Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae
Tuesday, September 26, 2017
သူတစ်ပါးကို မလိမ်ညာပါဘူးလို့ ပြောလို့..
သူတစ်ပါးကို မလိမ်ညာပါဘူးလို့ ပြောလို့.. ပုံလေးပါ ပြပေးလိုက်ပါတယ်. နိုင်ငံတကာကို ဖြန့်နေတဲ့ International Brand 'Sunsilk' က သူ့ရဲ့ခေါင်းလျှော်ရည် 450 ml လောက်ရှိတဲ့ ဗူးကြီးကို အိမ်တိုင်ရာရောက်ဖြန့်ချိပေးတဲ့ Lazada လို website ကနေတောင်မှ ၁၅၀ ဘတ်လောက်နဲ့ ရောင်းနေတဲ့အချိန်မှာ Direct Marketing (ကြော်ငြာစရိတ်၊ ဆိုင်တင်စရိတ်တွေ မရှိတဲ့) ဆိုတဲ့ Successmore က (ဂျင်း) ခေါင်းလျှော်ရည် 280 ml တစ်ဗူးကို ၅၂၅ ဘတ်နဲ့ ရောင်းနေတာ စားသုံးသူဆီက ငွေကိုလိမ်ယူတာမဟုတ်လို့ဘာလဲ?
Quality - ခေါင်းလျှော်ရည်ထဲမှာ ရွှေထည့်ထားလို့လား၊ ဒါမှမဟုတ် တစ်ခါလျှော်ပြီးရင် သုံးနှစ်လောက် ပြန်လျှော်စရာမလိုလောက်အောင် ကောင်းနေလို့လား (ပြောလို့မရဘူး သည်ခေါင်းလျှော်ရေနဲ့လျှော်ရင် Brain Tumor ပျောက်တယ်ဆိုပြီး ပြောချင်ပြောနေဦးမှာ)
Service - Lazada ကနေ တန်ဖိုး ဘတ် ၃၀၀ ထက်ကျော်အောင်ဝယ်ရင် အိမ်တိုင်ရာရောက် delivery လုပ်ပေးတယ်။ (၇) ရက်အတွင်း မကြိုက်ရင် 7-11 လို့ ခေါ်တဲ့ convenience store ကနေတစ်ဆင့် ပြန်ပို့လို့ရတယ်။ တစ်ပြားမှမလျော့ refund ပြန်ပေးတယ်။ 100% buyer protection ရှိတယ်။ Successmore ကနေ၀ယ်မယ်ဆိုရင် Member ၀င်ရမယ်၊ ကိုယ်တိုင်သွားယူရမယ်၊ မကြိုက်ပြန်ပေးပြီး ပိုက်ဆံပြန်ထုတ်လို့ရ၊ မရ မသေချာဘူး (ကိုလတ်ဆိုတဲ့ ဂျင်းကြီးကတော့ပြောပါတယ် ပစ္စည်းမကြိုက်ရင် ပြန်သွင်းလို့ရတယ်တဲ့.. ဒါပေမယ့် ကိုဇင်ဇေထောက်ပြသလို ဘယ်နှစ်ယောက် ပြန်သွင်းတာကို လက်ခံပေးပြီးပြီလဲ ဆိုတာ အချက်အလက်မပြနိုင်ဘူး.. ပါးစပ်ပြောပဲရှိတယ်)
ကဲ.. Quality နဲ့ Service ပိုင်းကြောင့် ဈေးပိုကြီးရပါတယ်ဆိုတဲ့သူတွေ၊ ကြော်ညာခတွေ အကုန်မခံဘဲ ရောင်းပေးတဲ့သူတွေကိုပဲ commission စားစေပါတယ်ဆိုတဲ့သူတွေ
Quality ပိုင်းမှာ world branded ထက်ပဲပိုကောင်းနေတာလား?
Service ပိုင်းမှာ အိမ်တိုင်ရာရောက်ပို့ပေးတဲ့စနစ်၊ ကြော်ငြာခတွေများကြီးသုံးထားတာတောင်မှ ဈေးသက်သက်သာသာနဲ့ဖြန့်ပေးတဲ့ စနစ်ထက်ပဲ Successmore က service ပိုကောင်းနေလို့လား??
MLM လိမ်နေတာဟုတ်မဟုတ်၊ Successmore လိမ်နေတာဟုတ်,မဟုတ်
Succssmore ပစ္စည်းတွေကို ရောင်းနေပြီး Down-Line တွေကို လိမ်နေတာ ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့
(အေးလေ လူခန္ဓာကိုယ်မှာ ခေါင်းပါနေတာက စဉ်းစားတွေးခေါ်ဖို့ဆိုတာထက် သူများဂျင်းထည့်သမျှကို ခေါင်းညိမ့်ဖို့ပဲ... လို့ပဲ ထင်နေတယ်ဆိုရင်တော့လည်း ဆက်ပြီး ဂျင်းထည့်ခံကြပေါ့ဗျာ.. 😂😂🤔🤔)
https://www.facebook.com/groups/myanmarmlmtruth/permalink/718773158315839/
တားရက်နဲ့ mlm ၀င်လုပ်တယ်
ကျွန်မနဲ့ သူငယ်တန်းကတည်းကသူငယ်ချင်း တားခဲ့တယ် မလုပ်ဖို့ တားလို့မသိအောင်ခိုးဝင်တယ် ၂၀၁၅ လောက်က အစက ကိုယ်ပိုင်အလုပ်လေးနဲ့အဆင်ပြေတယ် သူ့လုပ်ငန်းအခက်အခဲတွေ့နေချိန် မှာ အဲ့ MLM နဲ့စတွေ့သွားတာပဲ ပိုက်ဆံဘယ်ကရလဲ မေးတာ့ ယောက္ခမကပေးတယ်လို့ပြောခဲ့တယ် တကယ်က ဝင်ခိုင်းတဲ့သူငယ်ချင်းရဲ့အမဆီကနေ ၇သိန်းကို တလ၅သောင်းအတိုးပေးချေးထားတာ ရသမျှလုပ်သမျှ အတိုးတွေဆပ် ၂နှစ်နီးပါး ရောက်လာတော့မှ အိမ်ကသိတယ် ကျွန်မလဲ အဲ့ချိန်မှသိတယ် ဝင်ခိုင်းတာလဲ ၈တန်း၉တန်း ကတည်းကပေါင်းတဲ့ သူငယ်ချင်းအရင်း တော်တော်လေးရွံသွားမိတယ် ဒါကြောင့်လဲ MLM ကို မကြိုက်တာပါသူ့လို ဂျင်းအပြားတွေ ဝယ်မိသူတွေအများကြီးတွေ့ရတယ် ကိုယ့်ပိုက်ဆံ ၁၀သိန်းဆုံးတာအကြောင်းမဟုတ်ပေမဲ့ သူများပိုက်ဆံ ၁၀သိန်းက အကြောင်း ရှိသွားတယ် စားစရာမရှိလျော်စရာရှိဆိုသလိုပေါ့ စလုပ်ခါကစဆို တလ ၂သိန်းရပီလားမေးမိလို့ ကျွန်မ နဲ့မခေါ်တာ ၉လလောက် ဖြစ်သွားတယ် အခုတော့ မလုပ်တော့ဘူးတဲ့
Teacher and MLM
please adm ပေါ်တင်ပဲရေးမယ် (Successmore) အကြောင်းလာမိတ်ဆက်တော့ အလွန်အမင်း ကြွရွပြီး လက်ရှိဆရာမအလုပ်ကထွက်ပြီး သုံးသိန်းနဲ့ (Supervisor) နေ့ချင်းညချင်း ဖြစ်သွားတယ် ဆရာမ လစာက စားပြီးသောက်ပြီး တစ်လ တစ်သိန်း သူ့မန်ဘာဝင်ပြီး လုပ်ငန်းစဖို့ ကိုယ်လေးလလောက် သမာအာဇီဝနဲ့ရတဲ့ ငွေ သုံးသိန်းကျော်ပိုက်ပြီး ခြေစုံပစ်ဝင်တာလေ ဒါပေမဲ့ ကျွန်မအကျင့်က တခြားလူကို အခိုင်အမာပြောဖို့ ကျွန်မကိုယ်တိုင် အသုံးချခံတယ် ကျွန်မ SU ဖြစ်ပြီးနောက် upline ကိုမေးလိုက်တယ် ကျွန်မ အသိတစ်ယောက်က ဒီအလုပ်လုပ်ချင်တယ် သူဘယ်နှစ်လအတွင်းအောင်မြင်ဖို့ အာမခံချက်ပေးနိုင်မလဲပေါ့ ဟဟ တကယ်တော့ကိုယ်က လူမိုက်ငှားတာ ဘာပြောတယ်မှတ် အာာာာာာာာာ ညီမလေးကလဲ အဲလိုတော့ မပြောနိုင်ဘူးလေ ကိုယ့်အောင်မြင်မှုက ကိုယ်လူဘယ်လောက်မိတ်ဆက်နိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်တဲ့ လူရှာရမယ်လို့မပြောဘူးနော် စကားလုံးလှလှလေးတွေ အဲလူတွေသင်ပေးတယ် အဲမှာတချက်တွေဝေသွားတယ် ဒါပေမဲ့ သူတို့က ဒီအတိုင်မနေဘူး (MCC)ခန်းမကိုခေါ် restart တက်ခိုင်း သူတို့လက်ခုပ်တီးရင်တီး အော်ရင်အော် သီးချင်တွေဖွင့်ပြီး ရှက်ကျောတွေဖြတ်ခိုင်းသေးတယ် အောင်မြင်သူတွေ ဆိုပြီးတယောက်ပြီးတယောက်တက်လာတယ် ဆွဲကြိုးတွေက တဖျက်ဖျက် မီးတွေကတလက်လက် အားတွေကျလို့ ကြက်သီးတွေတောင်ထတယ် လောဘလေ (မကျော့) နောက်ပြီး ဘာသင်တန်း ညာသင်တန်း လာခဲ့ တစ်သောင်း နှစ်သောင်း ကိုယ့်စာရိတ်ကိုယ်စားပြီး အဲမှာ သွားခံတာပဲ (အချိန်ကုန်ငွေကုန်) ဒါတင်မပြီးသေးဘူး ညီမလေး အောင်မြင်ချင်ရင်ပစ္စည်းကိုယ်တိုင်သုံးကြည့်ပြီးမှ မိတ်ဆက်ဆိုလို့ ပါလာတဲ့ ပိုက်ဆံလေးခြစ်ခြုတ်ပြီး တစ်သိန်းကျော်ဖိုး ဖြုန်းလိုက်ရတယ် အဲဒီကအရူးဆေးတောင်ကိုယ့်ယွကျားကိုတိုက်လိုက်သေးတယ်တော်သေးတယ်big လပြွတ်ဖြစ်မလာတာ ဖြစ်လာရင်လည်း လပြွတ်ပါကြီးစေပါတယ်ဆိုပြီး ရမ်းသမ်းရောင်းကြမှာ ဒီလိုနဲ့ ကုန်ပြီလေပိုက်ဆံ ထမင်းဝယ်စားဖို့ ပိုက်ဆံချန်ပြီး ဆက်ပြီးရွနေမိသေးတယ် ကြွနေတာကိုး ကိုယ့်upline က ကိုယ်ညည်းတော့ အားပေးပါတယ် အားမလျော့နဲ့ ဆက်လုပ်တဲ့ (ဒါမှ သူ့သားကောင်းဝမှာကိုး) ဒါတောင် သူကပြောသေး ညည်းနဲ့အဆက်သွယ်ပြတ်သွားတုန်းက (ကိုပေါက်)ကတောင်ပြောနေသေးတယ် ဆရာမကလည်းဗျာ ဘာလို့လွှတ်ပေးလိုက်တာလဲ မွေးထားရမှာကိုတဲ့ အော် အဲဒီထဲက သဘောပေါက်ရမှာ အဲဒီလိုနဲ့ ကျွန်မ ပါလာတဲ့ပိုက်ဆံလေးသိန်း တစ်လအတွင်းကုန် ဘာမှလည်းဖြစ်မလာ လုံးပါးပါးပြီး ယွကျားဆီကို အိတ်ကလေး ပိုက်ပြန်ခဲ့ရပါတယ် ကိုယ်ဝန်ရှိသွားလို့(ကျွန်မ ယွကျားရှိတယ်နော်) စြဉ်းစားတိုင်း ရင်နာတယ် ကျွန်မချွေးနဲ့ရင်းပြီး ရှာခဲ့တဲ့ငွေက်ုရင်းပြီး ကျွန်မဘာမှ ဖြစ်မလာခဲ့တဲ့ SUCCESSMORE MLM ကျွန်မယွကျားကမှ ကျွန်မကို လစာပေး ဘောနပ်ထွက်လို့ ခုဗိုက်ရှစ်လအဖက်တင်နေတာ စိတ်ချမ်းသာစွာ ဒါကိုတောင် ကျွန်မ မနေနိုင်လို့ မိတ်ဆက်ဖို့ရှာနေရင် ကျွန်မ ဖာသယ်ဖြစ်သွားမှာပေါ့ တကယ်တမ်းသားကောင်ဆိုတာက MLM လုပ်နေသူကိုယ်တိုင်ဆိုတာ သူတို့တွေ မသိဘူး ဘယ်မြင်မလဲ အစာကောင်းကောင်းပြပြီး အမွေးခံထားရတာကိုး တကယ်တမ်းကျတော့ ဖာခေါင်းတွေလက်အောက်က ဖာသယ်ခနဖြစ်ခဲ့တာပေါ့ သူတို့ကောင်းစားဖို့ လူတွေအကုန်မြှူဆွယ်နေရတာ သူတို့အတွက်ဖာသယ်တော့မလုပ်ပေးနိုင်ဘူး ဖွတ်မရတဲ့အပြင် လဖုတ်ပါဆုံးမှာ အဆုံးတော့မခံနိုင်ဘူး ပုံမှန်ပိုက်ဆံအပ် စိတ်ချမ်းသာအောင်လုပ်ကျွေးနေတဲ့ ကိုယ်ယွကျားကို ပြုစုရအုန်းမယ် ဖြစ်နိုင်ရင် ပဆလ ပြောသလို ဆက်ပက်ပြန် လွှတ်ပေးချင်တာ ဒါတောင် သူက မိတ်ဆက်ဖို့ ကြိုးစားရင် ကြိုးစားမှာ အဟင်း လွန်ခဲ့တဲ့ လေးလလောက်က ဘာမpublic ချမပြတာ ရှက်လို့ ခုလူစုံတုန်းရှင်းပြတာ အဟင်း ကျွန်မလို အချိန်ကုန်ငွေကုန်အဖြစ်နဲ့ကြုံမှာစိုးလို့ ဒီpostကိုရှယ်ကြည့် သက်ဆိုင်တဲ့ MLM ကလူတွေ ညီမ လုပ်တာ လလောက်ပဲရှိ
THRI THRI
https://www.facebook.com/groups/myanmarmlmtruth/permalink/719167494943072/
MLM ဆန့်ကျင်ပညာပေးရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ AntiMLM တွေ လှုပ်ရှားခဲ့တဲ့ မှတ်တမ်း
LM ဆန့်ကျင်ပညာပေးရေးနဲ့ ပတ်သက်လို့
ကျွန်တော်တို့ AntiMLM တွေ လှုပ်ရှားခဲ့တဲ့ မှတ်တမ်း
•••••
၁။ ၂၀၁၄ ဝန်းကျင်လောက်ကတည်းက
ကျွန်တော် ( တစ်ဦးတည်းအနေနဲ့ )
MLM နဲ့ အလားတူ ငွေကြေးလိမ်လည်မှုတွေကို
ရေးတင်နေခဲ့တယ် ။
Onocoro နဲ့ MMM Global ကို
အပြင်းအထန် အသိပေးပြီး တားခဲ့တယ် ။
၂။ ၂၀၁၆ လောက်မှာ MLM အကြောင်း ဆွေးနွေးတဲ့
Group စထောင်တယ် ။
MMM Global ပျက်သွားပြီးတော့
အဲ့အကြောင်း သတိပေးခဲ့တဲ့ လူ အတော်များများ
အဲ့ Group မှာ ပါဝင်ပြီး အလားတူ ကိစ္စတွေ
မဖြစ်အောင် ဆွေးနွေးကြမယ်လို့ တိုင်ပင်ဖြစ်ကြတယ် ။ နှစ်ဆယ်ချီ ခြေကုပ်ယူထားပြီး
မသိမသာ ဂုတ်သွေးစုတ်နေတဲ့ MLM စနစ်အကြောင်း အသိပညာပေး ဆွေးနွေးပေးခဲ့ကြတယ် ။
တစ်ဦးချင်း ရေးနေတာထက် အဖွဲ့နဲ့ လုပ်မှ
ပိုထိရောက်မယ် ။ MLM ဘက်က အမျိုးမျိုး
တိုက်ခိုက်တာတွေကို ပို ခံနိုင်မယ်လို့ ယူဆလို့
အဖွဲ့အနေနဲ့ စတင် လှုပ်ရှားခဲ့တယ် ။
၃။ ၂၀၁၆ စက်တင်ဘာ ၄ ရက်နေ့မှာ
MLM Companies တွေကို
သိန်း ၅၀၀ ကြေး MLM Debate ခေါ်ခဲ့တယ် ။
SuccessMore က ကိုလတ်ကို
နာမည်တပ်ပြီး ခေါ်ခဲ့တာ ။
အဲ့တုန်းက သူတို့ အခုလို သေချာ မပြင်ဆင်ရသေးတော့
ထွက်မလာကြဘူး ။
စဉ်းစားစရာတစ်ခုပေးမယ် ။
Debate မှာ သူတို့ ပြောသွားတာ ၂၀၁၆-၂၀၁၇ မှာ
အခွန် သိန်းပေါင်း ဘယ်လောက် ဆောင်ထားတယ်
ဆိုပြီး ပြောတယ် ။ ဒါပေမယ့် SuccessMore က
အဲ့ရှေ့ ၃ နှစ်လောက် ကတည်းက မြန်မာနိုင်ငံကို
ကြိုရောက်နေတာမလား ?
ဆက်မပြောချင်ဘူး ။ ဒါ တာဝန်ရှိသူတွေ အလုပ် !
၎။ မထင်ပဲ Aimstar က ဂျိုးဇက်က
Debate ကို လက်ခံသလိုလို ဘာလိုလိုပြောပြီး
သိန်း ၅၀၀ ပြပါလို့ ပြောတယ် ။
ကျွန်တော် ဘဏ်စာအုပ် ပြပြီး ပြန် စိန်ခေါ်တယ် ။
မဖြစ်နိုင်တဲ့ Debate Terms and Conditions တွေ
ပြောပြီး ရှောင်ထွက်သွားတယ် ။
အဲ့တုန်းက ကိစ္စကို အွန်လိုင်းပေါ်က
လူ အတော်များများ သတိထားမိပါတယ် ။
၅။ ကြေး ပါ ရင် ရှုပ်နေမှာ စိုးလို့
ဘာ ကြေးမှ မပါပဲ
RFA ကနေ မေးပါရစေဦး ဆိုတဲ့
အစီအစဉ်နဲ့ ဆွေးနွေးဖို့ ထပ်ခေါ်တယ် ။
MLM ဘက်က ဘယ်သူမှ မလာပဲ
ဖုန်းနဲ့ပဲ ဆွေးနွေးခဲ့တယ် ။
ကျွန်တော်နဲ့ တခြား AntiMLM သမားဖြစ်တဲ့
ကို Kaung Myat Htut နဲ့ ပဲ ဆွေးနွေးခဲ့ကြရတယ် ။
၆။ အဲ့လို Debate စိန်ခေါ်မှုကနေ အရှိန်ရပြီး
ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေ စပြီး
MLM ရဲ့ ဆိုးကျိုးတွေကို စုစုစည်းစည်း
အရှိန်အဟုန်နဲ့ ပညာပေးတယ် ။
( အဲ့လို ပညာပေးဖို့
ဒေတာတွေ ကောက်ရတယ် ။
ဆောင်းပါးတွေ ရေးရတယ် ။
သက်သေတွေ စုရတယ် ။
ဘာသာပြန်တွေ လုပ်ရတယ် )
၇။ အဲ့ဒီ အရှိန်နဲ့ Printed နဲ့ Radio /
TV channel မီဒီယာတွေကပါ
ဒီ အကြောင်းတွေ
ဖော်ပြပေးလာခဲ့တယ် ။
( ဆောင်းပါးတွေနဲ့ ဝိုင်းဝန်းသတိပေး ပညာပေးပေးတဲ့
Printed media တွေ ရှိသလို
Video report တွေနဲ့ ကူညီ သတိပေးပေးကြတဲ့
Online media တို့တွေလည်း ရှိကြတယ် ။
တခြား အွန်လိုင်းမီဒီယာအတော်များများကလည်း
ဝိုင်း ကူညီ ပညာပေး ကြတယ် )
၈။ နောက်တော့ ၂၀၁၆ ဒီဇင်ဘာလောက်မှာ
တိုင်းဒေသကြီး လွှတ်တော်မှာရော
ပြည်ထောင်စု အဆင့် လွှတ်တော် မှာပါ
MLM ရဲ့ ဆိုးကျိုးတွေကို
ထောက်ပြဆွေးနွေးသွားကြတဲ့ အဆင့်ထိ
ရောက်လာတယ် ။
( ဆွေးနွေးသူတွေအတွက်
အထောက်အကူဖြစ်စေတဲ့
အချက်အလက်ပေါင်းများစွာကို တိုက်ရိုက်/သွယ်ဝိုက် ကျွန်တော်တို့ AntiMLM တွေ ပံ့ပိုးပေးခဲ့ကြတယ် ။
တစ်ချို့ အမတ်တွေ နဲ့ မျက်နှာချင်းဆိုင်
တကူးတကသွားပြီး ဆွေးနွေးခဲ့ကြရတယ် )
၉။ လွှတ်တော်တင်တဲ့ အကျိုးဆက် အနေနဲ့
ပြည်ထဲရေးက Mlm companies တွေကို
ခေါ်ယူ စစ်ဆေးမှုတွေ လုပ်လာခဲ့တယ် ။
၁၀။ တစ်ဖက်ကလည်း
MLM တွေ / Pyramid Schemes တွေကို အရေးယူဖို့
ဥပဒေ သီးသန့် မရှိသေးလို့ အဲ့ဒါကို ရေးဆွဲဖို့
လုပ်နေတဲ့ အမတ်တွေ ရှိတယ် ။
( လိုအပ်တဲ့ အချက်အလက်တွေ /
ကိုးကားလို့ရမယ့် နိုင်ငံတကာ ဥပဒေ နဲ့
Guideline တွေ ကို ကျွန်တော်တို့ အကြံပြု
တင်ပြပေးခဲ့တယ် )
အတော်များများက Debate နဲ့ လွှတ်တော်ဆွေးနွေးမှု အပြီးမှာ အာရုံသိပ်မရတော့ပေမယ့် ကျွန်တော်တို့ AntiMLM အမာခံတွေက အွန်လိုင်းမှာ ရော
နီးစပ်ရာမှာပါ တောက်လျှောက် ဆက်ပြီး
ပညာပေးနေခဲ့တယ် ။
ကျွန်တော်ဆို စာသင်တဲ့ အခါမှာတောင်
ခပ်ပါးပါး ညှပ်ပြီး သတိပေးသွားလေ့ ရှိတယ် ။
ကြားထဲမှာ ထွက်ပြေးသွားပြီး
လူများစု သိသိသာသာ နစ်နာခဲ့ရတဲ့
SCL ( Saxon Capital ) ကိစ္စရော
J-coin ကိစ္စရော ကိုလည်း
ကျွန်တော်တို့ AntiMLM တွေ
အသိပေး ထောက်ပြခဲ့ကြတာပဲ ။
၁၁။ ၂၀၁၇ စက်တင်ဘာ လဆန်းလောက်မှာ
ပြည်ထဲရေးက MLM Companies တွေကို
စစ်ဆေးနေကြောင်း စာထုတ်လိုက်တော့
MLM ကိစ္စ လူပြော ပြန်များလာတယ် ။
၁၂။ မီဒီယာတစ်ချို့ MLM အကြောင်း
ခပ်စိတ်စိတ် ပြန်ဖော်ပြလာတယ် ။
MCN TV News မှာ MLM အကြောင်း
ကျွန်တော်တို့ ဆွေးနွေးပေးခဲ့ရတယ် ။
၁၃။ စက်တင်ဘာ ၂၃ မှာတော့
DVB က စီစဉ် ဖိတ်ခေါ်တဲ့ MLM Debate ကို
ကျွန်တော်တို့ ပါဝင်ဆွေးနွေးခဲ့ကြတယ် ။
စီစဉ်တာ / လူရွေးတာဟာ DVB ရဲ့
စီမံမှုသာဖြစ်ပါတယ် ။
၁၄။ DVB Debate ကြောင့် MLM ဆိုးကျိုးတွေကို
လူပြော ပို များလာတယ် ။
လက်ရှိမှာ MLM နဲ့ ပတ်သက်တဲ့
Documentary သီးသန့်ရယ် /
Video Presentation တွေရယ်
ထပ်ပြီး စီစဉ်နေတယ် ။
( ကြားထဲမှာ
-Pyramid Scheme ပညာပေး ၇ မိနစ်စာလောက် Video Presentation လေး တစ်ခုရယ်
-Believe လို့ ခေါ်တဲ့ MLM ပညာပေး ဇာတ်လမ်း
( တစ်နာရီကျော် ကြာ ) ကို လည်း
ဘာသာပြန် ဖြန့်ဝေ ပေးထားပါတယ် ။
-Group ထဲမှာဆို သိချင်တာ ပြန်ရှာရခက်မှာစိုးလို့
https://myanmar-mlmtruth.org ဆိုပြီး
Blog တစ်ခု လည်း စီစဉ်ပေးခဲ့ပါတယ် ။
၁၅။ MLM ကို ထိမ်းချုပ် ကန့်သတ်ဖို့ ဥပဒေကို
ဘယ် နိုင်ငံရေးသမား/ဥပဒေပညာရှင်နဲ့ မဆို
ပူးပေါင်း ကူညီ ရေးဆွဲပေးဖို့ လည်း
ကြိုးစားနေကြပါတယ် ။
၁၆။ နစ်နာသူတွေရဲ့ အသံ နဲ့ ဗီဒီယို အင်တာဗျူး
( မျက်နှာ ဖော်ပြစရာမလို ) တွေလည်း
ထပ်မံ စုဆောင်းနေတာမို့လို့
အင်တာဗျူး သေချာ ဖြေပေးချင်တဲ့
နစ်နာသူတိုင်း ကျွန်တော်တို့ ကို
ဆက်သွယ်နိုင်ပါတယ် ။
ဆက်သွယ်ပေးဖို့လည်း မေတ္တာ ရပ်ခံပါတယ် ။
ဒါမှ နောက်ထပ် နောက်ထပ်သော
ပညာပေး လုပ်ငန်းတွေဟာ ပိုမို ထိရောက်မှာ မို့လို့ပါ ။
( လက်ရှိမှာလည်း စုဆောင်းပြီးတာ တစ်ချို့ရှိပါတယ် )
၁၇။ နောက်ဆုံးပြောချင်တာက
AntiMLM Group အကြောင်း ကို
မသိသေးရင် တစ်ချက်လောက် သေချာလေ့လာပါဗျာ ။
" မင်းတို့ ဘာလုပ်နေတာမို့လဲ ?
အဖြစ်မရှိတာတွေပဲ လုပ်နေတယ် " ဆိုပြီး
တကူးတက Group ထဲ လာစော်ကားတာ မျိုးတော့
မလုပ်ကြပါနဲ့ ။
ကျွန်တော်တို့ အချိန်ကုန် ငွေကုန်ခံ / အလုပ်ပျက်ခံ /
ခေါင်းတွေ အကြိမ်း ခံပြီး AntiMLM Campaign ကို
လုပ်နေကြရတာပါ ။
နေရာ လိုချင်ရင် ဖယ်ပေးပါ့မယ် ။
မက်လောက်စရာ နေရာလည်း မဟုတ်ပါဘူး ။
သူ့ဘက်လိုလို ကိုယ့်ဘက်လိုလိုနဲ့
လာလာ ဖောင်း မထုကြပါနဲ့ဗျာ ။
အကြံပေးချင်ရင် ပေးပါ ။
ဦးဆောင်ချင်ရင် ဦးဆောင်ပါ ။
လက်တွဲ လုပ်ချင်ရင် လုပ်ပါ ။
သပ်ဝင် ဖြိုခွဲချင်ရင်တော့
ဘုရားမှာသာ ဆု များများတောင်းနေပါ ။
ကိုယ်ကျိုးမပါပဲ အများအတွက် မနေသာလို့
ဝိုင်းကူပေးနေတဲ့ AntiMLM သမားတွေဟာ
ပြိုကွဲ စရာ အကြောင်းမရှိလို့ပါပဲ ။
ကျွန်တော်တို့ကို ရေရှည် ဆက်သွယ်ချင်ရင် /
အကြံ ဥာဏ်တွေပေးချင်ရင်
ဒီ Page ကို Message ပို့ထားနိုင်ပါတယ်ဗျာ ။
ပြန်ရှာရလွယ်အောင် / လုံခြုံအောင်
ကျွန်တော့် Page ကို သုံးရတာ ဖြစ်ပါတယ် ။
>>>
( https://m.me/sharingkozin )
လေးစားလျက်
#ကိုဇင်ဇေ
#mlm #antimlm #antipyramidscheme
https://www.facebook.com/groups/myanmarmlmtruth/permalink/719188301607658/
MLM နှင့်ရွှေရိပ်ကျောင်းသားကိစ္စ
MLM နှင့်ရွှေရိပ်ကျောင်းသားကိစ္စ
*************************
အခုပဲဆေးခန်းက ပြန်ရောက်ပါတယ်။ သတင်းလေးတွေ တင်ချင်လို့ မထိုင်နိုင်လို့ ထပြီး စာရေးလိုက်ရတာပါ။
MLM စနစ်ဖြင့် စည်းရုံးသွားသော ကျောင်းသားအား အကြောင်းကြားပြီးပါပြီ။
တစ်ပတ်အတွင်း ငွေပြန်ထုတ်ပေးရန် (၈ သိန်းကျော်ပေးထားပြီးသော်လည်း ပစ္စည်းမထုတ်ရသေး) ပြောထားပါတယ်။
စစစ ဘက်သို့လည်း ဆက်သွယ်၍ အမှုတည်ဆောက်ရန် ပြင်ဆင်ထားပါပြီ။
ကျွန်တော်က ဒီလိုအရှုပ်တွေနဲ့ ကင်းအောင်ကို နေသူပါ။ အခုခံရတာလည်း တောသားတပည့်၊ စည်းရုံးသွားတာလည်း တပည့်ဖြစ်နေလို့ ၀င်ပါရပါတယ်။
တစ်လ သိန်းရာချီ မြတ်နေသူများဖြစ်လို့ ၈ သိန်းလောက်ငွေကို ပြန်ပေးရန် တောင်းပါမယ်။ ရရင် ရပ်လိုက်ပါ့မယ်။
မရရင် အမှုတည်ဆောက်ပါ့မယ်။ အထူးစုံစမ်း စစ်ဆေးရေးနဲ့ ဆက်လက်လုပ်ဆောင်သွားပါမယ်။ ရန်ကုန်တိုင်း အစိုးရရဲ့ ညွန်ကြားမှုနဲ့ စစစ စီးပွားရေးဆိုင်ရာ တပ်ဖွဲ့မှ MLM လုပ်ငန်းများစွာကို စစ်ဆေးမှုများလုပ်နေတယ်လို့ သတင်းသိရပါတယ်။ အခုလည်း အားပါးတရကူညီပါမည်ဟု သတင်းရလာပါတယ်။ စည်းရုံးသွားသော MLM ဘက်မှသူအား
တစ်ပတ်အချိန်ပေးထားပါတယ်။ ကျွန်ေတာ်လည်း ကားမစီးနိုင်သေးလို့ပါ။ ခါးက အနိမ့်တွေမှာ မထိုင်နိုင်သေးပါ။ နဂိုဆို ဒါမျိုးလာထားပဲ။ တစ်ပတ်အကြာစောင့်ကြည့်ပြီး၊
တာဝန်ယူမှုများ အပေါ် ဆုံးဖြတ်ပြီးတာနဲ့ အမှုတည်ဆောက်ဖြစ်လျှင် သတင်းအတိအကျတင်ခြင်း၊ မီဒီယာများအား သတင်းစာရှင်းလင်းခြင်း၊ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ပေးပါ့မယ်။
သန်းထိုက်(ရွှေရိပ်)
စာရေးဆရာ၊ အယ်ဒီတာ၊ စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံပညာရှင်
https://www.facebook.com/thanhtikegs8/posts/1972653846346155
အကို MK Nghman ရေ
အကို MK Nghman ရေ
အလုပ်ကလေးနဲ့သက်သေပြလိုက်ရအောင်။ ကင်ဆာနဲ့ HIV လူနာ တစ်ဦးစီ ကျနော်ရှာပေးပါ့မယ်။ ကာလတစ်ခုသတ်မှတ်ပြီး လူနာများနစ်နာခြင်းမှအကာအကွယ်ပေးတဲ့ စာချုပ် ချုပ်ပါမယ်။ အစိုးရကိုအသိပေးပြီး သီးခြားနေရာတစ်ခုမှာ အကို့ဆေးတွေနဲ့ သီးခြားလွတ်လပ်တဲ့ဆရာဝန်တွေရဲ့ ဆေးစစ်စောင့်ကြည့် မှတ်တမ်းတင်ခြင်းတွေလုပ်မယ်။
၁။ အကိုပြောသလိုပျောက်ခဲ့ရင် ဤကဲ့သို့ Independent Monitoring နည်းနဲ့ လက်တွေ့ပျောက်ကြောင်း Public Media တစ်ခုခုက ကြေညာပေးမယ့်အပြင် ဆေးဖိုးအပါအဝင် ကုန်ကျစားရိတ်ခံပေးပါ့မယ်။
၂။ မပျောက်ခဲ့ရင် ကုန်ကျစားရိတ်အားလုံး အကိုကျခံပေးရမယ့်အပြင် မှားယွင်းကြောင်း Public Media တစ်ခုခုက ကြေငြာပေးရပါမယ်။
ဒါဆို တရားမျှတပါတယ်။ လက်ခံတယ်ဆိုရင် Comment မှာအကြောင်းပြန်ပေးပါ။ ဆက်သွယ်ဆောင်ရွက်ပါ့မယ်။
Kyaw Minn Htut
https://www.facebook.com/groups/myanmarmlmtruth/permalink/717992518393903/
ဒီကိစ္စ ရှင်းပါ SUCCESSMORE
ဒီကိစ္စ ရှင်းပါ SUCCESSMORE👇👇👇😭😭😭😭😭😭😭😭😭
ဖိုးတွမ်တီးအပြင်/ ထောင်ချလို့ရတယ် ယုံလား?
ဟုတ်​ကဲ့ Successmore က gel ​လေးသုံးပြီး စုတ်​ပြက်​သက်​သွား​သောပုံ​လေးပါရှင့်​ အရင်​မျက်​နှာ​လေးပြန်​ရဖို့ကို နှစ်​ပတ်​တခါ skin care clinic ပုံမှန်​သွားပြီး သုံးလ​လောက်​ကုလိုက်​ရပါတယ်​ရှင့်
အဲံ့​ဆေး​ကြောင့်ုဖြစ်​တာကိုလဲ အထဲကဟာ​တွေကန်​ထွက်​တာ ဆက်​လိမ်း​ပျောက်​သွားမှာဆိုပြီး​ပြောခဲ့ပါတယ်​ ​နောက်​ပြီး​နောက်​ထပ်​​ဆေးတမျိုးကိုလဲထပ်​၀ယ်​​သောက်​ခိုင်းပါတယ်
အစကတည်းက Sensitive skin ပါ လို့​ပြောခဲ့ပါတယ်​ အဲ့တာကို အဲ့​ဆေးက​sensitive လဲ​ပျောက်​ပါတယ်​လို့​ပြောပြီး သုံးပြီး​တော့မှ ညီမကိုက sensitive ဖြစ်​လွန်းတာဆိုပြီး​ရှေ့​နောက်​မညီတဲ့စကား​တွေစ​ပြောလာပါ​တော့တယ်
https://www.facebook.com/groups/myanmarmlmtruth/permalink/719559731570515/
ဘယ်နေ့ဘယ်ရက်မှာများပြနိုင်မလဲဒေါ်ကြော့ကြော့လှိုင်@
မ Kyawt Kyawt Hlaing ရေ
DVB - MLM Debate မှာ ပြောသွားတဲ့
ကျွန်မ တင် သိန်း ၇၀၀ ရနေတာ မဟုတ်ပဲ
အောက်က လူတွေပါ အဆင်ပြေနေပါတယ် ဆိုတာကို သက်သေပြဖို့ အတွက်
အမ Structure နဲ့ အောက်လူတွေရဲ့ Bonus History
( အောက်ဆုံး အလွှာတွေထိ ပါဖို့ အရေးကြီးပါတယ် ) ကို
ဘယ်နေ့ ဘယ်ရက် မှာများ ပြနိုင်ပါမလဲ ခင်ဗျ ???
နေရာကိုတော့ MLM တွေ ရော AntiMLM တွေရော
ဘေးကင်း ရန်ရှင်း စိတ်အေးအေးနဲ့
 ဆွေးနွေးလို့ ရတဲ့ နေရာကို
၂ ဖက် ဆွေးနွေးပြီး ရွေးပါ့မယ် ။
( စာရွက်စာတမ်းတွေ အပြင်
Structure ကို Online ကနေ ကြည့်လို့ ရတဲ့ အတွက်
ကြားနေရာ တစ်ခုကို ရွေးရင် အဆင်ပြေမှာပါ နော် )
စိတ်ပါ ဝင်စားတဲ့ မီဒီယာသမား တစ်ချို့ လည်း
လာပါလိမ့်မယ် ။
တွက်လို့ ချက်လို့ အဆင်ပြေအောင်
စာရင်းအင်း ပညာရှင်ရယ်
MLM Software တွေကို နားလည်တဲ့ IT ပညာရှင်ရယ်ပါ
ခေါ်ထားပေးပါ့မယ် ။
အမလိုပဲ ကို စိုင်းမျိုးမင်းလတ် Sai Myo Min Latt ကရော
ချပြမှာလား ခင်ဗျ ။
ကို စိုင်းမျိုးမင်းလတ် ပြောတဲ့
SuccessMore ရဲ့ ရောင်းအား
၅၀% ကျော်က ပြင်ပကို လက်လီရောင်းအားကနေ လာတယ်ဆိုတဲ့ စကားကို စိတ်လည်း ဝင်စားမိသလို
အမှန် အတိုင်း ပြောတာဆိုရင်
အရမ်းလည်း လေးစားမိမှာပါ ။
၂၀၁၆ မှာ
အမေရိကန် Federal Trade Commission ကနေ
ကမ္ဘာ့ထိပ်သီး MLM Company ကြီးဖြစ်တဲ့ Herbalife ကို
ဒဏ်ရိုက် အရေးယူပြီး Guideline ချပေးလိုက်တဲ့
၃ ပုံ ၂ ပုံ ပြင်ပ ရောင်းအား ရှိရမယ် ဆိုတဲ့ စံကို မှီဖို့
သိပ်မလိုတော့တဲ့ အတွက်
မြန်မာ နိုင်ငံက MLM Company တစ်ခု အနေနဲ့
ဂုဏ်ယူ စရာ ဖြစ်နေလို့ပါ ။
ဒီ ကိစ္စသာ အဆင်ပြေရင်
တရားဝင် Official Data တစ်ခုထွက်လာတဲ့အတွက်
မြန်မာ MLM လောကကြီး တစ်ခုလုံး အတွက်
အတော် ကောင်းသွားမှာပါ ။
အမ တကယ်ချပြဖို့ အစီအစဉ် ရှိတယ် ဆိုရင်
ပြောပါခင်ဗျ ။
တစ်ခု ကတိပေးနိုင်တာက
အမတို့ အဲ့လို ချပြလို့ ဆိုပြီး
အခွန် နဲ့ ပတ်သက်တာကို ဖိထောက်တာမျိုး
ကျွန်တော် မလုပ်ပါဘူး ။
ဘာလို့ဆို အခု ကိစ္စမှာ
ကျွန်တော်တို့ သက်သေပြစေချင်တာက
MLM စနစ်ကြောင့်
ပြည်သူ အများစု နစ်နာနေခြင်း ရှိမရှိကို ပဲ
ဦးတည် ချင်တာမို့ပါ ။
ပွဲမှာ သွေးဆူပြီး ပြောလိုက်မိတာပါ ။
တကယ် အစကနေ အဆုံးအထိ ချပြဖို့တော့
အဆင်မပြေပါဘူး ဆိုလည်း
ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။
( အမတို့ကိုပဲ ချောင်ပိတ် မေးတယ်
ဆိုတာမျိုးမဖြစ်စေချင်လို့ပါ ။ )
Debate ကို လာဆွေးနွေးပေးတာနဲ့ တင်
ကျေးဇူး တင်မိပါတယ် ။
လွန်ခဲ့တဲ့ ၁ နှစ်က သိန်း ၅၀၀ Debate တုန်းက
ပွဲ မဖြစ်လိုက်တာ /
RFA မေးပါရစေဦး မှာ ဖိတ်ခေါ်တုန်းက
MLM ဘက်က လာဆွေးနွေးမယ့်သူ
ရှာမရခဲ့တာတွေထက် အများကြီး ပိုမို ကောင်းမွန် ပြီး
ပွင့်လင်း မြင်သာမှု ရှိသာတယ်လို့
ယူဆရတဲ့ အတွက် ကျေးဇူးတင်တာပါ ။
အမ Structure နဲ့
အောက် အကုန်လုံးရဲ့ Bonus History ကို
ချပြဖို့ အဆင်ပြေတယ် ဆိုလည်း ပြောပါခင်ဗျာ ။
နေ့ရက် နဲ့ အချိန်ကို အမတို့ အဆင်ပြေတာသာ လုပ်ပါ ။
နေရာလေးပဲ ၂ ဖက် ညှိပါမယ် ။
တခြား MLM Companies ကြီးတွေ ဖြစ်တဲ့
Unicity , Double Crane , QNet , Zhulian ,
Aimstar , Tiens , စတဲ့ Companies တွေက
ခေါင်းဆောင်တွေ အနေနဲ့လည်း
အခုလို တိတိကျကျ ချပြချင်တယ်ဆိုရင်
ပြောပါခင်ဗျာ ။
ကျွန်တော်တို့ ဒီဒေတာတွေကို အများပြည်သူ
လေ့လာနိုင်အောင် ပြန် တင်ပေးထားပါ့မယ် ။
( နာမည်မပါတဲ့ MLM Companies တွေလည်း
ချပြလို့ ရပါတယ် )
စေတနာဖြင့်
#ကိုဇင်ဇေ
#mlm #antimlm #successmore
Monday, September 25, 2017
အမှတ်တရ MLM
မတ်မှတ်ရရဗျာ လွန်ခဲ့တဲ့ ၄နှစ်လောက်က ကျွန်တော့ရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက်က
ကျွန်တော်တို့ညီအကိုနှစ်ယောက်ကို အခုလုပ်ငန်းနဲ့ပါတ်သတ်ပြီး လာဆွယ်တယ်ဗျ😂😂 သူရယ်သူ့အဒေါ်ရယ်နှစ်ယောက် သူတို့လည်းမန်ဘာဝင်ထားတဲ့အကြောင်း ဘယ်လိုပိုက်ဆံရမှာဖြစ်ကြောင်း....အဲ့အချိန်ကကိုယ်ဒေလည်း သိပ်နားမလည်သေးတော့ အရမ်းကိုတက်ကြွနေတာပေါ့ဗျာ...သူတို့ကပြောတယ် အခုနင်တို့ကိုငါတို့ထက်နားလည်အောင်ရှင်းပြနိုင်တဲ့ နေရာခေါ်သွားမယ်ဆိုပြီး အဆွယ်ကောင်းတာနဲ့
ကျွန်တော်တို့ညီအကိုနှစ်ယောက်လည်းယောင်လည်လည်နဲ့ သူတို့ရုံးခန်းကိုရောက်လာခဲ့တယ်😂😂
အဟောအပြောကောင်းချက်ကဗျာ ကျုပ်တို့ညီအကိုနှစ်ယောက်မှာနားထောင်နေရင်းနဲ့ကို ချက်ချင်းထ ချမ်းသာသွားသလိုဘဲဗျာ...
အဲ့လိုနဲ့ ကျွန်တော်တို့ကို ဆင့်ပွားလူရှာစနစ်အကြောင်းရှင်းပြတယ် ပြီးတော့ကျွန်တော်တို့ကိုဘာလေးထုတ်ပြလည်းဆိုတော့😂😂 အဝိုင်းပြားလေးတစ်ခုထုတ်ပြပြီး
အဲ့အပြားကဘာနည်းပညာ ညာနည်းပညာနဲ့ လုပ်ထားတာဖြစ်ကြောင်း..လည်ပင်းမှာဆွဲထားရင် ဘာရောဂါ ညာရောဂါတွေပျောက်ကြောင်း ပြောတော့တာဘဲဗျာ......ပြောလို့လည်းပြီးရော မန်ဘာဝင်ရမယ်ဆိုပြီး အဲ့ပစွည်းကိုဝယ်ရမှာဖြစ်ကြောင်းပြောတယ်ဗျ😂😂😂 ပစ္စည်းတန်ဖိုးကဘယ်လောက်လည်းဆိုတော့ ၈သိန်းတဲ့ဗျ အာ့နဲ့ကျွန်တော်တို့ညီအကိုနှစ်ယောက်လည်း အိမ်ကိုပြန်လာပြီး လူကြီးတွေကို နားပူနားဆာလုပ် တော့တာဘဲ😁😁😁😁 မိဘတွေကခွင့်မပြုလို့
ကျွန်တော်တို့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကျတာဘဲဗျ အခုမှဒီကိစ္စတွေပြန်ပေါ်လာလို့ လာရှင်းပြတာပါ
အဲ့အချိန်ကလာဆွယ်တဲ့ သူငယ် "ဂျင်း" ကောင်မလေး ကတော့ ဟိုတစ်လောက fbမှာပြန်တွေ့ပါရဲ့ GTC တက်နေတယ်တဲ့ ကျွန်တော်လည်း သူရှက်သွားမှာစိုးလို့ မမေးလိုက်ပါဘူး😁😁 (စိတ်ထဲကနေတော့မေးလိုက်ချင်တယ် နင်သူဌေးဖြစ်သွားpလားလို့😂😂😂)
တစ်ခုပြောရဦးမယ် ကျွန်တော်နေတဲ့အခု(လမ်းမတော်လမ်းဟုသာမှတ်ရန်)ရဲ့အိမ်ဘေးက တိုက်ခန်းကို Qnet network marketing ဆိုပြီး ရုံးတစ်ရုံးလာဖွင့်တယ်ဗျ ဖွင့်ပြီး ၆လလောက်လည်းနေရော အဲ့ရုံးပြန်ပြောင်းသွားတယ်ဗျ သိချင်လို့အဲ့ရုံးရှေ့က တို့ဟူးသုပ် ရောင်းတဲ့အဒေါ်ကြီးကိုမေးကြည်တော့
အခန်းငှါးခမတတ်နိုင် လို့ပြန်ပြောင်းသွားတာတဲ့ဗျ😂😂....#Han myint kyaw #...
https://www.facebook.com/groups/myanmarmlmtruth/permalink/716726105187211/
ကိုက်မိခဲ့သောဂျင်းများ
ကျနော်သောက်ဖူးတယ်ဗျ mlmတွေက ထုတ်တဲ့အူရှင်းဆေးဆိုတာတွေ အဆီကျတယ်ဆိုလို့ဝယ်သောက်တာ ၃မျိုးလောက်အထိသောက်ဖူးတယ် နာမည်တွေတော့မပြောတော့ပါဘူး ဖျော်ခါစမှာဖျော်ရည်လိုပဲ ၁၀မိနစ်လောက်နေရင် ပြစ်ချွဲချွဲကြီးတွေဖြစ်သွားတယ် ညအိပ်ခါနီးသောက်ရင် မနက်ကျ ဝမ်းသွားတဲ့အချိန် အကျိအချွဲတွေအပုပ်တွေပါသွားရောလို့ ပြောတာနဲ့သောက်ကြည့်တာ တကယ်ပါ ပါတယ် သူတို့ပြောတာမှန်တယ် 😊
ဒါနဲ့ ကျနော်တို့ မြန်မာ့တိုင်းရင်းဆေးမှာလည်း သစ်ကျပိုးခေါက်ဆိုတာရှိတယ် အဲ့အခေါက်ကို အမှုန့်ကျိတ်ပီးရေဖျော်ကြည့် ခုနကmlmကဆေးတွေလိုပဲ ချွဲပျစ်ပျစ်ကြီးဖြစ်တယ် သောက်ကြည့်လိုက် အဲ့mlmကဆေးတွေလိုပဲ ဝမ်းသွားရင် အရိအရွဲတွေပါတယ် 😂 သစ်ကျပိုးခေါက်အမှုန့် ၅၀၀ဖိုးဆို နေ့တိုင်းဖျော်သောက်ပါလိမ့် လချီပီသောက်လို့ရတယ် နွားနို့ထဲထည့်သောက် ပျားသံပုရာလေးနဲ့ရောသောက် ဘယ်လိုသောက်သောက် လဘက်ရည်ဇွန်တစ်ဇွန်းစာလောက်ထည့်သောက် အစာအိမ်ကိုသန့်စင်ပေးတယ် သွေးတိုးကျတယ် mlmကအူးရှင်းဆေးဆိုတာလည်း အဲ့လိုပဲ သစ်ကျပိုးခေါက်ကို ခေတ်မီနည်းပညာတွေနဲ့ထုတ်ထားတော့ အနံ့အရသာကောင်းကောင်းလေးဖြစ်သွားတာပေါ့ သူကတော့ဈေးက အဆတော်တော်များသွားပြီ တစ်ခါသောက်အထုပ်လေးတစ်ထုပ်ကို အနည်းဆုံး၂၀၀၀ပေးရတယ် mlmကုမ္မဏီတွေက ဘာပစ္စည်းပဲ စသုံးသုံး အဲ့အူရှင်းဆေးဆိုတဲ့ဗူးကြီး မပါမဖြစ်ဝယ်ရတယ် ကိုယ်တွေ့နော် ကုမ္မဏီ ၃ ၄ခု ရှိပီအကုန်အတူတူပဲ အဲ့အူရှင်းဆေးတွေ သောက်ရတာဆိုတာမပြောနဲ့တော့ တစ်ပါကင်ဗူးကို ၃၀၀၀၀ကျော် ပြန်စဉ်းစားမိပြီးနှမြောလိုက်တာ ပိန်သွားလားဆိုတော့ ကျနော်တင်တဲ့ပုံတွေသာကြည့်ပေတော့😁 ငါ့ဖာငါသစ်ကျပိုးခေါက်၅၀၀ဖို့ဝယ်ပြီး ပျားသံပုရာလေးထဲစိမ်သောက်ရင်ရနေတာကို သူတို့ပြောသမျှယုံပြီးဝယ်သောက်မိတဲ့ပိုက်ဆံတွေ အလကားရထားတာမဟုတ်ဘူး တစ်နေကုန်ဈေးရောင်းပြီးရှာထားရတာ ခုတော့တော်တော်နောင်ကျင်သွားပြီ 'ညီမလေးဆီကို အမလာအုံးမယ် အဆီကျဆေးလေးပြပေးမလို့' ဆိုရင်ကို ဖင်ပိတ်ပီးတန်းနေအောင်ပြေးတက်နေပီဗျို့ 😂
#ကိုယ်မိခဲ့သော_mlmဂျင်းများ
https://www.facebook.com/groups/myanmarmlmtruth/permalink/713394052187083/
Kay Khaing Zaw