Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, September 26, 2017

သူတစ်ပါးကို မလိမ်ညာပါဘူးလို့ ပြောလို့..



သူတစ်ပါးကို မလိမ်ညာပါဘူးလို့ ပြောလို့.. ပုံလေးပါ ပြပေးလိုက်ပါတယ်. နိုင်ငံတကာကို ဖြန့်နေတဲ့ International Brand 'Sunsilk' က သူ့ရဲ့ခေါင်းလျှော်ရည် 450 ml လောက်ရှိတဲ့ ဗူးကြီးကို အိမ်တိုင်ရာရောက်ဖြန့်ချိပေးတဲ့ Lazada လို website ကနေတောင်မှ ၁၅၀ ဘတ်လောက်နဲ့ ရောင်းနေတဲ့အချိန်မှာ Direct Marketing (ကြော်ငြာစရိတ်၊ ဆိုင်တင်စရိတ်တွေ မရှိတဲ့) ဆိုတဲ့ Successmore က (ဂျင်း) ခေါင်းလျှော်ရည် 280 ml တစ်ဗူးကို ၅၂၅ ဘတ်နဲ့ ရောင်းနေတာ စားသုံးသူဆီက ငွေကိုလိမ်ယူတာမဟုတ်လို့ဘာလဲ?
Quality - ခေါင်းလျှော်ရည်ထဲမှာ ရွှေထည့်ထားလို့လား၊ ဒါမှမဟုတ် တစ်ခါလျှော်ပြီးရင် သုံးနှစ်လောက် ပြန်လျှော်စရာမလိုလောက်အောင် ကောင်းနေလို့လား (ပြောလို့မရဘူး သည်ခေါင်းလျှော်ရေနဲ့လျှော်ရင် Brain Tumor ပျောက်တယ်ဆိုပြီး ပြောချင်ပြောနေဦးမှာ)
Service - Lazada ကနေ တန်ဖိုး ဘတ် ၃၀၀ ထက်ကျော်အောင်ဝယ်ရင် အိမ်တိုင်ရာရောက် delivery လုပ်ပေးတယ်။ (၇) ရက်အတွင်း မကြိုက်ရင် 7-11 လို့ ခေါ်တဲ့ convenience store ကနေတစ်ဆင့် ပြန်ပို့လို့ရတယ်။ တစ်ပြားမှမလျော့ refund ပြန်ပေးတယ်။ 100% buyer protection ရှိတယ်။ Successmore ကနေ၀ယ်မယ်ဆိုရင် Member ၀င်ရမယ်၊ ကိုယ်တိုင်သွားယူရမယ်၊ မကြိုက်ပြန်ပေးပြီး ပိုက်ဆံပြန်ထုတ်လို့ရ၊ မရ မသေချာဘူး (ကိုလတ်ဆိုတဲ့ ဂျင်းကြီးကတော့ပြောပါတယ် ပစ္စည်းမကြိုက်ရင် ပြန်သွင်းလို့ရတယ်တဲ့.. ဒါပေမယ့် ကိုဇင်ဇေထောက်ပြသလို ဘယ်နှစ်ယောက် ပြန်သွင်းတာကို လက်ခံပေးပြီးပြီလဲ ဆိုတာ အချက်အလက်မပြနိုင်ဘူး.. ပါးစပ်ပြောပဲရှိတယ်)
ကဲ.. Quality နဲ့ Service ပိုင်းကြောင့် ဈေးပိုကြီးရပါတယ်ဆိုတဲ့သူတွေ၊ ကြော်ညာခတွေ အကုန်မခံဘဲ ရောင်းပေးတဲ့သူတွေကိုပဲ commission စားစေပါတယ်ဆိုတဲ့သူတွေ
Quality ပိုင်းမှာ world branded ထက်ပဲပိုကောင်းနေတာလား?
Service ပိုင်းမှာ အိမ်တိုင်ရာရောက်ပို့ပေးတဲ့စနစ်၊ ကြော်ငြာခတွေများကြီးသုံးထားတာတောင်မှ ဈေးသက်သက်သာသာနဲ့ဖြန့်ပေးတဲ့ စနစ်ထက်ပဲ Successmore က service ပိုကောင်းနေလို့လား??
MLM လိမ်နေတာဟုတ်မဟုတ်၊ Successmore လိမ်နေတာဟုတ်,မဟုတ်
Succssmore ပစ္စည်းတွေကို ရောင်းနေပြီး Down-Line တွေကို လိမ်နေတာ ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့
(အေးလေ လူခန္ဓာကိုယ်မှာ ခေါင်းပါနေတာက စဉ်းစားတွေးခေါ်ဖို့ဆိုတာထက် သူများဂျင်းထည့်သမျှကို ခေါင်းညိမ့်ဖို့ပဲ... လို့ပဲ ထင်နေတယ်ဆိုရင်တော့လည်း ဆက်ပြီး ဂျင်းထည့်ခံကြပေါ့ဗျာ.. 😂😂🤔🤔)

https://www.facebook.com/groups/myanmarmlmtruth/permalink/718773158315839/