Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

zhulian


MLM လုပ်တဲ့ကောင်တွေ သောက်ရမ်းဖောတာကြောင့်လဲ ဒီလောက်ပဲ ခရီးရောက်တာ။ မှတ်မှတ်ရရ Zhulian က စလုပ်တဲ့လင်မယား သူတို့ဇူလီယံကော်ဖီက ကောင်းလွန်းလို့ အိတ်ခွံကိုတောင် ဆေးရုံတွေက ကုတင်တွေအောက်မှာ ထားထားကြတယ်တဲ့ အိတ်ခွံလေး ကုတင်အောက်ထည့်ထားရင်တောင် ကျန်းမာရေးတွေကောင်းနေတာ။ ခေါင်းကိုက်ရင် ဇူလီယံ သွားတိုက်ဆေး နားထင်ကိုပွတ် ပျောက် လခွမ်းမှပဲ ။ လင်ကဖောရင် မယားကလဲ လိုက်ဖောတယ်။ အတိုင်အဖောက်ကိုညီနေတာပဲ။ MLM ကို ဟို MLM ပြောင်း ဒီ MLM ပြောင်းနဲ့ ၃ နှစ်လောက်လုပ်လိုက်တယ်။ အခုတော့ ဘာကောင်မှလဲဖြစ်မလာသလို ရှိရင်းစွဲအခြေအနေကပါ အများကြီးလျှော့ကျသွားတယ်။ Zhulian ကနေ Q Net ပြောင်းတော့လဲ ဒီဟာကတော့ စိတ်ချရပါတယ်နော်ဆိုပြီး အားလျှော့တဲ့လေသံနဲ့ လာမေးတယ်။ လုံးဝ MLM မလုပ်ဖို့ပြောတိုင်း မှိုင်းမိနေတာကြာပြီဆိုတော့ ပြောလို့မရခဲ့ပါဘူး။
စကားလုံးအကြီးကြီးတွေအောက်မှာ အပြင်လောက,က သမားရိုးကျ အလုပ်တွေကို စိတ်မ၀င်စားတော့ဘူး။ ဘ၀င်မြင့်သွားတာလဲပါမယ်။ ကျွန်တော်က အရင်က အင်တာနက်ဆိုင်ဖွင့်တော့ ကုမ္မဏီ Website မှာ အမှတ်တွေလာစစ်တိုင်း လစာတွေလာစစ်တိုင်း တလ ၅ သောင်းလောက်ပဲဝင်တာတွေ့ရတယ်။ နေ့စဉ်နေ့စဉ်ရဲ့ နာရီတိုင်းကို ဒီထဲမှာ မြှုပ်နှံထားတာတောင် ဒီလောက်ပဲရတယ်ဆိုတော့ လင်မယားနှစ်ယောက် ဘယ်လိုသွားစားမလဲ (ဆိုင်ခန်းဖွင့်ပြီးကို လုပ်တာနော်) ရှိရင်းစွဲထဲကတောင် ပါသွားတာပေါ့။ ကျွန်တော် ဟိုးအရင်က Google Blog တွေ ခေတ်စားကတည်းကရေးထားကြတဲ့ MLM ရဲ့ ဆိုးကျိုးတွေ ရှိုင်းဟုတ်ကြောင့် အကြီးအကျယ်ခံလိုက်ရတဲ့လူတွေအကြောင်း စာရွက်တွေ Print ထုတ်ပြီး နီးစပ်ရာလူတွေကိုဝေပေးခဲ့တယ်။ စာဖတ်ရမှာပျင်းတယ်။ တွက်ပြထားတာတွေကို သေချာမဖတ်ဘူး။ ဖတ်လဲ
နားမလည်ဘူး။ အများစုက ဒီထဲက မထွက်နိုင်ကြဘူး။ နယ်ဆိုတော့ ပိုဆိုးတယ် ပဲပေါ်ချိန်တွေ စပါးပေါ်ချိန်တွေမှာဆို ဘဏ်ကထုပ်လာတဲ့ ပိုက်ဆံထုပ်လေးတွေ ကိုယ်စီကိုင်ပြီးတော့ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ရှောက်သီးဆေးပြားသည်လို အသံနဲ့ ကောင်တကောင် Online ကနေ Register လုပ်ပေးတယ်။ သူတို့မှာတော့ အားတက်သရောပဲ။ မေးကြည့်တော့ ရွာထိ ကွင်းဆင်းပြီး စည်းရုံးထားတာ။ အဲ့ဒီကာလတွေက ဘယ်လောက်တောင်ဆိုးလဲဆို Zhulian တို့ စုံတွဲကြိုးကြာတို့ရဲ့ IP တွေကို Server ကနေ Ban ထားရတဲ့အထိပဲ။ တချို့ရွာတွေမှာဆို ကျောင်းထိုင်ဘုန်းကြီးက MLM စာမိပြီး တရွာလုံး MLM ဖြစ်ကုန်တာတွေလဲ လက်တွေ့ အကြိမ်ပေါင်းများစွာ ကြားခဲ့ရတယ်။ ကျွန်တော့ဆီကိုလဲ ညီလေးတို့လို လူငယ်လက်သစ်လေးတွေအတွက် စီးပွားရေးအခွင့်အလမ်း ဖိတ်ကြားလွှာဆိုပြီး ဖိတ်စာတွေလဲခဏခဏရောက်တယ်။ အခု အဲ့ဒီလူတွေ ဘာဖြစ်နေလဲ ဘာမှဖြစ်မနေဘူး။ အချိန်ကုန် ငွေကုန်ပြီး မိတ်ပျက်တာပဲ အဖတ်တင်တယ်။ MLM လုပ်ခဲ့ပြီး ရပ်သွားတဲ့လူတွေကို မင်းအရင်က MLM လုပ်ခဲ့တယ်နော်လို့ မေးကြည့်။
သူတို့မှာ ပြင်မရတဲ့ အတိတ်ဆိုးကြီးတွေ အရိပ်မဲကြီးတွေရှိခဲ့ကြောင်းကို စကားတလုံးမှမပြောပဲ မျက်နှာကနေ ဖော်ပြကြလိမ့်မယ်။https://www.facebook.com/groups/myanmarmlmtruth/permalink/642968992562923/