Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, September 26, 2017

MLM ဆန့်ကျင်ပညာပေးရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ AntiMLM တွေ လှုပ်ရှားခဲ့တဲ့ မှတ်တမ်း



LM ဆန့်ကျင်ပညာပေးရေးနဲ့ ပတ်သက်လို့
ကျွန်တော်တို့ AntiMLM တွေ လှုပ်ရှားခဲ့တဲ့ မှတ်တမ်း
•••••
၁။ ၂၀၁၄ ဝန်းကျင်လောက်ကတည်းက
ကျွန်တော် ( တစ်ဦးတည်းအနေနဲ့ )
MLM နဲ့ အလားတူ ငွေကြေးလိမ်လည်မှုတွေကို
ရေးတင်နေခဲ့တယ် ။
Onocoro နဲ့ MMM Global ကို
အပြင်းအထန် အသိပေးပြီး တားခဲ့တယ် ။
၂။ ၂၀၁၆ လောက်မှာ MLM အကြောင်း ဆွေးနွေးတဲ့
Group စထောင်တယ် ။
MMM Global ပျက်သွားပြီးတော့
အဲ့အကြောင်း သတိပေးခဲ့တဲ့ လူ အတော်များများ
အဲ့ Group မှာ ပါဝင်ပြီး အလားတူ ကိစ္စတွေ
မဖြစ်အောင် ဆွေးနွေးကြမယ်လို့ တိုင်ပင်ဖြစ်ကြတယ် ။ နှစ်ဆယ်ချီ ခြေကုပ်ယူထားပြီး
မသိမသာ ဂုတ်သွေးစုတ်နေတဲ့ MLM စနစ်အကြောင်း အသိပညာပေး ဆွေးနွေးပေးခဲ့ကြတယ် ။
တစ်ဦးချင်း ရေးနေတာထက် အဖွဲ့နဲ့ လုပ်မှ
ပိုထိရောက်မယ် ။ MLM ဘက်က အမျိုးမျိုး
တိုက်ခိုက်တာတွေကို ပို ခံနိုင်မယ်လို့ ယူဆလို့
အဖွဲ့အနေနဲ့ စတင် လှုပ်ရှားခဲ့တယ် ။
၃။ ၂၀၁၆ စက်တင်ဘာ ၄ ရက်နေ့မှာ
MLM Companies တွေကို
သိန်း ၅၀၀ ကြေး MLM Debate ခေါ်ခဲ့တယ် ။
SuccessMore က ကိုလတ်ကို
နာမည်တပ်ပြီး ခေါ်ခဲ့တာ ။
အဲ့တုန်းက သူတို့ အခုလို သေချာ မပြင်ဆင်ရသေးတော့
ထွက်မလာကြဘူး ။
စဉ်းစားစရာတစ်ခုပေးမယ် ။
Debate မှာ သူတို့ ပြောသွားတာ ၂၀၁၆-၂၀၁၇ မှာ
အခွန် သိန်းပေါင်း ဘယ်လောက် ဆောင်ထားတယ်
ဆိုပြီး ပြောတယ် ။ ဒါပေမယ့် SuccessMore က
အဲ့ရှေ့ ၃ နှစ်လောက် ကတည်းက မြန်မာနိုင်ငံကို
ကြိုရောက်နေတာမလား ?
ဆက်မပြောချင်ဘူး ။ ဒါ တာဝန်ရှိသူတွေ အလုပ် !
၎။ မထင်ပဲ Aimstar က ဂျိုးဇက်က
Debate ကို လက်ခံသလိုလို ဘာလိုလိုပြောပြီး
သိန်း ၅၀၀ ပြပါလို့ ပြောတယ် ။
ကျွန်တော် ဘဏ်စာအုပ် ပြပြီး ပြန် စိန်ခေါ်တယ် ။
မဖြစ်နိုင်တဲ့ Debate Terms and Conditions တွေ
ပြောပြီး ရှောင်ထွက်သွားတယ် ။
အဲ့တုန်းက ကိစ္စကို အွန်လိုင်းပေါ်က
လူ အတော်များများ သတိထားမိပါတယ် ။
၅။ ကြေး ပါ ရင် ရှုပ်နေမှာ စိုးလို့
ဘာ ကြေးမှ မပါပဲ
RFA ကနေ မေးပါရစေဦး ဆိုတဲ့
အစီအစဉ်နဲ့ ဆွေးနွေးဖို့ ထပ်ခေါ်တယ် ။
MLM ဘက်က ဘယ်သူမှ မလာပဲ
ဖုန်းနဲ့ပဲ ဆွေးနွေးခဲ့တယ် ။
ကျွန်တော်နဲ့ တခြား AntiMLM သမားဖြစ်တဲ့
ကို Kaung Myat Htut နဲ့ ပဲ ဆွေးနွေးခဲ့ကြရတယ် ။
၆။ အဲ့လို Debate စိန်ခေါ်မှုကနေ အရှိန်ရပြီး
ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေ စပြီး
MLM ရဲ့ ဆိုးကျိုးတွေကို စုစုစည်းစည်း
အရှိန်အဟုန်နဲ့ ပညာပေးတယ် ။
( အဲ့လို ပညာပေးဖို့
ဒေတာတွေ ကောက်ရတယ် ။
ဆောင်းပါးတွေ ရေးရတယ် ။
သက်သေတွေ စုရတယ် ။
ဘာသာပြန်တွေ လုပ်ရတယ် )
၇။ အဲ့ဒီ အရှိန်နဲ့ Printed နဲ့ Radio /
TV channel မီဒီယာတွေကပါ
ဒီ အကြောင်းတွေ
ဖော်ပြပေးလာခဲ့တယ် ။
( ဆောင်းပါးတွေနဲ့ ဝိုင်းဝန်းသတိပေး ပညာပေးပေးတဲ့
Printed media တွေ ရှိသလို
Video report တွေနဲ့ ကူညီ သတိပေးပေးကြတဲ့
Online media တို့တွေလည်း ရှိကြတယ် ။
တခြား အွန်လိုင်းမီဒီယာအတော်များများကလည်း
ဝိုင်း ကူညီ ပညာပေး ကြတယ် )
၈။ နောက်တော့ ၂၀၁၆ ဒီဇင်ဘာလောက်မှာ
တိုင်းဒေသကြီး လွှတ်တော်မှာရော
ပြည်ထောင်စု အဆင့် လွှတ်တော် မှာပါ
MLM ရဲ့ ဆိုးကျိုးတွေကို
ထောက်ပြဆွေးနွေးသွားကြတဲ့ အဆင့်ထိ
ရောက်လာတယ် ။
( ဆွေးနွေးသူတွေအတွက်
အထောက်အကူဖြစ်စေတဲ့
အချက်အလက်ပေါင်းများစွာကို တိုက်ရိုက်/သွယ်ဝိုက် ကျွန်တော်တို့ AntiMLM တွေ ပံ့ပိုးပေးခဲ့ကြတယ် ။
တစ်ချို့ အမတ်တွေ နဲ့ မျက်နှာချင်းဆိုင်
တကူးတကသွားပြီး ဆွေးနွေးခဲ့ကြရတယ် )
၉။ လွှတ်တော်တင်တဲ့ အကျိုးဆက် အနေနဲ့
ပြည်ထဲရေးက Mlm companies တွေကို
ခေါ်ယူ စစ်ဆေးမှုတွေ လုပ်လာခဲ့တယ် ။
၁၀။ တစ်ဖက်ကလည်း
MLM တွေ / Pyramid Schemes တွေကို အရေးယူဖို့
ဥပဒေ သီးသန့် မရှိသေးလို့ အဲ့ဒါကို ရေးဆွဲဖို့
လုပ်နေတဲ့ အမတ်တွေ ရှိတယ် ။
( လိုအပ်တဲ့ အချက်အလက်တွေ /
ကိုးကားလို့ရမယ့် နိုင်ငံတကာ ဥပဒေ နဲ့
Guideline တွေ ကို ကျွန်တော်တို့ အကြံပြု
တင်ပြပေးခဲ့တယ် )
အတော်များများက Debate နဲ့ လွှတ်တော်ဆွေးနွေးမှု အပြီးမှာ အာရုံသိပ်မရတော့ပေမယ့် ကျွန်တော်တို့ AntiMLM အမာခံတွေက အွန်လိုင်းမှာ ရော
နီးစပ်ရာမှာပါ တောက်လျှောက် ဆက်ပြီး
ပညာပေးနေခဲ့တယ် ။
ကျွန်တော်ဆို စာသင်တဲ့ အခါမှာတောင်
ခပ်ပါးပါး ညှပ်ပြီး သတိပေးသွားလေ့ ရှိတယ် ။
ကြားထဲမှာ ထွက်ပြေးသွားပြီး
လူများစု သိသိသာသာ နစ်နာခဲ့ရတဲ့
SCL ( Saxon Capital ) ကိစ္စရော
J-coin ကိစ္စရော ကိုလည်း
ကျွန်တော်တို့ AntiMLM တွေ
အသိပေး ထောက်ပြခဲ့ကြတာပဲ ။
၁၁။ ၂၀၁၇ စက်တင်ဘာ လဆန်းလောက်မှာ
ပြည်ထဲရေးက MLM Companies တွေကို
စစ်ဆေးနေကြောင်း စာထုတ်လိုက်တော့
MLM ကိစ္စ လူပြော ပြန်များလာတယ် ။
၁၂။ မီဒီယာတစ်ချို့ MLM အကြောင်း
ခပ်စိတ်စိတ် ပြန်ဖော်ပြလာတယ် ။
MCN TV News မှာ MLM အကြောင်း
ကျွန်တော်တို့ ဆွေးနွေးပေးခဲ့ရတယ် ။
၁၃။ စက်တင်ဘာ ၂၃ မှာတော့
DVB က စီစဉ် ဖိတ်ခေါ်တဲ့ MLM Debate ကို
ကျွန်တော်တို့ ပါဝင်ဆွေးနွေးခဲ့ကြတယ် ။
စီစဉ်တာ / လူရွေးတာဟာ DVB ရဲ့
စီမံမှုသာဖြစ်ပါတယ် ။
၁၄။ DVB Debate ကြောင့် MLM ဆိုးကျိုးတွေကို
လူပြော ပို များလာတယ် ။
လက်ရှိမှာ MLM နဲ့ ပတ်သက်တဲ့
Documentary သီးသန့်ရယ် /
Video Presentation တွေရယ်
ထပ်ပြီး စီစဉ်နေတယ် ။
( ကြားထဲမှာ
-Pyramid Scheme ပညာပေး ၇ မိနစ်စာလောက် Video Presentation လေး တစ်ခုရယ်
-Believe လို့ ခေါ်တဲ့ MLM ပညာပေး ဇာတ်လမ်း
( တစ်နာရီကျော် ကြာ ) ကို လည်း
ဘာသာပြန် ဖြန့်ဝေ ပေးထားပါတယ် ။
-Group ထဲမှာဆို သိချင်တာ ပြန်ရှာရခက်မှာစိုးလို့
https://myanmar-mlmtruth.org ဆိုပြီး
Blog တစ်ခု လည်း စီစဉ်ပေးခဲ့ပါတယ် ။
၁၅။ MLM ကို ထိမ်းချုပ် ကန့်သတ်ဖို့ ဥပဒေကို
ဘယ် နိုင်ငံရေးသမား/ဥပဒေပညာရှင်နဲ့ မဆို
ပူးပေါင်း ကူညီ ရေးဆွဲပေးဖို့ လည်း
ကြိုးစားနေကြပါတယ် ။
၁၆။ နစ်နာသူတွေရဲ့ အသံ နဲ့ ဗီဒီယို အင်တာဗျူး
( မျက်နှာ ဖော်ပြစရာမလို ) တွေလည်း
ထပ်မံ စုဆောင်းနေတာမို့လို့
အင်တာဗျူး သေချာ ဖြေပေးချင်တဲ့
နစ်နာသူတိုင်း ကျွန်တော်တို့ ကို
ဆက်သွယ်နိုင်ပါတယ် ။
ဆက်သွယ်ပေးဖို့လည်း မေတ္တာ ရပ်ခံပါတယ် ။
ဒါမှ နောက်ထပ် နောက်ထပ်သော
ပညာပေး လုပ်ငန်းတွေဟာ ပိုမို ထိရောက်မှာ မို့လို့ပါ ။
( လက်ရှိမှာလည်း စုဆောင်းပြီးတာ တစ်ချို့ရှိပါတယ် )
၁၇။ နောက်ဆုံးပြောချင်တာက
AntiMLM Group အကြောင်း ကို
မသိသေးရင် တစ်ချက်လောက် သေချာလေ့လာပါဗျာ ။
" မင်းတို့ ဘာလုပ်နေတာမို့လဲ ?
အဖြစ်မရှိတာတွေပဲ လုပ်နေတယ် " ဆိုပြီး
တကူးတက Group ထဲ လာစော်ကားတာ မျိုးတော့
မလုပ်ကြပါနဲ့ ။
ကျွန်တော်တို့ အချိန်ကုန် ငွေကုန်ခံ / အလုပ်ပျက်ခံ /
ခေါင်းတွေ အကြိမ်း ခံပြီး AntiMLM Campaign ကို
လုပ်နေကြရတာပါ ။
နေရာ လိုချင်ရင် ဖယ်ပေးပါ့မယ် ။
မက်လောက်စရာ နေရာလည်း မဟုတ်ပါဘူး ။
သူ့ဘက်လိုလို ကိုယ့်ဘက်လိုလိုနဲ့
လာလာ ဖောင်း မထုကြပါနဲ့ဗျာ ။
အကြံပေးချင်ရင် ပေးပါ ။
ဦးဆောင်ချင်ရင် ဦးဆောင်ပါ ။
လက်တွဲ လုပ်ချင်ရင် လုပ်ပါ ။
သပ်ဝင် ဖြိုခွဲချင်ရင်တော့
ဘုရားမှာသာ ဆု များများတောင်းနေပါ ။
ကိုယ်ကျိုးမပါပဲ အများအတွက် မနေသာလို့
ဝိုင်းကူပေးနေတဲ့ AntiMLM သမားတွေဟာ
ပြိုကွဲ စရာ အကြောင်းမရှိလို့ပါပဲ ။
ကျွန်တော်တို့ကို ရေရှည် ဆက်သွယ်ချင်ရင် /
အကြံ ဥာဏ်တွေပေးချင်ရင်
ဒီ Page ကို Message ပို့ထားနိုင်ပါတယ်ဗျာ ။
ပြန်ရှာရလွယ်အောင် / လုံခြုံအောင်
ကျွန်တော့် Page ကို သုံးရတာ ဖြစ်ပါတယ် ။
>>>
( https://m.me/sharingkozin )
လေးစားလျက်
#ကိုဇင်ဇေ
#mlm #antimlm #antipyramidscheme
https://www.facebook.com/groups/myanmarmlmtruth/permalink/719188301607658/