအုံးတဲ့
ကျွန်တော်လဲ ဦးလေးမျက်နှာနဲ့ ယူထားလိုက်တယ်
သူအရင်တစ်ခေါက်member ဝင်ဖို့လာဟြေတုန်းကတော့ အခွေတွေထုတ်ပြ သိန်း၁၀၀ ရနေပီ သိန်း ၂၀၀ရနေပီနဲ့
နောက်တစ်ခေါက်လာတော့
မျက်နှာငယ်လေးနဲ့ ၁၀ သိန်းချေးပါအုံးတဲ့
အဲ့လိုလူတွေ aim star မှာဘယ်လောက်များရှိနေပီလဲမသိဘူး....Credit ...Zay Lay😃😃
 https://www.facebook.com/groups/myanmarmlmtruth/permalink/652347464958409/ 
 Ma Rose

MLM သမားများ၏လူဆွယ်စာ


Admin...တင်ခွင့်ပြုပါ။
အချိန်ပိုင်းလုပ်ငန်းလုပ်ချင်သူတွေအတွက် သတင်းကောင်းပါ။
(1) လက်ရှိအလုပ်ကိုဖျက်စရာမလိုပါဘူး ပြီးတော့အချိန်လဲကန့်သတ်ထားခြင်းမရှိပါ။(ကြိုးစားရင်ကြိုးစားသလိုရနိုင်ပါတယ်။)
(2) ပညာအရည်အချင်းလဲကန့်သတ်မထားပါ။
(3) ကျောင်းသား/သူ/ ဝန်ထမ်း / အိမ်ထောင်ရှင်မစသော မည်သူမဆိုလုပ်နိုင်ပါတယ်။စိတ်ဝင်စားပါက 09459466650(viber)ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနံပါတ်တွေလဲချန်ထားခဲ့လို့ရပါတယ်။ ဘဝမှာရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ဖို့အတွက်ပေးစွမ်းနိုင်တဲ့ အခွင့်အလမ်းလေးပါ။ ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ် အောင်မြင်ပါစေ
https://www.facebook.com/groups/430110334009285/permalink/449116062108712/
Kyaw Kyaw Aung

ခွင့်ပြုချက်မရှိဘဲ စတော့ရှယ်ယာ ရောင်းဝယ်နေမှုများကို ဥပဒေအရ အရေးယူမည်



ခွင့်ပြုချက်မရှိဘဲ စတော့ရှယ်ယာ ရောင်းဝယ်နေမှုများကို ဥပဒေအရ အရေးယူမည်

 ကော်မရှင်၏ ခွင့်ပြု ချက်မရဘဲ အများပြည်သူသို့ စတော့ရှယ်ယာရောင်းချနေသည့် ကုမ္ပဏီများနှင့် ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ရောင်း လုပ်နေသူများကို မည်သူမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူ မည်ဟု ငွေချေးသက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်(SECM) က ဇွန်လ ၁ ရက်၌ ထုတ်ပြန်ကြေညာသည်။
SECM သည် ရန်ကုန်စတော့  အိတ်ချိန်းအပါအ၀င် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းနှင့် အရင်းအနှီးဈေးကွက်တစ်ခုလုံး ကိုကြီးကြပ်ရန် အစိုးရက ဦး ဆောင်ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းဖြစ်၍  အများပြည်သူသို့ ရှယ်ယာရောင်းချသည့် မည်သည့် ကုမ္ပဏီများကို မဆို ကြီးကြပ်ရန် တာဝန်နှင့် အခွင့်အာဏာရှိသည်။ SECM သည် ပြည်ပနိုင်ငံများမှ Securities (ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း) ကုမ္ပဏီများ ကို ပြည်တွင်း၌ စတော့ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်ရန် ခွင့်ပြု ထားခြင်းမရှိကြောင်းနှင့်  အများ ပြည်သူသို့ ရှယ်ယာရောင်းချမည့် သူများသည်လည်း ကော်မရှင်၏ ခွင့် ပြုချက်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ သည် အဆိုပါအချက်ကို သတိပြု ရန် လိုအပ်ကြောင်း SECM က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ထိုင်းစတော့ရှယ်ယာကို မြန် မာနိုင်ငံက ၀ယ်ယူနိုင်မည်ဟူ၍ အဖွဲ့တစ်ခုက ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် စတင်ကြေညာခဲ့ပြီး စိတ်ဝင်စားသူများက ဖုန်းဆက် သွယ်မေးမြန်းသည့်အခါ ထိုင်း Securities ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်သည်ဟု ဖြေဆိုခဲ့သည်။
စိတ်ဝင်စားသူများကို စု ဆောင်းပြီး ထိုင်းမှ စတော့ရှယ် ယာပညာရှင်က လာရောက်ဟော ပြောမည်ဟုပြောကြားပြီး အဆိုပါ ပုဂ္ဂိုလ်သည် ရန်ကုန်စတော့အိတ် ချိန်းတွင် သင်တန်းပို့ချနေသူဟု ဖုန်းလက်ခံဖြေကြားသူများက ပြောသည်။
အလားတူ ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ယူနိုင် ရန် ဖုန်းဖြင့် ဆက်သွယ်မှုများရှိ နေသည်။
‘‘ကျွန်တော့်ဆီကို စင်ကာပူ စတော့အိတ်ချိန်းမှာ ရှယ်ယာဝယ် လို့ရတယ်ဆိုပြီး ဖုန်းဆက်တယ်။ ငွေငါးသိန်းရင်းရင် ရမယ်ဆိုပြီး ဆက်လာတယ်။ ကျွန်တော်ပြန် မေးတော့ စင်ကာပူကလို့ ပြော တယ်။ ဖုန်းဆက်မယ်လို့ ပြော တယ်။ အခုထိတော့ ပြန်မဆက် သေးဘူး’’ ဟု တောင်ဥက္ကလာပနေ ဦးအောင်ကျော်မင်းက ပြောကြား  သည်။
ဗဟန်းမြို့နယ်နေ အမျိုး သမီးတစ်ဦးက ဟောင်ကောင် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ် နှံရန် ၎င်းကို ဖုန်းဆက်ပြီး ကမ်း လှမ်းခံရကြောင်း ပြောသည်။ အ ဆိုပါ ကမ်းလှမ်းခဲ့သည့် ဖုန်းနံ ပါတ်များကို ပြန်လည်ဆက်သွယ် သည့်အ ခါ စက်ပိတ်ထားသည်ဟု ပြောကြားခဲ့သည်။
http://www.7daydaily.com/story/98054


ခွင့်ပြုချက်မရှိဘဲ စတော့ရှယ်ယာ ရောင်းဝယ်နေမှုများကို ဥပဒေအရ အရေးယူမည်


 No automatic alt text available.
နောက် တစ်ခါ
ရှယ်ယာ ရောင်းတယ်ဆိုတဲ့ Company တွေ
ပွဲစားတွေက ကိုယ့်ကိုလာဆွယ်တဲ့ အခါ ...
အဲ့လို Company တွေက
အလုပ်ခေါ်စာ ဟန်ပြတင်ပြီး
လူဆွယ်တဲ့ အခါ ...
ဒီ သတင်းလေး ပြလိုက်ပါ
🙂🙂🙂
>>>
ကော်မရှင်၏ ခွင့်ပြု ချက်မရဘဲ အများပြည်သူသို့ စတော့ရှယ်ယာရောင်းချနေသည့် ကုမ္ပဏီများနှင့် ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ရောင်း လုပ်နေသူများကို မည်သူမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူ မည်ဟု ငွေချေးသက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်(SECM) က ဇွန်လ ၁ ရက်၌ ထုတ်ပြန်ကြေညာသည်။
SECM သည် ရန်ကုန်စတော့ အိတ်ချိန်းအပါအ၀င် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းနှင့် အရင်းအနှီးဈေးကွက်တစ်ခုလုံး ကိုကြီးကြပ်ရန် အစိုးရက ဦး ဆောင်ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းဖြစ်၍ အများပြည်သူသို့ ရှယ်ယာရောင်းချသည့် မည်သည့် ကုမ္ပဏီများကို မဆို ကြီးကြပ်ရန် တာဝန်နှင့် အခွင့်အာဏာရှိသည်။ SECM သည် ပြည်ပနိုင်ငံများမှ Securities (ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း) ကုမ္ပဏီများ ကို ပြည်တွင်း၌ စတော့ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်ရန် ခွင့်ပြု ထားခြင်းမရှိကြောင်းနှင့် အများ ပြည်သူသို့ ရှယ်ယာရောင်းချမည့် သူများသည်လည်း ကော်မရှင်၏ ခွင့် ပြုချက်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ သည် အဆိုပါအချက်ကို သတိပြု ရန် လိုအပ်ကြောင်း SECM က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ထိုင်းစတော့ရှယ်ယာကို မြန် မာနိုင်ငံက ၀ယ်ယူနိုင်မည်ဟူ၍ အဖွဲ့တစ်ခုက ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် စတင်ကြေညာခဲ့ပြီး စိတ်ဝင်စားသူများက ဖုန်းဆက် သွယ်မေးမြန်းသည့်အခါ ထိုင်း Securities ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်သည်ဟု ဖြေဆိုခဲ့သည်။
စိတ်ဝင်စားသူများကို စု ဆောင်းပြီး ထိုင်းမှ စတော့ရှယ် ယာပညာရှင်က လာရောက်ဟော ပြောမည်ဟုပြောကြားပြီး အဆိုပါ ပုဂ္ဂိုလ်သည် ရန်ကုန်စတော့အိတ် ချိန်းတွင် သင်တန်းပို့ချနေသူဟု ဖုန်းလက်ခံဖြေကြားသူများက ပြောသည်။
အလားတူ ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ယူနိုင် ရန် ဖုန်းဖြင့် ဆက်သွယ်မှုများရှိ နေသည်။
‘‘ကျွန်တော့်ဆီကို စင်ကာပူ စတော့အိတ်ချိန်းမှာ ရှယ်ယာဝယ် လို့ရတယ်ဆိုပြီး ဖုန်းဆက်တယ်။ ငွေငါးသိန်းရင်းရင် ရမယ်ဆိုပြီး ဆက်လာတယ်။ ကျွန်တော်ပြန် မေးတော့ စင်ကာပူကလို့ ပြော တယ်။ ဖုန်းဆက်မယ်လို့ ပြော တယ်။ အခုထိတော့ ပြန်မဆက် သေးဘူး’’ ဟု တောင်ဥက္ကလာပနေ ဦးအောင်ကျော်မင်းက ပြောကြား သည်။
ဗဟန်းမြို့နယ်နေ အမျိုး သမီးတစ်ဦးက ဟောင်ကောင် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ် နှံရန် ၎င်းကို ဖုန်းဆက်ပြီး ကမ်း လှမ်းခံရကြောင်း ပြောသည်။ အ ဆိုပါ ကမ်းလှမ်းခဲ့သည့် ဖုန်းနံ ပါတ်များကို ပြန်လည်ဆက်သွယ် သည့်အ ခါ စက်ပိတ်ထားသည်ဟု ပြောကြားခဲ့သည်။
မူရင်း Link >>>
http://www.7daydaily.com/story/98054
https://www.facebook.com/groups/myanmarmlmtruth/permalink/652985978227891/
zin zae